Property Expo
×

ဆယ္တန္းကို ဂုဏ္ထူးႏွစ္ခုနဲ႕ေအာင္ျမင္ၿပီးေနာက္ပိုင္းမွာ Day ေရာ အေ၀းသင္ေရာ ေလွ်ာက္ထားတယ္လို႕ေျပာလာသူေလးကေတာ့ ကေလးသရုပ္ေဆာင္ဘ၀ကေန လက္ရွိ ဆယ္ေက်ာ္သက္အပ်ိဳျဖန္းေလး ဘ၀ေရာက္လာသည့္တုိင္ ပရိသတ္ ခ်စ္ခင္အားေပးေနတဲ့ ယြန္းယြန္းပဲျဖစ္ပါတယ္။ သူမဟာ လက္ရွိမွာ Business Management နဲ႕ပတ္သက္တဲ့ ေက်ာင္းကိုတက္ေရာက္ေနၿပီး တစ္ဖက္ကလဲ အႏုပညာကို အားသြန္ခြန္စိုက္ၾကိဳးစားေနသူလဲျဖစ္ေနျပန္ပါတယ္။ သီတင္းကၽြတ္ကိုေတာ့ အဖိုးအဘြားေတြကို ကန္႕ေတာ့ရင္းျဖတ္သန္းခဲ့ၿပီး ေရေက်ာ္ပြဲေစ်းတစ္ရက္ေလွ်ာက္ျဖစ္ခဲ့တယ္လို႕ေျပာျပလာတဲ့သူမရဲ႕ လက္ရွိမွာရုိက္ကူးေနတဲ့ ဇာတ္လမ္းတြဲအေၾကာင္းနဲ႕ အႏုပညာေရးရာအေၾကာင္းမ်ားကို ေျပာဆိုေမးျမန္းျဖစ္တဲ့အခါ

-အခုလက္ရွိ အႏုပညာလႈပ္ရွားမႈေလးကိုလဲ သိခ်င္ပါတယ္။

လတ္တေလာက MRTV 4 အတြက္ မေန႕ကျဖစ္သည္ဆိုတဲ့ ဇာတ္လမ္းတြဲေလးရုိက္ေပးျဖစ္ေနပါတယ္။ အဲ့ဒီ ဇာတ္လမ္းတြဲကလွ်ိဳ႕၀ွက္သဲဖို ဇာတ္လမ္းမ်ိဳးေလးေပါ့။ ယြန္း ဒါနဲ႕ဆို ဇာတ္လမ္းတြဲရုိက္တာ ႏွစ္ခုရွိပါၿပီ။ ၿပီးေတာ့ အားတဲ့အခ်ိန္ေလးေတြမွာ ေၾကာ္ျငာေလးေတြရုိက္ျဖစ္ေနတယ္။ ေနာက္ယြန္းေက်ာင္းလဲတက္ေနတယ္
ဆိုေတာ့ေလ။ အႏုပညာပိုင္းေရာ၊ ပညာေရးပိုင္းကုိေရာ မွ်ၿပီးလုပ္ျဖစ္ေနပါတယ္။

-မေန႕ကျဖစ္သည္ထဲမွာပါ၀င္တဲ့ ယြန္းရဲ႕ကာရိုက္တာေလးကိုလဲသိခ်င္ပါတယ္။

အေရွ႕ကဇာတ္လမ္းတြဲက ၀ါစိမ္းနီ အဲ့ဒီထဲမွာက ေက်ာင္းသူကာရုိက္တာေလးပဲ။ အခုကားကေတာ့ လွ်ိဳ႕၀ွက္သဲဖိုဇာတ္လမ္းမ်ိဳး တစ္ခါမွလဲမရုိက္ဖူးေသးဘူး။ အဲ့ဒါေၾကာင့္ ေသခ်ာေလးဂရုစိုက္လုပ္ျဖစ္တယ္။ ယြန္းကေလးသရုပ္ေဆာင္မဟုတ္ေတာ့ပဲနဲ႕ အျပင္က ၁၆ ႏွစ္အရြယ္ေကာင္မေလးတစ္ေယာက္ရဲ႕ ကာရုိက္တာကို သရုပ္ေဆာင္ထားပါတယ္။ အျပင္နဲ႕ဆို သိပ္မကြာဘူးေပါ့။

