Kantharyar Centre
×




Credit:Duwun

Unicode Version

အမေရိကန်သမ္မတရွေးကောက်ပွဲရက် မတိုင်မီ ကြိုတင်မဲပေးသူများကို စစ်တမ်းကောက်ခံမှုအရ ဒီမိုကရက်တစ်ပါတီမှ ဟီလာရီကလင်တန်က ရီပတ်ဘလစ်ကင်ပါတီမှ ဒေါ်နယ်ထရန့်ထက် အသာရနေကြောင်း Reuters/Ipsos States of Nation က ပြောပါတယ်။
ကြိုတင်မဲစစ်တမ်းများအရ ဟီလာရီက ထရန့်ထက် ၁၅ ရာခိုင်နှုန်း အသာရနေတယ်လို့ ဆိုပါတယ်။ ကြိုတင်မဲပေးခဲ့တဲ့ ရလဒ်အားလုံးကို သိရှိနိုင်ခြင်း မရှိသေးပေမဲ့ ဟီလာရီက အိုဟိုင်းယိုနဲ့ အာရီဇိုနား အပါအဝင် ရီပတ်ဘလစ်ကင် အားကောင်းတဲ့ ဂျော်ဂျီယာနဲ့ တက္ကဆက်မှာလည်း အသာရခဲ့ကြောင်း သိရပါတယ်။

ခန့်မှန်းခြေအားဖြင့် အမေရိကန်မဲဆန္ဒရှင် ၁၉ သန်းက ကြိုတင်မဲပေးခဲ့ကြကြောင်း ဖလော်ရီဒါပြည်နယ် တက္ကသိုလ်က ပြုလုပ်တဲ့ အမေရိကန်ရွေးကောက်ပွဲပရော့ဂျက်က ဆိုပါတယ်။

ကြိုတင်မဲပေးခဲ့သူ အရေအတွက်ဟာ အမေရိကန် မဲဆန္ဒရှင်ဦးရေရဲ့ ၂၀ ရာခိုင်းနှုန်းဖြစ်ကြောင်းလည်း သိရပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top