Property Expo
×
ရှေးအခါက ဟတ်ဆန်လို့ခေါ်တဲ့ ဆရာကြီးတစ်ဦးရှိခဲ့တယ်။ တစ်နေ့ သူသေဆုံးခါနီးမှာ လူတစ်ယောက်က “ဆရာကြီးခင်ဗျား … ဆရာကြီးရဲ့ ဆရာက ဘယ်သူပါလဲ”လို့ မေးလိုက်တယ်။
အဲဒီအခါ သူက “အခုတော့ နောက်ကျသွားပြီ၊ ငါက သေတော့မယ်၊ ပြောဖို့ အချိန်မရှိတော့ဘူး”လို့ ဖြေတယ်။ ဒါပေမဲ့ မေးသူက လက်မလျှော့ဘူး။ “နာမည်လေးပဲ ပြောပါ၊ ရပါတယ်၊ ဆရာကြီးက အသက်ရှင်နေပါသေးတယ်၊ အသက်လည်း ရှူနေသေးတယ်၊ စကားလည်း ပြောနေပါသေးတယ်၊ နာမည်လေးတော့ ပြောနိုင်မှာပါ”လို့ ဆိုပြန်တယ်။
“ဒါက ပြောဖို့ မလွယ်ဘူး၊ ဘာလို့လဲဆိုတော့ ငါ့မှာ ဆရာတွေက ထောင်သောင်းချီရှိတယ်၊ နာမည်လေးပဲ ပြောရင်တောင် လတွေ နှစ်တွေချီပြီး ကြာလိမ့်မယ်”လို့ ဆရာကြီးက ပြောလိုက်တယ်။ ဒါပေမဲ့ မေးသူက နောက်မဆုတ်ဘူး။ “ဒါဆိုရင် ဆရာကြီးရယ် … သုံးယောက်လောက်တော့ ပြောပြပါ”လို့ဆိုပြန်တယ်။
ငါလည်း တစ်ညလောက်တည်းခိုဖို့ ဘယ်မှာ ရနိုင်မလဲလို့ မေးလိုက်တာပေါ့။ ဒီတော့ သူက ကျွန်ုပ်က သူခိုးတစ်ယောက်ပါ။ သင်က သူတော်စင်ဆရာကြီးတစ်ဦးနဲ့တူတယ်နော်၊ သင်ရဲ့ အဝတ်အစားနဲ့ အနေအထားကို ကြည့်တာနဲ့ သိပါတယ်၊ အင်း … ဒီည တည်းခိုဖို့တော့ ဘယ်မှာမှ မရနိုင်တော့ဘူး။ ဒါပေမဲ့ သင်သာ သူခိုးတစ်ယောက်နဲ့ အတူနေနိုင်မယ်ဆိုရင် ကျွန်ုပ်အိမ်မှာ လိုက်နေပါလို့ ပြောတယ်။
သူက သူခိုးဆိုပေမဲ့ အရမ်းခင်မင်စရာကောင်းပါတယ်။ အဲဒီမှာ ညတိုင်းညတိုင်း ငါ့ကို လာပြောတဲ့စကားရှိတယ်။ အဲဒါကတော့ “ကဲ အခု ကျွန်ုပ် အလုပ်သွားပါတော့မယ်၊ ကောင်းကောင်းအနားယူလိုက်ပါဦး၊ တရားထိုင်၊ ဆုတောင်း၊ သင်လည်း သင့်အလုပ် သင်လုပ်နေပေါ့”လို့ ပြောတာပါ။ သူ ပြန်လာပြီဆိုရင်လည်း ငါက “ဒီနေ့ည ဘာတွေ ရခဲ့လဲ”လို့ မေးတတ်တယ်။
“အင်း … မနက်ဖြန် ထပ်ကြိုးစားလိုက်ပါဦးမယ်၊ မနက်ဖြန်ကျရင်တော့ အဆင်ပြေသွားမှာပါ၊ ကျွန်ုပ်ကိုလည်း ဆုတောင်းပေးပေါ့၊ ဒီလောက်သနားစရာလူကို အကူအညီပေးဖို့ မြတ်စွာဘုရားထံ ဆုတောင်းပေးပေါ့”
