Property Expo
×

ခုလက္ရွိ အလုပ္မရွိေပမယ့္ ကိုယ္လုပ္ခ်င္တဲ့အလုပ္မ်ိဳး၊ ကိုယ္စိတ္၀င္စားေနတဲ့ အလုပ္မ်ိဳးမွာ ကိုယ့္ရဲ႕အစြမ္းအစကို ေသခ်ာျပသႏိုင္မယ္လုိ႔ ယံုၾကည္ထားသူေတြဟာ ဆိုရွယ္မီဒီယာေတြသံုးတဲ့အခါ သတိထားသံုးသင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီလို လူမႈကြန္ယက္ေတြကတစ္ဆင့္ သင္မျမင္ႏိုင္တဲ့ အခြင့္အလမ္းေတြ သင့္ထံေရာက္ရွိလာႏိုင္လုိ႔ပါပဲ။ ဒီေတာ့ ကိုယ့္ဘက္က ဘယ္လိုအခ်က္မ်ိဳးေတြ ျပင္ဆင္ထားသင့္တယ္ဆိုတာ ေျပာျပေပးခ်င္ပါတယ္။

၁။ကိုယ္တင္လိုက္တဲ့ပုိ႔စ္၊ စေတးတပ္စ္ေတြဟာ ကိုယ္ဘာကို၀ါသနာပါတယ္၊ ဘာအလုပ္ကိုစိတ္၀င္စားတယ္ဆိုတာ သိသာပါေစ။

သင့္ account ထဲမွာ ကုမၸဏီအတြက္ စိတ္ခ်အားထားရတဲ့ ၀န္ထမ္းရွာေနတဲ့ ကုမၸဏီပိုင္ရွင္၊ စီးပြားေရးလုပ္ငန္းရွင္ေတြ မရွိဘူးလုိ႔ မေျပာႏိုင္ပါဘူး။ ဒီေတာ့ သင့္က သင္စိတ္၀င္စားတဲ့ အလုပ္နဲ႔ပတ္သက္တဲ့ အေၾကာင္းအရာ၊ ပို႔စ္ေတြ၊ ပံုေတြ၊ စာေတြ တင္တဲ့အခါ သူ သင့္ကို သတိထားမိသြားပါလိမ့္မယ္။ သင္က အျခား အရည္မရ၊ အဖတ္မရ ပို႔စ္ေတြ တင္ေနမယ္ဆုိရင္ေတာ့ တစ္ျခားသူေတြနဲ႔ ေရာေထြးသြားမွာပါ။ ဒါ့ေၾကာင့္ သင္တင္တဲ့ပုိ႔စ္ေတြဟာ သင့္ကုိကိုယ္စားျပဳေနတယ္၊ သင့္ပံုရိပ္ကို ထင္ဟပ္ေစတယ္ဆုိတာ မေမ့ပါနဲ႔။

၂။သင့္account ထဲမွာ သင့္အလုပ္အတြက္ အေရးပါတဲ့သူေတြ ရွိေနပါေစ။

ဒုတိယအခ်က္ကေတာ့ သင့္ account ထဲမွာမွာရွိတဲ့ သူငယ္ခ်င္းစာရင္းထဲမွာ အလုပ္အတြက္ အေရးပါတဲ့ သူေတြကို friend request ပို႔ထားတာပဲျဖစ္ျဖစ္၊ Follow လုပ္ထားတာပဲျဖစ္ျဖစ္ သူတုိ႔ဆီက သတင္းအခ်က္အလက္ရေစဖုိ႔၊ ဗဟုသုတရေစဖုိ႔ လုပ္ေဆာင္ပါ။ သူတုိ႔အလုပ္နဲ႔ပတ္သက္ၿပီး စေတးတပ္စ္တင္တဲ့အခါ ကြန္မန္႔၀င္ေရးတာပဲျဖစ္ျဖစ္ သူတို႔နဲ႔ခင္မင္ရင္ႏွီးသြားေအာင္ လုပ္ပါ။ အနည္းဆံုး သူတုိ႔ ကိုယ့္ကို သတိထားမိေနပါေစ။ ဒီလိုဆုိ သူတို႔အလုပ္အတြက္ လူလိုတာမ်ိဳးဆိုရင္ ကုိယ္က သြားၿပီးမိတ္ဆက္ရ လြယ္ကူသြားပါၿပီ။ အစိမ္းသက္သက္ျဖစ္မေနေတာ့ပါဘူး။

