Property Expo
×

ျမန္မာႏိုင္ငံ အလယ္ ပိုင္းတြင္ မုိးၾကက္သြန္ေပၚခ်ိန္ အ ပ်က္အစီးမ်ား၍ ဘုရင့္ေနာင္မွ ကုန္သည္မ်ား ေစ်းႏႈန္းဆြဲတင္သ ျဖင့္ယခုရက္ပိုင္း ၾကက္သြန္နီေစ်း ျမင့္တက္လာေၾကာင္း သတင္းရရွိသည္။

ျမစ္သားႏွင့္ ေက်ာက္ဆည္ ၿမိဳ႕နယ္မ်ားတြင္ မုိးရာသီစိုက္ ၾကက္သြန္အသစ္ေပၚခ်ိန္၌ မုိး ဆက္တိုက္ ရြာသြန္းေန၍ စိုက္ ပ်ိဳးထားသည့္ ၾကက္သြန္ခင္းမ်ား ၇၀ ရာခိုင္ႏႈန္းခန္႔  ပ်က္စီးခဲ့သည္။ ရန္ကုန္သို႔ ၾကက္သြန္အ၀င္နည္း ခဲ့၍ ကုန္သည္မ်ားက ေစ်းဆြဲတင္ ျခင္းေၾကာင့္ ၾကက္သြန္နီေစ်းျမင့္ တက္လာျခင္းျဖစ္သည္။

‘‘နယ္မွာမုိးမ်ားၿပီး အသစ္ လာတာေနာက္က်ေနေတာ့ ေစ်း တင္ၿပီးေရာင္းလို႔ ေစ်းတက္လာ တာပါ။ ဒီရက္ပိုင္းမွာ အ၀င္က လည္း နည္းတယ္’’ဟု ျမန္မာႏိုင္ငံ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴႏွင့္ စားဖိုေဆာင္သံုးသီးႏွံမ်ား စိုက္ပ်ိဳး  ထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ား အသင္းဥကၠ႒ ဦးခင္ဟန္က ေျပာ ၾကားသည္။

ဘုရင့္ေနာင္ကုန္စည္ဒိုင္သို႔ နယ္မွကားအ၀င္သည္ ေအာက္ တိုဘာ ၂၈ ရက္တြင္ အစီးေရ ၁၅ စီးသာ၀င္ေရာက္သျဖင့္ ၾကက္ သြန္နီတစ္ပိႆာလွ်င္ ၄၀၀ က်ပ္ မွ ၁,၂၅၀ က်ပ္အထိေစ်းဖြင့္ခဲ့သည္။ ယခင္ရက္မ်ားကၾကက္သြန္နီေစ်းသည္ အျမင့္ဆံုးတစ္ပိႆာ လွ်င္ ၁,၈၅၀ က်ပ္အထိ ျမင့္ တက္ခဲ့ၿပီးေနာက္ ၁,၂၀၀က်ပ္ခန္႔ သို႔ ျပန္လည္က်ဆင္းလာသည္။

ျမန္မာႏိုင္ငံ အလယ္ပိုင္း ေဒသတြင္ ေဆာင္းၾကက္သြန္နီ စိုက္ပ်ိဳးခ်ိန္ျဖစ္၍ ေစ်းတက္ျခင္း သည္ စိုက္ပ်ိဳးသူေတာင္သူမ်ားအ တြက္ တြန္းအားတစ္ခု ျဖစ္ႏိုင္ ေၾကာင္း ျမင္းၿခံၿမိဳ႕နယ္မွ ၾကက္ သြန္ကုန္သည္တစ္ဦးက ေျပာ ၾကားသည္။

ၾကက္သြန္နီေစ်းျမင့္တက္မႈ ကို စားသံုးသူမ်ားက ေ၀ဖန္ေသာ္ လည္း လက္က်န္ၾကက္သြန္နီ ပိႆာခ်ိန္ သိန္း ၁၅၀ ခန္႔ရွိျခင္း ေၾကာင့္ ျမန္မာတစ္ႏိုင္ငံလံုး ၂ လစာ စားသံုးမႈ ဖူလံုသည္ဟုဆို သည္။

