Kantharyar Centre
×

သူငယ္ခ်င္းေတြနဲ႔အတူ ကစားဖို႔ ထြက္သြားခ်ိန္မွာ ေကဒန္ကယ္ပ္ဟာ ခႏၶာကိုယ္ရဲ႕ ၂၀ ရာခုိင္ႏႈန္း မီးေလာင္သြားၿပီး အသက္အႏၱရာယ္စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိေနပါတယ္။

တကၠဆက္ျပည္နယ္ ကားဗီးလ္ၿမိဳ႕မွာေနထုိင္တဲ့ ေကဒန္ဟာ ေကာင္ေလးႏွစ္ဦးနဲ႔ ကစားေနစဥ္ တစ္ဦးက သူ႔ရဲ႕ကိုယ္ေပၚကို ဓာတ္ဆီေတြ ေလာင္းခ်ၿပီး မီးနဲ႔ ႐ႈိ႕ခဲ့တယ္လို႔ သိရပါတယ္။

ယင္းျဖစ္ရပ္ဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ (ေအာက္တုိဘာလ ၂ ရက္) က ျဖစ္ပြားခဲ့တာျဖစ္ၿပီး ေကဒန္ရဲ႕မိခင္ ထ႐ိုင္စတန္ဟက္ခ်က္တ္က သူမရဲ႕သား အေျခအေနကို ေအာက္တုိဘာလ ၅ ရက္က ေျပာျပခဲ့ပါတယ္။

အသက္ ၁၀ ႏွစ္အရြယ္ ေကဒန္ရဲ႕ ႏွလံုး တည္ၿငိမ္ေစဖို႔ ေဆးကုသမႈခံယူေနရတယ္လို႔ သိရပါတယ္။

"သူက အဲဒီေကာင္ေလးေတြကို သူ႔သူငယ္ခ်င္းေတြလို႔ ထင္ေနတာ။ ဒါေပမဲ့ သူတုိ႔ကေတာ့ သူ႔ကိုပဲ အျမဲစေနာက္ေနၾကတာ။ အျမဲတမ္း အဲဒီလုိပဲ ရက္ရက္စက္စက္ စေနာက္ခံရေပမဲ့ သူတုိ႔နဲ႔ပဲ ကစားေနတာ" လို႔ ထ႐ိုင္စတန္က ေျပာျပပါတယ္။

ၿမိဳ႕ရဲ႕ေျပာေရးဆုိခြင့္ရွိသူ ကိတ္တလင္းဘယ္ရီကေတာ့့ ေကာင္ေလးဟာ မီး႐ႈိ႕ခံရတယ္လုိ႔ သတင္းေတြၾကားေပမဲ့ မီးေလာင္ခံရတဲ့အေၾကာင္းရင္းကို ေသခ်ာစံုစမ္းဆဲျဖစ္ေၾကာင္း ေျပာခဲ့ပါတတယ္။

ေကဒန္တုိ႔မိသားစုကို ကူညီဖို႔အတြက္ ရန္ပံုေငြဝက္ဘ္ဆုိက္တစ္ခုလည္းကို တည္ေထာင္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

သူငယ်ချင်းတွေနဲ့အတူ ကစားဖို့ ထွက်သွားချိန်မှာ ကေဒန်ကယ်ပ်ဟာ ခန္ဓာကိုယ်ရဲ့ ၂၀ ရာခိုင်နှုန်း မီးလောင်သွားပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

တက္ကဆက်ပြည်နယ် ကားဗီးလ်မြို့မှာနေထိုင်တဲ့ ကေဒန်ဟာ ကောင်လေးနှစ်ဦးနဲ့ ကစားနေစဉ် တစ်ဦးက သူ့ရဲ့ကိုယ်ပေါ်ကို ဓာတ်ဆီတွေ လောင်းချပြီး မီးနဲ့ ရှို့ခဲ့တယ်လို့ သိရပါတယ်။

ယင်းဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (အောက်တိုဘာလ ၂ ရက်) က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကေဒန်ရဲ့မိခင် ထရိုင်စတန်ဟက်ချက်တ်က သူမရဲ့သား အခြေအနေကို အောက်တိုဘာလ ၅ ရက်က ပြောပြခဲ့ပါတယ်။

အသက် ၁၀ နှစ်အရွယ် ကေဒန်ရဲ့ နှလုံး တည်ငြိမ်စေဖို့ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

"သူက အဲဒီကောင်လေးတွေကို သူ့သူငယ်ချင်းတွေလို့ ထင်နေတာ။ ဒါပေမဲ့ သူတို့ကတော့ သူ့ကိုပဲ အမြဲစနောက်နေကြတာ။ အမြဲတမ်း အဲဒီလိုပဲ ရက်ရက်စက်စက် စနောက်ခံရပေမဲ့ သူတို့နဲ့ပဲ ကစားနေတာ" လို့ ထရိုင်စတန်က ပြောပြပါတယ်။

မြို့ရဲ့ပြောရေးဆိုခွင့်ရှိသူ ကိတ်တလင်းဘယ်ရီကတော့ ကောင်လေးဟာ မီးရှို့ခံရတယ်လို့ သတင်းတွေကြားပေမဲ့ မီးလောင်ခံရတဲ့အကြောင်းရင်းကို သေချာစုံစမ်းဆဲဖြစ်ကြောင်း ပြောခဲ့ပါတတယ်။

ကေဒန်တို့မိသားစုကို ကူညီဖို့အတွက် ရန်ပုံငွေဝက်ဘ်ဆိုက်တစ်ခုလည်းကို တည်ထောင်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top