Kantharyar Centre
×

ဒီႏွစ္ထဲမွာ အခ်စ္ေရးေျပလည္မလား၊
ခ်စ္သူ နဲ႕ အဆင္ေျပမလား၊ ရည္ရြယ္ထားတဲ့သူနဲ႕ လက္ထပ္ျဖစ္မလား ခ်စ္သူအသစ္ေတြ႕ဦးမလား
ခ်စ္သူနဲ႕ ကြဲမလားဆိုတာေတြ မသိခ်င္ဘူးလား
အဲဒီလိုႏွလံုး သားေရးနဲ႕ ပတ္သက္တဲ့ျပႆနာေလးေတြ ႀကိဳတင္ သိခ်င္သူေတြအတြက္ သက္ေရာက္ေဟာကိန္းေလးေတြကို ေျပာျပပါ့မယ္။

တစ္ခုေတာ့ရွိတယ္ဗ်။ လက္ဆန္းေဗဒင္နားလည္တဲ့သူဆိုရင္ေတာ့ကိုယ္ဘယ္ေရာက္လဲသိေပမဲ့ ေဗဒင္နဲ႔မရင္းႏီွးရင္ေတာ့ တြက္ပံုတြက္နည္းေျပာျပပါ့မယ္။
ကိုယ့္ရဲ႕အသက္နဲ႕ေမြးနံသိဖို႔ေတာ့ လိုမွာပါ။ ဒါေတြသိၿပီးယင္ေတာ့ သိခ်င္တာေလးေတြ
ႀကိဳတင္ၿပီးသိႏိုင္ပါၿပီ၊ တစ္ခုေျပာခ်င္တာက မိမိက ဒီေန႔အသက္၂၀ တင္းတင္းျပည့္ၿပီ
ဆိုပါစို႔ဗ်ာ ။ မနက္ျဖန္ဆို အသက္ ၂၁ထဲေရာက္ၿပီလို႔ဆိုႏိုင္ပါတယ္။ အဲဒီေတာ့ အသက္၂၁နဲ႔ တြက္ရမယ္ေပါ့ဗ်
ကဲ …. တြက္ၾကည့္ရေအာင္ -

ပထမဦးစြာ သက္ေရာက္ ၈မ်ိဳးကို အရင္သိရပါ့မယ္။ဒါမွလဲဘယ္သက္ေရာက္မွဘာျဖစ္မယ္သိႏိိုင္ပါလိမ့္မယ္

၁။ တနဂၤေႏြ သက္ေရာက္
၂။ တနလၤာ သက္ေရာက္
၃။အဂၤါ သက္ေရာက္
၄။ဗုဒၶဟူး သက္ေရာက္
၅။ စေန သက္ေရာက္
၆။ၾကာသပေတး သက္ေရာက္
၇။ရာဟု သက္ေရာက္
၈။ေသာၾကာ သက္ေရာက္

ဒုတိယအေနနဲ႕ကေတာ့ကိုယ့္ရဲ႕အသက္ကိုသိထားၿပီး ျဖစ္တဲ့အတိုင္း အဲဒီအသက္ကိုတည္ၿပီး (၈) နဲ႕ စားရမယ္။ရလာဒ္ကိုသံုးစရာမလိုဘူး။ အၾကြင္းကိုပဲသံုးရမယ္။ တကယ္လို႕ ၈နဲ႕စားလို႕ျပတ္ယင္ ၈ၾကြင္းတယ္လို႕ပဲသတ္မွတ္ယူဆရမယ္ မွတ္မိၿပီေနာ္။
ကိုယ့္အသက္ကိုတည္ၿပီး ၈နဲ႕စားလို႕ရတဲ့ အၾကြင္းတန္ဖိုးအတိုင္း မိမိေမြးနံကစၿပီး ေရတြက္သြားရမယ္။
ေရတြက္သြားရမယ့္အကြက္ေတြ
ကိုတစ္ကြက္ၿပီးတစ္ကြက္ေရတြက္ရာမွာနာရီလက္တံရစ္ပတ္တဲ့အတိုင္း
လက္ယာရစ္ရစ္ပတ္သြား
ရမယ္။
အၾကြင္းအေရအတြက္ေစ့သြားတဲ့ေန႔ကို မွတ္ထားၿပီး
သက္ေရာက္ေဟာကိန္းေတြ
အေၾကာင္းကိုဖတ္ၾကည့္ရင္ ဒီႏွစ္ထဲမွာေတြ႕ႀကံဳရမယ့္ ႏွလံုးသား
ေရးရာ ကိစၥေလးေတြကို သိရပါလိမ့္မယ္။
ဥပမာေလးတခုေလာက္တြက္ၾကည့္ရေအာင္၊ အသက္ ၂၀ – ရွိတဲ့ ၾကာသပေတးသမီးအတြက္တြက္ၾကည့္ရင္ -၂၀- ကို ၈ – နဲ႕စားယင္ ၄ – ၾကြင္းမယ္။ၾကာသပေတးသမီးကို ေအာက္မွာေဖာ္ျပထားတဲ့ အဌလဂ္ၿဂိဳဟ္ခြင္ပံုအတိုင္း ၾကာသပေတးကေန နာရီလက္တံအတိုင္းစေရရမယ္။
ဒါဆို ၄- ကြက္ေျမာက္တဲ့အကြက္ဟာ တနဂၤေႏြ မဟုတ္လား။
ဒါေၾကာင့္ သူ႕အတြက္က တနဂၤေႏြသက္ေရာက္ ေဟာကိန္းေတြကိုၾကည့္ရ ပါလိမ့္မယ္။

