Kantharyar Centre
×
၎/ထိုသူများက ဖယ်ရှားပေးခြင်း မပြုပဲ ခြိမ်းခြောက်မှူများ
(အသေးစိတ် သိရှိလိုပါက ကျိုက်ထိုရဲစခန်းတွင်စုံစမ်း မေးမြန်းနိုင်ပါသည်) " ( May Thu Fb)
Credit: 7 day daily
#Unicode Version
မွန်ပြည်နယ် ကျိုက်ထိုမြို့ နယ် ကင်မွန်းချောင်းနယ်မြေရဲ စခန်းတွင် ရုပ်ရှင်သရုပ်ဆောင် လွင်မိုးနှင့် အမျိုးသားနှစ်ဦးကို အောက်တိုဘာ ၁၄ ရက်က ပုဒ်မ လေးခုဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
အငြင်းပွားနေသော ကင်မွန်းချောင်းကျေးရွာရှိ မြေကွက်လပ် ၌ နေထိုင်လျက်ရှိသော ခြံစောင့်အလုပ်သမား အမျိုးသားသုံးဦးကို အောက်တိုဘာ ၁၃ ရက် တွင် လက်နက်ကိုင်လူတစ်စုက ရုပ်ရှင်သရုပ်ဆောင် လွင်မိုးနှင့် အမျိုးသားနှစ်ဦး၏ ခိုင်းစေမှုဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဆိုကာ ကျိုက်ထိုမြို့နယ် တရားရုံး၌ အမှုဖွင့်ထားခြင်းဖြစ်သည်။
ကော့မူခူလီမိတက် မန်နေ ဂျင်းဒါရိုက်တာ ဦးစောနေဗလုက တရားလိုပြုလုပ်၍ ကင်မွန်းချောင်း နယ်မြေရဲစခန်းတွင် ပုဒ်မ ၃၄၂ (မတရားချုပ်နှောင်ထားမှု အတွက် ပြစ်ဒဏ်)၊ ပုဒ်မ ၃၅၆ (တစ်ဦးတစ်ယောက်သောသူကို မတရားချုပ်နှောင်ထားရန် အားထုတ်ရာတွင် လက်ရောက်မှု ကျူးလွန်ခြင်း (သို့တည်းမဟုတ်) ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကို ပြုခြင်း၊ ပုဒ်မ ၁၁၄ (ပြစ်မှု ကျူးလွန်ရာတွင် အားပေးကူညီသူ ကိုယ်တိုင်ရှိနေခြင်း)၊ ပုဒ်မ ၃၄ (အကြံတစ်ခုကို အထမြောက် စေခြင်းငှာ တစ်ဦးထက်ပိုသော သူများပြုခြင်း)တို့ဖြင့် အမှုဖွင့် ထားသည်။ သို့သော် တရားလိုကို လည်း လက်နက်ကိုင်ဆောင်မှု ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
‘‘အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တရားလို ဦးစောနေဗလုက ကိုလွင်မိုးနဲ့ ကျန်တဲ့နှစ်ယောက်ကို အမှုလာဖွင့်ထားတယ်။ ကျွန် တော်တို့က ရဲအရေးပိုင်အမှုနဲ့ အမှုဖွင့်ထားပေးတယ်။ အဲဒီကိစ္စတွေကို ဂျာနယ်တွေမှာလည်း ဖော်ပြထားပေးတယ်။ တရားလို ကိုလည်း လက်နက်ကိုင်ဆောင်မှုနဲ့ တရားစွဲထားပါတယ်။ သူတို့ တရားရင်ဆိုင်နေရဆဲပါပဲ။ ကိုလွင်မိုးတို့ကလည်း ဥပဒေအတိုင်း ပြန်ဖြေရှင်းမယ်ဆိုတာ ပြောထားပြီးသားပါ’’ဟု သထုံ ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး နန္ဒဝင်းက ပြောသည်။
