Property Expo
×

ၿပီးခဲ့တဲ့ ၂၅ ေအာက္တိုဘာညက ကၽြန္ေတာ့္အေၾကာင္းေလးျဖစ္ပါတယ္..

လူတိုင္းလူတိုင္းမွာ တျခားလူေတြကိုေျပာျပလို႔မရတဲ့ျပႆနာမ်ားကိုယ္စီရွိၾကပါတယ္။ ကၽြန္ေတာ့္မွာလည္းကၽြန္ေတာ့္ရင္းႏွီးတဲ့သူငယ္ခ်င္းတခ်ိဳ႕သာသိတဲ့ ျပႆနာႀကီးႀကီးတစ္ခုရွိပါတယ္။ ဘာလည္းဆိုေတာ့ေမြးသမိခင္ေက်းဇူးရွင္နဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးေသာသေဘာထားကဲြလဲြမႈမ်ားေၾကာင့္ ႏွစ္ေပါင္းမ်ားစြာမ်က္ႏွာခ်င္းမဆိုင္ႏိုင္ခဲ့ပဲ (ကၽြန္ေတာ့္ဘက္က) မေခၚႏိုင္မေျပာႏိုင္ျဖစ္ခဲ့တဲ့ ျပႆနာပဲျဖစ္ပါတယ္။

၂၀၀၉ ေလာက္ကစၿပီးကၽြန္ေတာ္နဲ႔အေမနဲ႔ ေတာ္ေတာ္ေလးကေတာက္ကဆျဖစ္ၿပီး ပဲြလမ္းသဘင္သြားတာေလာက္ကလဲြလို႔ မေခၚမေျပာျဖစ္တာအခုထက္ထိတိုင္ပါပဲ။ သူ႔ရဲ႕အယူအဆမ်ားကို ကၽြန္ေတာ္က ‘တြက္ကပ္ေရွးက်လြန္းတယ္’ လို႔ယူဆသလိုသူ႔ဘက္ကလည္း ကၽြန္ေတာ့္ကို ‘အထိန္းအကြပ္မဲ့အရဲစြန္႔တတ္သူ’ လို႔ယူဆပါတယ္…

သေဘာထားအႀကီးအက်ယ္လဲြခဲ့တဲ့ကိစၥတခ်ိဳ႕ေျပာရရင္..

- သူကရွိရွိသမွ်ပစၥည္း (အေဟာင္း/အသစ္/အစုတ္/အေကာင္း) မွန္သမွ်အကုန္သိမ္းထားတတ္ပါတယ္။ ကၽြန္ေတာ္ကမလိုအပ္တဲ့ပစၥည္းမ်ားကို (လႉ/ေရာင္း/သံုး/စြန္႔ပစ္) ခ်င္ပါတယ္။ တစ္အိမ္လံုး ပစၥည္းစုတ္ေတြနဲ႔ပြထေနတာကိုကၽြန္ေတာ္မေနတတ္ပါဘူး။

- သူ႔ကို ‘ကပ္ေစးနည္းတယ္’ လို႔ျမင္သလို သူကလည္းကၽြန္ေတာ့္ကို ‘သံုးျဖဳန္းသူ’ လို႔ျမင္ပါတယ္။ ဥပမာအားျဖင့္ ကၽြန္ေတာ့္ကို ဘယ္ေနရာမွာဘယ္ေလာက္ပဲလႉလို႔ေျပာတာမ်ိဳးကို လံုးဝလက္မခံပါဘူး။