အသက္၂၇ ႏွစ္ရွိတဲ့ အဂၤါသားသမီးဆို႔ပါစို႔
၂၇ကို ၈နဲ႔စားေတာ့ ၃ႂကြင္းတယ္။အႂကြင္းအတိုင္း အဂၤါကေန ေအာက္ပါပံုအတိုင္းနာရီလက္တံပံုစံ စတင္ေရတြက္ေတာ့
အဂၤါက တစ္ ၊ဗုဒၶဟူးက ႏွစ္ ၊ စေနက သံုးပါ။ အႂကြင္းက ၃ျဖစ္တဲ့အတြက္ စေနသက္ေရာက္ထဲမွာပါ။ ဒါေၾကာင့္စေနသက္ေရာက္
ေဟာကိန္းေလးေတြဖတ္ၾကည့္ေပါ့ဗ်ာ

ကဲသေဘာေပါက္ၿပီဆို ကိုယ့္ကိုယ္ကိုတြက္ ခ်က္ၿပီး ေဟာကိန္းေတြသာ
ဖတ္ၾကည့္ေပေတာ့။
 
တနဂၤေႏြ သက္ေရာက္

ဒီႏွစ္ထဲမွာအခ်စ္ေရးကံသိပ္မေကာင္းပါဘူး၊ကိုယ္ကစြဲစြဲလမ္းလမ္းခ်စ္ေနမယ့္သူကကိုယ့္အခ်စ္ကိုဂ႐ုမစိုက္ဘူး၊ကိုယ့္ရဲ႕
အေကာင္းဆံုးလုပ္ရပ္ေတြဟာသူ႕အတြက္ေပ်ာ္ရႊင္စရာတခုလိုျဖစ္ေနတက္ပါတယ္။
သူ႕ကို ကိုယ္ကခ်စ္ေနမွန္း စြဲလမ္းေနမွန္းလဲ သူသိတယ္။ ဒါေပမယ့္ သူကကိုယ့္ကို ခ်စ္ၾကည့္လို႕မရပဲျဖစ္ေနတယ္။ သူငယ္ခ်င္းအျဖစ္ ခင္တာထက္မပိုႏိုင္ဘူး။ကိုယ့္နဲ႕သူ႕အၾကားမွာထူးျခားတဲ့သံေယာဇဥ္ယွဥ္ႏြယ္မေနႏိုင္ဘူး။
ဒါကလဲ အေၾကာင္းရွိပါတယ္။ကိုယ္ကစြဲလမ္း
ေနတဲ့သူ႕မွာက သံေယာဇဥ္ထားရမယ့္ရွိၿပီးသားျဖစ္ ေနလို႕ပါ၊ ဒါမွမဟုတ္လဲေစ့စပ္ထားတဲ့လူ၊ လူႀကီးခ်င္း
သေဘာတူထားတဲ့လူ ရွိေနလို႕ပါ။
ဒါေပမယ့္အားမေလ်ာ့ပါႏွင့္၊ေမွ်ာ္လင့္ျခင္း ဆိုတာ သံေယာဇဥ္သမားေတြရဲ႕ က်င့္၀တ္တစ္ခုပဲ မဟုတ္လား။
 
 တနလၤာ သက္ေရာက္

ကိုယ့္ရဲ႕ လုပ္ေဆာင္မႈေလးေတြဟာ အလိုလိုေနယင္း နာမည္ေက်ာ္ၾကားေနတတ္တယ္၊ ဒါေၾကာင့္ ဒီႏွစ္ထဲမွာ စန္းပြင့္ေနတဲ့အတြက္ ႏွလံုးသားေရးရာနဲ႕ ပတ္သက္ၿပီး ေသာကကင္းေ၀းရမယ္၊ ခ်စ္သူနဲ႕အတူ တြဲတြဲသြားသြား ရွိတာေၾကာင့္သာယာၾကည္ႏူးရမယ္။ ခ်စ္သူဟာ ကိုယ့္အလိုကိုလိုက္မယ္၊ ဒါေပမယ့္တစ္ခါ တစ္ခါစိတ္ေကာက္တတ္တယ္၊အေၾကာင္းမရွိအေၾကာင္းရွာၿပီးျဖစ္ေစ၊အျပစ္မရွိအျပစ္ရွာၿပီးျဖစ္ေစ၊ စိတ္ေကာက္တာမ်ိဳးေပါ့။
သတိထားစရာတစ္ခုေတာ့ရွိပါတယ္၊ေရကန္နားျမစ္ကမ္းနံေဘးနားမွာေတ့ာ အတူသြားသြားၿပီး မထိုင္ပါနဲ႕၊ မေမွ်ာ္လင့္ပဲအႏၱရာယ္တစ္ခုခုေတြ႕ ႀကံဳရတတ္ပါတယ္၊ ခ်စ္သူကကိုယ့္ကို အဖိုးတန္လက္ေဆာင္ေတြေပးတတ္ပါတယ္။အမွတ္တရသိမ္းထားသင့္တဲ့လက္ေဆာင္ေတြမို႕ အဲဒီအတြက္၀မ္းသာၾကည္ႏူးရပါမယ္၊ ဘာပဲေျပာေျပာ တနလၤာသက္ေရာက္ႏွစ္ဟာႏွလံုးသားေရးရာ ကံေကာင္းတဲ့ႏွစ္ပါပဲ။
 
