Property Expo
×

 ဖားကန္႔ေဒသတြင္ ေတြ႕ ရွိခဲ့ေသာ ေက်ာက္စိမ္းအ႐ိုင္းတံုး ႀကီးကို လာမည့္ ျမန္မာ့ေက်ာက္ မ်က္ရတနာ ႏွစ္လယ္ျပပြဲ၌ ျပသေရာင္းခ်ႏုိင္ရန္ ညႇိႏိႈင္းေနေၾကာင္း သတင္းရရွိသည္။


ရတနာ ေတာင္တန္း ေက်ာက္မ်က္ကုမၸဏီ၏ ဖားကန္႔ ရတနာေျမ မက္လင္ေခ်ာင္ေမွာ္တြင္ ေတြ႕ရွိရေသာ ေက်ာက္႐ိုင္းတံုးႀကီးသည္ လုပ္ကြက္မွပင္ သယ္ေဆာင္ရန္ မလြယ္ကူ၍ ျပပြဲကာလတြင္ အခ်ိန္မီျပသႏုိင္ရန္ အခက္အခဲျဖစ္ေပၚေနေၾကာင္း ျမန္မာ့ ေက်ာက္မ်က္ရတနာလုပ္ငန္းမွ ၫႊန္ၾကားေရးမွဴးက ေျပာသည္။

ေက်ာက္စိမ္းတံုးႀကီးကိုတစ္ ပတ္ေက်ာ္ၾကာ စစ္ေဆးၿပီးေနာက္ ျမန္မာ့ေက်ာက္မ်က္ရတနာလုပ္ ငန္းမွ ဥကၠ႒အျဖစ္ ပါဝင္သည့္ တန္ဖိုးျဖတ္အဖြဲ႕က တန္ဖိုးေငြ က်ပ္သိန္း ၇,၂၇၈,၃၅၀,၀၀၀ က်ပ္ (၇ ဒသမ ၂,၇၈၃) ဘီလီယံ သတ္မွတ္ခဲ့ၿပီး ျပပြဲတြင္ ျပသ ေရာင္းခ်ႏုိင္ရန္ ညႇိႏိႈင္းေနသည္။

ျမန္မာေငြ က်ပ္သိန္း ခုနစ္ ေသာင္းျဖင့္ တန္ဖိုးသတ္မွတ္ခဲ့ သည့္ ေက်ာက္စိမ္းအ႐ိုင္းတံုးႀကီး ကို ျပင္ပမွ ကြၽမ္းက်င္သူမ်ားႏွင့္ ႏုိင္ငံတကာက ယခုထက္မက ပိုမို တန္ဖိုးႀကီးမားေၾကာင္း ေဝဖန္ေျပာဆုိထားမႈမ်ားလည္း ရွိသည္။

လုပ္ကြက္အတြင္း လံုၿခံဳေရး မ်ားျဖင့္ ေစာင့္ၾကပ္ေနသည့္ ေက်ာက္႐ိုင္းတံုးႀကီးကို မျပသမီ ခြဲစိတ္ျပင္ဆင္ျခင္းမ်ား ျပဳလုပ္ရ မည္ျဖစ္၍ အခ်ိန္ေပးရမည္ဟု ၫႊန္ၾကားေရးမွဴးက ဆိုသည္။

အစိုးရႏွင့္ ပုဂၢလိက အက်ိဳးတူတူးေဖာ္သည့္ လုပ္ကြက္မွ ေတြ႕ရိွရသည့္ အဆုိပါ ေက်ာက္ စိမ္းအ႐ိုင္းတံုးႀကီးသည္ ႏုိင္ငံ ေတာ္မွ ၂၅ ရာခုိင္ႏႈန္းႏွင့္ ကုမၸဏီမွ ၇၅ ရာခုိင္ႏႈန္းရရွိမည္ျဖစ္သည္။

ျမန္မာ့ေက်ာက္မ်က္ရတနာ ျပပြဲတြင္ ျပသေရာင္းခ်ၿပီးပါက အထူးကုန္စည္ခြန္ ၂၀ ရာခုိင္ႏႈန္း၊ ကုန္သြယ္လုပ္ငန္းခြန္ ၅ ရာခုိင္ ႏႈန္းႏွင့္ ျပပြဲဝန္ေဆာင္ခ ၃ ရာခုိင္ ႏႈန္းကို အစိုးရသို႔ ေပးသြင္းရမည္ ဟု သတ္မွတ္ထားသည္။