- အေမကကၽြန္ေတာ့္ရဲ႕ Privacy ကိုစြက္ဖက္တယ္လို႔ယူဆပါတယ္။ ကၽြန္ေတာ့္ရဲ႕ကိုယ္ပိုင္အခန္းေတြမွာ ပစၥည္းေတြဝင္သိမ္းတာ၊ ေနရာေရႊ႕ထားလို႔ကၽြန္ေတာ္ျပန္ရွာေတာ့ခ်က္ခ်င္းမေတြ႕တာမ်ိဳး၊ အျပင္ကေမာေမာနဲ႔ျပန္လာတဲ့အခ်ိန္မွာ မီး/Air Con ေတြဝင္ပိတ္ထားလို႔ စိတ္ညစ္ရတာမ်ိဳးေတြနဲ႔ပတ္သက္ၿပီး ငယ္စဥ္ကတည္းက ျပႆနာအႀကိမ္ႀကိမ္တက္တာအခုထိမၿပီးေတာ့္ပါဘူး။

- သူ႔ကိုအလြန္အမင္းစိုးရိမ္တတ္သူ၊ ကိစၥတစ္ခုခုတိုင္ပင္တိုင္းလည္း Negative သာေျပာတဲ့သူအျဖစ္လည္းျမင္ပါတယ္။

ကၽြန္ေတာ့္ဘက္ကမလုပ္ဖို႔မည္မွ်ပင္တားဆီးေစကာမူအဆင္မေျပခဲ့သလို ဒီျပႆနာမ်ားဟာၾကည့္ရင္ေတာ့ ေသးေသးေလးနဲ႔ေန႔စဥ္အိမ္ေရာက္တိုင္း တတိတိနဲ႔စိတ္ညစ္ရတဲ့အတြက္ ကၽြန္ေတာ့အေနနဲ႔အိမ္ျပန္ရမွာေတာင္ စိတ္ညစ္ခဲ့ရတဲ့အေခါက္ေတြမနည္းပါဘူး။ဒါေတြအျပင္အျခားအေၾကာင္းေၾကာင္းေသာ သေဘာထားကဲြလဲြမႈမ်ားေၾကာင့္ စကားေတာင္မေျပာျဖစ္တာႏွစ္ခ်ီခဲ့ပါတယ္။ ကန္ေတာ့ဖို႔ဆိုတာေဝလာေဝးပါ။

ကၽြန္ေတာ္ေျပာခဲ့တဲ့ျပႆနာမ်ားကိုစာဖတ္သူ လူႀကီး၊လူငယ္မ်ားအေနနဲ႔ ၾကံဳေတြ႕ခဲ့တယ္ဆိုရင္လည္းပဲ မည္သို႔မည္ပံုေျဖရွင္းသင့္သည္ကိုအၾကံေပးေစလိုပါတယ္။ စာဖတ္သူတို႔ၾကံဳေတြ႕ခဲ့ရတယ့္ မိဘ-သားသမီးဆက္ဆံေရးကိုလည္း သိရွိေလ့လာလိုပါတယ္။ စကားမစပ္ ကၽြန္ေတာ့္ဖခင္နဲ႔က်ေတာ့ သူငယ္ခ်င္း၊မိ္တ္ေဆြလိုအလြန္အဆင္ေျပတဲ့ဆက္ဆံေရးရွိၿပီး ကၽြန္ေတာ့္အေနနဲ႔ဖခင္အေပၚ ‘႐ိုးသား၊သည္းခံ၍ လူမႈဆက္ဆံေရးအလြန္ေကာင္းကာ က်ရာဘဝမွာေပ်ာ္ရႊင္စြာေနတတ္သူ’ လို႔ျမင္ပါတယ္။

၂၅ ရက္ေန႔ညက ေရႊတိဂံုေစတီေတာ္မွာ ဝဇီပိတ္ဆရာေတာ္ႀကီးရဲ႕ ဆီမီးထြန္းေမတၱာပို႔ေနာက္ဆံုးေန႔ျဖစ္ပါတယ္။ ကၽြန္ေတာ္လည္းပါဝင္ကုသိုလ္ယူၿပီးေနာက္ အိမ္ျပန္လာခဲ့တဲ့လမ္းတေလွ်ာက္မွာအေတြးတစ္ခုဝင္ခဲ့ပါတယ္..

