Property Expo
×

ထိုင္းအမ်ိဳးသမီးမ်ားကို လိင္ေက်းကၽြန္အျဖစ္ ခိုင္းေစေလ့ရွိသည့္ ႏုိင္ငံတကာ လူေမွာင္ခို ရာဇဝတ္ဂိုဏ္း တစ္ခုကို ေဖာ္ထုတ္ ဖမ္းဆီးခဲ့ေၾကာင္း အေမရိကန္ အစိုးရ ေ႐ွ႕ေနမ်ားက ေျပာၾကားခဲ့သည္။

အဆိုပါ ဂိုဏ္းသည္ ထိုင္းႏုိင္ငံမွ အမ်ိဳးသမီး ရာေပါင္းမ်ားစြာကို အေမရိကန္သို႔ တရားမဝင္ ေမွာင္ခိုတင္ပို႔မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ အေမရိကန္ အာဏာပိုင္မ်ားက ထိုင္းႏုိင္ငံသား ၁၂ ဦးႏွင့္ အေမရိကန္ ၅ ဦး ပါဝင္ေသာ ဒုစ႐ိုက္ အဝန္းအဝိုင္းကို ေဖာ္ထုတ္ ဖမ္းဆီးႏုိင္ခဲ့သည္။ ၎တို႔ ေခၚယူလာသည့္ ထိုင္းအမ်ိဳးသမီးမ်ားသည္ အေမရိကန္ တနံတလ်ားတြင္ ျပည့္တန္ဆာမ်ား၊ လိင္ေက်းကၽြန္မ်ားအျဖစ္ လုပ္ကိုင္ရန္ ဖိအားေပး ခုိင္းေစျခင္း ခံရေလ့ ရွိသည္။

အမ်ိဳးသမီးမ်ားကို ခ်ီကာဂို၊ လာ့စ္ဗီးဂက္စ္၊ ဝါရွင္တန္ႏွင့္ အျခားၿမိဳ႕ႀကီးမ်ားသို႔ ပို႔ေဆာင္ကာ ျပည့္တန္ဆာအျဖစ္ အလုပ္လုပ္ေစသည္။ “အခုေတာ့ လူ ၁၇ ေယာက္ကို ဖမ္းထားပါတယ္။ လိင္ေက်းကၽြန္အျဖစ္ ခုိင္းေစမႈ၊ လူေမွာင္ခိုမႈေတြနဲ႔ စြဲခ်က္တင္သြားဖို႔လည္း စီစဉ္ထားပါတယ္”ဟု မင္နီဆိုးတားမွ အစိုးရ ေ႐ွ႕ေန တစ္ဦးျဖစ္သည့္ အန္ဒ႐ူး လူဂါက ဆိုသည္။

“မိန္းကေလးေတြကို အေမရိကန္မွာ အလုပ္ေကာင္းေကာင္း ရေစမယ္လုိ႔ အိပ္မက္ေတြ ေပးၿပီး ေခၚလာေလ့ ရွိတယ္။ ဒါေပမဲ့ ေနာက္ပိုင္းက်မွ သူတို႔ႀကံဳတဲ့ အိပ္မက္ဟာ အိပ္မက္ဆိုး ျဖစ္ေနမွန္း သိလာၾကရတာပါ။ အတိုခ်ဳပ္ ေျပာရရင္ေတာ့ လိမ္လည္ေခၚေဆာင္တာ ခံရတဲ့ ထိုင္းမိန္းကေလးေတြဟာ ေခတ္သည္ လိင္ေက်းကၽြန္ေတြဘဝ ေရာက္ကုန္ၾကရရွာပါတယ္”ဟု ၎က ေျပာၾကားခဲ့သည္။

