Kantharyar Centre
×

ပဲခူးတိုင္းေဒသႀကီး၊ ျဖဴးၿမိဳ႕နယ္၊ တာျခားရပ္ကြက္မွာ ဖြင့္လွစ္ထားတဲ့ ၾသဘာေဘာ္ဒါေဆာင္မွာ ေက်ာင္းသူတဦးကုိ ဆရာျဖစ္သူက ျပင္းထန္စြာ ႐ုိက္ႏွက္ခဲ့မႈနဲ႔ ပတ္သက္ၿပီး တရားစြဲဆိုသြားမယ္လို႔ မိဘေတြက ေျပာပါတယ္။
ေက်ာင္းသူ မခ်ိဳႏွင္းလြင္ကုိ ၾသဘာေဘာ္ဒါပိုင္ရွင္ ဦးၾသဘာက ႐ိုက္နွက္ခဲ့တာျဖစ္ၿပီး ျဖစ္စဥ္ကုိ မိသားစုက မေက်နပ္လုိ႔ ေအာက္တုိဘာ ၃ ရက္ေန႔က ျဖဴးၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္တိုင္ၾကားခဲ့တယ္လုိ႔ ဆုိပါတယ္။

ျဖဴးၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၅၄ အရ အမႈဖြင့္ေပးမယ္လုိ႔ လာေရာက္ၿပီး နစ္နာသူရဲ႕မိခင္အား ေျပာၾကားခဲ့ရာ မိခင္ျဖစ္သူမွာ ေက်နပ္မႈမရွိေၾကာင္း ျပန္လည္ေျပာဆိုတာေၾကာင့္ တရား႐ံုးကုိ ဦးတိုက္ေလ်ွာက္ တရားစြဲဆိုသြားမယ္လုိ႔ နစ္နာသူမိသားစုက ေျပာပါတယ္။

ေက်ာင္းသူဟာ ႐ိုက္ႏွက္ခံရမႈေၾကာင့္ ေျခသလံုးေတြမွာ ပြန္းပဲ့ဒဏ္ရာေတြ ရရွိခဲ့ကာ စုစုေပါင္း ၇ ခ်က္ ႐ိုက္ခဲ့ၿပီး ဝါးျခမ္းစိမ္းကုိ ေရစိမ္ထားတဲ့တုတ္နဲ႔ ႐ိုက္ႏွက္ခဲ့တာလုိ႔ မခ်ိဳႏွင္းလြင္ရဲ႕ မိခင္က ေျပာပါတယ္။

“အမကလည္း ေက်ာင္းဆရာမပါ။ အခု သမီးကို႐ိုက္တဲ့ပံုစံက လြန္လြန္းေနလို႔ ဒီလိုလုပ္ရတာပါ။ ေက်ာင္းက ဆရာမေတြေတာင္ ဒီလိုျဖစ္ေအာင္ ႐ိုက္ခြင့္မရွိဘူး။ ၿပီးေတာ့ သမီးကို စည္ကမ္းပ်က္လို႔ ႐ိုက္တယ္ေျပာတယ္။ ဒါေပမယ့္ ဒီေလာက္ႀကီး႐ိုက္ဖို႔ေတာ့ မလိုပါဘူး။ ဒီလ ၈ ရက္ေန႔ဆို ပထမႏွစ္ဝက္စာေမးပြဲ ရွိတယ္။ အခု သမီးက မေျဖဘူးခ်ည္း လုပ္ေနတယ္။ ကေလးကို စိတ္ဒဏ္ရာရေအာင္ကို လုပ္လိုက္တာပါ” လို႔ ေက်ာင္းသူ မခ်ိဳႏွင္းလြင္ရဲ႕မိခင္က ေျပာပါတယ္။

အခုကိစၥနဲ႔ပတ္သက္ၿပီး ဆရာ ဦးၾသဘာက “ဟုတ္ပါတယ္။ ႐ိုက္တယ္။ ဘာလို႔႐ိုက္လဲဆိုေတာ့ စည္းကမ္းေပါ့။ စည္းကမ္းမလိုက္နာလို႔ ႐ိုက္တာ။ စာမရရင္ မ႐ိုက္ဘူး။ စည္းကမ္းပ်က္ရင္ေတာ့ မရဘူး။ ေဘာ္ဒါအပ္ကတည္းကိုက လက္မွတ္ထိုးခိုင္းထားၿပီးသား။ ႐ိုက္မယ္ဆိုတာ ပါတယ္” လုိ႔ ေျပာပါတယ္။

