Property Expo
×


ဖိလစ္ပိုင္တြင္ မူးယစ္ေဆးဝါး ေမွာင္ခိုဂိုဏ္းမ်ားကို ရက္စက္ၾကမ္းတမ္းစြာ တိုက္ဖ်က္ေနမႈအေပၚ ေဝဖန္ခဲ့သည့္ အေမရိကန္ သမၼတ ဘာရတ္ အိုဘားမား အေနျဖင့္ ငရဲတြင္ သြားေနသင့္ေၾကာင္း ဖိလစ္ပိုင္ သမၼတ ႐ိုဒရီဂို ဒူတာေတးက ေျပာၾကားလိုက္သည္။
ႏႈတ္ဖြာၿပီး စကားကို စည္းလြတ္ဝါးလြတ္ ေျပာဆိုတတ္သူ တစ္ဦးအျဖစ္ နာမည္ဆိုး ထြက္ေနသည့္ ဒူတာေတးသည္ အိုဘားမားႏွင့္ ပတ္သက္ၿပီး ဒုတိယအႀကိမ္ေျမာက္ ၾကမ္းၾကမ္းတမ္းတမ္း ေျပာဆိုျခင္းလည္း ျဖစ္သည္။ ၎သည္ ယခင္ကလည္း အိုဘားမားကို မိန္းမပ်က္သားဟု လူသိရွင္ၾကား ဆဲေရးဖူးသည္။

ဒူတာေတး လက္ထက္တြင္ မူးယစ္ေဆးဝါး ေမွာင္ခုိဂိုဏ္းမ်ားကို ရက္စက္ၾကမ္းတမ္းသည့္ နည္းလမ္းမ်ားျဖင့္ ႏွိမ္နင္းရာ လူေပါင္းမ်ားစြာ ေသေၾကခဲ့ျခင္းအေပၚ အိုဘားမားက ေဝဖန္ခဲ့သည့္ေနာက္ ဒူတာေတးက “က်ဳပ္တို႔ကို ကူညီရမယ့္အစား လာၿပီး ေဝဖန္ေရး လုပ္ေနတယ္။ ဒီေတာ့ ငရဲသာ သြားလုိက္ေတာ့ မစၥတာ အိုဘားမား။ ငရဲကို သြားလုိက္ေတာ့”ဟု ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ဖိလစ္ပိုင္ႏွင့္ အေမရိကန္တုိ႔သည္ မဟာမိတ္ဆန္ေသာ ဆက္ဆံေရးမ်ိဳး တည္ေထာင္ထားသည့္တိုင္ ဒူတာေတး လက္ထက္တြင္ ႏွစ္ႏုိင္ငံ ဆက္ဆံေရးမွာ ေအးခဲမႈမ်ား ျဖစ္ေပၚလာသည္။ ဒူတာေတးကမူ “က်ဳပ္လက္ထက္မွာ ဖိလစ္ပိုင္ဟာ အေမရိကန္နဲ႔ အဆက္ျဖတ္ၿပီး ႐ုရွား၊ တ႐ုတ္တို႔နဲ႔ သြားေပါင္းတာမ်ိဳး ျဖစ္ေကာင္း ျဖစ္သြားလိမ့္မယ္”ဟုလည္း ေအာက္တိုဘာ ၄ ရက္တြင္ ၿခိမ္းေျခာက္မႈဆန္ဆန္ မွတ္ခ်က္ေပးခဲ့ေသးသည္။

ဒူတာေတးက အေမရိကန္သည္ ဖိလစ္ပိုင္အတြက္ လိုအပ္သည့္ လက္နက္မ်ား ေရာင္းခ်ေပးရန္ ဆက္လက္ ျငင္းဆန္ေနပါက ႐ုရွားထံမွ ဝယ္ယူမည္သာ ျဖစ္သည္ဟုလည္း ဆိုသည္။ “ခင္ဗ်ားက လက္နက္မေရာင္းခ်င္ဘူး ဆိုပါစို႔။ ရတယ္ေလ။ ႐ုရွားဆီ သြားဝယ္မွာေပါ့။ ႐ုရွားကို ကၽြန္ေတာ့္ ဗိုလ္ခ်ဳပ္ေတြ ပို႔ေပးမွာေပါ့။ အဲဒီက်ရင္ ႐ုရွားကလည္း ‘ဘာမွ စိတ္မပူနဲ႔။ လိုတာမွန္သမွ် ရေစမယ္’ဆိုၿပီး ဝမ္းေျမာက္ဝမ္းသာ အေၾကာင္းျပန္မွာပဲ”ဟု ဒူတာေတးက ေျပာၾကားခဲ့သည္။