အမ်ိဳးသမီးမ်ားသည္ အေမရိကန္သို႔ ေရာက္ရွိသည္ႏွင့္ အႏွိပ္ခန္းမ်ား၊ ဟိုတယ္မ်ား၊ ကိုယ္ပိုင္တိုက္ခန္းမ်ားသို႔ ပို႔ေဆာင္ခံရၿပီး လိင္ေက်းကၽြန္အျဖစ္ ေရာင္းစားျခင္း ခံခဲ့ရသည္။ အျပင္ဘက္ ထြက္သည့္အခါတြင္လည္း အေစာင့္အၾကပ္မ်ား ခ်ထားျခင္း ခံရသည္။ ထိုအေစာင့္မ်ားက လံုၿခံဳေရး ဝန္ေဆာင္မႈဟုဆိုကာ အမ်ိဳးသမီးမ်ား၏ ကာမကိုလည္း ရယူေလ့ရွိသည္။

အကယ္၍ အမ်ိဳးသမီးမ်ားက ထြက္ေျပးရန္ ႀကိဳးစားပါက ထိုင္းတြင္ က်န္ခဲ့သည့္ သူမတို႔၏ မိသားစုမ်ားကို အႏၱရာယ္ေပးမည္ဟု လူေမွာင္ခို ဂိုဏ္းသားမ်ားက ၿခိမ္းေျခာက္ေလ့ ရွိေၾကာင္းလည္း အေမရိကန္ အမိေျမ လံုၿခံဳေရး စံုစမ္းစစ္ေဆးမႈဌာန အရာရွိ တစ္ဦးျဖစ္သည့္ အဲလက္စ္ ခူးက ေျပာၾကားခဲ့သည္။ အမွန္တကယ္လည္း အမ်ိဳးသမီး တစ္ဦး၏ ေဆြမ်ိဳးသားခ်င္း တစ္ဦးကို အ႐ိုးမ်ား က်ိဳးသြားသည္အထိ ၎တို႔က ထိုင္းတြင္ ရန္ျပဳ တိုက္ခုိက္ခဲ့ဖူးသည္။

အဆိုပါ ရာဇဝတ္ဂိုဏ္း၏ ေနာက္ေၾကာင္းကို စံုစမ္းေနဆဲျဖစ္ၿပီး ၂၀၀၉ ခုႏွစ္ကတည္းက လုပ္ငန္းစတင္ လည္ပတ္ေနခဲ့သည္ဟု အေမရိကန္ ေထာက္လွမ္းေရး အရာရွိမ်ားက ယူဆေနေၾကာင္းလည္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version
ထိုင်းအမျိုးသမီးများကို လိင်ကျေးကျွန်အဖြစ် ခိုင်းစေလေ့ရှိသည့် နိုင်ငံတကာ လူမှောင်ခို ရာဇဝတ်ဂိုဏ်း တစ်ခုကို ဖော်ထုတ် ဖမ်းဆီးခဲ့ကြောင်း အမေရိကန် အစိုးရ ရှေ့နေများက ပြောကြားခဲ့သည်။

အဆိုပါ ဂိုဏ်းသည် ထိုင်းနိုင်ငံမှ အမျိုးသမီး ရာပေါင်းများစွာကို အမေရိကန်သို့ တရားမဝင် မှောင်ခိုတင်ပို့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အမေရိကန် အာဏာပိုင်များက ထိုင်းနိုင်ငံသား ၁၂ ဦးနှင့် အမေရိကန် ၅ ဦး ပါဝင်သော ဒုစရိုက် အဝန်းအဝိုင်းကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းတို့ ခေါ်ယူလာသည့် ထိုင်းအမျိုးသမီးများသည် အမေရိကန် တနံတလျားတွင် ပြည့်တန်ဆာများ၊ လိင်ကျေးကျွန်များအဖြစ် လုပ်ကိုင်ရန် ဖိအားပေး ခိုင်းစေခြင်း ခံရလေ့ ရှိသည်။