လို့ ပြောလေ့ရှိတယ်။
ဒါနဲ့ တစ်နေ့မှာတော့ ငါဟာ သူခိုးပြောခဲ့တာလေးတွေကို သွားအမှတ်ရမိတယ်။ “မနက်ဖြန်ကျရင်တော့ အရာရာ အဆင်ပြေသွားမှာပါ”ဆိုတဲ့ စကားလေးပါ။
ဒီလိုနဲ့ ငါ တစ်ရက်ထပ်ပြီး ကြိုးစားကြည့်လိုက်တယ်။ သူခိုးလိုလူမှာတောင်မှ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ ပြည့်ဝနေသေးရင် ငါလည်း အနည်းဆုံးတော့ တစ်ရက်လောက် ထပ်ကြိုးစားကြည့်သင့်တယ်ပေါ့လေ။ ဒါပေမဲ့ တစ်ရက်ကြိုးစားလိုက်တယ်။ မရဘူး။ ဒါပေမဲ့ သူခိုးပြောသလို မနက်ဖြန်တော့ ရမှာပါ၊ ထပ်ကြိုးစားကြည့်တာပေါ့ဆိုတဲ့စကားလေးကို ကြားယောင်ပြီး တစ်ရက်ပြီးတစ်ရက် ယုံကြည်ချက်တွေနဲ့ ဆက်လက်ကြိုးစားဖြစ်ခဲ့တယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ ငါ လိုချင်တဲ့ တရားထူးကို ရရှိလာခဲ့တယ်။ တရားထူးရလိုက်တာနဲ့ ငါ ရှိတဲ့နေရာကနေ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ သူခိုးရှိရာအရပ်ကို မှန်းဆပြီး ငါ ဒူးတုပ်အရိုအသေပြုလိုက်တယ်။ အဲဒီသူခိုးဟာ ငါ့ရဲ့ ပထမဆုံးဆရာသခင်ပါပဲ။
ဒါနဲ့ သူဟာ ရေထဲကို ခုန်ချပစ်လိုက်တယ်။ သူ ခုန်ချလိုက်တော့ နောက်ခွေးတစ်ကောင်လို့ ထင်တဲ့အရာက ပျောက်ကွယ်သွားတာပေါ့။ သူဟာ ရေကို အဝသောက်တယ်။ ရေကူးတယ်။ ရာသီဥတုကလည်း နွေရာသီကိုး။ ဒါကို ငါက ကြည့်နေခဲ့တယ်။ ငါ အသိတစ်ခု ရလိုက်တယ်။ တစ်ခုခုကို သိပ်ကြောက်နေရင် အဲဒီထဲကို ခုန်ချပစ်လိုက်ဖို့ဆိုတဲ့ အသိအမြင်ပဲ။
ငါ တရားအားထုတ်တော့ အသိရခက်တဲ့ နက်နဲတဲ့ သိမှုနယ်ပယ်ရဲ့အလွန် (မသိမှုနယ်ပယ်)ကို ရောက်တော့မယ်ဆိုတာကို ငါ သိတယ်။ မြင်တယ်။ ဒါပေမဲ့ အဲဒီအခါတိုင်းမှာ ခွေးက သူ့အရိပ်သူ ကြောက်နေသလို ငါလည်း ကြောက်ခဲ့တယ်။ အဲဒီနယ်ပယ်ကို သွားဖို့ တည်းတည်းလေးပဲ ရှိတော့တာ။ ဒါပေမဲ့ ကြောက်အားလန့်အားနဲ့ နောက်ပြန်ဆုတ်ပစ်ခဲ့တယ်။ နောက်ပိုင်းမှာ ငါ ခွေးရဲ့ဖြစ်ပုံလေးကို သွားသတိရမိတယ်။ ခွေးတောင်မှ အကြောက်တရားကို ဖြေရှင်းနိုင်သေးတာ ငါက ဘာကြောင့် မဖြေရှင်းနိုင်ရမှာလဲ။ ဒါနဲ့ တစ်နေ့မှာ မသိမှုနယ်ပယ်ထဲကို ခုန်ချပစ်လိုက်တယ်။ ခုန်ချလိုက်တာနဲ့ မသိမှုနယ်ပယ်က ပျောက်ကွယ်ပြီး နောက်မှာ ကျန်ရစ်နေခဲ့တော့တယ်။ ဒါကြောင့် ခွေးက ငါ့ရဲ့ ဒုတိယဆရာသခင်ပါ။
(၂)
အထက်ပါဇာတ်လမ်းလေးကို ဖတ်ပြီး အဲဒီဆရာကြီးလို စိတ်ထားမျိုးရှိရင် တစ်လောကလုံး ဆရာတွေချည်းပါပဲလား။ ရိုးသားခြင်း၊ နှိမ်ချခြင်း၊ အကောင်းမြင်ခြင်း … ဒါတွေက လူ့လောကကြီးကို သာယာလှပစေပါလားဆိုတာ နားလည်မိတယ်။
(၃)
ဆရာကြီးရဲ့ လေးစားကြည်ညိုဖွယ်စိတ်ဓာတ်အပြင် သူခိုး နေ့စဉ်ပြောလေ့ရှိတဲ့ “မနက်ဖြန်ကျရင်တော့ အရာရာ အဆင်ပြေသွားမှာပါ”ဆိုတဲ့ စကားလေးကလည်း နားထဲမှာ စွဲကျန်နေရစ်တယ်။
မနက်ဖြန်ကျရင် အဆင်ပြေမယ်လို့ ယုံကြည်နေတဲ့စိတ်က နေ့သစ်တိုင်းအတွက် အားအင်တွေ ဖြစ်နေမှာ အသေအချာပါပဲ။ မနက်ဖြန်တွေကို မကြောက်ဖို့၊ မနက်ဖြန်တိုင်းမှာ ကိုယ့်အတွက် ပျော်ရွှင်ခြင်းတွေ ရှိနေတယ်ဆိုတာကို ယုံကြည်လိုက်ဖို့ပါ။
မနက်ဖြန်တိုင်းအတွက် မျှော်လင့်ခြင်းလေးတွေကိုယ်စီ ရှိနေကြမယ်ဆိုရင် ဘဝမှာ တွေဝေနေစရာ ဘာများ ရှိဦးမလဲ။
မူရင်းဇာတ်လမ်း – အိုးရှိုး
Credit:အရှင်ကုသလသာမိ(အတည်မဲ့)
#Unicode Version
ရှေးအခါက ဟတ်ဆန်လိုု့ခေါ်တဲ့ ဆရာကြီးတစ်ဦးရှိခဲ့တယ်။ တစ်နေ့ သူသေဆုံုးခါနီးမှာ လူတစ်ယောက်က “ဆရာကြီးခင်ဗျား … ဆရာကြီးရဲ့ ဆရာက ဘယ်သူပါလဲ”လိုု့ မေးလိုုက်တယ်။
အဲဒီအခါ သူက “အခုုတော့ နောက်ကျသွားပြီ၊ ငါက သေတော့မယ်၊ ပြောဖိုု့ အချိန်မရှိတော့ဘူး”လိုု့ ဖြေတယ်။ ဒါပေမဲ့ မေးသူက လက်မလေ ျှာ့ဘူး။ “နာမည်လေးပဲ ပြောပါ၊ ရပါတယ်၊ ဆရာကြီးက အသက်ရှင်နေပါသေးတယ်၊ အသက်လည်း ရှူနေသေးတယ်၊ စကားလည်း ပြောနေပါသေးတယ်၊ နာမည်လေးတော့ ပြောနိုုင်မှာပါ”လိုု့ ဆိုုပြန်တယ်။
