Property Expo
×


နယ္သာလန္ႏိုင္ငံမွ De heus ကုမၸဏီသည္ ေမွာ္ဘီၿမိဳ႕ရွိ ေျမာင္းတကာစက္မႈဇုန္တြင္ ႏွစ္စဥ္ တိရစၧာန္အစာ တန္ခ်ိန္ ၁၂၀,၀၀၀ ထုတ္လုပ္ရန္ ရည္ရြယ္ထားေသာ စက္႐ံုအတြက္ ယူ႐ို ၁၀ သန္း ရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း သတင္းရရွိသည္။


အဆိုပါကုမၸဏီသည္ စက္ တင္ဘာက စတင္လည္ပတ္ေန ၿပီျဖစ္ၿပီး ကမၻာတစ္ဝန္း၌ စက္​႐ံု ေပါင္း ၄၆ ႐ံုရွိကာ ေရေၾကာင္း ျဖင့္ အဓိကထားသယ္ယူပို႔ေဆာင္ ေနေၾကာင္း ကုမၸဏီ မန္ေနဂ်င္း ဒါ႐ိုက္တာ မစၥတာဂ်ဳိဟန္က ေျပာၾကားသည္။

‘‘အခု ကြၽန္ေတာ္တို႔စက္႐ံုကုိ လိႈင္ျမစ္ေဘးမွာ တည္ထားတယ္။ ျမစ္ေၾကာင္းကို အသံုးျပဳၿပီး တစ္ ႏိုင္ငံလံုးကို အဓိကျဖန္႔ဖို႔ စီစဥ္ေန တယ္။ စက္႐ံုကို နယ္သာလန္က နည္းစနစ္အတုိင္း အစာစပ္ၿပီး အဓိကကုန္ၾကမ္းျဖစ္တဲ့ ေျပာင္း ကို ျမန္မာက ဝယ္တယ္’’ဟု အေရာင္းမန္ေနဂ်ာ ေဒါက္တာ ေအးေမာင္စံက ေျပာသည္။

ျမန္မာႏိုင္ငံရွိ ေမြးျမဴေရး လုပ္ငန္းရွင္မ်ားသည္ တိရစၧာန္ အစာမ်ားကို ဗီယက္နမ္ႏိုင္ငံမွ တင္သြင္းကာ အသံုးျပဳေနရာမွ ျပည္တြင္းတြင္ စက္႐ံုတည္ေထာင္ထားသျဖင့္ အဆင္ေျပစြာ ဝယ္ယူအသံုးျပဳႏုိင္ၿပီျဖစ္ေၾကာင္း ထန္းတပင္ၿမိဳ႕နယ္ေန ဝက္ေမြးျမဴေရးလုပ္ငန္းရွင္ ဦးလိႈင္ျမင့္ဦးက ေျပာသည္။

‘‘သူတို႔ကုမၸဏီအစာကို သံုး ေနတာ သံုးႏွစ္ေက်ာ္ၿပီ။ အရင္က ေတာ့ ဗီယက္နမ္က ကြန္တိန္နာနဲ႔ သြင္းၿပီး ေထာက္ၾကန္႔က ဂိုေဒါင္ မွာထားတာ ဝယ္သံုးရတယ္။ အခု ဒီမွာ စက္႐ံုေဆာက္ေတာ့ အရည္အေသြးမေျပာင္းဘူး။ ဝယ္ သံုးရတာ လြယ္ကူတာေပါ့’’ဟု ဦးလိႈင္ျမင့္ဦးက ေျပာသည္။

ေမြးျမဴေရးလုပ္ငန္းသည္ ႏွစ္စဥ္ တိုးတက္မႈ ျမင့္မားေန သျဖင့္ တိရစၧာန္အစာ လိုအပ္ခ်က္ ျဖည့္ဆည္းႏိုင္ေရး ျပည္ပႏိုင္ငံမ်ားက လာေရာက္ရင္းႏွီးျမႇဳပ္ႏွံ ရန္ စိတ္ဝင္စားမႈ ျမင့္တက္ေန ေၾကာင္း ျမန္မာႏိုင္ငံ ေမြးျမဴေရး လုပ္ငန္းအဖြဲ႕ခ်ဳပ္ အႀကီးတန္းအႀကံေပး ေဒါက္တာသန္းလွက ေျပာသည္။

‘‘ႏိုင္ငံျခားက လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံခ်င္သူေတြက ေငြေပၚတဲ့ အစာလုပ္ငန္းမွာ လာခ်င္သူ မ်ားတယ္။ ေမြးျမဴေရးအစာ စက္႐ံုနဲ႔ ၾကက္ေပါက္ထုတ္တဲ့ လုပ္ငန္းမွာ ႏိုင္ငံျခားက ရင္းႏွီး ျမႇဳပ္ႏွံတဲ့ ကုမၸဏီေျခာက္ခုမွာ အစာစက္႐ံု တည္တာငါးခုတည္ပါတယ္’’ဟု ေဒါက္တာသန္းလွကေျပာသည္။

ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ ႏွံမႈျပဳလုပ္ႏိုင္ရန္ နယ္သာလန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ယူ႐ို ၂ ဒသမ ၅ သန္း ေထာက္ပံ့ကူညီ ထားၿပီး ၾကက္၊ ဘဲ၊ ဝက္၊ငံုးႏွင့္ ႏြားမ်ားအတြက္ ႏွစ္စဥ္အစာတန္ခ်ိန္ ၁၂၀,၀၀၀ ထုတ္လုပ္ရာမွ တန္ခ်ိန္ ၂၄၀,၀၀၀ အထိ ထုတ္လုပ္ႏိုင္ရန္ ရည္မွန္းထားေၾကာင္း အေရာင္းမန္ေနဂ်ာ ေဒါက္တာေအးေမာင္စံက ေျပာၾကားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 နယ်သာလန်နိုင်ငံမှ De heus ကုမ္ပဏီသည် မှော်ဘီမြို့ရှိ မြောင်းတကာစက်မှုဇုန်တွင် နှစ်စဉ် တိရစ္ဆာန်အစာ တန်ချိန် ၁၂၀,၀၀၀ ထုတ်လုပ်ရန် ရည်ရွယ်ထားသော စက်ရုံအတွက် ယူရို ၁၀ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သတင်းရရှိသည်။


အဆိုပါကုမ္ပဏီသည် စက် တင်ဘာက စတင်လည်ပတ်နေ ပြီဖြစ်ပြီး ကမ္ဘာတစ်ဝန်း၌ စက်ရုံ ပေါင်း ၄၆ ရုံရှိကာ ရေကြောင်း ဖြင့် အဓိကထားသယ်ယူပို့ဆောင် နေကြောင်း ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ မစ္စတာဂျိုဟန်က ပြောကြားသည်။

‘‘အခု ကျွန်တော်တို့စက်ရုံကို လှိုင်မြစ်ဘေးမှာ တည်ထားတယ်။ မြစ်ကြောင်းကို အသုံးပြုပြီး တစ် နိုင်ငံလုံးကို အဓိကဖြန့်ဖို့ စီစဉ်နေ တယ်။ စက်ရုံကို နယ်သာလန်က နည်းစနစ်အတိုင်း အစာစပ်ပြီး အဓိကကုန်ကြမ်းဖြစ်တဲ့ ပြောင်း ကို မြန်မာက ဝယ်တယ်’’ဟု အရောင်းမန်နေဂျာ ဒေါက်တာ အေးမောင်စံက ပြောသည်။

မြန်မာနိုင်ငံရှိ မွေးမြူရေး လုပ်ငန်းရှင်များသည် တိရစ္ဆာန် အစာများကို ဗီယက်နမ်နိုင်ငံမှ တင်သွင်းကာ အသုံးပြုနေရာမှ ပြည်တွင်းတွင် စက်ရုံတည်ထောင်ထားသဖြင့် အဆင်ပြေစွာ ဝယ်ယူအသုံးပြုနိုင်ပြီဖြစ်ကြောင်း ထန်းတပင်မြို့နယ်နေ ဝက်မွေးမြူရေးလုပ်ငန်းရှင် ဦးလှိုင်မြင့်ဦးက ပြောသည်။

‘‘သူတို့ကုမ္ပဏီအစာကို သုံး နေတာ သုံးနှစ်ကျော်ပြီ။ အရင်က တော့ ဗီယက်နမ်က ကွန်တိန်နာနဲ့ သွင်းပြီး ထောက်ကြန့်က ဂိုဒေါင် မှာထားတာ ဝယ်သုံးရတယ်။ အခု ဒီမှာ စက်ရုံဆောက်တော့ အရည်အသွေးမပြောင်းဘူး။ ဝယ် သုံးရတာ လွယ်ကူတာပေါ့’’ဟု ဦးလှိုင်မြင့်ဦးက ပြောသည်။

မွေးမြူရေးလုပ်ငန်းသည် နှစ်စဉ် တိုးတက်မှု မြင့်မားနေ သဖြင့် တိရစ္ဆာန်အစာ လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေး ပြည်ပနိုင်ငံများက လာရောက်ရင်းနှီးမြှုပ်နှံ ရန် စိတ်ဝင်စားမှု မြင့်တက်နေ ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် အကြီးတန်းအကြံပေး ဒေါက်တာသန်းလှက ပြောသည်။

‘‘နိုင်ငံခြားက လာရောက် ရင်းနှီးမြှုပ်နှံချင်သူတွေက ငွေပေါ်တဲ့ အစာလုပ်ငန်းမှာ လာချင်သူ များတယ်။ မွေးမြူရေးအစာ စက်ရုံနဲ့ ကြက်ပေါက်ထုတ်တဲ့ လုပ်ငန်းမှာ နိုင်ငံခြားက ရင်းနှီး မြှုပ်နှံတဲ့ ကုမ္ပဏီခြောက်ခုမှာ အစာစက်ရုံ တည်တာငါးခုတည်ပါတယ်’’ဟု ဒေါက်တာသန်းလှကပြောသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံမှုပြုလုပ်နိုင်ရန် နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးဌာနက ယူရို ၂ ဒသမ ၅ သန်း ထောက်ပံ့ကူညီ ထားပြီး ကြက်၊ ဘဲ၊ ဝက်၊ငုံးနှင့် နွားများအတွက် နှစ်စဉ်အစာတန်ချိန် ၁၂၀,၀၀၀ ထုတ်လုပ်ရာမှ တန်ချိန် ၂၄၀,၀၀၀ အထိ ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း အရောင်းမန်နေဂျာ ဒေါက်တာအေးမောင်စံက ပြောကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top