Kantharyar Centre
×







Credit:7Day Daily

#Unicode Version
 တစ်နိုင်ငံလုံးမှ ဆောက် လုပ်ဆဲနှင့် ဆောက်လုပ်ပြီး တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ စုပေါင်းကာ ပထမဆုံးအကြိမ် အိမ်ရာ အရောင်းပြပွဲကို ရန်ကုန်မြို့တွင် ကျင်းပမည်ဟု သတင်းရရှိသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၊ House.com.mm တို့ ပထမဆုံးအကြိမ် ပူးပေါင်းပြုလုပ်သည့် တန်ဖိုးနည်း အိမ်ရာ အရောင်းပြပွဲကို အောက် တိုဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့ MICT Park ခန်းမ တွင် ပြသမည်ဖြစ်သည်။

အထူးသဖြင့် ဆောက်လုပ် ရေးဝန်ကြီးဌာနက တည်ဆောက် မည့် အိမ်ရာများအပါအဝင် ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းတည် ဆောက်သော အိမ်ရာစီမံကိန်း များ အဓိကပြသရောင်းချမည်ဟု ဆိုသည်။

‘‘ဒီပွဲကနေ တန်ဖိုးနည်းအိမ် ရာ အရစ်ကျဝယ်လိုသူတွေအ တွက် သတင်းအချက်အလက် တွေ စုံစမ်းနိုင်သလို ကိုယ်တိုင် ကိုယ်ကျလည်း ဝယ်ယူနိုင်မှာ ဖြစ် ပါတယ်’’ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဒါရိုက် တာ ဦးဝင်းဇော်က ပြောသည်။

ဝင်ငွေနည်း ပြည်သူများအ တွက် အရစ်ကျစနစ်ဖြင့် ဝယ်ယူ နိုင်မည့် အိမ်ရာစီမံကိန်းများ ပါဝင်မည်ဖြစ်ပြီး ဘဏ်ချေးငွေရယူကာ ဝယ်ယူနိုင်ရေးအတွက်လည်း အဆိုပါပွဲတွင် ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က သတင်းအချက်အလက်များ ထုတ်ပြန်ရှင်းလင်းခြင်းအစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရ သည်။

တန်ဖိုးနည်းအိမ်ရာ အ ရောင်းပြပွဲတွင် ရန်ကုန်၌ တည် ဆောက်နေသည့် ရွှေလင်ဗန်းအိမ် ရာစီမံကိန်း၊ ယုဇနအိမ်ရာစီမံကိန်းနှင့် အခြားတန်ဖိုးနည်းအိမ်ရာစီမံ ကိန်းများ အဓိကပြသရောင်းချ မည်ဟု ဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top