ကၽြန္ေတာ္တို႔ေတြဟာ ဘုရားေရွ႕မွာက်ဂါထာေတြအမ်ားႀကီးရြတ္၊ ဆီမီး၊ပန္းေတြလိႈင္ေနေအာင္ကပ္၊ လက္ေတြ႕ဘဝမွာက် တစ္ေယာက္ကိုတစ္ေယာက္အတင္းခ်ျပစ္တင္၊ သူမ်ားကိုေပးရမွာက်ေတာ့ႏွေျမာတြန္႔တို…

မဟုတ္ေသးပါဘူး…

‘နာမက်န္းသူကိုျပဳစုလုပ္ေကၽြးျခင္းသည္ ငါဘုရားကိုျပဳစုလုပ္ေကၽြးျခင္းမည္၏’ လို႔ဗုဒၶျမတ္စြာဘုရားကအတိအလင္းေဟာခဲ့ပါတယ္။ ဂါထာတစ္ပုဒ္ရြတ္ဖတ္သလို သူတစ္ပါးကို ခ်ီးက်ဴးစကား၊ခြန္အားျဖစ္ေစမယ့္စကားေျပာတာလည္း ကုသိုလ္ေကာင္းမႈပါပဲ… ဘုရားကိုဆီမီးေရခ်မ္းကပ္လႉသလို လိုအပ္ေနတဲ့သူကို ေပးကမ္းကူညီတာဟာလည္းေကာင္းမႈကုသိုလ္ပါပဲ… ျမတ္စြာဘုရားရဲ႕ဓမၼတရားေတာ္ျမတ္ဟာ လူ႔ေဘာင္ေလာကီအတြင္းေနရစဥ္အတြင္း တစ္ဦးနဲ႔တစ္ဦးအသင့္ျမတ္ဆံုးေနထိုင္ႏိုင္ေရးနဲ႔ သံသရာမွကၽြတ္လြတ္ရာနိဗၺာန္သို႔မ်က္ေမွာက္ျပဳႏိုင္ေရးအတြက္ျဖစ္ပါတယ္။

ဒါကိုကၽြန္ေတာ္တို႔ေတာ္ေတာ္မ်ားမ်ားက ပါးစပ္ကေတာ့အေျပာဟုတ္ေနေပမယ့္၊ ဘုရားေရွ႕မွာေတာ့ဂါထာေပါင္းေျမာက္မ်ားစြာနဲ႔ ရြတ္ဖတ္ပူေဇာ္ေနေပမယ့္ လက္ေတြ႕ဘဝမွာတစ္ဘက္သားကိုဆက္ဆံ၊ စိတ္ထားတဲ့ေနရာမွာ မွန္မွန္ကန္ကန္လုပ္ႏိုင္သူမ်ားကေတာ့ နည္းပါးေနဆဲျဖစ္ပါတယ္။

ကၽြန္ေတာ္လည္းမိခင္နဲ႔အဆင္မေျပဆိုကတည္းက (မည္သို႔ပင္ဆိုေစကာမူ) လဲြေနတဲ့လူေတာ့ျဖစ္ေနပါၿပီ။ ဒါကိုခ်က္ျခင္းျပင္ခ်င္ပါတယ္။ အမ်ားႀကီးမဟုတ္ေတာင္ ရသေလာက္ေတာ့ျပင္ခ်င္ပါတယ္။ ေနာက္တစ္ရက္မွာသူတို႔ေနျပည္ေတာ္တက္မွာမို႔ အဲ့ဒီညကန္ေတာ့ဖို႔ဆံုးျဖတ္လိုက္ပါတယ္..

