Kantharyar Centre
×

၀၁. တကယ်တော်တယ်နော်


၀၂.အချိန်ရှိပါတယ်


၀၃.ကျေးဇူးတင်ပါတယ်




၀၅.ဖြစ်အောင်လုပ်မည်


Credit: Chelmo Team

#Unicode Version

အလုပ်မှာ ပြင်းတဲ့သူ အကြောင်းကို ပြီးခဲ့တဲ့ Post လေးမှာ တင်ပြထားပြီး ဖြစ်ပါတယ်။တကယ်လို့ပြောင်းပြန်စဉ်းစားရင်တော့ အလုပ်မှာတော်တဲ့သူဟာ ဘယ်လိုလူမျိုးဖြစ်မလဲ။

၀၁. တကယ်တော်တယ်နော်

ကိုယ်ကအောင်မြင်ဖို့အတွက်ရန်သူကိုတတ်နိုင်သလောက်နည်းအောင်ဆောင်ရွက်ဖို့လိုပါတယ်။ထို့အတွက်ကြောင့်သူတပါးကို ချီးကျုးတတ်ဖို့လိုပါတယ်။ထိုမှာသာလျှင် ရန်သူနည်းနည်းနဲ့ ကိုယ်ကတကယ်လို့ဒုက္ခရောက်ရင်လည်းကူညီမဲ့သူ ပေါပါလိမ့်မယ်။

၀၂.အချိန်ရှိပါတယ်

ကိုယ်ရဲ့ဝန်ထမ်းကို သင်ပေးဖို့လည်း ဝင်မလေးပါ။ကိုယ်ရဲ့အချိန်ကိုဘယ်လိုအသုံးချရမလဲဆိုတာကို အမြဲတမ်းစဉ်းစားထားပြီးဖြစ်တဲ့အတွက် ဘယ်သူကိုဘယ်လောက်အချိန်ပေးမလဲဆိုတာကို ဆုံးဖြတ်နိုင်စွမ်းရှိပါတယ်။

၀၃.ကျေးဇူးတင်ပါတယ်

ကိုယ်ရဲ့လုပ်ဖော်ကိုင်ဖက်၊ ကိုယ့်ရဲ့ Customer၊ ကိုယ်ရဲ့ကျေးဇူးရှင်ကို လေးလေးစားစားနဲ့ ကျေးဇူးသိတတ်ဖို့လိုပါတယ်။ကျေးဇူးတင်စကားကို လိုအပ်ရင်လိုအပ်သလို ပြောဖြစ်အောင်ပြောပါ။ဒါမှသာလျှင် တယောက်နှင့်တယောက် ဆက်ဆံရေးကပိုပြီး တိုးတက်လာပြီး ယုံကြည်မူလည်း ပိုပြီးရလာမှာပါ။

၀၄.စကားကို ပြတ်ပြတ်သားသားပြောတတ်၏

ဒီကိစ္စကဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတာကိုထင်ပါတယ်လုပ်ကြည့်မှသိမှာပါနည်းနည်းစဉ်းစားပါရစေ၊ စသည်ဖြင့် မပြတ်မသားပြောလေ့မရှိပါ။ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးကို ပြတ်ပြတ်သားသားပြောနိုင်တဲ့ သတ္တိရှိဖို့လိုအပ်ပါတယ်။

၀၅.ဖြစ်အောင်လုပ်မည်

တော်တဲ့သူဟာဖြစ်ကိုဖြစ်အောင်လုပ်မယ်လို့ဖြတ်ထားလျှင်ဘာကိုမှအဆုံးမဆိုတော့ ပြီးမြောက်အောင်လုပ်ဖို့ပဲအားစိုက်ပါတော့တယ်။ဘယ်သူကိုမှလည်း အပြစ်မတင်၊ ပန်းတိုင်ကိုသာ ကြည့်ပြီး လုပ်သင့်တာကိုတဆင့်ပြီးတဆင့်လုပ်သွားတာပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Chelmo Team
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top