၃။ဓာတ္ပံုတင္တဲ့အခါ သတိထားပါ။

သူငယ္ခ်င္းေတြနဲ႔ ေသာက္စားေပ်ာ္ပါးေနတဲ့ပံုေတြခ်ည္း ေန႔တုိင္းနီးပါး ေဖ့စ္ဘြတ္ခ္မွာတင္ေနတဲ့သူက ဘယ္သူကမ်ား အလုပ္မွာခန္႔ထားဖုိ႔ စဥ္းစားမွာလဲ။ ေနာက္တစ္ခ်က္က ဟိုေနရာ selfie ရိုက္ ဒီေနရာ selfie ေတြရိုက္ၿပီး ေန႔တိုင္းနီးပါး တင္ေနတဲ့သူကေရာ ဘယ္သူက အလုပ္ခန္႔ဖုိ႔ အာရံုရမွာလဲဆိုတာ သိထားဖုိ႔ လိုပါတယ္။ ဒါ့ေၾကာင့္ ဓာတ္ပံုတင္တဲ့အခါ မတင္ခင္ အနည္းဆံုး ဒီအခ်က္ေလးေတြ စဥ္းစားပါ။

၄။သင္ဟာ ရိုးသား၊ ႀကိဳးစားသူတစ္ေယာက္ဆိုတာ တစ္နည္းနည္းနဲ႔ ေဖာ္ျပပါ။

သင္ဟာ အလုပ္ရၿပီဆိုရင္ ဘယ္လုိေတြလုပ္ဖုိ႔ စိတ္ကူးရွိတယ္။ သင့္အိပ္မက္က ဘာျဖစ္ၿပီး တစ္ေန႔က်ရင္ ဘာျဖစ္ေအာင္ ႀကိဳးစားမယ္ဆိုတဲ့ စေတးတပ္စ္မ်ိဳးေလးေတြနဲ႔ သင္ဟာ အိပ္မက္ေတြနဲ႔ႀကိဳးစားသူတစ္ေယာက္ဆိုတာ သင့္ account ထဲက လူေတြသိပါေစ။ ဒီလိုဆုိရင္ သူတို႔ရတဲ့ အလုပ္အတြက္ သတင္းအခ်က္အလက္မ်ိဳးေတြကို သင့္ကို အသိေပးတာ၊ tag လုပ္ၿပီး ေျပာဆိုလာပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : trend myanmar

#Unicode Version

ခုလက်ရှိ အလုပ်မရှိပေမယ့် ကိုယ်လုပ်ချင်တဲ့အလုပ်မျိုး၊ ကိုယ်စိတ်ဝင်စားနေတဲ့ အလုပ်မျိုးမှာ ကိုယ့်ရဲ့အစွမ်းအစကို သေချာပြသနိုင်မယ်လို့ ယုံကြည်ထားသူတွေဟာ ဆိုရှယ်မီဒီယာတွေသုံးတဲ့အခါ သတိထားသုံးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလို လူမှုကွန်ယက်တွေကတစ်ဆင့် သင်မမြင်နိုင်တဲ့ အခွင့်အလမ်းတွေ သင့်ထံရောက်ရှိလာနိုင်လို့ပါပဲ။ ဒီတော့ ကိုယ့်ဘက်က ဘယ်လိုအချက်မျိုးတွေ ပြင်ဆင်ထားသင့်တယ်ဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ကိုယ်တင်လိုက်တဲ့ပို့စ်၊ စတေးတပ်စ်တွေဟာ ကိုယ်ဘာကိုဝါသနာပါတယ်၊ ဘာအလုပ်ကိုစိတ်ဝင်စားတယ်ဆိုတာ သိသာပါစေ။