‘‘အဲဒါနဲ့ပတ်သက်ပြီး ဘာ ပြောချင်လဲဆိုတော့ ကိုယ်နဲ့တိုက် ရိုက်မပတ်သက်ဘူး။ အရင်ခြံရှင် နဲ့ပတ်သက်တဲ့ကိစ္စ၊ အခုလက်ရှိ တရားစွဲထားပါတယ်ဆိုတဲ့လူက လည်း လက်နက်မှုတွေနဲ့ အချုပ် ထဲရောက်နေပြီလေ။ အဲဒီတော့ ကိုယ့်အနေနဲ့ကတော့ တရားဥပ ဒေအတိုင်း ဆောင်ရွက်မှုလိုချင် တယ်။ ဒါပေမဲ့ ကိုယ်နဲ့တော့ တိုက်ရိုက် ပတ်သက်မှုမရှိဘူး။ တစ်ဖက်လူကတော့ ကိုယ့်နာမည် ကို အသုံးချပြီး တရားစွဲဆိုမှုတွေ လုပ်တဲ့အတွက်တော့ ဒါလေးက ကိုယ့်အတွက် တော်တော်လေးခံ ရခက်တယ်။ နောက်ပြီး ဒီလိုနေ ရာမျိုးမှာ ထင်တိုင်းကြဲပြီး လာ လုပ်ခွင့်ရနေတာကလည်း အစ်ကို တို့လို စီးပွားရေးတိုးချဲ့ဖို့ စဉ်းစား တဲ့သူတွေအတွက်လည်း ဒီလိုမျိုး တွေက နောက်ဆိုရင် ခေါင်းထဲ ထည့်ပြီး စဉ်းစားစရာဖြစ်လာတာ ပေါ့’’ဟု အဆိုပါကိစ္စနှင့် ပတ် သက်၍ လွင်မိုးက ပြောကြား သည်။
ထို့အပြင် လက်နက်များ၊ လူများနှင့် ဝင်ရောက်ဖမ်းဆီး သည်ဟု တိုင်တန်းသည့်အချက် နှင့်ပတ်သက်၍ လွင်မိုးက‘‘အစ်ကို့ မှာက လက်နက်နဲ့လူဆိုလို့ ရုပ်ရှင် ထဲက လူကြမ်းတွေပဲရှိတာ။ ကျန် တဲ့လူတော့မရှိဘူး’’ဟုပြောသည်။
အငြင်းပွားနေသည့် မြေနှစ် ဧကကို ၂၀၁၆ တွင် သရုပ်ဆောင် လွင်မိုးက ဝယ်ယူထားပြီး ကျူး ကျော်နေထိုင်သူများ ရှိနေသည် ဆိုကာ အောက်တိုဘာ ၁၂ ရက်က အမှုဖွင့်ထားကြောင်း သထုံ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သတ်ပြီး လွင်မိုး၏ဇနီးဖြစ်သူမှလည်း လူမှုကွန်ယက်ဖေ့စ်ဘုတ်တွင် အောက်ပါအတိုင်း ရှင်းလင်းထားပါသည် ။
"Online တွင်ဖြစ်ပေါ်နေသော သတင်းအားရှင်းပြရလျင်
၁/ ထိုကိစ္စသည်ကိုလွင်မိုးနှင့် ထိပ်တိုက်ဖြစ်ပွါးခဲ့ခြင်းမဟုတ်ပါ။
၂/ကိုလွင်မိုး ဝယ်ယူထားသော မြေကွက်ပေါ်တွင် လူတစ်စု
လာရောက်ကျုးကျော် ခြံခတ်ကာ အဖွဲ့အစည်း အလံထောင်ထားကြောင်း ရောင်းချပေးခဲ့သူက အကြောင်းကြားလာပါသည်။
၃/စာချုပ်ပါစည်းကမ်းချက်အတိုင်း ရောင်းချပေးခဲ့သူက
ရှင်းလင်းဆောင်ရွက်ပေးရမည် ဖြစ်၍ ထိုကျုးကျော်သူများအား ဖယ်ရှားပေးရန် မူလပိုင်ရှင်က အကြောင်းကြားပြီး
နယ်မြေခံ ရဲစခန်းအားလည်း အကြောင်းကြား ခဲ့ပါသည်။
၄/ထိုသူများက ဖယ်ရှားပေးခြင်း မပြုပဲ ခြိမ်းခြောက်မှူများ
ပြုလုပ်ခဲ့သည့်အတွက် ၊ မူလပိုင်ရှင်က အဖွဲ့အစည်းအား
အသိပေးတိုင်ကြားခဲ့ရာ အဖွဲ့အစည်းမှလူမဟုတ်ကြောင်း၊
အဖွဲ့အစည်း နာမည်ကို အလွဲသုံးစားလုပ်ကြောင်း ပေါ်ပေါက်ခဲ့သည့်အတွက်၊ BGF အဖွဲ့နှင့် နယ်မြေခံလုံခြုံရေး
အဖွဲ့တို့ပူးပေါင်း၍ ဝင်ရောက်ဖမ်းဆီးခဲ့ပါသည်။
၅/ထိုသို့ဖမ်းဆီးခဲ့ရာ တရားမဝင်လက်နက်များနှင့်တကွ
ဖမ်းဆီး ရမိခဲ့ပါသည်။ ထိုသူများအား BGF အဖွဲ့မှ
လိမ်လည်မှူ့ ၊ လက်နက်မှူများနှင့် တရားစွဲဆိုပြီး ကျိုက်ထို
ရဲစခန်းတွင် အပ်နှံထားပါသည်။
၆/ထိုကျုးကျော်သူများက ကိုလွင်မိုးကဝင်ရောက်ဖမ်းဆီး
သည်ဟု လိမ်လည်တိုင်တန်းထားခြင်းဖြစ်ပါသည်။
(အသေးစိတ် သိရှိလိုပါက ကျိုက်ထိုရဲစခန်းတွင်စုံစမ်း မေးမြန်းနိူင်ပါသည်) " ( May Thu Fb)
ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top