“ဒါက ပြောဖိုု့ မလွယ်ဘူး၊ ဘာလိုု့လဲဆိုုတော့ ငါ့မှာ ဆရာတွေက ထောင်သောင်းချီရှိတယ်၊ နာမည်လေးပဲ ပြောရင်တောင် လတွေ နှစ်တွေချီပြီး ကြာလိမ့်မယ်”လိုု့ ဆရာကြီးက ပြောလိုုက်တယ်။ ဒါပေမဲ့ မေးသူက နောက်မဆုုတ်ဘူး။ “ဒါဆိုုရင် ဆရာကြီးရယ် … သုံုးယောက်လောက်တော့ ပြောပြပါ”လိုု့ဆိုုပြန်တယ်။
ဒါနဲ့ ဆရာကြီးက “ကဲ … ဒါဆိုုလည်း ငါ ပြောပြမယ်၊ ငါ့ရဲ့ ပထမဆုံုးဆရာကတော့ သူခိုုးတစ်ယောက်ကွဲ့၊ တစ်ခါတုုန်းက ငါဟာ ကန္တာရထဲမှာ လမ်းပျောက်သွားတယ်။ ဒီလိုုနဲ့ ခြေဦးတည့်ရာသွားရင်း ရွာတစ်ရွာကိုု ရောက်သွားတယ်။ ငါရောက်တဲ့အချိန်က နောက်ကျနေတော့ ဆိုုင်တွေလည်း အကုုန်ပိတ်နေပြီ။ တည်းခိုုခန်းတွေလည်း ပိတ်ကုုန်ပြီ။ လမ်းမပေါ်မှာ လူတစ်ယောက်မှ မတွေ့တော့ဘူး။ ငါလည်း လူတစ်ယောက်တလေများ တွေ့မလားလိုု့ လိုုက်ရှာတာပေါ့။ တစ်နေရာမှာ အိမ်တစ်အိမ်ကိုု မြေအောက်ကနေ ဖောက်ထွင်းဝင်ဖိုု့ ကျင်းတူးနေတဲ့လူတစ်ယောက်ကိုု တွေ့ခဲ့တယ်။
ငါလည်း တစ်ညလောက်တည်းခိုုဖိုု့ ဘယ်မှာ ရနိုုင်မလဲလိုု့ မေးလိုုက်တာပေါ့။ ဒီတော့ သူက ကျွန်ုုပ်က သူခိုုးတစ်ယောက်ပါ။ သင်က သူတော်စင်ဆရာကြီးတစ်ဦးနဲ့တူတယ်နော်၊ သင်ရဲ့ အဝတ်အစားနဲ့ အနေအထားကိုု ကြည့်တာနဲ့ သိပါတယ်၊ အင်း … ဒီည တည်းခိုုဖိုု့တော့ ဘယ်မှာမှ မရနိုုင်တော့ဘူး။ ဒါပေမဲ့ သင်သာ သူခိုုးတစ်ယောက်နဲ့ အတူနေနိုုင်မယ်ဆိုုရင် ကျွန်ုုပ်အိမ်မှာ လိုုက်နေပါလိုု့ ပြောတယ်။
ခဏတော့ ငါလည်း တွေဝေသွားတယ်။ နောက်တော့လည်း ပြန်တွေးလိုုက်တယ်။ သူခိုုးကတောင်မှ ငါ့ကိုု မကြောက်ရင် ငါလိုုလူက သူခိုုးကိုု ဘာဖြစ်လိုု့ ကြောက်နေသင့်သလဲပေါ့။ တကယ်တော့ သူဟာ ငါ့ကိုု ကြောက်သင့်တာလေ။ ဒီလိုုနဲ့ ငါလည်း သူခိုုးနဲ့လိုုက်သွားပြီး သူ့အိမ်မှာ တစ်လလောက် နေဖြစ်သွားတယ်။
