Shwe Zabu River View Condominium Promotion
×

ျဗိတိန္ကို ဥေရာပသမဂၢ အဖဲြ႕၀င္ျဖစ္ေစခဲ့ေသာ ဥပေဒျပန္ လည္႐ုပ္သိမ္းျခင္းျဖင့္ ၿဗိတိန္ ႏိုင္ငံအား လြတ္လပ္ၿပီး အခ်ဳပ္အ ျခာအာဏာပိုင္ ႏုိင္ငံျပန္ျဖစ္ေစ ေရး လုပ္ေဆာင္သြားမည္ဟု ၿဗိ တိသွ် ၀န္ႀကီးခ်ဳပ္ ထရီဆာေမ က ဆန္းေဒးတိုင္းမ္သတင္းႏွင့္ ေတြ႕ဆံုမႈတြင္ ေျပာၾကားသည္။


အီးယူမွ ၿဗိတိန္ခဲြထြက္ေရး အီးယူ၏ လစၥဘြန္းသေဘာတူညီ ခ်က္ ပုဒ္မ ၅၀ ကို အသက္သြင္း ရန္ လာမည့္ႏွစ္ စက္တင္ဘာလ  တြင္ ျပဳလုပ္မည့္ ဂ်ာမနီေရြး ေကာက္ပဲြကို ေစာင့္ဆိုင္းမည္မ ဟုတ္ဟု Bretix ႏွင့္ ပတ္သက္ ၍ ပထမဆံုး အေသးစိတ္ေျပာ ၾကားရာ၌ ထရီဆာေမက ေျပာ သည္။

အာဏာရကြန္ဆာေဗးတစ္ ပါတီ၏ ႏွစ္ပတ္လည္ညီလာခံ ပထမဆံုးေန႔တြင္ ၁၉၇၂ ဥေရာပ အသိုင္းအ၀ိုင္းမ်ား ဥပေဒကို ႐ုပ္ သိမ္းမည္ဟု ကတိေပး၍ အီးယူ အရာရွိမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ား ၏ ဖိအားေလ်ာ့ပါးေရး ထရီဆာ ေမက ေမွ်ာ္လင့္ေနသည္။

‘‘ေနာင္လာမယ့္ ဘုရင္မ ႀကီးရဲ႕မိန္႔ခြန္းမွာ Greal Repeal Bill (ျပန္လည္႐ုပ္သိမ္းေရး ဥပေဒ ၾကမ္း)ကို မိတ္ဆက္သြားပါမယ္။ အဲဒီဥပေဒၾကမ္းက ဥေရာပလူ႔အ သိုင္းအ၀ိုင္းဥပေဒကို ၿဗိတိန္အ ေျခခံဥပေဒကေန ဖယ္ရွားသြား ပါလိမ့္မယ္’’ ဟု မစၥစ္ေမက ဆန္း ေဒးတိုင္းသတင္းစာအား ေျပာ ၾကားၿပီး ယင္းလုပ္ငန္းစဥ္ကို လာ မည့္ဧၿပီ (သို႔) ေမလတြင္ စတင္ မည္ဟု ၎ကေျပာၾကားသည္။

ယင္းမွာ ၿဗိတိန္ကို လြတ္ လပ္ၿပီး အခ်ဳပ္အျခာအာဏာပိုင္ ႏိုင္ငံျပန္ျဖစ္ေရး ပထမအဆင့္ျဖစ္ ၿပီး မိမိတို႔ႏိုင္ငံ၏ ေရြးေကာက္ခံအ ဖဲြ႕အစည္းမ်ားထံ အာဏာပါ၀ါ မ်ား ျပန္ေရာက္လာမည္ျဖစ္ကာ ၿဗိတိန္အေပၚ အီးယူ၏ ဥပေဒ လႊမ္းမိုးမႈ အဆံုးသတ္သြားေစ လိမ့္မည္ဟု ၎ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ဗြိတိန်ကို ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်စေခဲ့သော ဥပဒေပြန် လည်ရုပ်သိမ်းခြင်းဖြင့် ဗြိတိန် နိုင်ငံအား လွတ်လပ်ပြီး အချုပ်အ ခြာအာဏာပိုင် နိုင်ငံပြန်ဖြစ်စေ ရေး လုပ်ဆောင်သွားမည်ဟု ဗြိ တိသျှ ဝန်ကြီးချုပ် ထရီဆာမေ က ဆန်းဒေးတိုင်းမ်သတင်းနှင့် တွေ့ဆုံမှုတွင် ပြောကြားသည်။


အီးယူမှ ဗြိတိန်ခွဲထွက်ရေး အီးယူ၏ လစ္စဘွန်းသဘောတူညီ ချက် ပုဒ်မ ၅၀ ကို အသက်သွင်း ရန် လာမည့်နှစ် စက်တင်ဘာလ  တွင် ပြုလုပ်မည့် ဂျာမနီရွေး ကောက်ပွဲကို စောင့်ဆိုင်းမည်မ ဟုတ်ဟု Bretix နှင့် ပတ်သက် ၍ ပထမဆုံး အသေးစိတ်ပြော ကြားရာ၌ ထရီဆာမေက ပြော သည်။

အာဏာရကွန်ဆာဗေးတစ် ပါတီ၏ နှစ်ပတ်လည်ညီလာခံ ပထမဆုံးနေ့တွင် ၁၉၇၂ ဥရောပ အသိုင်းအဝိုင်းများ ဥပဒေကို ရုပ် သိမ်းမည်ဟု ကတိပေး၍ အီးယူ အရာရှိများနှင့် ရင်းနှီးမြှုပ်နှံသူများ ၏ ဖိအားလျော့ပါးရေး ထရီဆာ မေက မျှော်လင့်နေသည်။

‘‘နောင်လာမယ့် ဘုရင်မ ကြီးရဲ့မိန့်ခွန်းမှာ Greal Repeal Bill (ပြန်လည်ရုပ်သိမ်းရေး ဥပဒေ ကြမ်း)ကို မိတ်ဆက်သွားပါမယ်။ အဲဒီဥပဒေကြမ်းက ဥရောပလူ့အ သိုင်းအဝိုင်းဥပဒေကို ဗြိတိန်အ ခြေခံဥပဒေကနေ ဖယ်ရှားသွား ပါလိမ့်မယ်’’ ဟု မစ္စစ်မေက ဆန်း ဒေးတိုင်းသတင်းစာအား ပြော ကြားပြီး ယင်းလုပ်ငန်းစဉ်ကို လာ မည့်ဧပြီ (သို့) မေလတွင် စတင် မည်ဟု ၎င်းကပြောကြားသည်။

ယင်းမှာ ဗြိတိန်ကို လွတ် လပ်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံပြန်ဖြစ်ရေး ပထမအဆင့်ဖြစ် ပြီး မိမိတို့နိုင်ငံ၏ ရွေးကောက်ခံအ ဖွဲ့အစည်းများထံ အာဏာပါဝါ များ ပြန်ရောက်လာမည်ဖြစ်ကာ ဗြိတိန်အပေါ် အီးယူ၏ ဥပဒေ လွှမ်းမိုးမှု အဆုံးသတ်သွားစေ လိမ့်မည်ဟု ၎င်းကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top