သင့် account ထဲမှာ ကုမ္ပဏီအတွက် စိတ်ချအားထားရတဲ့ ဝန်ထမ်းရှာနေတဲ့ ကုမ္ပဏီပိုင်ရှင်၊ စီးပွားရေးလုပ်ငန်းရှင်တွေ မရှိဘူးလို့ မပြောနိုင်ပါဘူး။ ဒီတော့ သင့်က သင်စိတ်ဝင်စားတဲ့ အလုပ်နဲ့ပတ်သက်တဲ့ အကြောင်းအရာ၊ ပို့စ်တွေ၊ ပုံတွေ၊ စာတွေ တင်တဲ့အခါ သူ သင့်ကို သတိထားမိသွားပါလိမ့်မယ်။ သင်က အခြား အရည်မရ၊ အဖတ်မရ ပို့စ်တွေ တင်နေမယ်ဆိုရင်တော့ တစ်ခြားသူတွေနဲ့ ရောထွေးသွားမှာပါ။ ဒါ့ကြောင့် သင်တင်တဲ့ပို့စ်တွေဟာ သင့်ကိုကိုယ်စားပြုနေတယ်၊ သင့်ပုံရိပ်ကို ထင်ဟပ်စေတယ်ဆိုတာ မမေ့ပါနဲ့။

၂။သင့်account ထဲမှာ သင့်အလုပ်အတွက် အရေးပါတဲ့သူတွေ ရှိနေပါစေ။

ဒုတိယအချက်ကတော့ သင့် account ထဲမှာမှာရှိတဲ့ သူငယ်ချင်းစာရင်းထဲမှာ အလုပ်အတွက် အရေးပါတဲ့ သူတွေကို friend request ပို့ထားတာပဲဖြစ်ဖြစ်၊ Follow လုပ်ထားတာပဲဖြစ်ဖြစ် သူတို့ဆီက သတင်းအချက်အလက်ရစေဖို့၊ ဗဟုသုတရစေဖို့ လုပ်ဆောင်ပါ။ သူတို့အလုပ်နဲ့ပတ်သက်ပြီး စတေးတပ်စ်တင်တဲ့အခါ ကွန်မန့်ဝင်ရေးတာပဲဖြစ်ဖြစ် သူတို့နဲ့ခင်မင်ရင်နှီးသွားအောင် လုပ်ပါ။ အနည်းဆုံး သူတို့ ကိုယ့်ကို သတိထားမိနေပါစေ။ ဒီလိုဆို သူတို့အလုပ်အတွက် လူလိုတာမျိုးဆိုရင် ကိုယ်က သွားပြီးမိတ်ဆက်ရ လွယ်ကူသွားပါပြီ။ အစိမ်းသက်သက်ဖြစ်မနေတော့ပါဘူး။

၃။ဓာတ်ပုံတင်တဲ့အခါ သတိထားပါ။

သူငယ်ချင်းတွေနဲ့ သောက်စားပျော်ပါးနေတဲ့ပုံတွေချည်း နေ့တိုင်းနီးပါး ဖေ့စ်ဘွတ်ခ်မှာတင်နေတဲ့သူက ဘယ်သူကများ အလုပ်မှာခန့်ထားဖို့ စဉ်းစားမှာလဲ။ နောက်တစ်ချက်က ဟိုနေရာ selfie ရိုက် ဒီနေရာ selfie တွေရိုက်ပြီး နေ့တိုင်းနီးပါး တင်နေတဲ့သူကရော ဘယ်သူက အလုပ်ခန့်ဖို့ အာရုံရမှာလဲဆိုတာ သိထားဖို့ လိုပါတယ်။ ဒါ့ကြောင့် ဓာတ်ပုံတင်တဲ့အခါ မတင်ခင် အနည်းဆုံး ဒီအချက်လေးတွေ စဉ်းစားပါ။

၄။သင်ဟာ ရိုးသား၊ ကြိုးစားသူတစ်ယောက်ဆိုတာ တစ်နည်းနည်းနဲ့ ဖော်ပြပါ။

သင်ဟာ အလုပ်ရပြီဆိုရင် ဘယ်လိုတွေလုပ်ဖို့ စိတ်ကူးရှိတယ်။ သင့်အိပ်မက်က ဘာဖြစ်ပြီး တစ်နေ့ကျရင် ဘာဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စတေးတပ်စ်မျိုးလေးတွေနဲ့ သင်ဟာ အိပ်မက်တွေနဲ့ကြိုးစားသူတစ်ယောက်ဆိုတာ သင့် account ထဲက လူတွေသိပါစေ။ ဒီလိုဆိုရင် သူတို့ရတဲ့ အလုပ်အတွက် သတင်းအချက်အလက်မျိုးတွေကို သင့်ကို အသိပေးတာ၊ tag လုပ်ပြီး ပြောဆိုလာပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : trend myanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top