သူက သူခိုုးဆိုုပေမဲ့ အရမ်းခင်မင်စရာကောင်းပါတယ်။ အဲဒီမှာ ညတိုုင်းညတိုုင်း ငါ့ကိုု လာပြောတဲ့စကားရှိတယ်။ အဲဒါကတော့ “ကဲ အခုု ကျွန်ုုပ် အလုုပ်သွားပါတော့မယ်၊ ကောင်းကောင်းအနားယူလိုုက်ပါဦး၊ တရားထိုုင်၊ ဆုုတောင်း၊ သင်လည်း သင့်အလုုပ် သင်လုုပ်နေပေါ့”လိုု့ ပြောတာပါ။ သူ ပြန်လာပြီဆိုုရင်လည်း ငါက “ဒီနေ့ည ဘာတွေ ရခဲ့လဲ”လိုု့ မေးတတ်တယ်။
အဲဒီအခါတိုုင်းမှာ သူပြောတာလေးကိုု ငါ သဘောကျတယ်။ “ဒီနေ့ညတော့ ဘာမှ မရခဲ့ပါဘူး။ ဒါပေမဲ့ မနက်ဖြန် ထပ် ကြိုးစားကြည့်ရသေးတာပေါ့”တဲ့။ သူ့ပုံုစံက ခိုုကိုုးရာမဲ့တဲ့ မေ ျှာ်လင့်ချက်မဲ့တဲ့အနေအထား တစ်ခါမှ မတွေ့ရဘူး။ တစ်လလုံုးလုံုး ဘာမှ မပါဘဲနဲ့ သူ ပြန်ပြန်လာရတယ်။ ဒါပေမဲ့ သူက ပျော်နေတာပဲ။
“အင်း … မနက်ဖြန် ထပ်ကြိုးစားလိုုက်ပါဦးမယ်၊ မနက်ဖြန်ကျရင်တော့ အဆင်ပြေသွားမှာပါ၊ ကျွန်ုုပ်ကိုုလည်း ဆုုတောင်းပေးပေါ့၊ ဒီလောက်သနားစရာလူကိုု အကူအညီပေးဖိုု့ မြတ်စွာဘုုရားထံ ဆုုတောင်းပေးပေါ့”
လိုု့ ပြောလေ့ရှိတယ်။
ဒီလိုုနဲ့ ငါဟာ သူခိုုးနဲ့တွေ့ပြီး နောက်ပိုုင်းမှာ တရားကိုု နှစ်ပေါင်းများစွာ တရစပ် အားထုုတ်တယ်။ ဒါပေမဲ့ ဘာအသိအမြင်မှ မရဘူး။ ဘာတရားထူးမှ ပေါ်မလာဘူး။ ငါ အကြိမ်ကြိမ် ကြိုးစားတိုုင်း မအောင်မမြင် ဖြစ်လာတဲ့အခါ စိတ်ဓာတ်တွေ အကြီးအကျယ် ကျလာတယ်။ မေ ျှာ်လင့်ချက်မဲ့သလိုုလည်း ဖြစ်လာခဲ့တယ်။ ဒီအသုံုးမကျ အဓိပ္ဗာယ်မရှိတဲ့ တရားအားထုုတ်နေတာတွေအားလုံုးကိုု စွန့်လွှတ်ပစ်လိုုက်တော့မယ်လိုု့လည်း တွေးမိခဲ့တယ်။ ဘုုရားဆိုုတာလည်း မရှိဘူး။ ဒီဆုုတောင်းခြင်းဆိုုတာတွေလည်း အရူးအနှမ်းအလုုပ်တွေပဲ။ တရားအားထုုတ်တယ်ဆိုုတာလည်း မှားနေတဲ့အရာကြီးပဲ။ ငါ အဲဒီလိုုတွေ တွေးလာခဲ့တယ်။
