Property Expo
×

ကေမာၻဒီးယားႏုိင္ငံမွာ အစုိးရဝန္ထမ္း လစားမ်ား တုိးျမွင့္သြားမယ္လုိ႕ ဆုိပါတယ္။ လာမယ့္ႏွစ္မွာ တုိးျမွင့္သြားမယ့္ လစာႏႈန္းထားမ်ားအရ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ႕ လစာမွာ သုံးဆတုိးျမင့္လာမွာ ျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ရဲ႕ လစာမွာ အေမရိကန္ေဒၚလာ ၉၀၀ မွ ၂,၅၀၀ သုိ႕ တုိးျမင့္သြားမွာျဖစ္ၿပီး အစုိးရဝန္ႀကီးေတြရဲ႕ လစာမွာ ၁,၁၁၅ ေဒၚလာ ျဖစ္လာမယ္လို႕ ဆုိပါတယ္။

လစာတုိးျမွင့္ႏုိင္မႈဟာ အစိုးရအေနနဲ႕ အခြန္ေငြမ်ား ပုိမုိထိေရာက္စြာ ေကာက္ခံခဲ့မႈရလဒ္ေၾကာင့္ျဖစ္ၿပီး လစာနည္းတဲ့ အစိုးရဝန္ထမ္းေတြအေပၚလည္း အခြန္လြတ္ၿငိမ္းခြင့္ျပဳလာႏုိင္ေၾကာင္း ဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ဆုိပါတယ္။ ကေမာၻဒီးယားအစုိးရရဲ႕ လစာတုိးျမွင့္မႈ အစီအစဥ္ဟာ လာမယ့္ ေ႐ြးေကာက္ပြဲမွာ အႏုိင္ရ႐ွိေရး မဲဆြယ္စည္း႐ုံးမႈ ျဖစ္ႏုိင္ေၾကာင္း သုံးသပ္မႈေတြလည္း ႐ွိေနပါတယ္။


ယခုလ အေစာပိုင္းမွာ ကေမာၻဒီးယားအာဏာရပါတီက လစာဝင္ေငြ အေမရိကန္ေဒၚလာ ၂၅၀ ေအာက္ ေလ်ာ့နည္းတဲ့ ဝန္ထမ္းေတြကုိ အခြန္လြတ္ၿငိမ္းခြင့္ ျပဳမယ္လုိ႕ ေၾကညာခ့ဲပါတယ္။

အာဏပါတီရဲ႕ အခြန္ကင္းလြတ္ခြင့္ အစီအစဥ္အရ ကေမာၻဒီးယား လက္နက္ကုိင္တပ္ဖြဲ႕ေတြနဲ႕ ဆရာ ဆရာမမ်ား အက်ဳံးဝင္မွာျဖစ္ၿပီး အဆုိပါ ဝန္ထမ္းအင္အားစုဟာ မ်ားျပားတဲ့ မဲဆႏၵ႐ွင္အုပ္စုလည္း ျဖစ္ပါတယ္။ ကေမာၻဒီးယား အေထြေထြေ႐ြးေကာက္ပြဲေတြကုိ ၂၀၁၈ ခုႏွစ္မွာ က်င္းပရန္ လ်ာထားေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

ကမ္ဘောဒီးယားနိုင်ငံမှာ အစိုးရဝန်ထမ်း လစားများ တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။ လာမယ့်နှစ်မှာ တိုးမြှင့်သွားမယ့် လစာနှုန်းထားများအရ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ လစာမှာ သုံးဆတိုးမြင့်လာမှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ လစာမှာ အမေရိကန်ဒေါ်လာ ၉၀၀ မှ ၂,၅၀၀ သို့ တိုးမြင့်သွားမှာဖြစ်ပြီး အစိုးရဝန်ကြီးတွေရဲ့ လစာမှာ ၁,၁၁၅ ဒေါ်လာ ဖြစ်လာမယ်လို့ ဆိုပါတယ်။

လစာတိုးမြှင့်နိုင်မှုဟာ အစိုးရအနေနဲ့ အခွန်ငွေများ ပိုမိုထိရောက်စွာ ကောက်ခံခဲ့မှုရလဒ်ကြောင့်ဖြစ်ပြီး လစာနည်းတဲ့ အစိုးရဝန်ထမ်းတွေအပေါ်လည်း အခွန်လွတ်ငြိမ်းခွင့်ပြုလာနိုင်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က ဆိုပါတယ်။ ကမ္ဘောဒီးယားအစိုးရရဲ့ လစာတိုးမြှင့်မှု အစီအစဉ်ဟာ လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရရှိရေး မဲဆွယ်စည်းရုံးမှု ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ယခုလ အစောပိုင်းမှာ ကမ္ဘောဒီးယားအာဏာရပါတီက လစာဝင်ငွေ အမေရိကန်ဒေါ်လာ ၂၅၀ အောက် လျော့နည်းတဲ့ ဝန်ထမ်းတွေကို အခွန်လွတ်ငြိမ်းခွင့် ပြုမယ်လို့ ကြေညာခဲ့ပါတယ်။

အာဏပါတီရဲ့ အခွန်ကင်းလွတ်ခွင့် အစီအစဉ်အရ ကမ္ဘောဒီးယား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆရာ ဆရာမများ အကျုံးဝင်မှာဖြစ်ပြီး အဆိုပါ ဝန်ထမ်းအင်အားစုဟာ များပြားတဲ့ မဲဆန္ဒရှင်အုပ်စုလည်း ဖြစ်ပါတယ်။ ကမ္ဘောဒီးယား အထွေထွေရွေးကောက်ပွဲတွေကို ၂၀၁၈ ခုနှစ်မှာ ကျင်းပရန် လျာထားကြောင်း သိရပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Duwun




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top