Property Expo
×

ေျခေခ်ာင္းအဆစ္အျမစ္     နာက်င္ေရာင္ရမ္းမႈျဖစ္ျခင္းဟာ ေဂါက္ေရာဂါရဲ႕ လကၡဏာရပ္ျဖစ္ၿပီး သဘာ၀နည္းလမ္းနဲ႔ ေ၀ဒနာသက္သာေအာင္ လုပ္ႏုိင္ဖို႔ ေျပာျပခ်င္ပါတယ္။

ဆရာ၀န္ၫႊန္ၾကားတဲ့ ေဆး၀ါးေတြနဲ႔ ကုသတာအျပင္ေဘးထြက္ဆုိးက်ဳိးကင္းကင္းနဲ႔ ေဂါက္ေရာဂါသက္သာေအာင္လို႔ ခ်ယ္ရီသီးေတြက ကူညီေပးႏုိင္ပါတယ္။ လတ္လတ္ဆတ္ဆတ္ခ်ယ္ရီသီးကို စားေပးတာပဲ ျဖစ္ျဖစ္၊ ေဖ်ာ္ရည္ေသာက္တာပဲျဖစ္ျဖစ္ အဆစ္အျမစ္ နာက်င္သက္သာဖုိ႔ ေထာက္ကူေပးပါတယ္။ ျဖစ္ႏုိင္မယ္ဆုိရင္ ခ်ယ္ရီသီးကို ေန႔စဥ္ ၁၃ လုံးမွ  အလုံး၂၀ အထိ စားေပးသင့္တယ္လို႔ဆုိပါတယ္။

ခ်ယ္ရီသီးမွာ  သဘာ၀ဓာတ္တိုးဆန္႔က်င္  ဂုဏ္သတၱိနဲ႔ ေရာင္ရမ္းမႈကို   သက္သာေစတဲ့ အစြမ္းသတၱိရွိတာေၾကာင့္ ေသြးတြင္းယူရစ္ အက္စစ္ပမာဏမ်ားတာကို     ေလွ်ာ့ခ်ေပးႏုိင္တယ္။ ေဂါက္ေရာဂါရဲ႕    လကၡဏာေတြစျပၿပီဆိုတာနဲ႔ ခ်ယ္ရီသီးစားေပးတာ အေကာင္းဆုံးပဲ ျဖစ္ပါတယ္။ ေနာက္ၿပီး ခႏၶာကိုယ္ အပူအေအးမွ်တဖုိ႔ လုိတာေၾကာင့္ ေန႔စဥ္ ေန႔တုိင္း ေရမ်ားမ်ား ေသာက္ေပး ရမွာပါ။

သဘာ၀ခ်ယ္ရီသီး ေဖ်ာ္ရည္ကုိ ကိုယ္တုိင္ေဖ်ာ္  ေသာက္ႏုိင္ ဖုိ႔အတြက္     လတ္လတ္ဆတ္ဆတ္ ခ်ယ္ရီသီးတစ္ေပါင္၊ သဘာ၀ပ်ားရည္ လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္း၊ ေရအနည္းငယ္လုိအပ္ၿပီး ဆိုဒါရည္တို႔၊ သံပ႐ိုရည္တို႔ ထည့္ခ်င္လည္း ထည့္ႏုိင္ပါတယ္။