အဂၤါ သက္ေရာက္

ကိုယ့္ကိုမၾကည္ျဖဴတဲ့မိန္းကေလးတစ္ခ်ိဳ႕ေၾကာင့္(ညီမတို႕အတြက္ ဆိုယင္ ေယာကၤ်ားေလးတစ္ေယာက္ေယာက္ေၾကာင့္) အခ်စ္ေသာကပြားရ တတ္ပါတယ္၊ ခ်စ္ခရီးရဲ႕အေႏွာက္အယွက္ေတြကို ဒီႏွစ္ထဲမွာ ခဏခဏေတြ႕ရမယ္၊ အဲဒီအေႏွာက္ အယွက္ေတြေၾကာင့္ ခ်စ္သူကကိုယ့္ကို အျပစ္ျမင္ မယ္၊ အျပစ္ထင္မယ္။ ေျဖရွင္းလို႕မရတဲ့ျပႆနာ ေတြမို႕ကိုယ္ကမွန္လွ်င္မွန္ရက္သားနဲ႕
ေရငံုႏႈတ္ပိတ္ ျဖစ္ေနရတတ္တယ္။ ကိုယ့္ရဲ႕တစ္ျခားျပႆနာေတြကလည္းခ်စ္သူအတြက္ စိတ္မၾကည္စရာေတြျဖစ္ေနတက္တယ္၊ ဒီၾကားထဲအ ေျခအေနအရပ္ရပ္က ခ်စ္သူရဲ႕အလိုကို မျဖည့္စြမ္းႏိုင္တာေၾကာင့္ပိုၿပီးေသာကပြားစရာေလးေတြျဖစ္လာရတယ္။ အဆံုးမွာေတာ့သူနဲ႕ကိုယ္ဟာခ်စ္ ခရီးကို အတူတြဲမေလွ်ာက္ႏိုင္ေတာ့ပဲ လမ္းခြဲရတတ္ ပါတယ္။ ခ်စ္သူရဲ႕အမုန္းဒဏ္ေၾကာင့္ ခ်စ္ေ၀နာေလး ေတြခံစားရရွိႏိုင္ပါတယ္။
 
ဗုဒၶဟူး သက္ေရာက္

ဒီႏွစ္ထဲမွာခ်စ္ရမယ့္သူနဲ႕ေတြ႕ႀကံဳႏိုင္ပါတယ္၊ သူဟာကိုယ့္ရဲ႕အေရွ႕ေတာင္အရပ္ကျဖစ္ဖို႕မ်ားပါတယ္။ ၿပီးေတာ့ သူဟာကိုယ့္ကိုသာယာခ်မ္းေျမ႕မႈ ေပးစြမ္းႏိုင္မယ့္ သူလို႕လဲ ယူဆႏိုင္ပါတယ္၊အထူးသျဖင့္သူဟာအလွအပႀကိဳက္ႏွစ္သက္သူျဖစ္တတ္ပါတယ္၊ ဒါေပမယ့္ စိတ္ကူးထက္ လက္ေတြ႕ကို ႀကိဳက္ႏွစ္ သက္သူျဖစ္တတ္ပါတယ္၊
ခ်စ္သူရွိၿပီးသား သူေတြအဖို႕ေတာ့ ဘာမွထူး ထူးျခားျခား မရွိႏိုင္ပါဘူး၊ သာယာခ်မ္းေျမ႕တဲ့အခ်စ္ သက္တမ္းကာလေလးပါ။ အဲတစ္ခုေတာ့ရွိပါတယ္၊ တစ္ခ်ိန္ကခ်စ္ခဲ့ဖူးသူတစ္ေယာက္ေယာက္ရွိခဲ့ယင္ေတာ့ သူရဲ႕ စြမ္းေဆာင္မႈေၾကာင့္ေသာကပြားရ တတ္ပါတယ္၊ လက္ရွိခ်စ္သူက သေဘာထားႀကီးလို႕ ေတာ္ေသးတာေပါ့။

စေန သက္ေရာက္

မိန္းကေလးေတြနဲ႕ အေစးမကပ္တဲ့ႏွစ္လို႕
ဆိုယင္မွားမယ္မထင္ပါဘူး၊ တစ္နည္းအားျဖင့္အခ်စ္ကိုစိတ္မ၀င္စားပဲျဖစ္ေနတတ္ပါတယ္၊ အခ်စ္ကိုခံုမင္ သာယာမိတဲ့စိတ္ထက္ၿငီးေငြ႕တဲ့စိတ္ကပိုမ်ားေန တတ္ပါတယ္။ အခ်စ္နဲ႕ပတ္သက္ၿပီးစိတ္ကူးမယဥ္ ခ်င္ေတာ့တဲ့သေဘာပါ။ ဒါေပမယ့္ မိန္းကေလးေတြနဲ႕ပတ္သက္တဲ့စိတ္အေႏွာင့္အယွက္ျဖစ္စရာကေတာ့ႀကံဳေနရဦးမွာပါ သူမ်ားေတြရဲ႕ႏွလံုးသားကိစၥေတြ၊ ျပႆနာကိစၥေတြၾကားမွာကိုယ္ကဓားစာခံျဖစ္ျဖစ္ေနတတ္ပါတယ္။
ကိုယ္ကသံေယာဇဥ္မကင္းႏိုင္တဲ့သူေတြ ေၾကာင့္ပိုၿပီး စိတ္ညစ္ရမယ္၊ ဒါေတြေၾကာင့္လည္း အခ်စ္နဲ႕ပတ္သက္တဲ့ကိစၥေတြကိုပိုၿပီးစိတ္ကုန္လာတာေပါ့။

