Kantharyar Centre
×

ေပါင္ၿခံတြင္ ေပြးကဲ့သို႔ မႈိစြဲေရာဂါကင္းေစရန္ ပတ္၀န္းက်င္၊ ရာသီဥတု၊ ေနထိုင္မႈပံုစံႏွင့္သင့္ေလ်ာ္ ေသာ အ၀တ္အစားကို ၀တ္ဆင္ သင့္ေ ၾကာင္း ၁၄-၈-၂၀၁၆ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၊ သူနာျပဳတကၠ သိုလ္ခန္းမ၌ ျပဳလုပ္ေသာ ရန္ကုန္ျပည္သူ႔ ေဆး႐ံု ႀကီး၊ အေရျပားေရာဂါအ ထူးကုဌာန၊ ပါေမာကၡေဒါက္ တာ ခိုင္ခိုင္ေဇာ္၏ အေရျပားမႈိစြဲေရာဂါအေၾကာင္း ေဟာေျပာေဆြးေႏြးမႈမွသိရသည္။

“ ျမန္မာစာ ဆရာမတစ္ဦးက ျမန္မာလူမ်ဳိးဟာ ေပါင္ႏွစ္လံုးၾကား ေလတိုးရင္အင္မတန္ေနလို႔ ေကာင္းတယ္” လို႔  ငယ္ငယ္က ေျပာဖူး တ ယ္။ ေပါင္ႏွစ္လံုးၾကားေလတိုးတဲ့ အ၀တ္အစားဆိုတာ ပုဆိုး၊ လံုခ်ည္ စတာေတြပဲ . . ဒါေတြ ၀တ္ရင္ က်န္းမာေရးေကာင္းတယ္လို႔ေျပာ တယ္။ ငယ္ငယ္တုန္းက အဲဒီစကားကို ရယ္ခဲ့ေပမယ့္ အခုအခ်ိန္မွာ ျပန္စဥ္းစားၾကည့္လိုက္ရင္ မွန္ေနတုန္းပါပဲ။ ကြၽန္မတို႔တိုင္းျပည္မွာ အဲဒီလို လံုခ်ည္၊ ပုဆိုး၀တ္တဲ့ ကေလးေတြ နည္းသြားပါၿပီ။

အခုေနာက္ပိုင္းမွာ ဆယ္ေက်ာ္သက္အရြယ္ေလးေတြက ကိုရီးယားယဥ္ေက်းမႈ လႊမ္းမိုးလာေတာ့ စေတာ့ကင္၀တ္တယ္၊ ဂ်င္းေဘာင္းဘီ အက်ပ္ေတြ ၀တ္တယ္၊ စေတာ့ကင္ေဘာင္းဘီနဲ႔ ဂ်င္းေဘာင္းဘီအက်ပ္က ေအးတဲ့ ရာသီဥတုအတြက္ အဆင္ေျပေပမယ့္ပူတဲ့ ရာသီဥတု နဲ႔ေတာ့ ကိုက္ညီမႈမရွိပါဘူး။  ေပါင္က်ပ္က်ပ္၀တ္ေတာ့ ဒီဆယ္ေက်ာ္သက္ေလးေတြမွာေပြးေတြ၊ ယားနာေတြအျဖစ္မ်ားတာကိုေတြ႕ရပါ တယ္။

ကြၽန္မတို႔ငယ္ငယ္တုန္းက မိန္းကေလးေတြ ေပါင္ၾကားေပြးေပါက္တာ အေတာ္ေလးကို ရွားေပမယ့္ အခုေနာက္ပိုင္းမွာ ဒီအရြယ္ေလးေ တြ ေပြးေပါက္ႏႈန္းမ်ားတာ ေတြ႕လာရတယ္။ ဒါက ေနထိုင္၀တ္စားမႈစ႐ိုက္ ေျပာင္းသြားလို႔ပါ။ ကိုယ္ေနထိုင္တဲ့ ပတ္၀န္းက်င္၊ ရာသီဥတု ၊ ေနထိုင္မႈပံုစံနဲ႔ လိုက္ေလ်ာညီေထြရွိတဲ့ အ၀တ္အစားကို ေျပာင္း၀တ္လိုက္ေပးဖို႔ လိုပါတယ္။ အ၀တ္အစားက်ပ္က်ပ္၀တ္တာက ေပြးေပါ က္တာနဲ႔တိုက္႐ိုက္မသက္ဆိုင္ေပမယ့္ သြယ္၀ိုက္ၿပီး သက္ဆိုင္ေနတဲ့အတြက္ ျပန္စဥ္းစားစရာေတာ့ ျဖစ္ေနပါၿပီ” ဟု ပါေမာကၡေဒၚခိုင္ခိုင္   ေဇာ္က ဆိုသည္။

