Kantharyar Centre
×

အေမရိကားက လူငါးေယာက္မွာ တစ္ေယာက္ႏႈန္းက အရက္ကို အိပ္ေဆးအျဖစ္ေသာက္ၾကပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ အဲဒီအရက္ေသာက္ျခင္းေၾကာင့္ ညအိပ္မရတဲ့ ျပသနာေတြျဖစ္ေစႏုိင္ေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ဆိုပါတယ္။

ဒါဟာ လူတစ္ေယာက္ရဲ႕ အိပ္စက္ျခင္းအတြက္ လိုအပ္တဲ့ ပုံမွန္လည္ပတ္ေပးတဲ့ ဦးေႏွာက္လည္ပတ္မႈစနစ္ကို အရက္ေၾကာင့္ အတားအဆီး အေႏွာက္အယွက္ျဖစ္ေစတာလို႔ သုေတသီေတြက ေတြ႔ရွိခဲ့တယ္။ လူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္အတြင္း ေန႔စဥ္ပုံမွန္ လည္ပတ္ေျပာင္းလဲျဖစ္ေပၚေနမႈေတြကို အရက္မွ ေျပာင္းလဲေစျခင္းအားျဖင့္ အိပ္စက္ခ်ိန္ၾကာျမင့္ေစတာျဖစ္ေၾကာင္း ၎ေလ့လာမႈကို ဦးစီးလုပ္ေဆာင္သူ၊ Missouri School of Medicine တကၠသိုလ္က ဦးေႏွာက္အာရုံေၾကာဌာနရဲ႕ တြဲဖက္ပါေမာကၡနဲ႔ သုေတသနဆိုင္ရာ ဒါရိုက္တာ  Mahesh Thakkar က ေျပာဆိုခဲ့ပါတယ္။

သို႔ေပမယ့္ လူတစ္ေယာက္ရဲ႕ အိပ္စက္အနားယူမႈ ပုံမွန္လုပ္ငန္းစဥ္ကို ေျပာင္းလဲအက်ဳိးေရာက္ေစျခင္းအားျဖင့္ အိပ္ခ်ိန္ ပိုမိုၾကာျမင့္ေစတာျဖစ္ေၾကာင္း Thakkar က ေျပာဆိုထားပါတယ္။

အရက္ေသာက္အိပ္တာဟာ အိပ္ေရးမဝ ျဖစ္ေစႏုိင္တယ္လို႔ ေလ့လာမႈအရသိရပါတယ္။

ကြ်န္ေတာ္တို႔ရဲ႕ ေလ့လာမႈ ရလဒ္ေပၚ အေျခခံျပီးၾကည့္ပါက အရက္ကို အိပ္ေဆးအျဖစ္အသုံးမျပဳသင့္တာ ထင္ရွားေၾကာင္း Missouri School of Medicine တကၠသိုလ္က ဦးေႏွာက္အာရုံေၾကာဌာနရဲ႕ ဥကၠဌျဖစ္သူ Dr. Pradeep Sahota က ေျပာဆိုခဲ့တယ္။

အၾကမ္းဖ်င္းအေနနဲ႔ ကြ်ႏု္ပ္တို႔ဘဝအခ်ိန္ကာလရဲ႕ သုံးပုံတစ္ပုံကို အိပ္စက္ျခင္းနဲ႔ ကုန္ဆုံးပါတယ္။ လူ ၂၀% တို႔က အရက္ကို အိပ္ေဆးအျဖစ္ေသာက္ၾကတယ္။

အိပ္လို႔မရျဖစ္ေနရင္ အရက္မေသာက္ပါနဲ႔။ ဆရာဝန္ သို႔မဟုတ္ အိပ္ေဆးဆရာဝန္ တစ္ဦးဦးဆီ အၾကံဥာဏ္ေတာင္းသင့္ေၾကာင္း Thakkar က အၾကံျပဳထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : trend myanmar

#Unicode Version

အမေရိကားက လူငါးယောက်မှာ တစ်ယောက်နှုန်းက အရက်ကို အိပ်ဆေးအဖြစ်သောက်ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အဲဒီအရက်သောက်ခြင်းကြောင့် ညအိပ်မရတဲ့ ပြသနာတွေဖြစ်စေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဆိုပါတယ်။

ဒါဟာ လူတစ်ယောက်ရဲ့ အိပ်စက်ခြင်းအတွက် လိုအပ်တဲ့ ပုံမှန်လည်ပတ်ပေးတဲ့ ဦးနှောက်လည်ပတ်မှုစနစ်ကို အရက်ကြောင့် အတားအဆီး အနှောက်အယှက်ဖြစ်စေတာလို့ သုတေသီတွေက တွေ့ရှိခဲ့တယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အတွင်း နေ့စဉ်ပုံမှန် လည်ပတ်ပြောင်းလဲဖြစ်ပေါ်နေမှုတွေကို အရက်မှ ပြောင်းလဲစေခြင်းအားဖြင့် အိပ်စက်ချိန်ကြာမြင့်စေတာဖြစ်ကြောင်း ၎င်းလေ့လာမှုကို ဦးစီးလုပ်ဆောင်သူ၊ Missouri School of Medicine တက္ကသိုလ်က ဦးနှောက်အာရုံကြောဌာနရဲ့ တွဲဖက်ပါမောက္ခနဲ့ သုတေသနဆိုင်ရာ ဒါရိုက်တာ  Mahesh Thakkar က ပြောဆိုခဲ့ပါတယ်။

သို့ပေမယ့် လူတစ်ယောက်ရဲ့ အိပ်စက်အနားယူမှု ပုံမှန်လုပ်ငန်းစဉ်ကို ပြောင်းလဲအကျိုးရောက်စေခြင်းအားဖြင့် အိပ်ချိန် ပိုမိုကြာမြင့်စေတာဖြစ်ကြောင်း Thakkar က ပြောဆိုထားပါတယ်။

အရက်သောက်အိပ်တာဟာ အိပ်ရေးမဝ ဖြစ်စေနိုင်တယ်လို့ လေ့လာမှုအရသိရပါတယ်။

ကျွန်တော်တို့ရဲ့ လေ့လာမှု ရလဒ်ပေါ် အခြေခံပြီးကြည့်ပါက အရက်ကို အိပ်ဆေးအဖြစ်အသုံးမပြုသင့်တာ ထင်ရှားကြောင်း Missouri School of Medicine တက္ကသိုလ်က ဦးနှောက်အာရုံကြောဌာနရဲ့ ဥက္ကဌဖြစ်သူ Dr. Pradeep Sahota က ပြောဆိုခဲ့တယ်။

အကြမ်းဖျင်းအနေနဲ့ ကျွနု်ပ်တို့ဘဝအချိန်ကာလရဲ့ သုံးပုံတစ်ပုံကို အိပ်စက်ခြင်းနဲ့ ကုန်ဆုံးပါတယ်။ လူ ၂၀% တို့က အရက်ကို အိပ်ဆေးအဖြစ်သောက်ကြတယ်။

အိပ်လို့မရဖြစ်နေရင် အရက်မသောက်ပါနဲ့။ ဆရာဝန် သို့မဟုတ် အိပ်ဆေးဆရာဝန် တစ်ဦးဦးဆီ အကြံဉာဏ်တောင်းသင့်ကြောင်း Thakkar က အကြံပြုထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : trend myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top