Property Expo
×

အနာဂတ္တြင္ ကလပ္ အသင္းကုိ ကုိင္တြယ္ေတာ့ျခင္းမရိွပါက အဂၤလန္အသင္းကုိ တာ ၀န္ယူႏုိင္ေၾကာင္း အာဆင္နယ္ နည္းျပ အာစင္၀င္းဂါးက ပထမ ဆံုးအႀကိမ္ ၀န္ခံေျပာၾကားသည္။

စက္တင္ဘာ ၂၇ ရက္က ဆမ္အလာဒိုက္စ္ႏွင့္ လမ္းခြဲရန္ ေဘာလံုးအဖြဲ႕ခ်ဳပ္က ဆံုးျဖတ္ ခ်က္ခ်ခဲ့ၿပီးေနာက္ ၀င္းဂါးကုိ အဂၤလန္နည္းျပရာထူးႏွင့္ ပတ္သက္ ၍ ေျပာဆုိလာၾကသည္။

အေယာင္ေဆာင္ထားေသာ သတင္းေထာက္မ်ားကုိ အျငင္း ပြားဖြယ္ရာ မွတ္ခ်က္မ်ားေျပာ ေသာ ဆမ္အလာဒုိက္စ္မွာ အဂၤလန္နည္းျပမွ ရာထူးမွာ ႏုတ္ထြက္ ခဲ့ရၿပီးေနာက္ အဂၤလန္ယူ-၂၁နည္းျပ ေဆာက္သ္ဂိတ္ကုိ ယာယီနည္းျပအျဖစ္ ခန္႔အပ္ထားသည္။ ေဆာက္သ္ဂိတ္ကအဂၤလန္ လက္ေရြးစင္အသင္း၏ လာမည့္ ေလးပဲြကို ကုိင္တြယ္ရမည္ျဖစ္ၿပီး ကမၻာ့ဖလားေျခစစ္ပြဲသံုးပြဲ ပါ၀င္ ေနသည္။

အဂၤလန္နည္းျပ တာ၀န္ယူ ႏုိင္မည္လားဟု ေမးျမန္းေသာ အခါ အာစင္၀င္းဂါးက ‘‘တစ္ေန႔ ေပါ့။ ကြၽန္ေတာ္အားသြားတဲ့အခါ ဘာလို႔တာ၀န္မယူႏုိင္ရမွာလဲ’’ဟု ၀င္းဂါးက ေျပာၾကားသည္။

၀င္းဂါးသည္ ေအာက္တို ဘာ ၁ ရက္တြင္ အာဆင္နယ္ အသင္းကုိ တာ၀န္ယူမႈႏွစ္ေပါင္း(၂၀) ျပည့္ၿပီျဖစ္ကာ ယခုရာသီ ကုန္၌ ၎၏စာခ်ဳပ္သက္တမ္း ျပည့္ၿပီျဖစ္သည္။

အာစင္၀င္းဂါးသည္ အဂၤလန္တြင္ သက္တမ္းအရွည္ဆံုးႏွင့္ ေအာင္ျမင္မႈ အရိွဆံုး ႏုိင္ငံျခား သားနည္းျပျဖစ္သည္။

အာဆင္နယ္ကုိ ကုိင္တြယ္ စဥ္ ဆုဖလား ၁၅ ခုရယူခဲ့သည္။ ယင္းတြင္ပရီးမီးယားလိဂ္ ခ်န္ပီယံသံုးႀကိမ္ႏွင့္ အက္ဖ္ေအဖလား ေျခာက္ႀကိမ္ရယူျခင္းမ်ား ပါ၀င္ သည္။ အဂၤလန္ယာယီနည္းျပ ေဆာက္သ္ဂိတ္က ရြန္းေနကုိ လက္ေရြးစင္အသင္းေခါင္းေဆာင္အျဖစ္ ဆက္လက္တာ၀န္ေပးမည္ဟု ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

အနာဂတ်တွင် ကလပ် အသင်းကို ကိုင်တွယ်တော့ခြင်းမရှိပါက အင်္ဂလန်အသင်းကို တာ ဝန်ယူနိုင်ကြောင်း အာဆင်နယ် နည်းပြ အာစင်ဝင်းဂါးက ပထမ ဆုံးအကြိမ် ဝန်ခံပြောကြားသည်။

စက်တင်ဘာ ၂၇ ရက်က ဆမ်အလာဒိုက်စ်နှင့် လမ်းခွဲရန် ဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ် ချက်ချခဲ့ပြီးနောက် ဝင်းဂါးကို အင်္ဂလန်နည်းပြရာထူးနှင့် ပတ်သက် ၍ ပြောဆိုလာကြသည်။

အယောင်ဆောင်ထားသော သတင်းထောက်များကို အငြင်း ပွားဖွယ်ရာ မှတ်ချက်များပြော သော ဆမ်အလာဒိုက်စ်မှာ အင်္ဂလန်နည်းပြမှ ရာထူးမှာ နုတ်ထွက် ခဲ့ရပြီးနောက် အင်္ဂလန်ယူ-၂၁နည်းပြ ဆောက်သ်ဂိတ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားသည်။ ဆောက်သ်ဂိတ်ကအင်္ဂလန် လက်ရွေးစင်အသင်း၏ လာမည့် လေးပွဲကို ကိုင်တွယ်ရမည်ဖြစ်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲသုံးပွဲ ပါဝင် နေသည်။

အင်္ဂလန်နည်းပြ တာဝန်ယူ နိုင်မည်လားဟု မေးမြန်းသော အခါ အာစင်ဝင်းဂါးက ‘‘တစ်နေ့ ပေါ့။ ကျွန်တော်အားသွားတဲ့အခါ ဘာလို့တာဝန်မယူနိုင်ရမှာလဲ’’ဟု ဝင်းဂါးက ပြောကြားသည်။

ဝင်းဂါးသည် အောက်တို ဘာ ၁ ရက်တွင် အာဆင်နယ် အသင်းကို တာဝန်ယူမှုနှစ်ပေါင်း(၂၀) ပြည့်ပြီဖြစ်ကာ ယခုရာသီ ကုန်၌ ၎င်း၏စာချုပ်သက်တမ်း ပြည့်ပြီဖြစ်သည်။

အာစင်ဝင်းဂါးသည် အင်္ဂလန်တွင် သက်တမ်းအရှည်ဆုံးနှင့် အောင်မြင်မှု အရှိဆုံး နိုင်ငံခြား သားနည်းပြဖြစ်သည်။

အာဆင်နယ်ကို ကိုင်တွယ် စဉ် ဆုဖလား ၁၅ ခုရယူခဲ့သည်။ ယင်းတွင်ပရီးမီးယားလိဂ် ချန်ပီယံသုံးကြိမ်နှင့် အက်ဖ်အေဖလား ခြောက်ကြိမ်ရယူခြင်းများ ပါဝင် သည်။ အင်္ဂလန်ယာယီနည်းပြ ဆောက်သ်ဂိတ်က ရွန်းနေကို လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ပေးမည်ဟု ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily



 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top