Kantharyar Centre
×

မ်က္ဝန္းလဲ့ျပာျပာနဲ႕ ေ႐ႊအုိေရာင္ဆံပင္ပုိင္႐ွင္ ေခ်ာေမာလွပတဲ့ အက်ဥ္းေထာင္ဝန္ထမ္း မိန္ကေလးတစ္ဦးက လူသတ္သမား လူမည္းအက်ဥ္းသားတစ္ဦးနဲ႕ ခ်စ္ႀကဳိးသြယ္ခဲ့တဲ့ ဇာတ္လမ္းက တစ္မ်ဳိးတစ္ဖုံ ထူးဆန္းေနပါတယ္။

ၿဗိတိန္ႏုိင္ငံမွ အက်ဥ္းေထာင္ေစာင့္ အမ်ဳိးသမီးအရာ႐ွိ ေဟလီ ယန္းမင္းဟာ ျပစ္မႈႀကီးမားတဲ့ အက်ဥ္းသားမ်ား ခ်ဳပ္ေႏွာင္ထား႐ွိရာ လုံၿခဳံေရးအဆင့္ျမင့္ ဝႈိက္မုိးရ္ အမ်ဳိးသားအက်ဥ္းေထာင္မွာ တာဝန္က်ခဲ့ပါတယ္။


အသက္ ၂၁ အ႐ြယ္ သူမက အက်ဥ္းေထာင္မွာ ညပုိင္းတာဝန္က် အရာ႐ွိအျဖစ္ တာဝန္ထမ္းေဆာင္ရာမွ လူသတ္မႈျဖင့္ ေထာင္က်ေနတဲ့ အက်ဥ္းသားနဲ႕ ခ်စ္ႀကဳိးသြယ္မိခဲ့တာပါ။ အက်ဥ္းေထာင္ဝန္ထမ္း မိန္းမေခ်ာေလး ယန္းမင္းဟာ ဆယ္ေက်ာ္သက္တစ္ဦးကုိ ဓားျဖင့္ထုိးသတ္ခဲ့မႈျဖင့္ ေထာင္ဒဏ္ ၂၈ ႏွစ္ က်ခံေနရသူ လူမည္းအမ်ဳိးသား လီ႐ုိနီဘြဳိင္းကုိ ခ်စ္မိသြားခဲ့ပါတယ္။

ယန္းမင္းနဲ႕ သူမရဲ႕ လူသတ္သမား ခ်စ္သူတုိ႕ဟာ ရည္စားစာေတြ အျပန္အလွန္ ေပးပုိ႕ခဲ့ၾကၿပီး ေနာက္ပုိင္းမွာေတာ့ လိင္ဆက္ဆံမႈ မက္ေဆ့ခ်္ေတြလည္း ပို႕ခဲ့ၾကတယ္လုိ႕ ဆုိပါတယ္။ ယန္းမင္းက ခ်စ္သူနဲ႕ မက္ေဆ့ခ်္ပုိ႕ၿပီး စကားေျပာႏိုင္ရန္အတြက္ အက်ဥ္းေထာင္အတြင္း မုိဘုိင္းဖုန္းေတြ ခုိးသြင္းေပးခဲ့ပါတယ္။

ယန္းမင္းရဲ႕ ခ်စ္သူ အက်ဥ္းသားက သူမအေပၚ လႊမ္းမုိးမႈေတြ႐ွိခဲ့ၿပီး ၎ေျပာတဲ့အတုိင္း မလုပ္ေပးပါက ခ်စ္သူအျဖစ္မွ ျပတ္စဲမယ္လုိ႕ ၿခိမ္းေျခာက္ခဲ့ေၾကာင္းလည္း သိရပါတယ္။ ယန္းမင္းရဲ႕အျဖစ္ကုိ အျခား အက်ဥ္းေထာင္အရာ႐ွိတစ္ဦးက မသၤကာျဖစ္ခဲ့ၿပီးေနာက္ သူမကုိ လုံၿခဳံေရးကင္မရာမွ ေစာင့္ၾကည့္ခဲ့ရာမွာ အက်ဥ္းသား လီ႐ုိနီဘြဳိင္းအတြက္ ပစၥည္းမ်ားခုိးသြင္းေပးေနေၾကာင္း ေတြ႕ခဲ့ရပါတယ္။