ကိုယ္ကစေခၚရမွာရွက္ေနေတာ့ ညီဝမ္းကဲြဝတုတ္ကိုသြားေခၚခိုင္းၿပီး အိမ္ ေရွ႕မွာပဲအေမ့ရဲ႕ေျခဖဝါးကိုဦးခိုက္ကန္ေတာ့ခဲ့ပါတယ္။ ‘မွားတာရွိရင္ခြင့္လႊတ္ပါ’ ေျပာတာကိုေတာင္ထြက္ခ်င္မထြက္ခ်င္နဲ႔ မနည္းေျပာခဲ့ရပါတယ္။ မွတ္မိရသေလာက္ သူ႔ေျခဖဝါးကိုတစ္ခါမွဦးခိုက္မကန္ေတာ့ဘူးသလို သူ႔အေရွ႕မွာလည္းအဲ့လိုေျပာၿပီးမေတာင္းပန္ဘူးပါဘူး။ စာဖတ္သူမ်ားအတြက္ ရယ္စရာစာသားမ်ားျဖစ္ႏိုင္ေပမယ့္ တစိမ္းျပင္ျပင္နီးနီးျဖစ္ေနတဲ့ ကၽြန္ေတာ့္အေနနဲ႔အဲ့ဒီအခ်ိန္မွာဘယ္ေလာက္ႀကိဳးစားခဲ့ရတယ္ဆိုတာ ကိုယ့္ကိုယ္ကိုအသိဆံုးျဖစ္ပါတယ္။ ေနာင္အဆင္ေျပတာမေျပတာခဏထား သီတင္းကၽြတ္ကန္ေတာ့ဖို႔တာဝန္ကေတာ့ ေက်သြားသလိုခံစားရပါတယ္။

စာဖတ္သူမ်ားအေနနဲ႔လည္း ကိုယ့္ဘဝမွာအေရးႀကီးတဲ့လူေတြကို စိတ္ခ်မ္းသာေအာင္ထားတတ္၊ ထိေရာက္တဲ့ေက်းဇူးသိတတ္မႈေတြကိုျပဳေစလိုပါတယ္။ တခါတေတလက်ေတာ့ သူငယ္ခ်င္းမ်ားစကားနားေထာင္ မိဘစကားနားမေထာင္၊ အေပ်ာ္အပါးကိုသာဦးစားေပး.. မိသားစုက်ေတာ့ပစ္ပယ္… ဒါမ်ိဳးေတြၾကံဳေတြ႕ရတတ္ပါတယ္။ စာဖတ္သူမ်ားရဲ႕ မိဘ-သားသမီးအေတြ႕အၾကံဳမ်ားကိုလည္း မွ်ေဝႏိုင္ပါေၾကာင္းေျပာၾကားရင္း ျပဳခဲ့ရေသာေကာင္းမႈကုသိုလ္အစုစုတို႔ကိုမွ်ေဝတင္ဆက္လိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Chelseafc0014

#Unicode Version
ပြီးခဲ့တဲ့ ၂၅ အောက်တိုဘာညက ကျွန်တော့်အကြောင်းလေးဖြစ်ပါတယ်..

လူတိုင်းလူတိုင်းမှာ တခြားလူတွေကိုပြောပြလို့မရတဲ့ပြဿနာများကိုယ်စီရှိကြပါတယ်။ ကျွန်တော့်မှာလည်းကျွန်တော့်ရင်းနှီးတဲ့သူငယ်ချင်းတချို့သာသိတဲ့ ပြဿနာကြီးကြီးတစ်ခုရှိပါတယ်။ ဘာလည်းဆိုတော့မွေးသမိခင်ကျေးဇူးရှင်နဲ့ အကြောင်းအမျိုးမျိုးသောသဘောထားကွဲလွဲမှုများကြောင့် နှစ်ပေါင်းများစွာမျက်နှာချင်းမဆိုင်နိုင်ခဲ့ပဲ (ကျွန်တော့်ဘက်က) မခေါ်နိုင်မပြောနိုင်ဖြစ်ခဲ့တဲ့ ပြဿနာပဲဖြစ်ပါတယ်။