ၾကာသပေတးသက္ေရာက္


အခ်စ္နဲ႕ပတ္သက္ၿပီး ေပ်ာ္စရာအေကာင္း ဆံုး ကာလပါ။ ခ်စ္သူနဲ႕စိတ္သေဘာထားျခင္းတိုက္ ဆိုင္ၿပီး အပူအပင္မရွိ သာယာၾကည္ႏူးရမယ္၊ ခ်စ္သူ ဟာ ကိုယ့္အလိုကိုလိုက္မယ္၊ ကိုယ္လုပ္ေဆာင္တဲ့ ကိစၥေတြမွာပါ၀င္ကုညီေဆာင္ရြက္ေလ့ရွိမယ္။ ခ်စ္သူထံကလဲ အဖိုးတန္လက္ေဆာင္ေတြရမယ္။
ခ်စ္သူမျဖစ္ေသးယင္လဲ ကိုယ္ကစြဲလမ္းေန သူရဲ႕ေခါင္းညိတ္အေျဖစကားကို ၾကားရမယ္၊ ခ်စ္သူ ဟာကိုယ့္အလိုဆႏၵကို လိုက္ေလ်ာလြန္းတာေၾကာင့္ သတိတရားေတာ့ရွိရမယ္၊ ခ်စ္သူအေပၚ ေစာင့္ထိန္း ရမယ့္ သိကၡာတရားကို ေစာင့္သိရမယ္ မဟုတ္ရင္ ေတာ့က်ဴးက်ဴးလြန္လြန္ေတြျဖစ္ၿပီး စိတ္ညစ္ရပါမယ္၊ ကိုယ္ကထိန္းသိမ္းတာေတာင္မွတစ္ျခား မိန္းကေလး ေတြရဲ႕အဖ်က္စကားေၾကာင့္ ဒုကၡေရာက္ရွိတတ္ ပါ တယ္။
ဒါေတြသိထားဆင္ျခင္ယင္ေတာ့ႏွလံုးသားေရးရာနဲ႔ပတ္သက္ၿပီး ဘာမွစိတ္ေသာကပြားစရာမလိုပါဘူး။

ရာဟုသက္ေရာက္ 

ခ်စ္သူဟာကိုယ္အေပၚကိုမေကာင္းျမင္ေနလိမ့္မယ္၊ သံသယေတြ၀င္ေနတယ္ ဆိုပါေတာ့၊ သူ႕ဆီက ေမွ်ာ္လင့္ခ်က္ တစ္ခုခုေၾကာင့္ဟန္ေဆာင္အခ်စ္နဲ႕ ခ်စ္ေနတယ္လို႕ထင္ေနတယ္ေလ။ ဒီေတာ့ သူက နာက်င္ေနလိမ့္မယ္။ ကိုယ္ကမေျဖရွင္းႏိုင္တဲ့ ျပႆနာေတြ လုပ္ေဆာင္တာေၾကာင့္ပဲျဖစ္ေစ၊ သူက မႀကိဳက္တာေတြ က်ဴးလြန္လို႕ပဲျဖစ္ေစ၊ တစ္ေယာက္ နဲ႕တစ္ေယာက္ကေတာက္ကဆျဖစ္ၿပီးမုန္းၾကရတတ္ ပါတယ္။
ကိုယ္ကိုယ္ႏွိဳက္ကလည္းတျခားအဆင္မေျပစရာေတြ၊ စိတ္ညစ္စရာေတြႀကံဳေနရတာေၾကာင့္ သူ႕ရဲ႕ ျပစ္တင္ေျပာဆိုမႈကို မခံႏိုင္ပဲအတိုက္အခံေတြျဖစ္လာ တတ္တယ္။ ဒီအတိုက္အခံေတြရဲ႕ ေနာက္ဆံုး ရလဒ္ကေတာ့ သံေယာဇဥ္ႀကိဳးေလးျပတ္ေတာက္သြားရျခင္းပါပဲ။
ခ်စ္သူဆီက အခ်စ္အေျဖကိုေတာင္းခံငံ႔လင့္
ေနသူေတြအတြက္ေတာ့ ဒီႏွစ္ထဲမွာစိတ္ခ်မ္းသာရ မယ့္အေျဖ မရရွိႏိုင္ဘူး၊ သူဟာကိုယ့္ရဲ႕စကားေတြ ကို မယံုမၾကည္ျဖစ္ေနေသးတယ္။ ၿပီးေတာ့ကိုယ့္ရဲ႕ အားနည္းခ်က္တစ္ခ်ိဳ႕ေၾကာင့္ အထင္ေသးၿပီးခ်စ္ဖို႕ မ၀ံ႕မရဲျဖစ္ေနတတ္ပါတယ္။

ေသာၾကာသက္ေရာက္ 


ကိုယ္ခ်စ္ေနတဲ့သူဆီကခ်စ္စကားအေျဖေပးရႏိုင္သလိုညီမတို႕အဖို႕လဲကိုယ္စိတ္၀င္စားေနတဲ့သူနဲ႕ ခင္မင္ရင္းႏွီးၿပီးခ်စ္စကားေျပာလာတာကိုၾကားရမယ္။ တကယ္ေတာ့ ဒီကာလဟာ ခ်စ္သူႏွစ္ဦး အတြက္ ေပ်ာ္စရာအေကာင္းဆံုးသာယာခ်မ္းေျမ႕ဖို႕ အေကာင္းဆံုးကာလပါ။ ခ်စ္ေနၿပီးသူေတြ။ လက္ ထပ္ဖို႕ တာစူေနၾကသူေတြဆိုယင္ေတာ့ ဒီႏွစ္ထဲမွာ ထိမ္းျမားဖို႕ အေျခအေနေပးတက္ပါတယ္။ ဘယ္လို အေႏွာင့္အယွက္မ်ိဳးေတြပဲ ရွိေနေန၊ လက္ထပ္ဖို႕စီ စဥ္ထားယင္ မလြဲမေသြေအာင္ျမင္မွာပါ။
ခ်စ္သူဘ၀မွာ ေပ်ာ္ရႊင္ၾကည္ႏူးရသလို တစ္ဘက္ ကလည္း ရာထူးတက္ႏိုင္တယ္။ စာေမးပြဲေတြ ေအာင္ႏိုင္တယ္။ ေဆာင္ရြက္ထားတဲ့ ကိစၥေတြၿပီး ျပတ္ႏိုင္တယ္။ ဒါ့ေၾကာင့္ တစ္ျခားလူမႈေရးေသာက၊ စီးပြားေရးေသာကပညာေရးေသာကေတြ ကင္းစင္ ေနတာေၾကာင့့္ အခ်စ္နဲ႕ပတ္သက္ၿပီးစိတ္ကူးသမွ် အေကာင္အထည္ေဖာ္ၿပီး ခ်စ္ႏိုင္ၾကပါတယ္။
ဒါဆိုေက်နပ္စရာ ေကာင္းပါၿပီေနာ္ ………။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Sayar Dagon

