Property Expo
×

 အလုပ္လုပ္ႏုိင္စြမ္းရွိ ေသာ အသက္ (၂၅)ႏွစ္ခန္႔အရြယ္မ်ားတြင္ ႏွလံုးေသြးေၾကာက်ဥ္း ေရာဂါ၊ ေလျဖတ္ေရာဂါမ်ားျဖစ္ ပြားေနသည္ကို ေတြ႕ရွိလာရ၍ က်န္းမာေသာ ဘဝေနထိုင္မႈပံုစံ ကို အထူးဂ႐ုစိုက္ရန္ လိုအပ္လာ ၿပီျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဆီးခ်ိဳ၊  ေသြးခ်ိဳေရာဂါ အသင္းဥကၠ႒ ပါေမာကၡေဒါက္တာတင့္ေဆြလတ္က ေျပာၾကားသည္။

‘‘ေဆး႐ံု၊ ေဆးခန္းေတြကို အ သက္ (၂၅)ႏွစ္၊ (၃၀)ႏွစ္ အရြယ္ ေလးေတြ ေလျဖတ္ၿပီး ေရာက္လာတယ္။ ႏွလံုးေသြးေၾကာက်ဥ္း ေရာဂါေတြ ခံစားၿပီး ေရာက္လာ ၾကတယ္။ အရင္တုန္းက ဒီေရာဂါ ေတြဆုိတာ အသက္ (၅၀)၊ (၆၀) အရြယ္ေတြမွ ျဖစ္ၾကတာ။ အခု ေတာ့ အသက္ငယ္ငယ္ေလးေတြ နဲ႔ ဒီေရာဂါေတြျဖစ္လာၾကၿပီ။ ေနာက္ဆက္တြဲ ဆီးခ်ိဳ၊ ေသြးခ်ိဳ ေရာဂါေတြ ဝင္လာႏုိင္တယ္။ ဒီ ေရာဂါေတြဟာ လူ႔သက္တမ္းကို (၁၀)ႏွစ္၊ (၁၂)ႏွစ္ေလာက္အထိ တိုေစတယ္’’ဟု ၎က ဆုိသည္။

 ေလျဖတ္ေရာဂါ ခံစားရ သည့္ လူနာမ်ား၌ အသက္ငယ္ ငယ္ျဖင့္ ခႏၶာကိုယ္တစ္ျခမ္းေသ သြားသည့္ လူနာမရွိသကဲ့သို႔ အ သက္ဆံုး႐ႈံးသြားသည့္ လူနာမ်ားလည္းရွိေၾကာင္း၊ ႏွလံုးေရာဂါခံစားရၿပီး သြားလာလႈပ္ရွားလိုက္ သည္ႏွင့္ ပင္ပန္းမႈဒဏ္မခံစားႏုိင္ ဘဲ ေမာပန္းလြယ္သည့္ အသက္ ငယ္ရြယ္သည့္ လူနာမ်ား၊ လူစဥ္ မမီ ဒုကၡိတျဖစ္သြားေသာ လူနာမ်ားကို ေတြ႕ေနရ၍ ယခုကဲ့သို႔ ကူးစက္မဟုတ္ေသာ ေရာဂါမ်ားမျဖစ္ပြားေစရန္ က်န္းမာေရႏွင့္ ညီၫြတ္သည့္ ေနထိုင္စားေသာက္မႈ ပံုစံသည္ အေရးႀကီးေၾကာင္း ပါေမာကၡ ေဒါက္တာတင့္ေဆြလတ္က ေျပာသည္။ ‘‘ထမင္းစားမယ္ဆုိရင္ ထမင္း ပန္းကန္ရဲ႕ ေလးပံုတစ္ပံုကို သာ ထမင္းထည့္သင့္တယ္။ ေနာက္ထပ္ ေလးပံုတစ္ပံုကိုေတာ့ အသား၊ ငါးျဖစ္ရမယ္။ က်န္တဲ့ တစ္ဖက္ (ေလးပံုႏွစ္ပံု)က ဟင္း သီးဟင္းရြက္ျဖစ္ရမယ္။ အရည္ ေသာက္ဟင္းက ထမင္းစားတိုင္း အနည္းဆံုး ခုနစ္ဇြန္း၊ ရွစ္ဇြန္းစား ေပးရမယ္’’ဟု ၎က ရွင္းျပသည္။