၂၀၀၉ လောက်ကစပြီးကျွန်တော်နဲ့အမေနဲ့ တော်တော်လေးကတောက်ကဆဖြစ်ပြီး ပွဲလမ်းသဘင်သွားတာလောက်ကလွဲလို့ မခေါ်မပြောဖြစ်တာအခုထက်ထိတိုင်ပါပဲ။ သူ့ရဲ့အယူအဆများကို ကျွန်တော်က ‘တွက်ကပ်ရှေးကျလွန်းတယ်’ လို့ယူဆသလိုသူ့ဘက်ကလည်း ကျွန်တော့်ကို ‘အထိန်းအကွပ်မဲ့အရဲစွန့်တတ်သူ’ လို့ယူဆပါတယ်…

သဘောထားအကြီးအကျယ်လွဲခဲ့တဲ့ကိစ္စတချို့ပြောရရင်..

- သူကရှိရှိသမျှပစ္စည်း (အဟောင်း/အသစ်/အစုတ်/အကောင်း) မှန်သမျှအကုန်သိမ်းထားတတ်ပါတယ်။ ကျွန်တော်ကမလိုအပ်တဲ့ပစ္စည်းများကို (လှူ/ရောင်း/သုံး/စွန့်ပစ်) ချင်ပါတယ်။ တစ်အိမ်လုံး ပစ္စည်းစုတ်တွေနဲ့ပွထနေတာကိုကျွန်တော်မနေတတ်ပါဘူး။

- သူ့ကို ‘ကပ်စေးနည်းတယ်’ လို့မြင်သလို သူကလည်းကျွန်တော့်ကို ‘သုံးဖြုန်းသူ’ လို့မြင်ပါတယ်။ ဥပမာအားဖြင့် ကျွန်တော့်ကို ဘယ်နေရာမှာဘယ်လောက်ပဲလှူလို့ပြောတာမျိုးကို လုံးဝလက်မခံပါဘူး။

- အမေကကျွန်တော့်ရဲ့ Privacy ကိုစွက်ဖက်တယ်လို့ယူဆပါတယ်။ ကျွန်တော့်ရဲ့ကိုယ်ပိုင်အခန်းတွေမှာ ပစ္စည်းတွေဝင်သိမ်းတာ၊ နေရာရွှေ့ထားလို့ကျွန်တော်ပြန်ရှာတော့ချက်ချင်းမတွေ့တာမျိုး၊ အပြင်ကမောမောနဲ့ပြန်လာတဲ့အချိန်မှာ မီး/Air Con တွေဝင်ပိတ်ထားလို့ စိတ်ညစ်ရတာမျိုးတွေနဲ့ပတ်သက်ပြီး ငယ်စဉ်ကတည်းက ပြဿနာအကြိမ်ကြိမ်တက်တာအခုထိမပြီးတော့်ပါဘူး။

- သူ့ကိုအလွန်အမင်းစိုးရိမ်တတ်သူ၊ ကိစ္စတစ်ခုခုတိုင်ပင်တိုင်းလည်း Negative သာပြောတဲ့သူအဖြစ်လည်းမြင်ပါတယ်။

ကျွန်တော့်ဘက်ကမလုပ်ဖို့မည်မျှပင်တားဆီးစေကာမူအဆင်မပြေခဲ့သလို ဒီပြဿနာများဟာကြည့်ရင်တော့ သေးသေးလေးနဲ့နေ့စဉ်အိမ်ရောက်တိုင်း တတိတိနဲ့စိတ်ညစ်ရတဲ့အတွက် ကျွန်တော့အနေနဲ့အိမ်ပြန်ရမှာတောင် စိတ်ညစ်ခဲ့ရတဲ့အခေါက်တွေမနည်းပါဘူး။ဒါတွေအပြင်အခြားအကြောင်းကြောင်းသော သဘောထားကွဲလွဲမှုများကြောင့် စကားတောင်မပြောဖြစ်တာနှစ်ချီခဲ့ပါတယ်။ ကန်တော့ဖို့ဆိုတာဝေလာဝေးပါ။