ဒါနဲ့ တစ်နေ့မှာတော့ ငါဟာ သူခိုုးပြောခဲ့တာလေးတွေကိုု သွားအမှတ်ရမိတယ်။ “မနက်ဖြန်ကျရင်တော့ အရာရာ အဆင်ပြေသွားမှာပါ”ဆိုုတဲ့ စကားလေးပါ။
ဒီလိုုနဲ့ ငါ တစ်ရက်ထပ်ပြီး ကြိုးစားကြည့်လိုုက်တယ်။ သူခိုုးလိုုလူမှာတောင်မှ မေ ျှာ်လင့်ချက်တွေ၊ ယုံုကြည်ချက်တွေ ပြည့်ဝနေသေးရင် ငါလည်း အနည်းဆုံုးတော့ တစ်ရက်လောက် ထပ်ကြိုးစားကြည့်သင့်တယ်ပေါ့လေ။ ဒါပေမဲ့ တစ်ရက်ကြိုးစားလိုုက်တယ်။ မရဘူး။ ဒါပေမဲ့ သူခိုုးပြောသလိုု မနက်ဖြန်တော့ ရမှာပါ၊ ထပ်ကြိုးစားကြည့်တာပေါ့ဆိုုတဲ့စကားလေးကိုု ကြားယောင်ပြီး တစ်ရက်ပြီးတစ်ရက် ယုံုကြည်ချက်တွေနဲ့ ဆက်လက်ကြိုးစားဖြစ်ခဲ့တယ်။
ဒီလိုုနဲ့ တစ်နေ့မှာတော့ ငါ လိုုချင်တဲ့ တရားထူးကိုု ရရှိလာခဲ့တယ်။ တရားထူးရလိုုက်တာနဲ့ ငါ ရှိတဲ့နေရာကနေ မိုုင်ပေါင်းများစွာ ဝေးကွာတဲ့ သူခိုုးရှိရာအရပ်ကိုု မှန်းဆပြီး ငါ ဒူးတုုပ်အရိုုအသေပြုလိုုက်တယ်။ အဲဒီသူခိုုးဟာ ငါ့ရဲ့ ပထမဆုံုးဆရာသခင်ပါပဲ။
ငါ့ရဲ့ ဒုုတိယဆရာကတော့ ခွေးတစ်ကောင်ပါ။ တစ်နေ့မှာပေါ့လေ။ ငါ ရေအရမ်းဆာနေခဲ့တယ်။ ဒါကြောင့် မြစ်ကမ်းဘေးကိုု သွားခဲ့တယ်။ ငါ ရေသောက်မယ်လုုပ်တော့ ခွေးတစ်ကောင် ငါ့နားကိုု ရောက်လာတယ်။ အဲဒီခွေးကလည်း ရေအလွန်ဆာနေပုံုပဲ။ သူက ဆာဆာနဲ့ ရေသောက်မယ်ဆိုုပြီး မြစ်ထဲကိုု ခေါင်းငုံု့လိုုက်တယ်။ ရေထဲမှာ ခွေးနောက်တစ်ကောင်ပေါ်လာတယ်ထင်ပြီး သူ့အရိပ်ကိုုသူ ကြောက်သွားတယ်။ ဟောင်တယ် ဟောင်တယ် … ဆက်တိုုက်ကိုု ဟောင်တော့တာ။ သူ ဟောင်လိုုက်ရင် မြစ်ထဲက ခွေးကလည်း လိုုက်လိုုက်ဟောင်နေတာကိုုး။ ဒါကြောင့် သူကလည်း ဆက်ဟောင်နေတော့တာ။ ဒါပေမဲ့ သူ တစ်ခုုခုုကိုု ဆုံုးဖြတ်လိုုက်ပုံုရတယ်။ ရေကလည်း အလွန်ဆာနေပြီကိုုး။