-မေန႕ကျဖစ္သည္ ဇာတ္လမ္းတြဲေလးကို လက္ခံျဖစ္တာကေရာ ဘယ္လိုေၾကာင့္လဲ။

ဇာတ္လမ္းဖတ္လိုက္တဲ့အခါမွာ ဇာတ္လမ္းက ပရိသတ္ေတြကို ဆြဲေဆာင္ႏုိင္တယ္။ ၿပီးေတာ့ ပညာေပးသေဘာမ်ိဳးလဲပါတယ္ဆိုေတာ့ ကိုယ္ကိုတုိင္လဲ စိတ္၀င္စားတယ္။ ၿပီးေတာ့ကိုယ့္ကာရုိက္တာအေပၚမွာလဲ သေဘာက်တဲ့အတြက္လက္ခံျဖစ္တာပါ။ ၿပီးေတာ့သူတို႕အတြက္လဲ ေန႕ေရာညေရာ ရုိက္ေပးၿပီး အေကာင္းဆံုးပရိသတ္ကိုေပးခ်င္တဲ့ေစတနာနဲ႕ၾကိဳးစားေနပါတယ္။ ထြက္လာရင္လဲၾကည့္ရႈၿပီး ေ၀ဖန္ေပးပါလို႕ေျပာခ်င္ပါတယ္။

-သီတင္းကၽြတ္မွာေရာ ဘာေတြလုပ္ျဖစ္ေသးလဲ။

ႏွစ္ဖက္ဖိုးဖုိး ဘြားဘြားေတြကို လိုက္ကန္႕ေတာ့ျဖစ္တယ္။ ထူးထူးျခားျခားၾကီးေတာ့ယြန္းသိပ္မလုပ္ျဖစ္ဘူး။ အိမ္4မွာပဲေနျဖစ္တယ္။ ၿပီးေတာ့ အဲ့ဒီေန႕က အိမ္မွာ ဘုရားအေနကဇာတင္တယ္။ ဘုန္းၾကီးဆြမ္းကပ္တယ္ေပါ့။ ေရေက်ာ္ပြဲေစ်းတစ္ရက္သြားတယ္။ ဒီေလာက္ပါပဲ။ တျခားေထြေထြထူးထူးေတာ့မလုပ္ျဖစ္ပါဘူး။

-တန္ေဆာင္တုိင္ကိုေရာ ဘယ္လိုျဖတ္သန္းျဖစ္မလဲ။

တန္ေဆာင္တုိင္ကေတာ့ မေသခ်ာေသးဘူး။ ဇာတ္လမ္းတြဲကလဲ မၿပီးေသးဘူးဆိုေတာ့ေလ။ ဒါေပမဲ့ ထူးထူးျခားျခားကေတာ့ သိပ္လုပ္ျဖစ္မယ္မထင္ပါဘူး။ ရႈတင္ရယ္၊ အိမ္ရယ္၊ ေက်ာင္းရယ္ပါပဲ။

-ယြန္းပညာေရးနဲ႕ပတ္သက္ၿပီးေတာ့ေရာ ဘာေလွ်ာက္ထားျဖစ္လဲ။

အေ၀းသင္ေရာ၊ Day ေရာ ႏွစ္မ်ိဳးစလံုးေလွ်ာက္ထားတယ္။ ဘယ္ဟာက်မလဲေတာ့မသိေသးဘူး။ အဲ့ဒီအျပင္ကုိ အခု UK က ေကာလိပ္တစ္ခု Buissness Management ကုိတက္ေနပါတယ္။

