Kantharyar Centre
×

အေျခအေနကို ထိန္းထိန္းသိမ္းသိမ္း ကိုင္တြယ္ၾကဖို႔ ဥေရာပ သမဂၢကလည္း တိုက္တြန္း
ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ၿပီးခဲ့တဲ့ တနဂၤေႏြ ေန႔က အစိုးရရဲ့ နယ္ျခားေစာင့္ တပ္ဖြဲ႕ဝင္ ေတြကို ဘယ္သူ ဘယ္ဝါေတြမွန္း မသိရတဲ့ လူေတြက တိုက္ခိုက္လာတဲ့ ျဖစ္ရပ္ရဲ့ ေနာက္ဆက္တြဲ အေနနဲ႔ တိုက္ခိုက္မွုေတြ ဆက္လက္ ျဖစ္ေပၚ လာၿပီး လုံျခဳံေရး တပ္ဖြဲ႕ဝင္ေတြ၊ အရပ္သားေတြ အေသအေပ်ာက္ ရွိေနတဲ့ အေပၚ အင္မတန္ စိုးရိမ္ မိတယ္ လို႔ ကုလသမဂၢရဲ့ ျမန္မာ နိုင္ငံ ဆိုင္ရာ အထူး ကိုယ္စားလွယ္ ဗီေဂ် နမ္ဘီးယား က ေျပာဆို လိုက္ပါတယ္။

အခုလို အေျခအေနမ်ိဳးမွာ ဗုဒၶဘာသာနဲ႔ မြတ္ဆလင္မ္ အသိုင္းအဝိုင္းေတြ အၾကား အျပန္အလွန္ အမုန္းထား ရန္လိုတဲ့ စကားမ်ိဳးေတြ ေျပာဆိုျခင္း အားျဖင့္ ေသြးဆူ အုံႂကြ လာေအာင္ ျပဳလုပ္တာမ်ိဳး ကို ေရွာင္ၾကဥ္ ၾကဖို႔လည္း ကုလသမဂၢ အတြင္းေရးမွုးခ်ဳပ္ရဲ့ ျမန္မာ နိုင္ငံဆိုင္ရာ အထူး အႀကံေပး မစၥတာ နမ္ဘီးယားက တိုက္တြန္း ေနပါတယ္။

အခင္းျဖစ္ရာ နယ္ေျမေတြမွာ လူမ်ိဳးႏြယ္စု နဲ႔ ဘာသာတရား တို႔ အေပၚ မူတည္လို႔ ပစ္မွတ္ထား တုံ႔ျပန္ ကိုင္တြယ္ တာမ်ိဳး မလုပ္ပဲ၊ အင္အားသုံးစြဲ ေျဖရွင္း တာမ်ိဳးကို အစြမ္းကုန္ ထိန္းခ်ဳပ္ လုပ္ကိုင္ ပါ ဆိုၿပီး ေတာ့လည္း မစၥတာ နမ္ဘီယာ က ေျပာပါတယ္။

အျပစ္မဲ့ အရပ္သားေတြ ရဲ့ အသက္အိုးအိမ္ စည္းစိမ္ ေတြ မထိခိုက္ မဆုံးရွုံး ေစဖို ဂ႐ုတစိုက္ ကိုင္တြယ္ၿပီး၊ ေဒသခံေတြ အေပၚ ၿခိမ္းေျခာက္ ရန္ျပဳတာမ်ိဳးေတြ မျပဳလုပ္ ၾကဖို႔ကိုလည္း အစိုးရ လုံျခဳံေရး တပ္ဖြဲ႕ဝင္ ေတြကို မစၥတာ နမ္ဘီယာက တိုက္တြန္း ထားပါတယ္။

ျမန္မာ အစိုးရကေတာ့ အခင္းျဖစ္ရာ ေဒသေတြဆီ ေနာက္ထပ္ စစ္ကူ အင္အားေတြ ေစလႊတ္ ေနၿပီး၊ ဗုဒၶဘာသာနဲ႔ မြတ္ဆလင္မ္ အသိုင္းအဝိုင္း ႏွစ္ခုအၾကား အေျခအေနဟာ တင္းမာ ေနပါတယ္။

ေအာက္တိုဘာ ၁၁ ရက္ အဂၤါေန႔က အစိုးရ လုံျခဳံေရး တပ္ဖြဲ႕ဝင္ ႏွစ္ဦး ထပ္မံ ေသဆုံး သြားတယ္ လို႔ သတင္းေတြ ရရွိ ထားပါတယ္။

တနလၤာ ေန႔တုန္း ကလည္း အနည္းဆုံး ရိုဟင္ဂ်ာ မြတ္ဆလင္မ္ ရြာသား အနည္းဆုံး ၄ ဦး ေသဆုံး ခဲ့ပါတယ္။

အေျခအေနကို ထိန္းထိန္းသိမ္းသိမ္း ကိုင္တြယ္ၾကဖို႔ ဥေရာပ သမဂၢကလည္း တိုက္တြန္း ေနပါတယ္။

