Kantharyar Centre
×

 ၿပီးခဲ့သည့္လ အတြင္း အန္ဂ်လီနာဂ်ဳိလီက ကြာ ရွင္းျပတ္စဲခြင့္ ေလွ်ာက္ထားၿပီး ေနာက္ပိုင္း ပထမဆံုးအႀကိမ္ အျဖစ္ ဘရက္ပစ္သည္ ၎တို႔၏ ကေလးအခ်ဳိ႕ႏွင့္ ေတြ႕ခြင့္ရရွိခဲ့ သည္။

ေအာက္တိုဘာ ၈ ရက္က ကေလးမ်ားႏွင့္ ဘရက္ပစ္တို႔ ေတြ႕ဆံုမႈ၌ ေစာင့္ၾကည့္သူတစ္ဦး ရွိေနခဲ့ၿပီး ယင္းသို႔ေတြ႕ဆံုမႈမတိုင္ မီ သတ္မွတ္ခ်က္မ်ားကို ႏွစ္ဖက္ စလံုးက သေဘာတူခဲ့သည္။

လတ္တေလာတြင္ ကေလး မ်ားကို ဂ်ဳိလီက ထိန္းသိမ္းခြင့္ရရွိ ထားသည္။

သေဘာတူညီခ်က္အရ အသက္ (၁၅)ႏွစ္ႏွင့္ (၈)ႏွစ္ၾကား ရွိ ကေလးငယ္မ်ားသည္ ကယ္လီ ဖိုးနီးယားတြင္ မိခင္ဂ်ဳိလီႏွင့္ ေန ထိုင္ေနကာ ဘရက္ပစ္က လာ ေရာက္လည္ပတ္ခြင့္ ရရွိထား သည္။

ဘရက္ပစ္ (၅၂)ႏွစ္သည္  စက္တင္ဘာ ၁၄ ရက္က ကိုယ္ ပိုင္ဂ်က္ေလယာဥ္ေပၚတြင္ အရက္ေသာက္ၿပီးေနာက္ ကေလးငယ္တစ္ဦးႏွင့္ နီးနီးစပ္စပ္ အေရာဝင္ေနခဲ့သည္ဆိုေသာ သတင္းမ်ားေၾကာင့္ ၎အား ေလာ့အန္ဂ်လိစ္မိသားစုႏွင့္ ကေလးမ်ားဌာန၊ အက္ဖ္ဘီအုိင္ တို႔က စံုစမ္းစစ္ေဆးေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ပြီးခဲ့သည့်လ အတွင်း အန်ဂျလီနာဂျိုလီက ကွာ ရှင်းပြတ်စဲခွင့် လျှောက်ထားပြီး နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ဘရက်ပစ်သည် ၎င်းတို့၏ ကလေးအချို့နှင့် တွေ့ခွင့်ရရှိခဲ့ သည်။

အောက်တိုဘာ ၈ ရက်က ကလေးများနှင့် ဘရက်ပစ်တို့ တွေ့ဆုံမှု၌ စောင့်ကြည့်သူတစ်ဦး ရှိနေခဲ့ပြီး ယင်းသို့တွေ့ဆုံမှုမတိုင် မီ သတ်မှတ်ချက်များကို နှစ်ဖက် စလုံးက သဘောတူခဲ့သည်။

လတ်တလောတွင် ကလေး များကို ဂျိုလီက ထိန်းသိမ်းခွင့်ရရှိ ထားသည်။

သဘောတူညီချက်အရ အသက် (၁၅)နှစ်နှင့် (၈)နှစ်ကြား ရှိ ကလေးငယ်များသည် ကယ်လီ ဖိုးနီးယားတွင် မိခင်ဂျိုလီနှင့် နေ ထိုင်နေကာ ဘရက်ပစ်က လာ ရောက်လည်ပတ်ခွင့် ရရှိထား သည်။

ဘရက်ပစ် (၅၂)နှစ်သည်  စက်တင်ဘာ ၁၄ ရက်က ကိုယ် ပိုင်ဂျက်လေယာဉ်ပေါ်တွင် အရက်သောက်ပြီးနောက် ကလေးငယ်တစ်ဦးနှင့် နီးနီးစပ်စပ် အရောဝင်နေခဲ့သည်ဆိုသော သတင်းများကြောင့် ၎င်းအား လော့အန်ဂျလိစ်မိသားစုနှင့် ကလေးများဌာန၊ အက်ဖ်ဘီအိုင် တို့က စုံစမ်းစစ်ဆေးနေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top