#Unicode Version
ဒီနှစ်ထဲမှာ အချစ်ရေးပြေလည်မလား၊
ချစ်သူ နဲ့ အဆင်ပြေမလား၊ ရည်ရွယ်ထားတဲ့သူနဲ့ လက်ထပ်ဖြစ်မလား ချစ်သူအသစ်တွေ့ဦးမလား
ချစ်သူနဲ့ ကွဲမလားဆိုတာတွေ မသိချင်ဘူးလား
အဲဒီလိုနှလုံး သားရေးနဲ့ ပတ်သက်တဲ့ပြဿနာလေးတွေ ကြိုတင် သိချင်သူတွေအတွက် သက်ရောက်ဟောကိန်းလေးတွေကို ပြောပြပါ့မယ်။

တစ်ခုတော့ရှိတယ်ဗျ။ လက်ဆန်းဗေဒင်နားလည်တဲ့သူဆိုရင်တော့ကိုယ်ဘယ်ရောက်လဲသိပေမဲ့ ဗေဒင်နဲ့မရင်းနှီးရင်တော့ တွက်ပုံတွက်နည်းပြောပြပါ့မယ်။
ကိုယ့်ရဲ့အသက်နဲ့မွေးနံသိဖို့တော့ လိုမှာပါ။ ဒါတွေသိပြီးယင်တော့ သိချင်တာလေးတွေ
ကြိုတင်ပြီးသိနိုင်ပါပြီ၊ တစ်ခုပြောချင်တာက မိမိက ဒီနေ့အသက်၂၀ တင်းတင်းပြည့်ပြီ
ဆိုပါစို့ဗျာ ။ မနက်ဖြန်ဆို အသက် ၂၁ထဲရောက်ပြီလို့ဆိုနိုင်ပါတယ်။ အဲဒီတော့ အသက်၂၁နဲ့ တွက်ရမယ်ပေါ့ဗျ
ကဲ …. တွက်ကြည့်ရအောင် -

ပထမဦးစွာ သက်ရောက် ၈မျိုးကို အရင်သိရပါ့မယ်။ဒါမှလဲဘယ်သက်ရောက်မှဘာဖြစ်မယ်သိနိုင်ပါလိမ့်မယ်

၁။ တနင်္ဂနွေ သက်ရောက်
၂။ တနင်္လာ သက်ရောက်
၃။အင်္ဂါ သက်ရောက်
၄။ဗုဒ္ဓဟူး သက်ရောက်
၅။ စနေ သက်ရောက်
၆။ကြာသပတေး သက်ရောက်
၇။ရာဟု သက်ရောက်
၈။သောကြာ သက်ရောက်

ဒုတိယအနေနဲ့ကတော့ကိုယ့်ရဲ့အသက်ကိုသိထားပြီး ဖြစ်တဲ့အတိုင်း အဲဒီအသက်ကိုတည်ပြီး (၈) နဲ့ စားရမယ်။ရလာဒ်ကိုသုံးစရာမလိုဘူး။ အကြွင်းကိုပဲသုံးရမယ်။ တကယ်လို့ ၈နဲ့စားလို့ပြတ်ယင် ၈ကြွင်းတယ်လို့ပဲသတ်မှတ်ယူဆရမယ် မှတ်မိပြီနော်။
ကိုယ့်အသက်ကိုတည်ပြီး ၈နဲ့စားလို့ရတဲ့ အကြွင်းတန်ဖိုးအတိုင်း မိမိမွေးနံကစပြီး ရေတွက်သွားရမယ်။
ရေတွက်သွားရမယ့်အကွက်တွေ
ကိုတစ်ကွက်ပြီးတစ်ကွက်ရေတွက်ရာမှာနာရီလက်တံရစ်ပတ်တဲ့အတိုင်း
လက်ယာရစ်ရစ်ပတ်သွား
ရမယ်။
အကြွင်းအရေအတွက်စေ့သွားတဲ့နေ့ကို မှတ်ထားပြီး
သက်ရောက်ဟောကိန်းတွေ
အကြောင်းကိုဖတ်ကြည့်ရင် ဒီနှစ်ထဲမှာတွေ့ကြုံရမယ့် နှလုံးသား
ရေးရာ ကိစ္စလေးတွေကို သိရပါလိမ့်မယ်။
ဥပမာလေးတခုလောက်တွက်ကြည့်ရအောင်၊ အသက် ၂၀ – ရှိတဲ့ ကြာသပတေးသမီးအတွက်တွက်ကြည့်ရင် -၂၀- ကို ၈ – နဲ့စားယင် ၄ – ကြွင်းမယ်။ကြာသပတေးသမီးကို အောက်မှာဖော်ပြထားတဲ့ အဌလဂ်ဂြိုဟ်ခွင်ပုံအတိုင်း ကြာသပတေးကနေ နာရီလက်တံအတိုင်းစရေရမယ်။
ဒါဆို ၄- ကွက်မြောက်တဲ့အကွက်ဟာ တနင်္ဂနွေ မဟုတ်လား။
ဒါကြောင့် သူ့အတွက်က တနင်္ဂနွေသက်ရောက် ဟောကိန်းတွေကိုကြည့်ရ ပါလိမ့်မယ်။

