iMyanmarHouse.com - Best Property Website for Myanmar
×
၁. အမည်းရောင်များတဲ့ အင်္ကျီမဝတ်ပါနဲ့။
၎. ကာဗွန်ဒိုင်အောက်ဆိုက်(CO2) ကို 50 Meter ဝေးသောနေရာကနေ တွေ့နိုင်တယ်။
Credit:Chelmo Team
#Unicode Version
ဒီရာသီ ခြင်ကိုက်တာကတော့ ပြောစရာတောင်လိုမယ်လို့မထင်ပါ။ လူတွေထဲမှာ ခြင်အကိုက်ခံရဆုံးသောလူဦးရေကတော့ ၁၀၀ မှာ ၂၀ ယောက်ရှိတယ်လို့ဆိုပါတယ်။
ဘာကြောင့် ခြင်အကိုက်ခံရတာလဲ။ အဓိကအရေးကြီးတဲ့အချက်ကတော့ ခြင်မက ဥဥချိန်မှာ လိုအပ်တဲ့ အင်အားကို ဖြည့်တင်းဖို့ရန်သာ ဖြစ်ပါတယ်။
၁. အမည်းရောင်များတဲ့ အကျၤီမဝတ်ပါနဲ့။
ခြင်တွေက ပတ်ဝန်းကျင်နဲ့သိပ်မကွာတဲ့ အကျၤီကို ဝတ်ထားရင် ပိုပြီး ကိုက်လေ့ရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် အမည်းရောင်၊ မှောင်တဲ့အရောင်ကို မဝတ်သင့်ပါ။
၂. လှုပ်ရှားနေတဲ့အရာနောက်ကို လိုက်တတ်၏။
လှုပ်ရှားနေတယ်ဆိုတာက အသက်ရှင်နေတယ်ဆိုတာကို ပြောပြနေသလိုဖြစ်တာကြောင့် ခြင်ကလည်း အနောက်က လိုက်တတ်ပါတယ်။
၃. ကိုယ်အပူချိန် မြင့်သောသူကို ပိုကိုက်၏။
လှုပ်ရှားနေတဲ့အရာဝတ္တုကို ကြည့်ပြီးရင် အကွာအဝေးကို ခြင်ကတွက်ပြီး ဒီလူကို ကိုက်မလား အခြားလူကို ရွေးရမလားဆိုတာက ကိုယ်အပူချိန်ကို ကြည့်ပြီး ရွေးချယ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိသော မိန်းကလေးများက ပိုပြီး ခြင်ကိုက်ခံရတတ်ပါတယ်။
၄. ကာဗွန်ဒိုင်အောက်ဆိုက်(CO2) ကို 50 Meter ဝေးသောနေရာကနေ တွေ့နိုင်တယ်။
ကိုယ်ဝန်ဆောင် မိန်းကလေးတွေအတွက်ကတော့ ပိုပြီး စိတ်ညစ်စရာ သတင်းဖြစ်မလား။ ခြင်က CO2 ရှိတဲ့နေရာကို သိနိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ကိုယ်ဝန်ဆောင် မိန်းကလေးတွေက သာမန်လူများထက် အသက်ရှုတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုက်ကို 21% လောက်ပိုပြီး စွန့်ပစ်တဲ့အတွက် ခြင်ပိုကိုက်ခြင်း ခံရတတ်ပါတယ်။ ကလေးတွေကို ဘာဖြစ်လို့ ခြင်မကိုက်သလဲဆိုရင် ခန္ဒာကိုယ်သေးတဲ့အတွက် ကာဗွန်ဒိုင်အောက်ဆိုက်လည်း နည်းသောကြောင့်ဖြစ်ပါတယ်။
၅. ဘီယာသောက်ရင် ခြင်ရောက်လာတတ်ပါတယ်။
ဘီယာကို 350 ml သောက်ရုံနဲ့ ခြင်က အနီးအနားမှာ ရှိတယ်ဆိုတာကို သတိထားပါ။
၆. မျိုးရိုးဗီဇကြောင့်လည်း ခြင်ကိုက်တတ်တာ ဖြစ်ပါလိမ့်မယ်။
85% ဟာ မျိုးရိုးဗီဇကြောင့် ခြင်ကိုက်ခြင်းဖြစ်ပါတယ်။ အသားအရေမှာရှိတဲ့ အနံ့၊ချွေးဟာ ခြင်ကို ဆွဲဆောင်နေသလို ဖြစ်နေပါတယ်။
၇. O သွေး အမျိုးအစား ကတော့ အကိုက်ခံရဆုံးဖြစ်ပါလိမ့်မယ်။
အကိုက်ခံရဆုံးကတော့ O သွေးအမျိုးအစား ဖြစ်ပြီးတော့ ဒုတိယလိုက်တာတော့ B သွေးပါ။ တတိယကတော့ A သွေးဖြစ်ပါလိမ့်မယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Chelmo Team
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top