ကျွန်တော်ပြောခဲ့တဲ့ပြဿနာများကိုစာဖတ်သူ လူကြီး၊လူငယ်များအနေနဲ့ ကြုံတွေ့ခဲ့တယ်ဆိုရင်လည်းပဲ မည်သို့မည်ပုံဖြေရှင်းသင့်သည်ကိုအကြံပေးစေလိုပါတယ်။ စာဖတ်သူတို့ကြုံတွေ့ခဲ့ရတယ့် မိဘ-သားသမီးဆက်ဆံရေးကိုလည်း သိရှိလေ့လာလိုပါတယ်။ စကားမစပ် ကျွန်တော့်ဖခင်နဲ့ကျတော့ သူငယ်ချင်း၊မိတ်ဆွေလိုအလွန်အဆင်ပြေတဲ့ဆက်ဆံရေးရှိပြီး ကျွန်တော့်အနေနဲ့ဖခင်အပေါ် ‘ရိုးသား၊သည်းခံ၍ လူမှုဆက်ဆံရေးအလွန်ကောင်းကာ ကျရာဘဝမှာပျော်ရွှင်စွာနေတတ်သူ’ လို့မြင်ပါတယ်။

၂၅ ရက်နေ့ညက ရွှေတိဂုံစေတီတော်မှာ ဝဇီပိတ်ဆရာတော်ကြီးရဲ့ ဆီမီးထွန်းမေတ္တာပို့နောက်ဆုံးနေ့ဖြစ်ပါတယ်။ ကျွန်တော်လည်းပါဝင်ကုသိုလ်ယူပြီးနောက် အိမ်ပြန်လာခဲ့တဲ့လမ်းတလျှောက်မှာအတွေးတစ်ခုဝင်ခဲ့ပါတယ်..

ကျွန်တော်တို့တွေဟာ ဘုရားရှေ့မှာကျဂါထာတွေအများကြီးရွတ်၊ ဆီမီး၊ပန်းတွေလှိုင်နေအောင်ကပ်၊ လက်တွေ့ဘဝမှာကျ တစ်ယောက်ကိုတစ်ယောက်အတင်းချပြစ်တင်၊ သူများကိုပေးရမှာကျတော့နှမြောတွန့်တို…

မဟုတ်သေးပါဘူး…

‘နာမကျန်းသူကိုပြုစုလုပ်ကျွေးခြင်းသည် ငါဘုရားကိုပြုစုလုပ်ကျွေးခြင်းမည်၏’ လို့ဗုဒ္ဓမြတ်စွာဘုရားကအတိအလင်းဟောခဲ့ပါတယ်။ ဂါထာတစ်ပုဒ်ရွတ်ဖတ်သလို သူတစ်ပါးကို ချီးကျူးစကား၊ခွန်အားဖြစ်စေမယ့်စကားပြောတာလည်း ကုသိုလ်ကောင်းမှုပါပဲ… ဘုရားကိုဆီမီးရေချမ်းကပ်လှူသလို လိုအပ်နေတဲ့သူကို ပေးကမ်းကူညီတာဟာလည်းကောင်းမှုကုသိုလ်ပါပဲ… မြတ်စွာဘုရားရဲ့ဓမ္မတရားတော်မြတ်ဟာ လူ့ဘောင်လောကီအတွင်းနေရစဉ်အတွင်း တစ်ဦးနဲ့တစ်ဦးအသင့်မြတ်ဆုံးနေထိုင်နိုင်ရေးနဲ့ သံသရာမှကျွတ်လွတ်ရာနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ရေးအတွက်ဖြစ်ပါတယ်။