-ေနာက္ထပ္ဘာေတြလက္ခံထားတာရွိဦးမလဲ။

ဒီဇာတ္လမ္းတြဲမၿပီးမခ်င္းေတာ့ တျခားဟာေတြ လက္ခံျဖစ္မွာ မဟုတ္ပါဘူး။ ဇာတ္လမ္းတြဲၿပီးမွပဲ ထပ္လက္ခံျဖစ္မယ္။ ၾကားထဲမွာေတာ့ ေၾကာ္ျငာေလးေတြ၊ အမ္တီဗီေလးေတြ၊ ဓာတ္ပံုရုိက္ေလးေတြအားရင္အားသလုိ ရုိက္ျဖစ္ပါတယ္။

-အေရွ႕မွာလဲ ဗီယက္နမ္ကို ေၾကာ္ျငာသြားရုိက္တာေတြ႕ရတယ္ေနာ္။

ဟုတ္ပါတယ္။ oishi ေၾကာ္ျငာပါ။ အဲ့ဒီမွာ ၄ ရက္ၾကာခဲ့ပါတယ္။ ေၾကာ္ျငာရုိက္တာက ႏွစ္ရက္၊ ေနာက္ ဗီယက္နမ္မွာရွိတဲ့ ကမ္းေျခမွာသြားလည္ခဲ့တာက ၂ ရက္ေပါ့။ ဒါရုိက္တာက ၾသစေတးလ်ကဒါရုိက္တာပါ။ အဲ့ဒီကိုသြားရိုက္တုန္းက ဟိုကလူေတြနဲ႕အလုပ္အတူတူတြဲလုပ္ခြင့္ရတဲ့အတြက္ အေတြ႕အၾကံဳသစ္ေတြရတယ္။ ၿပီးေတာ့ ရႈတင္ၿပီးတဲ့ အခ်ိန္မွာေလွ်ာက္လည္ခဲ့ရတဲ့အတြက္လဲ အရမ္းေပ်ာ္ပါတယ္။

-ယြန္းကုိအားေပးေနတဲ့ ပရိသတ္ၾကီးကိုေရာ ဘာမ်ားေျပာခ်င္ေသးလဲ။

ယြန္းဆယ္တန္းေျဖၿပီးကတည္းက ယြန္းအသက္အရြယ္နဲ႕လုိက္မဲ့ အႏုပညာလႈပ္ရွားမႈေလးေတြကို လုပ္ျဖစ္ေနပါတယ္။ ထြက္လာရင္လဲ ယြန္းကုိယ္တိုင္အတတ္ႏုိင္ဆံုးၾကိဳးစားၿပီးသရုပ္ေဆာင္ထားတာျဖစ္တဲ့အတြက္ေ၀ဖန္ၿပီးေတာ့
ၾကည့္ရႈအားေပးေပးပါဦးလုိ႕ေျပာခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
ဆယ်တန်းကို ဂုဏ်ထူးနှစ်ခုနဲ့အောင်မြင်ပြီးနောက်ပိုင်းမှာ Day ရော အဝေးသင်ရော လျှောက်ထားတယ်လို့ပြောလာသူလေးကတော့ ကလေးသရုပ်ဆောင်ဘဝကနေ လက်ရှိ ဆယ်ကျော်သက်အပျိုဖြန်းလေး ဘဝရောက်လာသည့်တိုင် ပရိသတ် ချစ်ခင်အားပေးနေတဲ့ ယွန်းယွန်းပဲဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာ Business Management နဲ့ပတ်သက်တဲ့ ကျောင်းကိုတက်ရောက်နေပြီး တစ်ဖက်ကလဲ အနုပညာကို အားသွန်ခွန်စိုက်ကြိုးစားနေသူလဲဖြစ်နေပြန်ပါတယ်။ သီတင်းကျွတ်ကိုတော့ အဖိုးအဘွားတွေကို ကန့်တော့ရင်းဖြတ်သန်းခဲ့ပြီး ရေကျော်ပွဲဈေးတစ်ရက်လျှောက်ဖြစ်ခဲ့တယ်လို့ပြောပြလာတဲ့သူမရဲ့ လက်ရှိမှာရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲအကြောင်းနဲ့ အနုပညာရေးရာအကြောင်းများကို ပြောဆိုမေးမြန်းဖြစ်တဲ့အခါ