ေနာက္ဆုံးမွာေတာ့ သူမကို အက်ဥ္းေထာင္အတြင္း မုိဘုိင္းဖုန္းမ်ား ခုိးသြင္းမႈျဖင့္ ယခုႏွစ္ ေဖေဖၚဝါရီလ ၂၅ ရက္မွာ ဖမ္းဆီးခဲ့ပါတယ္။ စစ္ေဆးေရးမွဴးေတြက ယန္းမင္းရဲ႕ကားအတြင္း အက်ဥ္းသားခ်စ္သူထံမွ ရည္းစားစာေတြကုိ ေတြ႕႐ွိခဲ့ရပါတယ္။

ယန္းမင္းရဲ႕ မုိဘုိင္းဖုန္းကုိ စစ္ေဆးခဲ့ရာမွာလည္း သူမရဲ႕ လူမည္းအက်ဥ္းသား ခ်စ္သူနဲ႕ အျပန္အလွန္ ေပးပုိ႕ထားတဲ့ မက္ေဆ့ခ်္ ၅၀၀ ခန္႕ကုိ ေတြ႕ခဲ့ရၿပီး အခ်ဳိ႕မွာ လိင္ဆက္ဆံမႈကုိ အ႐ူးအမူး ေရးသားထားတာ ေတြ႕ရပါတယ္။

အက်ဥ္းသားနဲ႕ခ်စ္ႀကဳိးသြယ္မိတဲ့ အက်ဥ္းေထာင္အရာ႐ွိ မိန္းမေခ်ာေလး ယန္းမင္းဟာ အခုအခါမွာေတာ့ အက်ဥ္းေထာင္အတြင္း တားျမစ္ပိတ္ပင္ထားတဲ့ ပစၥည္းမ်ားခုိးသြင္းမႈနဲ႕ ေဆးေျခာက္လက္ဝယ္ေတြ႕႐ွိမႈတို႕ျဖင့္ သူမကုိယ္တုိင္ ၂ ႏွစ္ ဆုိင္းငံ့ထားမယ့္ ေထာင္ဒဏ္ ၁၂ လ က်ခံရမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

မျက်ဝန်းလဲ့ပြာပြာနဲ့ ရွှေအိုရောင်ဆံပင်ပိုင်ရှင် ချောမောလှပတဲ့ အကျဉ်းထောင်ဝန်ထမ်း မိန်ကလေးတစ်ဦးက လူသတ်သမား လူမည်းအကျဉ်းသားတစ်ဦးနဲ့ ချစ်ကြိုးသွယ်ခဲ့တဲ့ ဇာတ်လမ်းက တစ်မျိုးတစ်ဖုံ ထူးဆန်းနေပါတယ်။

ဗြိတိန်နိုင်ငံမှ အကျဉ်းထောင်စောင့် အမျိုးသမီးအရာရှိ ဟေလီ ယန်းမင်းဟာ ပြစ်မှုကြီးမားတဲ့ အကျဉ်းသားများ ချုပ်နှောင်ထားရှိရာ လုံခြုံရေးအဆင့်မြင့် ဝှိုက်မိုးရ် အမျိုးသားအကျဉ်းထောင်မှာ တာဝန်ကျခဲ့ပါတယ်။

