Kantharyar Centre
×

‘မေအးပြင့္ ျမင့္ျမင့္စန္း လမ္း ၃၀’ ႐ုပ္ရွင္ဇာတ္ကား၏ ႐ုပ္ရွင္ပိုစတာမွာ ျပည္ပဇာတ္ ကားမွ မင္းသမီးအက္တင္ကို အတုယူ၍ ျပဳလုပ္ထားျခင္း မဟုတ္ဘဲ ဒါ႐ိုက္တာဆႏၵရွိသည့္ ပံုစံအတုိင္း ႐ိုက္ကူးခဲ့ေၾကာင္း ေအးျမတ္သူက ေျပာသည္။

‘‘အဲဒီပိုစတာကို Social Network မွာမွ ေအးျမတ္သူျမင္ ဖူးတာပါ။ ႐ိုက္တုန္းကလည္း ဒါ ႐ိုက္တာက ပိုစတာကို ျပၿပီးမအပ္ ခဲ့ပါဘူး။ အဲဒီလို ႐ိုက္ခ်င္တယ္လို႔ မေျပာခဲ့ပါဘူး။ သကၠလတ္ေစာင္ ၿခံဳတာကေတာ့ ဒါသည္ ကန္းထရီးစတုိင္ျဖစ္တယ္။ ဒါ႐ိုက္တာက ေစာင္ကိုၿခံဳေစခ်င္တယ္။ မေအး ပြင့္သည္ ရင္ဘတ္မွာ မွဲ႔ရွိတဲ့အ တြက္ မွဲ႔လည္းေပၚခ်င္တယ္။ ေသနတ္ကို ေပါင္မွာပတ္ရတယ္ဆုိ ေတာ့ ေပးလာတဲ့ Accessories ေပၚမူတည္ၿပီး သင့္တင့္ေလ်ာက္ ပတ္ေသာ၊ ဒါ႐ိုက္တာလိုခ်င္ေသာ ပို႔စ္ကို လုပ္ေပးပါတယ္။ ဒါ႐ိုက္ တာက အဲဒီပို႔စ္အတုိင္း လုပ္ေပး လို႔ မေျပာခဲ့ပါဘူး။ ေအးျမတ္သူ သည္ မိန္းမတစ္ေယာက္ရဲ႕ ခႏၶာ ကိုယ္အလွေပၚေအာင္ ေစာင္ ေလးကို ကိုင္ရင္းနဲ႔ ကိုယ့္ရဲ႕မွဲ႔ေလးနဲ႔ လုပ္ခဲ့တယ္။ သြားတူတာပါ။ အဲဒါကို ေအးျမတ္သူ အာမခံရဲပါ တယ္’’ဟု ၎က ေျပာသည္။

အဆုိပါ ႐ုပ္ရွင္ဇာတ္ကား တြင္ ၎အေနျဖင့္ ႀကိဳးစားခဲ့သလို ပရိသတ္မ်ားကလည္း မေအးပြင့္ အျဖစ္ အသိအမွတ္ျပဳခဲ့ေသာ ေၾကာင့္ စိတ္ေက်နပ္မႈရသည့္ ႐ုပ္ရွင္တစ္ကားျဖစ္ေၾကာင္း ၎က ဆုိသည္။

‘‘ေအးျမတ္သူ ဘယ္ေလာက္ႀကိဳးစားႀကိဳးစား ပရိသတ္က လက္မခံရင္ ဘာမွလုပ္လုိ႔မရပါ ဘူး။ ဒီကားမွာ ေအးျမတ္သူ ႀကိဳး စားခဲ့တဲ့ ၁၀၀ ရာခုိင္ႏႈန္းကို ပရိ သတ္က ၈၀ ရာခိုင္ႏႈန္း လက္ခံတဲ့ အတြက္ အားရေက်နပ္မႈပါတယ္’’ဟု ၎က ေျပာသည္။

ထို႔အျပင္ ယခုရက္ပိုင္းတြင္ Event တစ္ခုအေနျဖင့္ ေဆြးေႏြး သူ မ်ားျပားေနေသာ ျမန္မာေပါ ကားမ်ားရပ္ အစီအစဥ္ႏွင့္ပတ္ သက္၍လည္း ေအးျမတ္သူက ၎၏ အျမင္ကို ေျပာသည္။

‘‘အႏုပညာရွင္တစ္ေယာက္ အေနနဲ႔ ၾကည့္မယ္ဆုိရင္ စိတ္ မေကာင္းပါဘူး။ ဝမ္းနည္းပါ တယ္။ ပရိသတ္တစ္ေယာက္ေန ရာကၾကည့္ရင္ ႐ုပ္ရွင္ေတြကိုခ်စ္ လို႔ ႐ုပ္ရွင္ကားေတြကို တစ္ကား မက်န္ၾကည့္ၿပီး လုိအပ္ခ်က္ေတြ ကို ေထာက္ျပတာ။ ေစတနာနဲ႔၊ က႐ုဏာေဒါေသာေပါ့။ ကိုယ္ခ်စ္ တဲ့လူတစ္ေယာက္ ကိုယ္လိုခ်င္ သလိုျဖစ္မလာရင္ အားမလိုအား မရျဖစ္တယ္ေလ။ အဲဒီလိုခ်စ္တဲ့ စိတ္နဲ႔ ေျပာတာပါ’’ဟု ၎က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