ဖိလစ္ပိုင္၏ မူးယစ္ေဆးဝါး ေမွာင္ခိုမႈ တိုက္ဖ်က္ေရး လုပ္ငန္းမ်ားကို ဥေရာပ သမဂၢကလည္း ေဝဖန္ခဲ့ရာ ယင္းႏွင့္ပတ္သက္ၿပီး ဒူတာေတးက “သူတို႔ကေတာ့ ငရဲထက္ဆိုးတဲ့ ေၾကးခၽြတ္သန္႔စင္ဘံုကို ေရာက္သြားတာ ပိုသင့္ေတာ္လိမ့္မယ္။ ငရဲမွာက လူျပည့္ေနေလာက္ၿပီ”ဟု တံု႔ျပန္သြားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

 ဖိလစ်ပိုင်တွင် မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများကို ရက်စက်ကြမ်းတမ်းစွာ တိုက်ဖျက်နေမှုအပေါ် ဝေဖန်ခဲ့သည့် အမေရိကန် သမ္မတ ဘာရတ် အိုဘားမား အနေဖြင့် ငရဲတွင် သွားနေသင့်ကြောင်း ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက ပြောကြားလိုက်သည်။

နှုတ်ဖွာပြီး စကားကို စည်းလွတ်ဝါးလွတ် ပြောဆိုတတ်သူ တစ်ဦးအဖြစ် နာမည်ဆိုး ထွက်နေသည့် ဒူတာတေးသည် အိုဘားမားနှင့် ပတ်သက်ပြီး ဒုတိယအကြိမ်မြောက် ကြမ်းကြမ်းတမ်းတမ်း ပြောဆိုခြင်းလည်း ဖြစ်သည်။ ၎င်းသည် ယခင်ကလည်း အိုဘားမားကို မိန်းမပျက်သားဟု လူသိရှင်ကြား ဆဲရေးဖူးသည်။

ဒူတာတေး လက်ထက်တွင် မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများကို ရက်စက်ကြမ်းတမ်းသည့် နည်းလမ်းများဖြင့် နှိမ်နင်းရာ လူပေါင်းများစွာ သေကြေခဲ့ခြင်းအပေါ် အိုဘားမားက ဝေဖန်ခဲ့သည့်နောက် ဒူတာတေးက “ကျုပ်တို့ကို ကူညီရမယ့်အစား လာပြီး ဝေဖန်ရေး လုပ်နေတယ်။ ဒီတော့ ငရဲသာ သွားလိုက်တော့ မစ္စတာ အိုဘားမား။ ငရဲကို သွားလိုက်တော့”ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်နှင့် အမေရိကန်တို့သည် မဟာမိတ်ဆန်သော ဆက်ဆံရေးမျိုး တည်ထောင်ထားသည့်တိုင် ဒူတာတေး လက်ထက်တွင် နှစ်နိုင်ငံ ဆက်ဆံရေးမှာ အေးခဲမှုများ ဖြစ်ပေါ်လာသည်။ ဒူတာတေးကမူ “ကျုပ်လက်ထက်မှာ ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့ အဆက်ဖြတ်ပြီး ရုရှား၊ တရုတ်တို့နဲ့ သွားပေါင်းတာမျိုး ဖြစ်ကောင်း ဖြစ်သွားလိမ့်မယ်”ဟုလည်း အောက်တိုဘာ ၄ ရက်တွင် ခြိမ်းခြောက်မှုဆန်ဆန် မှတ်ချက်ပေးခဲ့သေးသည်။

ဒူတာတေးက အမေရိကန်သည် ဖိလစ်ပိုင်အတွက် လိုအပ်သည့် လက်နက်များ ရောင်းချပေးရန် ဆက်လက် ငြင်းဆန်နေပါက ရုရှားထံမှ ဝယ်ယူမည်သာ ဖြစ်သည်ဟုလည်း ဆိုသည်။ “ခင်ဗျားက လက်နက်မရောင်းချင်ဘူး ဆိုပါစို့။ ရတယ်လေ။ ရုရှားဆီ သွားဝယ်မှာပေါ့။ ရုရှားကို ကျွန်တော့် ဗိုလ်ချုပ်တွေ ပို့ပေးမှာပေါ့။ အဲဒီကျရင် ရုရှားကလည်း ‘ဘာမှ စိတ်မပူနဲ့။ လိုတာမှန်သမျှ ရစေမယ်’ဆိုပြီး ဝမ်းမြောက်ဝမ်းသာ အကြောင်းပြန်မှာပဲ”ဟု ဒူတာတေးက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်၏ မူးယစ်ဆေးဝါး မှောင်ခိုမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ဥရောပ သမဂ္ဂကလည်း ဝေဖန်ခဲ့ရာ ယင်းနှင့်ပတ်သက်ပြီး ဒူတာတေးက “သူတို့ကတော့ ငရဲထက်ဆိုးတဲ့ ကြေးချွတ်သန့်စင်ဘုံကို ရောက်သွားတာ ပိုသင့်တော်လိမ့်မယ်။ ငရဲမှာက လူပြည့်နေလောက်ပြီ”ဟု တုံ့ပြန်သွားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top