ဒါကိုကျွန်တော်တို့တော်တော်များများက ပါးစပ်ကတော့အပြောဟုတ်နေပေမယ့်၊ ဘုရားရှေ့မှာတော့ဂါထာပေါင်းမြောက်များစွာနဲ့ ရွတ်ဖတ်ပူဇော်နေပေမယ့် လက်တွေ့ဘဝမှာတစ်ဘက်သားကိုဆက်ဆံ၊ စိတ်ထားတဲ့နေရာမှာ မှန်မှန်ကန်ကန်လုပ်နိုင်သူများကတော့ နည်းပါးနေဆဲဖြစ်ပါတယ်။

ကျွန်တော်လည်းမိခင်နဲ့အဆင်မပြေဆိုကတည်းက (မည်သို့ပင်ဆိုစေကာမူ) လွဲနေတဲ့လူတော့ဖြစ်နေပါပြီ။ ဒါကိုချက်ခြင်းပြင်ချင်ပါတယ်။ အများကြီးမဟုတ်တောင် ရသလောက်တော့ပြင်ချင်ပါတယ်။ နောက်တစ်ရက်မှာသူတို့နေပြည်တော်တက်မှာမို့ အဲ့ဒီညကန်တော့ဖို့ဆုံးဖြတ်လိုက်ပါတယ်..

ကိုယ်ကစခေါ်ရမှာရှက်နေတော့ ညီဝမ်းကွဲဝတုတ်ကိုသွားခေါ်ခိုင်းပြီး အိမ်ရှေ့မှာပဲအမေ့ရဲ့ခြေဖဝါးကိုဦးခိုက်ကန်တော့ခဲ့ပါတယ်။ ‘မှားတာရှိရင်ခွင့်လွှတ်ပါ’ ပြောတာကိုတောင်ထွက်ချင်မထွက်ချင်နဲ့ မနည်းပြောခဲ့ရပါတယ်။ မှတ်မိရသလောက် သူ့ခြေဖဝါးကိုတစ်ခါမှဦးခိုက်မကန်တော့ဘူးသလို သူ့အရှေ့မှာလည်းအဲ့လိုပြောပြီးမတောင်းပန်ဘူးပါဘူး။ စာဖတ်သူများအတွက် ရယ်စရာစာသားများဖြစ်နိုင်ပေမယ့် တစိမ်းပြင်ပြင်နီးနီးဖြစ်နေတဲ့ ကျွန်တော့်အနေနဲ့အဲ့ဒီအချိန်မှာဘယ်လောက်ကြိုးစားခဲ့ရတယ်ဆိုတာ ကိုယ့်ကိုယ်ကိုအသိဆုံးဖြစ်ပါတယ်။ နောင်အဆင်ပြေတာမပြေတာခဏထား သီတင်းကျွတ်ကန်တော့ဖို့တာဝန်ကတော့ ကျေသွားသလိုခံစားရပါတယ်။

စာဖတ်သူများအနေနဲ့လည်း ကိုယ့်ဘဝမှာအရေးကြီးတဲ့လူတွေကို စိတ်ချမ်းသာအောင်ထားတတ်၊ ထိရောက်တဲ့ကျေးဇူးသိတတ်မှုတွေကိုပြုစေလိုပါတယ်။ တခါတတေလကျတော့ သူငယ်ချင်းများစကားနားထောင် မိဘစကားနားမထောင်၊ အပျော်အပါးကိုသာဦးစားပေး.. မိသားစုကျတော့ပစ်ပယ်… ဒါမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ စာဖတ်သူများရဲ့ မိဘ-သားသမီးအတွေ့အကြုံများကိုလည်း မျှဝေနိုင်ပါကြောင်းပြောကြားရင်း ပြုခဲ့ရသောကောင်းမှုကုသိုလ်အစုစုတို့ကိုမျှဝေတင်ဆက်လိုက်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Chelseafc0014
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top