တကယ္လို႔ အစိုးရ နယ္ျခားေစာင့္ စခန္းေတြကို ရခိုင္ျပည္နယ္ အေျခစိုက္ ရိုဟင္ဂ်ာ အုပ္စု တစ္ခုက တိုက္ခိုက္ ခဲ့တာ ဆိုရင္ေတာ့ ကာလ ၾကာေညာင္း ခဲ့ၿပီျဖစ္တဲ့ ရခိုင္ ျပည္နယ္ အၾကပ္အတည္း ျပႆနာဟာ ပိုၿပီး အႏၲရာယ္ႀကီး လာတဲ့ အဆင့္ကို ကူးေျပာင္း ေရာက္ရွိသြားၿပီ လို႔ ေျပာရမွာ ျဖစ္တယ္ ဆိုၿပီး ဘီဘီစီ သတင္းေထာက္က ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC Burmese

#Unicode Version
အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကြဖို့ ဥရောပ သမဂ္ဂကလည်း တိုက်တွန်း
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က အစိုးရရဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင် တွေကို ဘယ်သူ ဘယ်ဝါတွေမှန်း မသိရတဲ့ လူတွေက တိုက်ခိုက်လာတဲ့ ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ အနေနဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပေါ် လာပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ အရပ်သားတွေ အသေအပျောက် ရှိနေတဲ့ အပေါ် အင်မတန် စိုးရိမ် မိတယ် လို့ ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် ဗီဂျေ နမ်ဘီးယား က ပြောဆို လိုက်ပါတယ်။

အခုလို အခြေအနေမျိုးမှာ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်မ် အသိုင်းအဝိုင်းတွေ အကြား အပြန်အလှန် အမုန်းထား ရန်လိုတဲ့ စကားမျိုးတွေ ပြောဆိုခြင်း အားဖြင့် သွေးဆူ အုံကြွ လာအောင် ပြုလုပ်တာမျိုး ကို ရှောင်ကြဉ် ကြဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူး အကြံပေး မစ္စတာ နမ်ဘီးယားက တိုက်တွန်း နေပါတယ်။

အခင်းဖြစ်ရာ နယ်မြေတွေမှာ လူမျိုးနွယ်စု နဲ့ ဘာသာတရား တို့ အပေါ် မူတည်လို့ ပစ်မှတ်ထား တုံ့ပြန် ကိုင်တွယ် တာမျိုး မလုပ်ပဲ၊ အင်အားသုံးစွဲ ဖြေရှင်း တာမျိုးကို အစွမ်းကုန် ထိန်းချုပ် လုပ်ကိုင် ပါ ဆိုပြီး တော့လည်း မစ္စတာ နမ်ဘီယာ က ပြောပါတယ်။

အပြစ်မဲ့ အရပ်သားတွေ ရဲ့ အသက်အိုးအိမ် စည်းစိမ် တွေ မထိခိုက် မဆုံးရှုံး စေဖို ဂရုတစိုက် ကိုင်တွယ်ပြီး၊ ဒေသခံတွေ အပေါ် ခြိမ်းခြောက် ရန်ပြုတာမျိုးတွေ မပြုလုပ် ကြဖို့ကိုလည်း အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင် တွေကို မစ္စတာ နမ်ဘီယာက တိုက်တွန်း ထားပါတယ်။

မြန်မာ အစိုးရကတော့ အခင်းဖြစ်ရာ ဒေသတွေဆီ နောက်ထပ် စစ်ကူ အင်အားတွေ စေလွှတ် နေပြီး၊ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်မ် အသိုင်းအဝိုင်း နှစ်ခုအကြား အခြေအနေဟာ တင်းမာ နေပါတယ်။

အောက်တိုဘာ ၁၁ ရက် အင်္ဂါနေ့က အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင် နှစ်ဦး ထပ်မံ သေဆုံး သွားတယ် လို့ သတင်းတွေ ရရှိ ထားပါတယ်။

တနင်္လာ နေ့တုန်း ကလည်း အနည်းဆုံး ရိုဟင်ဂျာ မွတ်ဆလင်မ် ရွာသား အနည်းဆုံး ၄ ဦး သေဆုံး ခဲ့ပါတယ်။

အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကြဖို့ ဥရောပ သမဂ္ဂကလည်း တိုက်တွန်း နေပါတယ်။

တကယ်လို့ အစိုးရ နယ်ခြားစောင့် စခန်းတွေကို ရခိုင်ပြည်နယ် အခြေစိုက် ရိုဟင်ဂျာ အုပ်စု တစ်ခုက တိုက်ခိုက် ခဲ့တာ ဆိုရင်တော့ ကာလ ကြာညောင်း ခဲ့ပြီဖြစ်တဲ့ ရခိုင် ပြည်နယ် အကြပ်အတည်း ပြဿနာဟာ ပိုပြီး အန္တရာယ်ကြီး လာတဲ့ အဆင့်ကို ကူးပြောင်း ရောက်ရှိသွားပြီ လို့ ပြောရမှာ ဖြစ်တယ် ဆိုပြီး ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top