Kantharyar Centre
×





၎ ခေါင်းအုံးမပါဘဲ အိပ်တာဟာ နောက်ကျောနာကျင်မှုဝေဒနာကို သက်သာစေပြီး သင့်ကျောရိုးကိုလည်း ပိုပြီး သန်မာစေပါတယ်…
















#Unicode Version
ဒါလေးတွေကတော့ အင်တာနက်ပေါ်ကနေ ဖတ်မိတာလေးတွေပါ။ ဘယ်သူစုဆောင်းထားတာလဲ ဆိုတာ သေချာတော့ မသိပါဘူး…။ အားလုံးသိစေဖို့ ပြန်ရှယ်လိုက်ပါတယ်…။

၁ သင့်ရဲ့ဖိနပ်တွေဟာ လူတွေကသင့်ကို မသိလိုက်မသိဘာသာ သတိပြုမိစေမယ့် ပထမဆုံးအရာတွေဖြစ်ပါတယ်… ဒါကြောင့် သင့်တင့်ကောင်းမွန်တဲ့ ဖိနပ်ကိုဝတ်ဆင်ဖို့လိုပါတယ်…

၂ အကယ်လို့ သင်က တစ်နေ့ကို ၁၁ နာရီထက်ပိုထိုင်နေရမယ်ဆိုရင် နောက် ၃ နှစ်အတွင်း အသက်သေဆုံးဖို့ ၅၀% ရှိပါတယ်….

၃ ဒီကမ္ဘာပေါ်မှာ သင်နဲ့ရုပ်ချင်းတူတဲ့သူ အနည်းဆုံး ၆ ယောက်လောက်ရှိနေပါတယ်… သင့်ဘဝ တစ်လျှောက်လုံးမှာ သူတို့ထဲက တစ်ယောက်နဲ့ဆုံစည်းဖို့ ၉% အခွင့်အရေးရှိပါတယ်…

၄ ခေါင်းအုံးမပါဘဲ အိပ်တာဟာ နောက်ကျောနာကျင်မှုဝေဒနာကို သက်သာစေပြီး သင့်ကျောရိုးကိုလည်း ပိုပြီး သန်မာစေပါတယ်…

၅ လူ့ဦးနှောက်က သတိမပြုဘဲ မနေနိုင်တဲ့အရာသုံးမျိုးရှိတယ်... အဲ့ဒါတွေကတော့ အစားအစာ… ဆွဲဆောင်မှုရှိတဲ့ သူတွေနဲ့ ဘေးအန္တရာယ်တို့ပဲဖြစ်တယ်…

၆ ညာသန်တွေဟာ အစားအစာကို ညာဘက်မှာ ဝါးတာများတယ်….

၇ လက်ဘက်ခြောက်ကိုအိတ်နဲ့ထည့်ပြီးအနံ့ဆိုးတဲ့နေရာတွေမှာထားရင် အဲ့ဒီအနံ့ဆိုးတွေကို လက်ဘက်ခြောက်က စုပ်ယူသွားလိမ့်မယ်…

၈ အိုင်းစတိုင်းရဲ့အဆိုအရ ပျားရည်ထုတ်ယူနိုင်တဲ့ ပျားမျိုးတွေ ဒီကမ္ဘာမြေပြင်ပေါ်က ပျောက်ကွယ်သွားမယ် ဆိုရင် လူသားတွေလည်း ၄ နှစ်အတွင်း သေဆုံး သွားကြလိမ့်မယ်…

၉ ပန်းသီးမျိုးကွဲပေါင်းအများအပြားရှိတယ်… တစ်နေ့ကိုတစ်မျိုးစားမယ်ဆိုရင် အမျိုးအစားအားလုံးကုန်ဖို့ အနှစ် ၂၀ ကျော်ကြာလိမ့်မယ်…

၁၀ အစာမစားဘဲနေမယ်ဆိုရင် ရက်သတ္တပတ်နဲ့ချီပြီး သင်အသက်ရှင်နေနိုင်မယ်… မအိပ်ဘဲနေမယ် ဆိုရင်တော့ ၁၁ ရက်ပဲ သင်အသက်ရှင်နေနိုင်မယ်…

၁၁ အားပါးတရရယ်တဲ့သူတွေဟာ သိပ်မရယ်တဲ့သူတွေထက် ကျန်းမာရေးပိုကောင်းတယ်…

၁၂ ပျင်းရိခြင်းနဲ့ လှုပ်ရှား တက်ကြွမှု မရှိခြင်းကြောင့် သေဆုံးရသူတွေဟာ ဆေးလိပ်သောက် လို့ သေဆုံးရသူ အရေအတွက်လောက်ရှိတယ်…

၁၃ လူသားရဲ့ဦးနှောက်ရဲ့ သိုမှီးနိုင်မှုပမာဏဟာ Wikipedia ထဲမှာပါတဲ့အချက်အလက်ရဲ့ ၅ ဆရှိတယ်…

၁၄ ကျွန်တော်တို့ဦးနှောက်က အသုံးပြုတဲ့ စွမ်းအင်ဟာ ၁၀ ဝပ် မီးသီးက သုံးတဲ့စွမ်းအင်နဲ့တူတယ်….

၁၅ ကျွန်တော်တို့ ခန္ဓာကိုယ်က ထုတ်ပေးနိုင်တဲ့အပူဟာ မိနစ် ၃၀ အတွင်း ၁ လီတာခွဲရှိတဲ့ ရေကို ဆူနိုင်တဲ့အထိ ရှိတယ်…

၁၆ သားဥဟာ လူသားရဲ့ အကြီးဆုံးဆဲလ်ဖြစ်ပြီး သုတ်ကောင်ဟာ အသေးဆုံးဆဲလ်ဖြစ်တယ်…

၁၇ အစာချေရည်ဟာ သင်တုံးဓားသွားကို အရည်ပျော်စေနိုင်လောက်အောင်ပြင်းတယ်…

၁၈ ပြုံးပါ… အပြုံးဟာ အထိရောက်ဆုံး စိတ်ကျရောဂါကာကွယ်ဆေးဖြစ်တယ်…


ဖိုးသူတော် (www.phothutaw.com)
Credit:Knowledge World
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top