အသက် ၂၁ အရွယ် သူမက အကျဉ်းထောင်မှာ ညပိုင်းတာဝန်ကျ အရာရှိအဖြစ် တာဝန်ထမ်းဆောင်ရာမှ လူသတ်မှုဖြင့် ထောင်ကျနေတဲ့ အကျဉ်းသားနဲ့ ချစ်ကြိုးသွယ်မိခဲ့တာပါ။ အကျဉ်းထောင်ဝန်ထမ်း မိန်းမချောလေး ယန်းမင်းဟာ ဆယ်ကျော်သက်တစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့မှုဖြင့် ထောင်ဒဏ် ၂၈ နှစ် ကျခံနေရသူ လူမည်းအမျိုးသား လီရိုနီဘွိုင်းကို ချစ်မိသွားခဲ့ပါတယ်။

ယန်းမင်းနဲ့ သူမရဲ့ လူသတ်သမား ချစ်သူတို့ဟာ ရည်စားစာတွေ အပြန်အလှန် ပေးပို့ခဲ့ကြပြီး နောက်ပိုင်းမှာတော့ လိင်ဆက်ဆံမှု မက်ဆေ့ချ်တွေလည်း ပို့ခဲ့ကြတယ်လို့ ဆိုပါတယ်။ ယန်းမင်းက ချစ်သူနဲ့ မက်ဆေ့ချ်ပို့ပြီး စကားပြောနိုင်ရန်အတွက် အကျဉ်းထောင်အတွင်း မိုဘိုင်းဖုန်းတွေ ခိုးသွင်းပေးခဲ့ပါတယ်။

ယန်းမင်းရဲ့ ချစ်သူ အကျဉ်းသားက သူမအပေါ် လွှမ်းမိုးမှုတွေရှိခဲ့ပြီး ၎င်းပြောတဲ့အတိုင်း မလုပ်ပေးပါက ချစ်သူအဖြစ်မှ ပြတ်စဲမယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်းလည်း သိရပါတယ်။ ယန်းမင်းရဲ့အဖြစ်ကို အခြား အကျဉ်းထောင်အရာရှိတစ်ဦးက မင်္သကာဖြစ်ခဲ့ပြီးနောက် သူမကို လုံခြုံရေးကင်မရာမှ စောင့်ကြည့်ခဲ့ရာမှာ အကျဉ်းသား လီရိုနီဘွိုင်းအတွက် ပစ္စည်းများခိုးသွင်းပေးနေကြောင်း တွေ့ခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ သူမကို အကျဉ်းထောင်အတွင်း မိုဘိုင်းဖုန်းများ ခိုးသွင်းမှုဖြင့် ယခုနှစ် ဖေဖေါ်ဝါရီလ ၂၅ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။ စစ်ဆေးရေးမှူးတွေက ယန်းမင်းရဲ့ကားအတွင်း အကျဉ်းသားချစ်သူထံမှ ရည်းစားစာတွေကို တွေ့ရှိခဲ့ရပါတယ်။

ယန်းမင်းရဲ့ မိုဘိုင်းဖုန်းကို စစ်ဆေးခဲ့ရာမှာလည်း သူမရဲ့ လူမည်းအကျဉ်းသား ချစ်သူနဲ့ အပြန်အလှန် ပေးပို့ထားတဲ့ မက်ဆေ့ချ် ၅၀၀ ခန့်ကို တွေ့ခဲ့ရပြီး အချို့မှာ လိင်ဆက်ဆံမှုကို အရူးအမူး ရေးသားထားတာ တွေ့ရပါတယ်။

အကျဉ်းသားနဲ့ချစ်ကြိုးသွယ်မိတဲ့ အကျဉ်းထောင်အရာရှိ မိန်းမချောလေး ယန်းမင်းဟာ အခုအခါမှာတော့ အကျဉ်းထောင်အတွင်း တားမြစ်ပိတ်ပင်ထားတဲ့ ပစ္စည်းများခိုးသွင်းမှုနဲ့ ဆေးခြောက်လက်ဝယ်တွေ့ရှိမှုတို့ဖြင့် သူမကိုယ်တိုင် ၂ နှစ် ဆိုင်းငံ့ထားမယ့် ထောင်ဒဏ် ၁၂ လ ကျခံရမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top