အေရျပားမႈိစြဲျခင္းသည္ ေခါင္းမွ ေျခေထာက္အထိ ျဖစ္ႏိုင္ေသာ္လည္း စိုထိုင္းမႈမ်ားေသာ ေပါင္ၿခံ၊ ခ်ဳိင္း(ဂ်ဳိင္း)ၾကားတို႔တြင္ ျဖစ္ႏႈန္းမ်ားေ ၾကာင္း သိရသည္။” ဆယ္ေက်ာ္သက္မိန္းကေလးေတြ ေပြးေပါက္လာၿပီဆိုရင္ ေတြ႕တဲ့ေဆးေတြကို အကုန္လိမ္းလိုက္တယ္၊ အဲဒီအ ခါ ေဆးေတြက ျပင္းလြန္းအားႀကီးလို႔ အေရျပားက ရိကုန္တယ္၊ ေပါင္ၾကား၊ ေျခသလံုးတို႔မွာ အေၾကာျပတ္ရာ အေၾကာင္းေတြ ထင္ကုန္ တယ္၊ ျဖစ္ၿပီးမွျပန္ျပဳျပင္လို႔မရတဲ့အတြက္ ေဆးေတြကိုအရမ္းမလိမ္းေစခ်င္ပါဘူး” ဟု ပါေမာကၡေဒၚ ခိုင္ခိုင္ေဇာ္က ေျပာသည္။

မႈိေၾကာင့္ျဖစ္ေသာ အေရျပားေရာဂါဆိုလွ်င္ စတီး႐ြိဳက္ပါသည့္ ေဆးလိမ္းျခင္းႏွင့္ ဘက္တီးရီးယားေသေဆးလိမ္းျခင္းတို႔ကိုေရွာင္ၾကဥ္ သင့္ၿပီး မႈိသတ္ေဆးတစ္မ်ဳိးတည္းကိုသာ ေရြးခ်ယ္၀ယ္ယူလိမ္းၾကေစလိုေၾကာင္း ပါေမာကၡေဒၚခိုင္ခိုင္ေဇာ္က သတိေပးေျပာၾကားထား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: healthylifejournal

#Unicode Version

ပေါင်ခြံတွင် ပွေးကဲ့သို့ မှိုစွဲရောဂါကင်းစေရန် ပတ်ဝန်းကျင်၊ ရာသီဥတု၊ နေထိုင်မှုပုံစံနှင့်သင့်လျော် သော အဝတ်အစားကို ဝတ်ဆင် သင့်ေ ကြာင်း ၁၄-၈-၂၀၁၆ ရက်နေ့တွင် ရန်ကုန်မြို့၊ သူနာပြုတက္က သိုလ်ခန်းမ၌ ပြုလုပ်သော ရန်ကုန်ပြည်သူ့ ဆေးရုံ ကြီး၊ အရေပြားရောဂါအ ထူးကုဌာန၊ ပါမောက္ခဒေါက် တာ ခိုင်ခိုင်ဇော်၏ အရေပြားမှိုစွဲရောဂါအကြောင်း ဟောပြောဆွေးနွေးမှုမှသိရသည်။

“ မြန်မာစာ ဆရာမတစ်ဦးက မြန်မာလူမျိုးဟာ ပေါင်နှစ်လုံးကြား လေတိုးရင်အင်မတန်နေလို့ ကောင်းတယ်” လို့  ငယ်ငယ်က ပြောဖူး တ ယ်။ ပေါင်နှစ်လုံးကြားလေတိုးတဲ့ အဝတ်အစားဆိုတာ ပုဆိုး၊ လုံချည် စတာတွေပဲ . . ဒါတွေ ဝတ်ရင် ကျန်းမာရေးကောင်းတယ်လို့ပြော တယ်။ ငယ်ငယ်တုန်းက အဲဒီစကားကို ရယ်ခဲ့ပေမယ့် အခုအချိန်မှာ ပြန်စဉ်းစားကြည့်လိုက်ရင် မှန်နေတုန်းပါပဲ။ ကျွန်မတို့တိုင်းပြည်မှာ အဲဒီလို လုံချည်၊ ပုဆိုးဝတ်တဲ့ ကလေးတွေ နည်းသွားပါပြီ။