အဆိုပါေဘာ္ဒါမွာ ၉ တန္းနဲ႔ ၁၀ တန္းေက်ာင္းသားေတြကုိ ပညာသင္ၾကားေပးေနၿပီး ေက်ာင္းသား၊ ေက်ာင္းသူ ဦးေရ စုစုေပါင္း ၈၀ ခန္႔ရွိကာ သင္တန္းေၾကးအျဖစ္ အနိမ့္ဆံုး ၃ သိန္းခြဲမွ အျမင့္ဆံုး ၉ သိန္း သတ္မွတ္ထားတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : lwin pyin
 ေက်ာ္ေအာင္ (ကညြတ္ကြင္း)

#Unicode Version

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ တာခြားရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ သြဘာဘော်ဒါဆောင်မှာ ကျောင်းသူတဦးကို ဆရာဖြစ်သူက ပြင်းထန်စွာ ရိုက်နှက်ခဲ့မှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုသွားမယ်လို့ မိဘတွေက ပြောပါတယ်။
ကျောင်းသူ မချိုနှင်းလွင်ကို သြဘာဘော်ဒါပိုင်ရှင် ဦးသြဘာက ရိုက်နှက်ခဲ့တာဖြစ်ပြီး ဖြစ်စဉ်ကို မိသားစုက မကျေနပ်လို့ အောက်တိုဘာ ၃ ရက်နေ့က ဖြူးမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဖြူးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၅၄ အရ အမှုဖွင့်ပေးမယ်လို့ လာရောက်ပြီး နစ်နာသူရဲ့မိခင်အား ပြောကြားခဲ့ရာ မိခင်ဖြစ်သူမှာ ကျေနပ်မှုမရှိကြောင်း ပြန်လည်ပြောဆိုတာကြောင့် တရားရုံးကို ဦးတိုက်လျှောက် တရားစွဲဆိုသွားမယ်လို့ နစ်နာသူမိသားစုက ပြောပါတယ်။

ကျောင်းသူဟာ ရိုက်နှက်ခံရမှုကြောင့် ခြေသလုံးတွေမှာ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ကာ စုစုပေါင်း ၇ ချက် ရိုက်ခဲ့ပြီး ဝါးခြမ်းစိမ်းကို ရေစိမ်ထားတဲ့တုတ်နဲ့ ရိုက်နှက်ခဲ့တာလို့ မချိုနှင်းလွင်ရဲ့ မိခင်က ပြောပါတယ်။

“အမကလည်း ကျောင်းဆရာမပါ။ အခု သမီးကိုရိုက်တဲ့ပုံစံက လွန်လွန်းနေလို့ ဒီလိုလုပ်ရတာပါ။ ကျောင်းက ဆရာမတွေတောင် ဒီလိုဖြစ်အောင် ရိုက်ခွင့်မရှိဘူး။ ပြီးတော့ သမီးကို စည်ကမ်းပျက်လို့ ရိုက်တယ်ပြောတယ်။ ဒါပေမယ့် ဒီလောက်ကြီးရိုက်ဖို့တော့ မလိုပါဘူး။ ဒီလ ၈ ရက်နေ့ဆို ပထမနှစ်ဝက်စာမေးပွဲ ရှိတယ်။ အခု သမီးက မဖြေဘူးချည်း လုပ်နေတယ်။ ကလေးကို စိတ်ဒဏ်ရာရအောင်ကို လုပ်လိုက်တာပါ” လို့ ကျောင်းသူ မချိုနှင်းလွင်ရဲ့မိခင်က ပြောပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး ဆရာ ဦးသြဘာက “ဟုတ်ပါတယ်။ ရိုက်တယ်။ ဘာလို့ရိုက်လဲဆိုတော့ စည်းကမ်းပေါ့။ စည်းကမ်းမလိုက်နာလို့ ရိုက်တာ။ စာမရရင် မရိုက်ဘူး။ စည်းကမ်းပျက်ရင်တော့ မရဘူး။ ဘော်ဒါအပ်ကတည်းကိုက လက်မှတ်ထိုးခိုင်းထားပြီးသား။ ရိုက်မယ်ဆိုတာ ပါတယ်” လို့ ပြောပါတယ်။

အဆိုပါဘော်ဒါမှာ ၉ တန်းနဲ့ ၁၀ တန်းကျောင်းသားတွေကို ပညာသင်ကြားပေးနေပြီး ကျောင်းသား၊ ကျောင်းသူ ဦးရေ စုစုပေါင်း ၈၀ ခန့်ရှိကာ သင်တန်းကြေးအဖြစ် အနိမ့်ဆုံး ၃ သိန်းခွဲမှ အမြင့်ဆုံး ၉ သိန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : lwin pyin
 ကျော်အောင် (ကညွတ်ကွင်း)


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top