ခ်ယ္ရီသီးေတြကို အေစ့ဖယ္ႀကိတ္ေျခၿပီး ပ်ားရည္နဲ႔ ေရာကာဒယ္ျပားတစ္ခုထဲမွာ က်ဳိခ်က္ပါ။ အႏွစ္ရလာၿပီဆုိရင္   မီးဖိုကခ်၊ ဒယ္အိုးအဖုံးပိတ္ၿပီး   ၂  နာရီေလာက္   ထားရပါမယ္။ ၿပီးရင္ေရအနည္းငယ္ထည့္ၿပီး ပြက္လာ၊ပ်စ္လာတာနဲ႔    ပုလင္းထဲထည့္သိမ္းထားႏုိင္ပါၿပီ။ ခ်ယ္ရီသီးအႏွစ္ရည္ကို ၾကက္ဥမုန္႔(ပန္ကိတ္) ေပၚမွာ သုတ္ၿပီး စားႏုိင္သလို ေဖ်ာ္ရည္လုပ္မယ္ဆိုရင္ လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းကို ေရတစ္ဖန္ခြက္နဲ႔ ေဖ်ာ္ေသာက္ႏုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ခြေချောင်းအဆစ်အမြစ်     နာကျင်ရောင်ရမ်းမှုဖြစ်ခြင်းဟာ ဂေါက်ရောဂါရဲ့ လက္ခဏာရပ်ဖြစ်ပြီး သဘာဝနည်းလမ်းနဲ့ ဝေဒနာသက်သာအောင် လုပ်နိုင်ဖို့ ပြောပြချင်ပါတယ်။

ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေနဲ့ ကုသတာအပြင်ဘေးထွက်ဆိုးကျိုးကင်းကင်းနဲ့ ဂေါက်ရောဂါသက်သာအောင်လို့ ချယ်ရီသီးတွေက ကူညီပေးနိုင်ပါတယ်။ လတ်လတ်ဆတ်ဆတ်ချယ်ရီသီးကို စားပေးတာပဲ ဖြစ်ဖြစ်၊ ဖျော်ရည်သောက်တာပဲဖြစ်ဖြစ် အဆစ်အမြစ် နာကျင်သက်သာဖို့ ထောက်ကူပေးပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ချယ်ရီသီးကို နေ့စဉ် ၁၃ လုံးမှ  အလုံး၂၀ အထိ စားပေးသင့်တယ်လို့ဆိုပါတယ်။

ချယ်ရီသီးမှာ  သဘာဝဓာတ်တိုးဆန့်ကျင်  ဂုဏ်သတ္တိနဲ့ ရောင်ရမ်းမှုကို   သက်သာစေတဲ့ အစွမ်းသတ္တိရှိတာကြောင့် သွေးတွင်းယူရစ် အက်စစ်ပမာဏများတာကို     လျှော့ချပေးနိုင်တယ်။ ဂေါက်ရောဂါရဲ့    လက္ခဏာတွေစပြပြီဆိုတာနဲ့ ချယ်ရီသီးစားပေးတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ နောက်ပြီး ခန္ဓာကိုယ် အပူအအေးမျှတဖို့ လိုတာကြောင့် နေ့စဉ် နေ့တိုင်း ရေများများ သောက်ပေး ရမှာပါ။

သဘာဝချယ်ရီသီး ဖျော်ရည်ကို ကိုယ်တိုင်ဖျော်  သောက်နိုင် ဖို့အတွက်     လတ်လတ်ဆတ်ဆတ် ချယ်ရီသီးတစ်ပေါင်၊ သဘာဝပျားရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊ ရေအနည်းငယ်လိုအပ်ပြီး ဆိုဒါရည်တို့၊ သံပရိုရည်တို့ ထည့်ချင်လည်း ထည့်နိုင်ပါတယ်။

ချယ်ရီသီးတွေကို အစေ့ဖယ်ကြိတ်ခြေပြီး ပျားရည်နဲ့ ရောကာဒယ်ပြားတစ်ခုထဲမှာ ကျိုချက်ပါ။ အနှစ်ရလာပြီဆိုရင်   မီးဖိုကချ၊ ဒယ်အိုးအဖုံးပိတ်ပြီး   ၂  နာရီလောက်   ထားရပါမယ်။ ပြီးရင်ရေအနည်းငယ်ထည့်ပြီး ပွက်လာ၊ပျစ်လာတာနဲ့    ပုလင်းထဲထည့်သိမ်းထားနိုင်ပါပြီ။ ချယ်ရီသီးအနှစ်ရည်ကို ကြက်ဥမုန့်(ပန်ကိတ်) ပေါ်မှာ သုတ်ပြီး စားနိုင်သလို ဖျော်ရည်လုပ်မယ်ဆိုရင် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို ရေတစ်ဖန်ခွက်နဲ့ ဖျော်သောက်နိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top