ျပည့္ဝဆီမ်ားေသာ ေထာ ပတ္၊ ဒိန္ခဲ၊ စားအုန္းဆီ၊ ျပန္ ေၾကာ္ဆီမ်ားကို ေရွာင္ၾကဥ္သင့္ ၿပီး ငါးအမ်ိဳးမ်ိဳး၊ ေထာပတ္သီး၊ သစ္သီးအဆန္မ်ား၊ ေနၾကာဆီ၊သံလြင္ဆီကဲ့သို႔ မျပည့္ဝဆီမ်ားကို စားသံုးသင့္ေၾကာင္း၊ အငန္ဓာတ္ မ်ားေသာ အစားအေသာက္မ်ား ႏွင့္ အခ်ိဳ႕ရည္မ်ား၊ ေဆးလိပ္၊ အရက္ႏွင့္ ကြမ္းစားသံုးမႈမ်ားကို သတိျပဳေရွာင္ၾကဥ္သင့္ေၾကာင္း ေအာက္တိုဘာ ၂၃ ရက္က သူနာ ျပဳတကၠသိုလ္၌ ျပဳလုပ္သည့္ ဆီး ခ်ိဳ၊ ေသြးခ်ိဳေရာဂါႏွင့္ က်န္းမာ ေသာ လူ႔ဘဝေနထိုင္မႈပံုစံ က်န္း မာေရးေဟာေျပာပြဲမွ သိရသည္။

ထို႔အျပင္ လူတစ္ေယာက္၏ အိပ္ခ်ိန္ကို အနည္းဆံုး ခုနစ္နာရီ ခန္႔ထားသင့္ၿပီး ေရမ်ားမ်ား ေသာက္ျခင္း၊ တစ္ေန႔လွ်င္ အ နည္းဆံုး နာရီဝက္ခန္႔ ကိုယ္လက္ လႈပ္ရွားမႈေလ့က်င့္ခန္း (လမ္း ေလွ်ာက္ျခင္း၊ ေရကူးျခင္း၊ စက္ ဘီးစီးျခင္း)မ်ားကို ပံုမွန္ျပဳလုပ္ ေပးရန္လိုအပ္ေၾကာင္း ေဒါက္တာတင့္ေဆြလတ္က အႀကံျပဳသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အလုပ်လုပ်နိုင်စွမ်းရှိ သော အသက် (၂၅)နှစ်ခန့်အရွယ်များတွင် နှလုံးသွေးကြောကျဉ်း ရောဂါ၊ လေဖြတ်ရောဂါများဖြစ် ပွားနေသည်ကို တွေ့ရှိလာရ၍ ကျန်းမာသော ဘဝနေထိုင်မှုပုံစံ ကို အထူးဂရုစိုက်ရန် လိုအပ်လာ ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီးချို၊  သွေးချိုရောဂါ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာတင့်ဆွေလတ်က ပြောကြားသည်။

‘‘ဆေးရုံ၊ ဆေးခန်းတွေကို အ သက် (၂၅)နှစ်၊ (၃၀)နှစ် အရွယ် လေးတွေ လေဖြတ်ပြီး ရောက်လာတယ်။ နှလုံးသွေးကြောကျဉ်း ရောဂါတွေ ခံစားပြီး ရောက်လာ ကြတယ်။ အရင်တုန်းက ဒီရောဂါ တွေဆိုတာ အသက် (၅၀)၊ (၆၀) အရွယ်တွေမှ ဖြစ်ကြတာ။ အခု တော့ အသက်ငယ်ငယ်လေးတွေ နဲ့ ဒီရောဂါတွေဖြစ်လာကြပြီ။ နောက်ဆက်တွဲ ဆီးချို၊ သွေးချို ရောဂါတွေ ဝင်လာနိုင်တယ်။ ဒီ ရောဂါတွေဟာ လူ့သက်တမ်းကို (၁၀)နှစ်၊ (၁၂)နှစ်လောက်အထိ တိုစေတယ်’’ဟု ၎င်းက ဆိုသည်။

