Kantharyar Centre
×

ဖိလစ္ပိုင္ႏုိင္ငံမွာ ေတာင္ကုိရီးယားလူမ်ဳိး သုံးဦး ပစ္သတ္ခံခဲ့ရေၾကာင္း ေတာင္ကိုရီးယား ႏုိင္ငံျခားေရးဝန္ႀကီးဌာနက ေျပာပါတယ္။ အသက္ ၄၀ ေက်ာ္အ႐ြယ္မ်ားျဖစ္တဲ့ အမ်ဳိးသားႏွစ္ဦးနဲ႕ အမ်ဳိးသမီးတစ္ဦးတုိ႕ကုိ ဦးေခါင္းေသနတ္ဒဏ္ရာမ်ားျဖင့္ မနီလာၿမဳိ႕အျပင္ဘက္ ဘက္ကုိေလာ့ဒ္ၿမဳိ႕မွာ ေသဆုံးေနတာ ေတြ႕ခဲ့ရေၾကာင္း ေတာင္ကုိရီးယား ႏုိင္ငံျခားေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ဖိလစ္ပုိင္သမၼတ ဒူတာေတး
ယခုျဖစ္ရပ္ကုိ ေတာင္ကုိရီးယား ေကာင္စစ္ဝန္႐ုံး တာဝန္႐ွိသူက ဖိလစ္ပုိင္အာဏာပုိင္ေတြနဲ႕ ပူးေပါင္းၿပီး စုံစမ္းစစ္ေဆးေနေပမဲ့ လက္႐ွိအခ်ိန္ထိ သတ္ျဖတ္ရတဲ့ အေၾကာင္းရင္းနဲ႕ လူသတ္သမားအျဖစ္ သံသယ႐ွိသူေတြကုိ သဲလြန္စမရေသးဘူးလုိ႕ ဆုိပါတယ္။ ဆုိးလ္ၿမဳိ႕႐ွိ ဖိလစ္ပိုင္သံ႐ုံးက လူသတ္မႈနဲ႕ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ျငင္းဆုိခဲ့ပါတယ္။

ေသဆုံးသူေတြကုိ ႀကဳိးျဖင့္ခ်ည္ေႏွာင္ထားတဲ့ လကၡဏေတြ႕ရတယ္လုိ႕ ဆုိပါတယ္။ ယခုႏွစ္ ဇြန္လ ၃၀ ရက္မွာ သမၼတဒူတာေတး စတင္ တာဝန္ယူခဲ့ၿပီးေနာက္ ၎ရဲ႕ ၾကမ္းတမ္းျပင္းထန္တဲ့ မူးယစ္ေဆးဝါးနဲ႕ ရာဇဝတ္မႈ ႏွိမ္းနင္းေရးမွာ ရဲတပ္ဖြဲ႕အျပင္ အရပ္သား တုိက္ခုိက္ေရးသမားေတြကုိပါ အသုံးျပဳခဲ့တယ္လို႕ သတင္းထြက္ခဲ့ကာ ေသဆုံးသူအေရအတြက္မွာလည္း လက္႐ွိအခ်ိန္ထိ ၃,၆၀၀ ေက်ာ္ ႐ွိခဲ့ပါတယ္။

ဖိလစ္ပုိင္ႏုိင္ငံမွာ ယခုႏွစ္အတြင္း ေတာင္ကုိရီးယား ႏုိင္ငံသားမ်ား ေသဆုံးမႈမွာ ၆ ဦးအထိ ႐ွိလာခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္မွစၿပီး ဖိလစ္ပုိင္မွာ တစ္ႏွစ္လွ်င္ ေတာင္ကုိရီးယား ႏုိင္ငံသား ၁၀ ဦးေက်ာ္ ေသဆုံးခဲ့ေၾကာင္းလည္း ေတာင္ကုိရီးယားသတင္းေတြက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

ဖိလစ်ပိုင်နိုင်ငံမှာ တောင်ကိုရီးယားလူမျိုး သုံးဦး ပစ်သတ်ခံခဲ့ရကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ အသက် ၄၀ ကျော်အရွယ်များဖြစ်တဲ့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို ဦးခေါင်းသေနတ်ဒဏ်ရာများဖြင့် မနီလာမြို့အပြင်ဘက် ဘက်ကိုလော့ဒ်မြို့မှာ သေဆုံးနေတာ တွေ့ခဲ့ရကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေး
ယခုဖြစ်ရပ်ကို တောင်ကိုရီးယား ကောင်စစ်ဝန်ရုံး တာဝန်ရှိသူက ဖိလစ်ပိုင်အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးနေပေမဲ့ လက်ရှိအချိန်ထိ သတ်ဖြတ်ရတဲ့ အကြောင်းရင်းနဲ့ လူသတ်သမားအဖြစ် သံသယရှိသူတွေကို သဲလွန်စမရသေးဘူးလို့ ဆိုပါတယ်။ ဆိုးလ်မြို့ရှိ ဖိလစ်ပိုင်သံရုံးက လူသတ်မှုနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပါတယ်။

သေဆုံးသူတွေကို ကြိုးဖြင့်ချည်နှောင်ထားတဲ့ လက္ခဏတွေ့ရတယ်လို့ ဆိုပါတယ်။ ယခုနှစ် ဇွန်လ ၃၀ ရက်မှာ သမ္မတဒူတာတေး စတင် တာဝန်ယူခဲ့ပြီးနောက် ၎င်းရဲ့ ကြမ်းတမ်းပြင်းထန်တဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်းနင်းရေးမှာ ရဲတပ်ဖွဲ့အပြင် အရပ်သား တိုက်ခိုက်ရေးသမားတွေကိုပါ အသုံးပြုခဲ့တယ်လို့ သတင်းထွက်ခဲ့ကာ သေဆုံးသူအရေအတွက်မှာလည်း လက်ရှိအချိန်ထိ ၃,၆၀၀ ကျော် ရှိခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ယခုနှစ်အတွင်း တောင်ကိုရီးယား နိုင်ငံသားများ သေဆုံးမှုမှာ ၆ ဦးအထိ ရှိလာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှစပြီး ဖိလစ်ပိုင်မှာ တစ်နှစ်လျှင် တောင်ကိုရီးယား နိုင်ငံသား ၁၀ ဦးကျော် သေဆုံးခဲ့ကြောင်းလည်း တောင်ကိုရီးယားသတင်းတွေက ပြောပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top