အခုနောက်ပိုင်းမှာ ဆယ်ကျော်သက်အရွယ်လေးတွေက ကိုရီးယားယဉ်ကျေးမှု လွှမ်းမိုးလာတော့ စတော့ကင်ဝတ်တယ်၊ ဂျင်းဘောင်းဘီ အကျပ်တွေ ဝတ်တယ်၊ စတော့ကင်ဘောင်းဘီနဲ့ ဂျင်းဘောင်းဘီအကျပ်က အေးတဲ့ ရာသီဥတုအတွက် အဆင်ပြေပေမယ့်ပူတဲ့ ရာသီဥတု နဲ့တော့ ကိုက်ညီမှုမရှိပါဘူး။  ပေါင်ကျပ်ကျပ်ဝတ်တော့ ဒီဆယ်ကျော်သက်လေးတွေမှာပွေးတွေ၊ ယားနာတွေအဖြစ်များတာကိုတွေ့ရပါ တယ်။

ကျွန်မတို့ငယ်ငယ်တုန်းက မိန်းကလေးတွေ ပေါင်ကြားပွေးပေါက်တာ အတော်လေးကို ရှားပေမယ့် အခုနောက်ပိုင်းမှာ ဒီအရွယ်လေးေ တွ ပွေးပေါက်နှုန်းများတာ တွေ့လာရတယ်။ ဒါက နေထိုင်ဝတ်စားမှုစရိုက် ပြောင်းသွားလို့ပါ။ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်၊ ရာသီဥတု ၊ နေထိုင်မှုပုံစံနဲ့ လိုက်လျောညီထွေရှိတဲ့ အဝတ်အစားကို ပြောင်းဝတ်လိုက်ပေးဖို့ လိုပါတယ်။ အဝတ်အစားကျပ်ကျပ်ဝတ်တာက ပွေးပေါ က်တာနဲ့တိုက်ရိုက်မသက်ဆိုင်ပေမယ့် သွယ်ဝိုက်ပြီး သက်ဆိုင်နေတဲ့အတွက် ပြန်စဉ်းစားစရာတော့ ဖြစ်နေပါပြီ” ဟု ပါမောက္ခဒေါ်ခိုင်ခိုင်   ဇော်က ဆိုသည်။

အရေပြားမှိုစွဲခြင်းသည် ခေါင်းမှ ခြေထောက်အထိ ဖြစ်နိုင်သော်လည်း စိုထိုင်းမှုများသော ပေါင်ခြံ၊ ချိုင်း(ဂျိုင်း)ကြားတို့တွင် ဖြစ်နှုန်းများေ ကြာင်း သိရသည်။” ဆယ်ကျော်သက်မိန်းကလေးတွေ ပွေးပေါက်လာပြီဆိုရင် တွေ့တဲ့ဆေးတွေကို အကုန်လိမ်းလိုက်တယ်၊ အဲဒီအ ခါ ဆေးတွေက ပြင်းလွန်းအားကြီးလို့ အရေပြားက ရိကုန်တယ်၊ ပေါင်ကြား၊ ခြေသလုံးတို့မှာ အကြောပြတ်ရာ အကြောင်းတွေ ထင်ကုန် တယ်၊ ဖြစ်ပြီးမှပြန်ပြုပြင်လို့မရတဲ့အတွက် ဆေးတွေကိုအရမ်းမလိမ်းစေချင်ပါဘူး” ဟု ပါမောက္ခဒေါ် ခိုင်ခိုင်ဇော်က ပြောသည်။

မှိုကြောင့်ဖြစ်သော အရေပြားရောဂါဆိုလျှင် စတီးရွိုက်ပါသည့် ဆေးလိမ်းခြင်းနှင့် ဘက်တီးရီးယားသေဆေးလိမ်းခြင်းတို့ကိုရှောင်ကြဉ် သင့်ပြီး မှိုသတ်ဆေးတစ်မျိုးတည်းကိုသာ ရွေးချယ်ဝယ်ယူလိမ်းကြစေလိုကြောင်း ပါမောက္ခဒေါ်ခိုင်ခိုင်ဇော်က သတိပေးပြောကြားထား သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: healthylifejournal
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top