အမျိုးသမီးများကို ချီကာဂို၊ လာ့စ်ဗီးဂက်စ်၊ ဝါရှင်တန်နှင့် အခြားမြို့ကြီးများသို့ ပို့ဆောင်ကာ ပြည့်တန်ဆာအဖြစ် အလုပ်လုပ်စေသည်။ “အခုတော့ လူ ၁၇ ယောက်ကို ဖမ်းထားပါတယ်။ လိင်ကျေးကျွန်အဖြစ် ခိုင်းစေမှု၊ လူမှောင်ခိုမှုတွေနဲ့ စွဲချက်တင်သွားဖို့လည်း စီစဉ်ထားပါတယ်”ဟု မင်နီဆိုးတားမှ အစိုးရ ရှေ့နေ တစ်ဦးဖြစ်သည့် အန်ဒရူး လူဂါက ဆိုသည်။

“မိန်းကလေးတွေကို အမေရိကန်မှာ အလုပ်ကောင်းကောင်း ရစေမယ်လို့ အိပ်မက်တွေ ပေးပြီး ခေါ်လာလေ့ ရှိတယ်။ ဒါပေမဲ့ နောက်ပိုင်းကျမှ သူတို့ကြုံတဲ့ အိပ်မက်ဟာ အိပ်မက်ဆိုး ဖြစ်နေမှန်း သိလာကြရတာပါ။ အတိုချုပ် ပြောရရင်တော့ လိမ်လည်ခေါ်ဆောင်တာ ခံရတဲ့ ထိုင်းမိန်းကလေးတွေဟာ ခေတ်သည် လိင်ကျေးကျွန်တွေဘဝ ရောက်ကုန်ကြရရှာပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

အမျိုးသမီးများသည် အမေရိကန်သို့ ရောက်ရှိသည်နှင့် အနှိပ်ခန်းများ၊ ဟိုတယ်များ၊ ကိုယ်ပိုင်တိုက်ခန်းများသို့ ပို့ဆောင်ခံရပြီး လိင်ကျေးကျွန်အဖြစ် ရောင်းစားခြင်း ခံခဲ့ရသည်။ အပြင်ဘက် ထွက်သည့်အခါတွင်လည်း အစောင့်အကြပ်များ ချထားခြင်း ခံရသည်။ ထိုအစောင့်များက လုံခြုံရေး ဝန်ဆောင်မှုဟုဆိုကာ အမျိုးသမီးများ၏ ကာမကိုလည်း ရယူလေ့ရှိသည်။

အကယ်၍ အမျိုးသမီးများက ထွက်ပြေးရန် ကြိုးစားပါက ထိုင်းတွင် ကျန်ခဲ့သည့် သူမတို့၏ မိသားစုများကို အန္တရာယ်ပေးမည်ဟု လူမှောင်ခို ဂိုဏ်းသားများက ခြိမ်းခြောက်လေ့ ရှိကြောင်းလည်း အမေရိကန် အမိမြေ လုံခြုံရေး စုံစမ်းစစ်ဆေးမှုဌာန အရာရှိ တစ်ဦးဖြစ်သည့် အဲလက်စ် ခူးက ပြောကြားခဲ့သည်။ အမှန်တကယ်လည်း အမျိုးသမီး တစ်ဦး၏ ဆွေမျိုးသားချင်း တစ်ဦးကို အရိုးများ ကျိုးသွားသည်အထိ ၎င်းတို့က ထိုင်းတွင် ရန်ပြု တိုက်ခိုက်ခဲ့ဖူးသည်။

အဆိုပါ ရာဇဝတ်ဂိုဏ်း၏ နောက်ကြောင်းကို စုံစမ်းနေဆဲဖြစ်ပြီး ၂၀၀၉ ခုနှစ်ကတည်းက လုပ်ငန်းစတင် လည်ပတ်နေခဲ့သည်ဟု အမေရိကန် ထောက်လှမ်းရေး အရာရှိများက ယူဆနေကြောင်းလည်း သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top