-အခုလက်ရှိ အနုပညာလှုပ်ရှားမှုလေးကိုလဲ သိချင်ပါတယ်။

လတ်တလောက MRTV 4 အတွက် မနေ့ကဖြစ်သည်ဆိုတဲ့ ဇာတ်လမ်းတွဲလေးရိုက်ပေးဖြစ်နေပါတယ်။ အဲ့ဒီ ဇာတ်လမ်းတွဲကလျှို့ဝှက်သဲဖို ဇာတ်လမ်းမျိုးလေးပေါ့။ ယွန်း ဒါနဲ့ဆို ဇာတ်လမ်းတွဲရိုက်တာ နှစ်ခုရှိပါပြီ။ ပြီးတော့ အားတဲ့အချိန်လေးတွေမှာ ကြော်ငြာလေးတွေရိုက်ဖြစ်နေတယ်။ နောက်ယွန်းကျောင်းလဲတက်နေတယ်

ဆိုတော့လေ။ အနုပညာပိုင်းရော၊ ပညာရေးပိုင်းကိုရော မျှပြီးလုပ်ဖြစ်နေပါတယ်။

-မနေ့ကဖြစ်သည်ထဲမှာပါဝင်တဲ့ ယွန်းရဲ့ကာရိုက်တာလေးကိုလဲသိချင်ပါတယ်။

အရှေ့ကဇာတ်လမ်းတွဲက ဝါစိမ်းနီ အဲ့ဒီထဲမှာက ကျောင်းသူကာရိုက်တာလေးပဲ။ အခုကားကတော့ လျှို့ဝှက်သဲဖိုဇာတ်လမ်းမျိုး တစ်ခါမှလဲမရိုက်ဖူးသေးဘူး။ အဲ့ဒါကြောင့် သေချာလေးဂရုစိုက်လုပ်ဖြစ်တယ်။ ယွန်းကလေးသရုပ်ဆောင်မဟုတ်တော့ပဲနဲ့ အပြင်က ၁၆ နှစ်အရွယ်ကောင်မလေးတစ်ယောက်ရဲ့ ကာရိုက်တာကို သရုပ်ဆောင်ထားပါတယ်။ အပြင်နဲ့ဆို သိပ်မကွာဘူးပေါ့။

-မနေ့ကဖြစ်သည် ဇာတ်လမ်းတွဲလေးကို လက်ခံဖြစ်တာကရော ဘယ်လိုကြောင့်လဲ။

ဇာတ်လမ်းဖတ်လိုက်တဲ့အခါမှာ ဇာတ်လမ်းက ပရိသတ်တွေကို ဆွဲဆောင်နိုင်တယ်။ ပြီးတော့ ပညာပေးသဘောမျိုးလဲပါတယ်ဆိုတော့ ကိုယ်ကိုတိုင်လဲ စိတ်ဝင်စားတယ်။ ပြီးတော့ကိုယ့်ကာရိုက်တာအပေါ်မှာလဲ သဘောကျတဲ့အတွက်လက်ခံဖြစ်တာပါ။ ပြီးတော့သူတို့အတွက်လဲ နေ့ရောညရော ရိုက်ပေးပြီး အကောင်းဆုံးပရိသတ်ကိုပေးချင်တဲ့စေတနာနဲ့ကြိုးစားနေပါတယ်။ ထွက်လာရင်လဲကြည့်ရှုပြီး ဝေဖန်ပေးပါလို့ပြောချင်ပါတယ်။

-သီတင်းကျွတ်မှာရော ဘာတွေလုပ်ဖြစ်သေးလဲ။

နှစ်ဖက်ဖိုးဖိုး ဘွားဘွားတွေကို လိုက်ကန့်တော့ဖြစ်တယ်။ ထူးထူးခြားခြားကြီးတော့ယွန်းသိပ်မလုပ်ဖြစ်ဘူး။ အိမ်မှာပဲနေဖြစ်တယ်။ ပြီးတော့ အဲ့ဒီနေ့က အိမ်မှာ ဘုရားအနေကဇာတင်တယ်။ ဘုန်းကြီးဆွမ်းကပ်တယ်ပေါ့။ ရေကျော်ပွဲဈေးတစ်ရက်သွားတယ်။ ဒီလောက်ပါပဲ။ တခြားထွေထွေထူးထူးတော့မလုပ်ဖြစ်ပါဘူး။

