Kantharyar Centre
×







#Unicode Version

ဂျပန်နိုင်ငံက တီထွင်ဖန်တီးမှုတစ်ခုရဲ့ အောင်မြင်မှုအကျိုးရလာဒ်က တော့ တကယ့်ကို စိတ်ကျေနပ်စရာကောင်းတာပါပဲ။ ရေဆိုးနဲ့ အ ညစ်အကြေးစုပ်ထုတ်ဝန်ဆောင်မှုပေးတဲ့ သန့်ရှင်းရေးလုပ်ငန်းသုံး ကားတွေမှာ ရတတ်တဲ့အနံ့အသက်ဆိုးတွေကို ရှုရှိုက်စရာမလို တော့ပါဘူး။

အိုဆာခါအခြေစိုက် ကုမ္ပဏီတစ်ခုက တီထွင်လိုက်တဲ့ ဆန်းသစ်တဲ့ ဖန်တီးမှုကနေ ရေဆိုးစွန့်ထုတ် စုပ်ယူတဲ့ဝန်ဆောင်မှုကားတွေမှာ မည်သည့်အနံ့အသက်ဆိုးတွေမှ မရတော့ပဲ စားချင်စဖွယ် ချောက လက်အနံ့သင်းသင်းလေးထွက်လာစေခဲ့တာက လမ်းသွားလမ်းလာ ပြည်သူတွေနဲ့ ဝန်ဆောင်မှုပေးတဲ့အလုပ်သမားတွေအတွက် စိတ် ချမ်းသာမှု ရစေတယ်လို့ သိရပါတယ်။

ဂျပန်ရဲ့မြို့တော်တွေမှာ ဒီလိုရေဆိုးစုပ်ယူတဲ့ ဝန်ဆောင်မှုကားတွေ နေအိမ်တွေက မစင်နဲ့အညစ်အကြေးတွေ စုပ်ယူပေးရလို့ အနံ့ဆိုး များ ပတ်ဝန်းကျင်ပျံ့နှံ့လာပြီး အိမ်နီးချင်းနဲ့ ပတ်ဝန်းကျင်ကို အ တော်လေး နေရခက်ခဲစေပါတယ်။

ဒီ့အတွက်ကြောင့်မို့လို့ ဂျပန်အခြေစို ကုမ္ပဏီတစ်ခုကနေပြီးတော့ ဒီလို အနံ့ဆိုးတွေထွက်ရှိလာတဲ့ ယာဉ်တွေအတွက် မောင်းနှင်ချိန်မှာ အနံ့ဆိုးတွေကို ဖုံးလွှမ်းပျောက်ကွယ်သွားစေမယ့် မောင်းနှင်မှုစနစ်နဲ့ လေသန့်စင်ရေးစနစ်တွေအတွက် စမ်းသပ်မှုတွေ ပြုလုပ်ပြီးနောက် မှာ စမ်းသပ်အောင်မြင်သွားခဲ့ပါတယ်။

 မော်တော်ယာဉ်တွေရဲ့စက် သုံးဆီတွေမှာ ချောကလက်အနံ့အသက်ပါတဲ့ အရည်၊ ဆီတစ်မျိုးကို ထည့်သွင်းပြီးတော့ မောင်းနှင်စေမှာပဲ ဖြစ်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top