အသက်၂၇ နှစ်ရှိတဲ့ အင်္ဂါသားသမီးဆို့ပါစို့
၂၇ကို ၈နဲ့စားတော့ ၃ကြွင်းတယ်။အကြွင်းအတိုင်း အင်္ဂါကနေ အောက်ပါပုံအတိုင်းနာရီလက်တံပုံစံ စတင်ရေတွက်တော့
အင်္ဂါက တစ် ၊ဗုဒ္ဓဟူးက နှစ် ၊ စနေက သုံးပါ။ အကြွင်းက ၃ဖြစ်တဲ့အတွက် စနေသက်ရောက်ထဲမှာပါ။ ဒါကြောင့်စနေသက်ရောက်
ဟောကိန်းလေးတွေဖတ်ကြည့်ပေါ့ဗျာ

ကဲသဘောပေါက်ပြီဆို ကိုယ့်ကိုယ်ကိုတွက် ချက်ပြီး ဟောကိန်းတွေသာ
ဖတ်ကြည့်ပေတော့။

၁။ တနင်္ဂနွေ သက်ရောက်
ဒီနှစ်ထဲမှာ အချစ်ရေးကံသိပ်မကောင်းပါဘူး၊ကိုယ်ကစွဲစွဲလမ်းလမ်းချစ်နေမယ့်သူကကိုယ့်အချစ်ကိုဂရုမစိုက်ဘူး၊ကိုယ့်ရဲ့
အကောင်းဆုံးလုပ်ရပ်တွေဟာသူ့အတွက်ပျော်ရွှင်စရာတခုလိုဖြစ်နေတက်ပါတယ်။
သူ့ကို ကိုယ်ကချစ်နေမှန်း စွဲလမ်းနေမှန်းလဲ သူသိတယ်။ ဒါပေမယ့် သူကကိုယ့်ကို ချစ်ကြည့်လို့မရပဲဖြစ်နေတယ်။ သူငယ်ချင်းအဖြစ် ခင်တာထက်မပိုနိုင်ဘူး။ကိုယ့်နဲ့သူ့အကြားမှာထူးခြားတဲ့သံယောဇဉ်ယှဉ်နွယ်မနေနိုင်ဘူး။
ဒါကလဲ အကြောင်းရှိပါတယ်။ကိုယ်ကစွဲလမ်း
နေတဲ့သူ့မှာက သံယောဇဉ်ထားရမယ့်ရှိပြီးသားဖြစ် နေလို့ပါ၊ ဒါမှမဟုတ်လဲစေ့စပ်ထားတဲ့လူ၊ လူကြီးချင်း
သဘောတူထားတဲ့လူ ရှိနေလို့ပါ။
ဒါပေမယ့်အားမလျော့ပါနှင့်၊မျှော်လင့်ခြင်း ဆိုတာ သံယောဇဉ်သမားတွေရဲ့ ကျင့်ဝတ်တစ်ခုပဲ မဟုတ်လား။
၂။ တနင်္လာ သက်ရောက်
ကိုယ့်ရဲ့ လုပ်ဆောင်မှုလေးတွေဟာ အလိုလိုနေယင်း နာမည်ကျော်ကြားနေတတ်တယ်၊ ဒါကြောင့် ဒီနှစ်ထဲမှာ စန်းပွင့်နေတဲ့အတွက် နှလုံးသားရေးရာနဲ့ ပတ်သက်ပြီး သောကကင်းဝေးရမယ်၊ ချစ်သူနဲ့အတူ တွဲတွဲသွားသွား ရှိတာကြောင့်သာယာကြည်နူးရမယ်။ ချစ်သူဟာ ကိုယ့်အလိုကိုလိုက်မယ်၊ ဒါပေမယ့်တစ်ခါ တစ်ခါစိတ်ကောက်တတ်တယ်၊အကြောင်းမရှိအကြောင်းရှာပြီးဖြစ်စေ၊အပြစ်မရှိအပြစ်ရှာပြီးဖြစ်စေ၊ စိတ်ကောက်တာမျိုးပေါ့။
သတိထားစရာတစ်ခုတော့ရှိပါတယ်၊ရေကန်နားမြစ်ကမ်းနံဘေးနားမှာတေ့ာ အတူသွားသွားပြီး မထိုင်ပါနဲ့၊ မမျှော်လင့်ပဲအန္တရာယ်တစ်ခုခုတွေ့ ကြုံရတတ်ပါတယ်၊ ချစ်သူကကိုယ့်ကို အဖိုးတန်လက်ဆောင်တွေပေးတတ်ပါတယ်။အမှတ်တရသိမ်းထားသင့်တဲ့လက်ဆောင်တွေမို့ အဲဒီအတွက်ဝမ်းသာကြည်နူးရပါမယ်၊ ဘာပဲပြောပြော တနင်္လာသက်ရောက်နှစ်ဟာနှလုံးသားရေးရာ ကံကောင်းတဲ့နှစ်ပါပဲ။