-တန်ဆောင်တိုင်ကိုရော ဘယ်လိုဖြတ်သန်းဖြစ်မလဲ။

တန်ဆောင်တိုင်ကတော့ မသေချာသေးဘူး။ ဇာတ်လမ်းတွဲကလဲ မပြီးသေးဘူးဆိုတော့လေ။ ဒါပေမဲ့ ထူးထူးခြားခြားကတော့ သိပ်လုပ်ဖြစ်မယ်မထင်ပါဘူး။ ရှုတင်ရယ်၊ အိမ်ရယ်၊ ကျောင်းရယ်ပါပဲ။

-ယွန်းပညာရေးနဲ့ပတ်သက်ပြီးတော့ရော ဘာလျှောက်ထားဖြစ်လဲ။

အဝေးသင်ရော၊ Day ရော နှစ်မျိုးစလုံးလျှောက်ထားတယ်။ ဘယ်ဟာကျမလဲတော့မသိသေးဘူး။ အဲ့ဒီအပြင်ကို အခု UK က ကောလိပ်တစ်ခု Buissness Management ကိုတက်နေပါတယ်။

-နောက်ထပ်ဘာတွေလက်ခံထားတာရှိဦးမလဲ။

ဒီဇာတ်လမ်းတွဲမပြီးမချင်းတော့ တခြားဟာတွေ လက်ခံဖြစ်မှာ မဟုတ်ပါဘူး။ ဇာတ်လမ်းတွဲပြီးမှပဲ ထပ်လက်ခံဖြစ်မယ်။ ကြားထဲမှာတော့ ကြော်ငြာလေးတွေ၊ အမ်တီဗီလေးတွေ၊ ဓာတ်ပုံရိုက်လေးတွေအားရင်အားသလို ရိုက်ဖြစ်ပါတယ်။

-အရှေ့မှာလဲ ဗီယက်နမ်ကို ကြော်ငြာသွားရိုက်တာတွေ့ရတယ်နော်။

ဟုတ်ပါတယ်။ oishi ကြော်ငြာပါ။ အဲ့ဒီမှာ ၄ ရက်ကြာခဲ့ပါတယ်။ ကြော်ငြာရိုက်တာက နှစ်ရက်၊ နောက် ဗီယက်နမ်မှာရှိတဲ့ ကမ်းခြေမှာသွားလည်ခဲ့တာက ၂ ရက်ပေါ့။ ဒါရိုက်တာက သြစတေးလျကဒါရိုက်တာပါ။ အဲ့ဒီကိုသွားရိုက်တုန်းက ဟိုကလူတွေနဲ့အလုပ်အတူတူတွဲလုပ်ခွင့်ရတဲ့အတွက် အတွေ့အကြုံသစ်တွေရတယ်။ ပြီးတော့ ရှုတင်ပြီးတဲ့ အချိန်မှာလျှောက်လည်ခဲ့ရတဲ့အတွက်လဲ အရမ်းပျော်ပါတယ်။

-ယွန်းကိုအားပေးနေတဲ့ ပရိသတ်ကြီးကိုရော ဘာများပြောချင်သေးလဲ။

ယွန်းဆယ်တန်းဖြေပြီးကတည်းက ယွန်းအသက်အရွယ်နဲ့လိုက်မဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို လုပ်ဖြစ်နေပါတယ်။ ထွက်လာရင်လဲ ယွန်းကိုယ်တိုင်အတတ်နိုင်ဆုံးကြိုးစားပြီးသရုပ်ဆောင်ထားတာဖြစ်တဲ့အတွက်ဝေဖန်ပြီးတော့

ကြည့်ရှုအားပေးပေးပါဦးလို့ပြောချင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top