Property Expo
×

ဘရက္ပစ္ ႏွင့္ အတူမေနေတာ့သည့္ ဇနီး အန္ဂ်လီနာဂ်ဳိလီတို႔သည္  ကေလးေျခာက္ဦးႏွင့္ပတ္သက္၍ ယာယီသေဘာတူညီခ်က္၏ တစ္စိတ္ တစ္ပိုင္းအျဖစ္ အတူတကြမိသား စုဆိုင္ရာ ေဆြးေႏြး အႀကံေပးမႈခံ ယူရန္ သေဘာတူညီၾကသည္။

ဘရက္ပစ္ႏွင့္ ကြာရွင္းရန္ ဂ်ဳိလီက စက္တင္ဘာ ၁၉ ရက္ တြင္ တရား႐ံုးသို႔ ေလွ်ာက္ထားခဲ့ ၿပီး ဂ်ဳိလီ၏ေရွ႕ေန ေရာဘတ္ ေအာ္ဖာက ဂ်ဳိလီသည္ မိသားစု အေျခအေနအတြက္ (၁၂) ႏွစ္ၾကာ လက္တြဲမႈကို အဆံုးသတ္ရန္ ေဆာင္ရြက္လိုက္သည္ဟု ေျပာ ၾကားသည္။ စက္တင္ဘာ ၁၄ ရက္က ျပင္သစ္ႏိုင္ငံမွ ေလာ့စ္အန္ဂ်လိိစ္ၿမိဳ႕သို႔ ကိုယ္ပိုင္ေလယာဥ္တစ္စီးျဖင့္ လာေရာက္စဥ္ ကေလးမ်ား ပါဝင္သည့္ျဖစ္ရပ္တစ္ခု ျဖစ္ပြား ခဲ့ၿပီးေနာက္ ဘရက္ပစ္၏ မိဘ အုပ္ထိန္းမႈပံုစံႏွင့္ ပတ္သက္၍ လင္မယား စကားမ်ားခဲ့ၾက ေၾကာင္း ေနာက္ပိုင္း၌ သတင္း ထြက္ေပၚလာခဲ့သည္။

ယင္းျဖစ္ရပ္ကို အက္ဖ္ဘီ အိုင္ႏွင့္ ေလာ့စ္အန္ဂ်လိစ္ ကေလးႏွင့္ မိသားစုဝန္ေဆာင္မႈ ဌာန (DCFS) ႏွစ္ခုလံုးက စံုစမ္း စစ္ေဆးေနသည္။

ကေလးမ်ားကို အန္ဂ်လီနာ ဂ်ဳိလီက   အျပည့္အဝ    ေစာင့္ ေရွာက္ခြင့္ျပဳၿပီး   ဘရက္ပစ္လာ ေရာက္ေတြ႕ဆံုခြင့္ အပါအဝင္ ႏွစ္ဦးသား ယာယီသေဘာတူညီ ခ်က္ရရွိထားသည္။

သို႔ေသာ္ ဘရက္ပစ္၏ ပထမဆံုး လာေရာက္ေတြ႕ဆံုမႈကို ပညာရွင္တစ္ဦးက ေစာင့္ၾကည့္ ၿပီး ကေလးမ်ားႏွင့္ ေတြ႕ခြင့္ေပးသင့္၊ မေပးသင့္ဆံုးျဖတ္မည္ ျဖစ္သလို ဘရက္ပစ္ႏွင့္ဂ်ဳိလီတို႔ ႏွစ္ဦးစလံုးသည္ ကေလးမ်ားႏွင့္ အတူ မိသားစုအတုိင္ပင္ခံမ်ား ႏွင့္ ေဆြးေႏြးရဦးမည္ျဖစ္သည္။ ထုိ႔အျပင္ ဘရက္ပစ္သည္ မူးယစ္ေဆးႏွင့္ အရက္အတြက္ က်ပန္းစစ္ေဆးမႈ ခံယူရမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

 ဘရက်ပစ် နှင့် အတူမနေတော့သည့် ဇနီး အန်ဂျလီနာဂျိုလီတို့သည်  ကလေးခြောက်ဦးနှင့်ပတ်သက်၍ ယာယီသဘောတူညီချက်၏ တစ်စိတ် တစ်ပိုင်းအဖြစ် အတူတကွမိသား စုဆိုင်ရာ ဆွေးနွေး အကြံပေးမှုခံ ယူရန် သဘောတူညီကြသည်။

ဘရက်ပစ်နှင့် ကွာရှင်းရန် ဂျိုလီက စက်တင်ဘာ ၁၉ ရက် တွင် တရားရုံးသို့ လျှောက်ထားခဲ့ ပြီး ဂျိုလီ၏ရှေ့နေ ရောဘတ် အော်ဖာက ဂျိုလီသည် မိသားစု အခြေအနေအတွက် (၁၂) နှစ်ကြာ လက်တွဲမှုကို အဆုံးသတ်ရန် ဆောင်ရွက်လိုက်သည်ဟု ပြော ကြားသည်။ စက်တင်ဘာ ၁၄ ရက်က ပြင်သစ်နိုင်ငံမှ လော့စ်အန်ဂျလိစ်မြို့သို့ ကိုယ်ပိုင်လေယာဉ်တစ်စီးဖြင့် လာရောက်စဉ် ကလေးများ ပါဝင်သည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွား ခဲ့ပြီးနောက် ဘရက်ပစ်၏ မိဘ အုပ်ထိန်းမှုပုံစံနှင့် ပတ်သက်၍ လင်မယား စကားများခဲ့ကြ ကြောင်း နောက်ပိုင်း၌ သတင်း ထွက်ပေါ်လာခဲ့သည်။

ယင်းဖြစ်ရပ်ကို အက်ဖ်ဘီ အိုင်နှင့် လော့စ်အန်ဂျလိစ် ကလေးနှင့် မိသားစုဝန်ဆောင်မှု ဌာန (DCFS) နှစ်ခုလုံးက စုံစမ်း စစ်ဆေးနေသည်။

ကလေးများကို အန်ဂျလီနာ ဂျိုလီက   အပြည့်အဝ    စောင့် ရှောက်ခွင့်ပြုပြီး   ဘရက်ပစ်လာ ရောက်တွေ့ဆုံခွင့် အပါအဝင် နှစ်ဦးသား ယာယီသဘောတူညီ ချက်ရရှိထားသည်။

သို့သော် ဘရက်ပစ်၏ ပထမဆုံး လာရောက်တွေ့ဆုံမှုကို ပညာရှင်တစ်ဦးက စောင့်ကြည့် ပြီး ကလေးများနှင့် တွေ့ခွင့်ပေးသင့်၊ မပေးသင့်ဆုံးဖြတ်မည် ဖြစ်သလို ဘရက်ပစ်နှင့်ဂျိုလီတို့ နှစ်ဦးစလုံးသည် ကလေးများနှင့် အတူ မိသားစုအတိုင်ပင်ခံများ နှင့် ဆွေးနွေးရဦးမည်ဖြစ်သည်။ ထို့အပြင် ဘရက်ပစ်သည် မူးယစ်ဆေးနှင့် အရက်အတွက် ကျပန်းစစ်ဆေးမှု ခံယူရမည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top