 လေဖြတ်ရောဂါ ခံစားရ သည့် လူနာများ၌ အသက်ငယ် ငယ်ဖြင့် ခန္ဓာကိုယ်တစ်ခြမ်းသေ သွားသည့် လူနာမရှိသကဲ့သို့ အ သက်ဆုံးရှုံးသွားသည့် လူနာများလည်းရှိကြောင်း၊ နှလုံးရောဂါခံစားရပြီး သွားလာလှုပ်ရှားလိုက် သည်နှင့် ပင်ပန်းမှုဒဏ်မခံစားနိုင် ဘဲ မောပန်းလွယ်သည့် အသက် ငယ်ရွယ်သည့် လူနာများ၊ လူစဉ် မမီ ဒုက္ခိတဖြစ်သွားသော လူနာများကို တွေ့နေရ၍ ယခုကဲ့သို့ ကူးစက်မဟုတ်သော ရောဂါများမဖြစ်ပွားစေရန် ကျန်းမာရေနှင့် ညီညွတ်သည့် နေထိုင်စားသောက်မှု ပုံစံသည် အရေးကြီးကြောင်း ပါမောက္ခ ဒေါက်တာတင့်ဆွေလတ်က ပြောသည်။ ‘‘ထမင်းစားမယ်ဆိုရင် ထမင်း ပန်းကန်ရဲ့ လေးပုံတစ်ပုံကို သာ ထမင်းထည့်သင့်တယ်။ နောက်ထပ် လေးပုံတစ်ပုံကိုတော့ အသား၊ ငါးဖြစ်ရမယ်။ ကျန်တဲ့ တစ်ဖက် (လေးပုံနှစ်ပုံ)က ဟင်း သီးဟင်းရွက်ဖြစ်ရမယ်။ အရည် သောက်ဟင်းက ထမင်းစားတိုင်း အနည်းဆုံး ခုနစ်ဇွန်း၊ ရှစ်ဇွန်းစား ပေးရမယ်’’ဟု ၎င်းက ရှင်းပြသည်။

ပြည့်ဝဆီများသော ထော ပတ်၊ ဒိန်ခဲ၊ စားအုန်းဆီ၊ ပြန် ကြော်ဆီများကို ရှောင်ကြဉ်သင့် ပြီး ငါးအမျိုးမျိုး၊ ထောပတ်သီး၊ သစ်သီးအဆန်များ၊ နေကြာဆီ၊သံလွင်ဆီကဲ့သို့ မပြည့်ဝဆီများကို စားသုံးသင့်ကြောင်း၊ အငန်ဓာတ် များသော အစားအသောက်များ နှင့် အချို့ရည်များ၊ ဆေးလိပ်၊ အရက်နှင့် ကွမ်းစားသုံးမှုများကို သတိပြုရှောင်ကြဉ်သင့်ကြောင်း အောက်တိုဘာ ၂၃ ရက်က သူနာ ပြုတက္ကသိုလ်၌ ပြုလုပ်သည့် ဆီး ချို၊ သွေးချိုရောဂါနှင့် ကျန်းမာ သော လူ့ဘဝနေထိုင်မှုပုံစံ ကျန်း မာရေးဟောပြောပွဲမှ သိရသည်။

ထို့အပြင် လူတစ်ယောက်၏ အိပ်ချိန်ကို အနည်းဆုံး ခုနစ်နာရီ ခန့်ထားသင့်ပြီး ရေများများ သောက်ခြင်း၊ တစ်နေ့လျှင် အ နည်းဆုံး နာရီဝက်ခန့် ကိုယ်လက် လှုပ်ရှားမှုလေ့ကျင့်ခန်း (လမ်း လျှောက်ခြင်း၊ ရေကူးခြင်း၊ စက် ဘီးစီးခြင်း)များကို ပုံမှန်ပြုလုပ် ပေးရန်လိုအပ်ကြောင်း ဒေါက်တာတင့်ဆွေလတ်က အကြံပြုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top