ဒါနဲ့ သူဟာ ရေထဲကိုု ခုုန်ချပစ်လိုုက်တယ်။ သူ ခုုန်ချလိုုက်တော့ နောက်ခွေးတစ်ကောင်လိုု့ ထင်တဲ့အရာက ပျောက်ကွယ်သွားတာပေါ့။ သူဟာ ရေကိုု အဝသောက်တယ်။ ရေကူးတယ်။ ရာသီဥတုုကလည်း နွေရာသီကိုုး။ ဒါကိုု ငါက ကြည့်နေခဲ့တယ်။ ငါ အသိတစ်ခုု ရလိုုက်တယ်။ တစ်ခုုခုုကိုု သိပ်ကြောက်နေရင် အဲဒီထဲကိုု ခုုန်ချပစ်လိုုက်ဖိုု့ဆိုုတဲ့ အသိအမြင်ပဲ။
ငါ တရားအားထုုတ်တော့ အသိရခက်တဲ့ နက်နဲတဲ့ သိမှုနယ်ပယ်ရဲ့အလွန် (မသိမှုနယ်ပယ်)ကိုု ရောက်တော့မယ်ဆိုုတာကိုု ငါ သိတယ်။ မြင်တယ်။ ဒါပေမဲ့ အဲဒီအခါတိုုင်းမှာ ခွေးက သူ့အရိပ်သူ ကြောက်နေသလိုု ငါလည်း ကြောက်ခဲ့တယ်။ အဲဒီနယ်ပယ်ကိုု သွားဖိုု့ တည်းတည်းလေးပဲ ရှိတော့တာ။ ဒါပေမဲ့ ကြောက်အားလန့်အားနဲ့ နောက်ပြန်ဆုုတ်ပစ်ခဲ့တယ်။ နောက်ပိုုင်းမှာ ငါ ခွေးရဲ့ဖြစ်ပုံုလေးကိုု သွားသတိရမိတယ်။ ခွေးတောင်မှ အကြောက်တရားကိုု ဖြေရှင်းနိုုင်သေးတာ ငါက ဘာကြောင့် မဖြေရှင်းနိုုင်ရမှာလဲ။ ဒါနဲ့ တစ်နေ့မှာ မသိမှုနယ်ပယ်ထဲကိုု ခုုန်ချပစ်လိုုက်တယ်။ ခုုန်ချလိုုက်တာနဲ့ မသိမှုနယ်ပယ်က ပျောက်ကွယ်ပြီး နောက်မှာ ကျန်ရစ်နေခဲ့တော့တယ်။ ဒါကြောင့် ခွေးက ငါ့ရဲ့ ဒုုတိယဆရာသခင်ပါ။
တတိယမြောက်ဆရာသခင်ကတော့ ကလေးငယ်တစ်ယောက်ပါ။ တစ်ခါက ငါ မြို့တစ်မြို့ကိုု ရောက်တော့ ကလေးတစ်ယောက်ကိုု တွေ့တယ်။ သူက မီးညှိထားတဲ့ ဖယောင်းတိုုင်လေးကိုု ကိုုင်လိုု့ပေါ့။ သူက ဗလီကိုု သွားနေတာ။ ငါလည်း ကလေးကိုု စနောက်ချင်တာနဲ့ “ဖယောင်းတိုုင်ကိုု မင်းကိုုယ်တိုုင် ထွန်းတာလား”လိုု့ မေးလိုုက်တော့ သူက “ဟုုတ်ကဲ့”တဲ့။ “ဖယောင်းတိုုင်က မထွန်းခင်မှာ မီးက မရှိဘူး။ မင်းကိုုယ်တိုုင် ထွန်းကာမှ မီးကပေါ်လာတာဆိုုတော့ အဲဒီမီး ဘယ်ကလာသလဲဆိုုတာ မင်းသိရမှာပေါ့၊ ဒါကြောင့် ဆိုုပါဦး … ဖယောင်းတိုုင်မီးက ဘယ်က ရောက်လာတာလဲ”လိုု့ မေးလိုုက်တယ်။