၃။အင်္ဂါ သက်ရောက်
ကိုယ့်ကိုမကြည်ဖြူတဲ့မိန်းကလေးတစ်ချို့ကြောင့်(ညီမတို့အတွက် ဆိုယင် ယောင်္ကျားလေးတစ်ယောက်ယောက်ကြောင့်) အချစ်သောကပွားရ တတ်ပါတယ်၊ ချစ်ခရီးရဲ့အနှောက်အယှက်တွေကို ဒီနှစ်ထဲမှာ ခဏခဏတွေ့ရမယ်၊ အဲဒီအနှောက် အယှက်တွေကြောင့် ချစ်သူကကိုယ့်ကို အပြစ်မြင် မယ်၊ အပြစ်ထင်မယ်။ ဖြေရှင်းလို့မရတဲ့ပြဿနာ တွေမို့ကိုယ်ကမှန်လျှင်မှန်ရက်သားနဲ့
ရေငုံနှုတ်ပိတ် ဖြစ်နေရတတ်တယ်။ ကိုယ့်ရဲ့တစ်ခြားပြဿနာတွေကလည်းချစ်သူအတွက် စိတ်မကြည်စရာတွေဖြစ်နေတက်တယ်၊ ဒီကြားထဲအ ခြေအနေအရပ်ရပ်က ချစ်သူရဲ့အလိုကို မဖြည့်စွမ်းနိုင်တာကြောင့်ပိုပြီးသောကပွားစရာလေးတွေဖြစ်လာရတယ်။ အဆုံးမှာတော့သူနဲ့ကိုယ်ဟာချစ် ခရီးကို အတူတွဲမလျှောက်နိုင်တော့ပဲ လမ်းခွဲရတတ် ပါတယ်။ ချစ်သူရဲ့အမုန်းဒဏ်ကြောင့် ချစ်ဝေနာလေး တွေခံစားရရှိနိုင်ပါတယ်။

ဗုဒ္ဓဟူး သက်ရောက်
ဒီနှစ်ထဲမှာချစ်ရမယ့်သူနဲ့တွေ့ကြုံနိုင်ပါတယ်၊ သူဟာကိုယ့်ရဲ့အရှေ့တောင်အရပ်ကဖြစ်ဖို့များပါတယ်။ ပြီးတော့ သူဟာကိုယ့်ကိုသာယာချမ်းမြေ့မှု ပေးစွမ်းနိုင်မယ့် သူလို့လဲ ယူဆနိုင်ပါတယ်၊အထူးသဖြင့်သူဟာအလှအပကြိုက်နှစ်သက်သူဖြစ်တတ်ပါတယ်၊ ဒါပေမယ့် စိတ်ကူးထက် လက်တွေ့ကို ကြိုက်နှစ် သက်သူဖြစ်တတ်ပါတယ်၊
ချစ်သူရှိပြီးသား သူတွေအဖို့တော့ ဘာမှထူး ထူးခြားခြား မရှိနိုင်ပါဘူး၊ သာယာချမ်းမြေ့တဲ့အချစ် သက်တမ်းကာလလေးပါ။ အဲတစ်ခုတော့ရှိပါတယ်၊ တစ်ချိန်ကချစ်ခဲ့ဖူးသူတစ်ယောက်ယောက်ရှိခဲ့ယင်တော့ သူရဲ့ စွမ်းဆောင်မှုကြောင့်သောကပွားရ တတ်ပါတယ်၊ လက်ရှိချစ်သူက သဘောထားကြီးလို့ တော်သေးတာပေါ့။

စနေ သက်ရောက်
မိန်းကလေးတွေနဲ့ အစေးမကပ်တဲ့နှစ်လို့
ဆိုယင်မှားမယ်မထင်ပါဘူး၊ တစ်နည်းအားဖြင့်အချစ်ကိုစိတ်မဝင်စားပဲဖြစ်နေတတ်ပါတယ်၊ အချစ်ကိုခုံမင် သာယာမိတဲ့စိတ်ထက်ငြီးငွေ့တဲ့စိတ်ကပိုများနေ တတ်ပါတယ်။ အချစ်နဲ့ပတ်သက်ပြီးစိတ်ကူးမယဉ် ချင်တော့တဲ့သဘောပါ။ ဒါပေမယ့် မိန်းကလေးတွေနဲ့ပတ်သက်တဲ့စိတ်အနှောင့်အယှက်ဖြစ်စရာကတော့ကြုံနေရဦးမှာပါ သူများတွေရဲ့နှလုံးသားကိစ္စတွေ၊ ပြဿနာကိစ္စတွေကြားမှာကိုယ်ကဓားစာခံဖြစ်ဖြစ်နေတတ်ပါတယ်။
ကိုယ်ကသံယောဇဉ်မကင်းနိုင်တဲ့သူတွေ ကြောင့်ပိုပြီး စိတ်ညစ်ရမယ်၊ ဒါတွေကြောင့်လည်း အချစ်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုပိုပြီးစိတ်ကုန်လာတာပေါ့။