ယခု ႏွစ္လယ္ ျမန္မာ့ ေက်ာက္မ်က္ရတနာျပပြဲကို ႏိုဝင္ ဘာ ၂၀ ရက္မွ ၂၉ ရက္အထိ ေန ျပည္ေတာ္၊ မဏိရတနာေက်ာက္ စိမ္းခန္းမတြင္ က်င္းပျပဳလုပ္မည္ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ဖားကန့်ဒေသတွင် တွေ့ ရှိခဲ့သော ကျောက်စိမ်းအရိုင်းတုံး ကြီးကို လာမည့် မြန်မာ့ကျောက် မျက်ရတနာ နှစ်လယ်ပြပွဲ၌ ပြသရောင်းချနိုင်ရန် ညှိနှိုင်းနေကြောင်း သတင်းရရှိသည်။


ရတနာ တောင်တန်း ကျောက်မျက်ကုမ္ပဏီ၏ ဖားကန့် ရတနာမြေ မက်လင်ချောင်မှော်တွင် တွေ့ရှိရသော ကျောက်ရိုင်းတုံးကြီးသည် လုပ်ကွက်မှပင် သယ်ဆောင်ရန် မလွယ်ကူ၍ ပြပွဲကာလတွင် အချိန်မီပြသနိုင်ရန် အခက်အခဲဖြစ်ပေါ်နေကြောင်း မြန်မာ့ ကျောက်မျက်ရတနာလုပ်ငန်းမှ ညွှန်ကြားရေးမှူးက ပြောသည်။

ကျောက်စိမ်းတုံးကြီးကိုတစ် ပတ်ကျော်ကြာ စစ်ဆေးပြီးနောက် မြန်မာ့ကျောက်မျက်ရတနာလုပ် ငန်းမှ ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် တန်ဖိုးဖြတ်အဖွဲ့က တန်ဖိုးငွေ ကျပ်သိန်း ၇,၂၇၈,၃၅၀,၀၀၀ ကျပ် (၇ ဒသမ ၂,၇၈၃) ဘီလီယံ သတ်မှတ်ခဲ့ပြီး ပြပွဲတွင် ပြသ ရောင်းချနိုင်ရန် ညှိနှိုင်းနေသည်။

မြန်မာငွေ ကျပ်သိန်း ခုနစ် သောင်းဖြင့် တန်ဖိုးသတ်မှတ်ခဲ့ သည့် ကျောက်စိမ်းအရိုင်းတုံးကြီး ကို ပြင်ပမှ ကျွမ်းကျင်သူများနှင့် နိုင်ငံတကာက ယခုထက်မက ပိုမို တန်ဖိုးကြီးမားကြောင်း ဝေဖန်ပြောဆိုထားမှုများလည်း ရှိသည်။

လုပ်ကွက်အတွင်း လုံခြုံရေး များဖြင့် စောင့်ကြပ်နေသည့် ကျောက်ရိုင်းတုံးကြီးကို မပြသမီ ခွဲစိတ်ပြင်ဆင်ခြင်းများ ပြုလုပ်ရ မည်ဖြစ်၍ အချိန်ပေးရမည်ဟု ညွှန်ကြားရေးမှူးက ဆိုသည်။

အစိုးရနှင့် ပုဂ္ဂလိက အကျိုးတူတူးဖော်သည့် လုပ်ကွက်မှ တွေ့ရှိရသည့် အဆိုပါ ကျောက် စိမ်းအရိုင်းတုံးကြီးသည် နိုင်ငံ တော်မှ ၂၅ ရာခိုင်နှုန်းနှင့် ကုမ္ပဏီမှ ၇၅ ရာခိုင်နှုန်းရရှိမည်ဖြစ်သည်။

မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် ပြသရောင်းချပြီးပါက အထူးကုန်စည်ခွန် ၂၀ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင် နှုန်းနှင့် ပြပွဲဝန်ဆောင်ခ ၃ ရာခိုင် နှုန်းကို အစိုးရသို့ ပေးသွင်းရမည် ဟု သတ်မှတ်ထားသည်။

ယခု နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို နိုဝင် ဘာ ၂၀ ရက်မှ ၂၉ ရက်အထိ နေ ပြည်တော်၊ မဏိရတနာကျောက် စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top