အဲဒီမှာ ရုုတ်တရက် ကလေးက ရယ်မောလိုုက်ပြီး ဖယောင်းတိုုင်မီးကိုု မှုတ်ငြိမ်းပစ်လိုုက်တယ်။ ပြီးတော့ “ကဲ … ခင်ဗျားပြော … အခုု ခင်ဗျားကြည့်နေတုုန်း ပျောက်သွားတဲ့မီးက ဘယ်ရောက်သွားတာလဲ”လိုု့ မေးတယ်လေ။ အဲဒီမှာ ငါလည်း အံ့သြသွားတယ်။ ငါ့အတ္တတွေ ရုုတ်တရက် တစ်စစီ ကွဲကြေပျက်စီးကုုန်တော့တယ်။ ငါ့အသိစိတ်အလျဉ်တွေလည်း ကွဲကြေကုုန်သလိုု ခံစားလိုုက်ရတယ်။ ငါ ရှာဖွေဆည်းပူးထားတဲ့ အသိဉာဏ်ဗဟုုသုုတတွေလည်း လွင့်ပြယ်ကုုန်တော့တယ်။ ဒါကြောင့် ဒီကလေးက ငါ့ရဲ့ တတိယဆရာသခင်ဖြစ်လာတော့တာပဲ။
(၂)
ဇာတ်လမ်းက စဉ်းစားစရာတွေ အများကြီးပါ။ လေးနက်တဲ့အရာတွေလည်း ပါတယ်။ ဒါပေမဲ့ အဲဒီလေးနက်တာတွေကိုု စာဖတ်သူကိုုယ်တိုုင် အတွေးပွားဖိုု့အတွက်ပဲ ထားလိုုက်မယ်။ အားလုံုးလက်လှမ်းမီနိုုင်မယ့် သင်္ခန်းစာလေးကိုုပဲ ယူရအောင်။
အထက်ပါဇာတ်လမ်းလေးကိုု ဖတ်ပြီး အဲဒီဆရာကြီးလိုု စိတ်ထားမျိုးရှိရင် တစ်လောကလုံုး ဆရာတွေချည်းပါပဲလား။ ရိုုးသားခြင်း၊ နှိမ်ချခြင်း၊ အကောင်းမြင်ခြင်း … ဒါတွေက လူ့လောကကြီးကိုု သာယာလှပစေပါလားဆိုုတာ နားလည်မိတယ်။
(၃)
ဆရာကြီးရဲ့ လေးစားကြည်ညိုဖွယ်စိတ်ဓာတ်အပြင် သူခိုုး နေ့စဉ်ပြောလေ့ရှိတဲ့ “မနက်ဖြန်ကျရင်တော့ အရာရာ အဆင်ပြေသွားမှာပါ”ဆိုုတဲ့ စကားလေးကလည်း နားထဲမှာ စွဲကျန်နေရစ်တယ်။
မနက်ဖြန်ကျရင် အဆင်ပြေမယ်လိုု့ ယုံုကြည်နေတဲ့စိတ်က နေ့သစ်တိုုင်းအတွက် အားအင်တွေ ဖြစ်နေမှာ အသေအချာပါပဲ။ မနက်ဖြန်တွေကိုု မကြောက်ဖိုု့၊ မနက်ဖြန်တိုုင်းမှာ ကိုုယ့်အတွက် ပျော်ရွှင်ခြင်းတွေ ရှိနေတယ်ဆိုုတာကိုု ယုံုကြည်လိုုက်ဖိုု့ပါ။
မနက်ဖြန်တိုုင်းအတွက် မေ ျှာ်လင့်ခြင်းလေးတွေကိုုယ်စီ ရှိနေကြမယ်ဆိုုရင် ဘဝမှာ တွေဝေနေစရာ ဘာများ ရှိဦးမလဲ။
မူရင်းဇာတ်လမ်း – အိုုးရှိူး
ဖိုးသူတော် (www.phothutaw.com)
Credit:အရှင်ကုုသလသာမိ(အတည်မဲ့)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top