Kantharyar Centre
×

ဆယ္ေက်ာ္သက္ မိန္းကေလးငယ္ အခ်င္းခ်င္း ရည္းစားေၾကာင့္သဝန္တိုၿပီး ရန္ျဖစ္ခဲ့ၾကရမွာ မိန္းေကလးငယ္တစ္ဦးကို ဓါးကိုင္ၿပီး ၿခိမ္းေျခာက္ ႏွိပ္စက္ခဲ့တဲ့ မိန္းကေလးငယ္ ေလးဦးကို ရဲတပ္ဖြဲ႔က ဖမ္းဆီးလိုက္ေၾကာင္း သိရပါတယ္။

မိန္ကေလးငယ္ အခ်ိဳ႕ပါဝင္တဲ့ အုပ္စုတစ္စုဟာ အျခားမိန္းကေလးငယ္တစ္ဦးကို ႀကိဳးတုတ္ၿပီး ႐ိုက္ႏွက္ေနခဲ့တာျဖစ္ပါတယ္။ ဒါတင္မကပဲ အျခား မိန္းကေလးတစ္ဦးက ႀကိဳးတုတ္ခံရထားတဲ့ မိန္းကေလးကို ဓါးနဲ႔ ခုတ္မယ့္ပံုစံ ႐ြယ္ထားခဲ့တာ ေတြ႔ရပါတယ္။ ဘရာဇီးမွာ ျဖစ္ပြားခဲ့တဲ့ ဒီျဖစ္ရပ္ကို ဗီဒီယုိေခ်ာင္း႐ိုက္ထားခဲ့သူ တစ္ဦးေၾကာင့္ လူမႈကြန္ယက္ေပၚ ပ်ံ႕ႏွံ႔ခဲ့ၿပီး မိန္းကေလးငယ္ေတြကို ဖမ္းဆီးလိုက္တာျဖစ္ပါတယ္။

ႏွိပ္စက္ျခင္းခံရတဲ့ အမ်ိဳးသမီးငယ္ဟာ ေျမျပင္မွာ ထိုင္လ်က္သား ပံုစံနဲ႔ ေနခဲ့ရၿပီး သူမကို ႀကိဳးတုတ္ခံခဲ့ရတာျဖစ္ပါတယ္။ ရဲတပ္ဖြဲ႔ဝင္ေတြရဲ႕ စစ္ေဆးခ်က္အရ အုပ္စုဖြဲ႔တိုက္ခိုက္သူေတြထဲက မိန္းကေလးတစ္ဦးဟာ သူမရဲ႕ခ်စ္သူေကာင္ေလးနဲ႔ ဒီမိန္းကေလးကို သဝန္တိုခဲ့တဲ့အတြက္ ဒီလုိလုပ္ခဲ့တာလို႔ သိရပါတယ္။

အဆိုပါ အမ်ိဳးသမီးငယ္ကို ႏွိပ္စက္မႈဟာ ေလးနာရီေလာက္ ၾကာျမင့္ခဲ့တယ္လို႔ သိရပါတယ္။ အုပ္စုဖြဲ႔ ႏွိပ္စက္ခဲ့သူေတြဟာ ဒီမိန္းကေလးကို သတ္ပစ္ဖို႔အထိ ရည္႐ြယ္ခဲ့တာျဖစ္ၿပီး လႊတ္ေပးခဲ့တာမဟုတ္ပဲ၊ လြတ္ေျမာက္သြားခဲ့တာလို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ဆယ်ကျော်သက် မိန်းကလေးငယ် အချင်းချင်း ရည်းစားကြောင့်သဝန်တိုပြီး ရန်ဖြစ်ခဲ့ကြရမှာ မိန်းကေလးငယ်တစ်ဦးကို ဓါးကိုင်ပြီး ခြိမ်းခြောက် နှိပ်စက်ခဲ့တဲ့ မိန်းကလေးငယ် လေးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

မိန်ကလေးငယ် အချို့ပါဝင်တဲ့ အုပ်စုတစ်စုဟာ အခြားမိန်းကလေးငယ်တစ်ဦးကို ကြိုးတုတ်ပြီး ရိုက်နှက်နေခဲ့တာဖြစ်ပါတယ်။ ဒါတင်မကပဲ အခြား မိန်းကလေးတစ်ဦးက ကြိုးတုတ်ခံရထားတဲ့ မိန်းကလေးကို ဓါးနဲ့ ခုတ်မယ့်ပုံစံ ရွယ်ထားခဲ့တာ တွေ့ရပါတယ်။ ဘရာဇီးမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကို ဗီဒီယိုချောင်းရိုက်ထားခဲ့သူ တစ်ဦးကြောင့် လူမှုကွန်ယက်ပေါ် ပျံ့နှံ့ခဲ့ပြီး မိန်းကလေးငယ်တွေကို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

နှိပ်စက်ခြင်းခံရတဲ့ အမျိုးသမီးငယ်ဟာ မြေပြင်မှာ ထိုင်လျက်သား ပုံစံနဲ့ နေခဲ့ရပြီး သူမကို ကြိုးတုတ်ခံခဲ့ရတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးချက်အရ အုပ်စုဖွဲ့တိုက်ခိုက်သူတွေထဲက မိန်းကလေးတစ်ဦးဟာ သူမရဲ့ချစ်သူကောင်လေးနဲ့ ဒီမိန်းကလေးကို သဝန်တိုခဲ့တဲ့အတွက် ဒီလိုလုပ်ခဲ့တာလို့ သိရပါတယ်။

အဆိုပါ အမျိုးသမီးငယ်ကို နှိပ်စက်မှုဟာ လေးနာရီလောက် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ အုပ်စုဖွဲ့ နှိပ်စက်ခဲ့သူတွေဟာ ဒီမိန်းကလေးကို သတ်ပစ်ဖို့အထိ ရည်ရွယ်ခဲ့တာဖြစ်ပြီး လွှတ်ပေးခဲ့တာမဟုတ်ပဲ၊ လွတ်မြောက်သွားခဲ့တာလို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top