ကြာသပတေးသက်ရောက်
အချစ်နဲ့ပတ်သက်ပြီး ပျော်စရာအကောင်း ဆုံး ကာလပါ။ ချစ်သူနဲ့စိတ်သဘောထားခြင်းတိုက် ဆိုင်ပြီး အပူအပင်မရှိ သာယာကြည်နူးရမယ်၊ ချစ်သူ ဟာ ကိုယ့်အလိုကိုလိုက်မယ်၊ ကိုယ်လုပ်ဆောင်တဲ့ ကိစ္စတွေမှာပါဝင်ကုညီဆောင်ရွက်လေ့ရှိမယ်။ ချစ်သူထံကလဲ အဖိုးတန်လက်ဆောင်တွေရမယ်။
ချစ်သူမဖြစ်သေးယင်လဲ ကိုယ်ကစွဲလမ်းနေ သူရဲ့ခေါင်းညိတ်အဖြေစကားကို ကြားရမယ်၊ ချစ်သူ ဟာကိုယ့်အလိုဆန္ဒကို လိုက်လျောလွန်းတာကြောင့် သတိတရားတော့ရှိရမယ်၊ ချစ်သူအပေါ် စောင့်ထိန်း ရမယ့် သိက္ခာတရားကို စောင့်သိရမယ် မဟုတ်ရင် တော့ကျူးကျူးလွန်လွန်တွေဖြစ်ပြီး စိတ်ညစ်ရပါမယ်၊ ကိုယ်ကထိန်းသိမ်းတာတောင်မှတစ်ခြား မိန်းကလေး တွေရဲ့အဖျက်စကားကြောင့် ဒုက္ခရောက်ရှိတတ် ပါ တယ်။
ဒါတွေသိထားဆင်ခြင်ယင်တော့နှလုံးသားရေးရာနဲ့ပတ်သက်ပြီး ဘာမှစိတ်သောကပွားစရာမလိုပါဘူး။

ရာဟုသက်ရောက် ချစ်သူဟာကိုယ်အပေါ်ကိုမကောင်းမြင်နေလိမ့်မယ်၊ သံသယတွေဝင်နေတယ် ဆိုပါတော့၊ သူ့ဆီက မျှော်လင့်ချက် တစ်ခုခုကြောင့်ဟန်ဆောင်အချစ်နဲ့ ချစ်နေတယ်လို့ထင်နေတယ်လေ။ ဒီတော့ သူက နာကျင်နေလိမ့်မယ်။ ကိုယ်ကမဖြေရှင်းနိုင်တဲ့ ပြဿနာတွေ လုပ်ဆောင်တာကြောင့်ပဲဖြစ်စေ၊ သူက မကြိုက်တာတွေ ကျူးလွန်လို့ပဲဖြစ်စေ၊ တစ်ယောက် နဲ့တစ်ယောက်ကတောက်ကဆဖြစ်ပြီးမုန်းကြရတတ် ပါတယ်။
ကိုယ်ကိုယ်နှိုက်ကလည်းတခြားအဆင်မပြေစရာတွေ၊ စိတ်ညစ်စရာတွေကြုံနေရတာကြောင့် သူ့ရဲ့ ပြစ်တင်ပြောဆိုမှုကို မခံနိုင်ပဲအတိုက်အခံတွေဖြစ်လာ တတ်တယ်။ ဒီအတိုက်အခံတွေရဲ့ နောက်ဆုံး ရလဒ်ကတော့ သံယောဇဉ်ကြိုးလေးပြတ်တောက်သွားရခြင်းပါပဲ။
ချစ်သူဆီက အချစ်အဖြေကိုတောင်းခံငံ့လင့်
နေသူတွေအတွက်တော့ ဒီနှစ်ထဲမှာစိတ်ချမ်းသာရ မယ့်အဖြေ မရရှိနိုင်ဘူး၊ သူဟာကိုယ့်ရဲ့စကားတွေ ကို မယုံမကြည်ဖြစ်နေသေးတယ်။ ပြီးတော့ကိုယ့်ရဲ့ အားနည်းချက်တစ်ချို့ကြောင့် အထင်သေးပြီးချစ်ဖို့ မဝံ့မရဲဖြစ်နေတတ်ပါတယ်။

သောကြာသက်ရောက် ကိုယ်ချစ်နေတဲ့သူဆီကချစ်စကားအဖြေပေးရနိုင်သလိုညီမတို့အဖို့လဲကိုယ်စိတ်ဝင်စားနေတဲ့သူနဲ့ ခင်မင်ရင်းနှီးပြီးချစ်စကားပြောလာတာကိုကြားရမယ်။ တကယ်တော့ ဒီကာလဟာ ချစ်သူနှစ်ဦး အတွက် ပျော်စရာအကောင်းဆုံးသာယာချမ်းမြေ့ဖို့ အကောင်းဆုံးကာလပါ။ ချစ်နေပြီးသူတွေ။ လက် ထပ်ဖို့ တာစူနေကြသူတွေဆိုယင်တော့ ဒီနှစ်ထဲမှာ ထိမ်းမြားဖို့ အခြေအနေပေးတက်ပါတယ်။ ဘယ်လို အနှောင့်အယှက်မျိုးတွေပဲ ရှိနေနေ၊ လက်ထပ်ဖို့စီ စဉ်ထားယင် မလွဲမသွေအောင်မြင်မှာပါ။
ချစ်သူဘဝမှာ ပျော်ရွှင်ကြည်နူးရသလို တစ်ဘက် ကလည်း ရာထူးတက်နိုင်တယ်။ စာမေးပွဲတွေ အောင်နိုင်တယ်။ ဆောင်ရွက်ထားတဲ့ ကိစ္စတွေပြီး ပြတ်နိုင်တယ်။ ဒါ့ကြောင့် တစ်ခြားလူမှုရေးသောက၊ စီးပွားရေးသောကပညာရေးသောကတွေ ကင်းစင် နေတာကြောင့့် အချစ်နဲ့ပတ်သက်ပြီးစိတ်ကူးသမျှ အကောင်အထည်ဖော်ပြီး ချစ်နိုင်ကြပါတယ်။
ဒါဆိုကျေနပ်စရာ ကောင်းပါပြီနော် ………။


ဖိုးသူတော် (www.phothutaw.com)
Credit:Sayar Dagon
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top