ၾကက္သြန္စိုက္ ရာသီတြင္ ေစ်းတက္ျခင္းေၾကာင့္ တ႐ုတ္ႏွင့္ အိႏိၵယႏိုင္ငံမ်ားမွ ၾကက္သြန္မ်ား တင္သြင္းမည္ဆိုပါက ေစ်းသက္ သာေသာ္လည္း စိုက္ပ်ိဳးသူ ေတာင္သူမ်ားအတြက္ အက်ိဳးအ ျမတ္နည္းႏိုင္ေၾကာင္း ကုန္သည္ အခ်ိဳ႕ကဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

မြန်မာနိုင်ငံ အလယ် ပိုင်းတွင် မိုးကြက်သွန်ပေါ်ချိန် အ ပျက်အစီးများ၍ ဘုရင့်နောင်မှ ကုန်သည်များ ဈေးနှုန်းဆွဲတင်သ ဖြင့်ယခုရက်ပိုင်း ကြက်သွန်နီဈေး မြင့်တက်လာကြောင်း သတင်းရရှိသည်။

မြစ်သားနှင့် ကျောက်ဆည် မြို့နယ်များတွင် မိုးရာသီစိုက် ကြက်သွန်အသစ်ပေါ်ချိန်၌ မိုး ဆက်တိုက် ရွာသွန်းနေ၍ စိုက် ပျိုးထားသည့် ကြက်သွန်ခင်းများ ၇၀ ရာခိုင်နှုန်းခန့်  ပျက်စီးခဲ့သည်။ ရန်ကုန်သို့ ကြက်သွန်အဝင်နည်း ခဲ့၍ ကုန်သည်များက ဈေးဆွဲတင် ခြင်းကြောင့် ကြက်သွန်နီဈေးမြင့် တက်လာခြင်းဖြစ်သည်။

‘‘နယ်မှာမိုးများပြီး အသစ် လာတာနောက်ကျနေတော့ ဈေး တင်ပြီးရောင်းလို့ ဈေးတက်လာ တာပါ။ ဒီရက်ပိုင်းမှာ အဝင်က လည်း နည်းတယ်’’ဟု မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံများ စိုက်ပျိုး  ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးခင်ဟန်က ပြော ကြားသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နယ်မှကားအဝင်သည် အောက် တိုဘာ ၂၈ ရက်တွင် အစီးရေ ၁၅ စီးသာဝင်ရောက်သဖြင့် ကြက် သွန်နီတစ်ပိဿာလျှင် ၄၀၀ ကျပ် မှ ၁,၂၅၀ ကျပ်အထိဈေးဖွင့်ခဲ့သည်။ ယခင်ရက်များကကြက်သွန်နီဈေးသည် အမြင့်ဆုံးတစ်ပိဿာ လျှင် ၁,၈၅၀ ကျပ်အထိ မြင့် တက်ခဲ့ပြီးနောက် ၁,၂၀၀ကျပ်ခန့် သို့ ပြန်လည်ကျဆင်းလာသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွင် ဆောင်းကြက်သွန်နီ စိုက်ပျိုးချိန်ဖြစ်၍ ဈေးတက်ခြင်း သည် စိုက်ပျိုးသူတောင်သူများအ တွက် တွန်းအားတစ်ခု ဖြစ်နိုင် ကြောင်း မြင်းခြံမြို့နယ်မှ ကြက် သွန်ကုန်သည်တစ်ဦးက ပြော ကြားသည်။

ကြက်သွန်နီဈေးမြင့်တက်မှု ကို စားသုံးသူများက ဝေဖန်သော် လည်း လက်ကျန်ကြက်သွန်နီ ပိဿာချိန် သိန်း ၁၅၀ ခန့်ရှိခြင်း ကြောင့် မြန်မာတစ်နိုင်ငံလုံး ၂ လစာ စားသုံးမှု ဖူလုံသည်ဟုဆို သည်။

ကြက်သွန်စိုက် ရာသီတွင် ဈေးတက်ခြင်းကြောင့် တရုတ်နှင့် အိန္ဒိယနိုင်ငံများမှ ကြက်သွန်များ တင်သွင်းမည်ဆိုပါက ဈေးသက် သာသော်လည်း စိုက်ပျိုးသူ တောင်သူများအတွက် အကျိုးအ မြတ်နည်းနိုင်ကြောင်း ကုန်သည် အချို့ကဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top