‘မအေးပွင့် မြင့်မြင့်စန်း လမ်း ၃၀’ ရုပ်ရှင်ဇာတ်ကား၏ ရုပ်ရှင်ပိုစတာမှာ ပြည်ပဇာတ် ကားမှ မင်းသမီးအက်တင်ကို အတုယူ၍ ပြုလုပ်ထားခြင်း မဟုတ်ဘဲ ဒါရိုက်တာဆန္ဒရှိသည့် ပုံစံအတိုင်း ရိုက်ကူးခဲ့ကြောင်း အေးမြတ်သူက ပြောသည်။

‘‘အဲဒီပိုစတာကို Social Network မှာမှ အေးမြတ်သူမြင် ဖူးတာပါ။ ရိုက်တုန်းကလည်း ဒါ ရိုက်တာက ပိုစတာကို ပြပြီးမအပ် ခဲ့ပါဘူး။ အဲဒီလို ရိုက်ချင်တယ်လို့ မပြောခဲ့ပါဘူး။ သက္ကလတ်စောင် ခြုံတာကတော့ ဒါသည် ကန်းထရီးစတိုင်ဖြစ်တယ်။ ဒါရိုက်တာက စောင်ကိုခြုံစေချင်တယ်။ မအေး ပွင့်သည် ရင်ဘတ်မှာ မှဲ့ရှိတဲ့အ တွက် မှဲ့လည်းပေါ်ချင်တယ်။ သေနတ်ကို ပေါင်မှာပတ်ရတယ်ဆို တော့ ပေးလာတဲ့ Accessories ပေါ်မူတည်ပြီး သင့်တင့်လျောက် ပတ်သော၊ ဒါရိုက်တာလိုချင်သော ပို့စ်ကို လုပ်ပေးပါတယ်။ ဒါရိုက် တာက အဲဒီပို့စ်အတိုင်း လုပ်ပေး လို့ မပြောခဲ့ပါဘူး။ အေးမြတ်သူ သည် မိန်းမတစ်ယောက်ရဲ့ ခန္ဓာ ကိုယ်အလှပေါ်အောင် စောင် လေးကို ကိုင်ရင်းနဲ့ ကိုယ့်ရဲ့မှဲ့လေးနဲ့ လုပ်ခဲ့တယ်။ သွားတူတာပါ။ အဲဒါကို အေးမြတ်သူ အာမခံရဲပါ တယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကား တွင် ၎င်းအနေဖြင့် ကြိုးစားခဲ့သလို ပရိသတ်များကလည်း မအေးပွင့် အဖြစ် အသိအမှတ်ပြုခဲ့သော ကြောင့် စိတ်ကျေနပ်မှုရသည့် ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘အေးမြတ်သူ ဘယ်လောက်ကြိုးစားကြိုးစား ပရိသတ်က လက်မခံရင် ဘာမှလုပ်လို့မရပါ ဘူး။ ဒီကားမှာ အေးမြတ်သူ ကြိုး စားခဲ့တဲ့ ၁၀၀ ရာခိုင်နှုန်းကို ပရိ သတ်က ၈၀ ရာခိုင်နှုန်း လက်ခံတဲ့ အတွက် အားရကျေနပ်မှုပါတယ်’’ဟု ၎င်းက ပြောသည်။

ထို့အပြင် ယခုရက်ပိုင်းတွင် Event တစ်ခုအနေဖြင့် ဆွေးနွေး သူ များပြားနေသော မြန်မာပေါ ကားများရပ် အစီအစဉ်နှင့်ပတ် သက်၍လည်း အေးမြတ်သူက ၎င်း၏ အမြင်ကို ပြောသည်။

‘‘အနုပညာရှင်တစ်ယောက် အနေနဲ့ ကြည့်မယ်ဆိုရင် စိတ် မကောင်းပါဘူး။ ဝမ်းနည်းပါ တယ်။ ပရိသတ်တစ်ယောက်နေ ရာကကြည့်ရင် ရုပ်ရှင်တွေကိုချစ် လို့ ရုပ်ရှင်ကားတွေကို တစ်ကား မကျန်ကြည့်ပြီး လိုအပ်ချက်တွေ ကို ထောက်ပြတာ။ စေတနာနဲ့၊ ကရုဏာဒေါသောပေါ့။ ကိုယ်ချစ် တဲ့လူတစ်ယောက် ကိုယ်လိုချင် သလိုဖြစ်မလာရင် အားမလိုအား မရဖြစ်တယ်လေ။ အဲဒီလိုချစ်တဲ့ စိတ်နဲ့ ပြောတာပါ’’ဟု ၎င်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top