Kantharyar Centre
×

ခုနစ္စကၠန္႕တုိင္းမွာ အသက္ ၁၅ ႏွစ္ေအာက္ မိန္းကေလးတစ္ဦး လက္ထပ္ခဲ့ေၾကာင္း Save the Children အဖြဲ႕အစည္းရဲ႕ အစီရင္ခံစာသစ္က ေဖာ္ျပလုိက္ပါတယ္။ အ႐ြယ္မေရာက္မီ မိန္းကေလးငယ္မ်ား လက္ထပ္မႈအေပၚ Save the Children က ေလ့လာဆန္းစစ္ခဲ့တဲ့ အစီရင္ခံစာ ျဖစ္ပါတယ္။

အစီရင္ခံစာရဲ႕ အဆုိအရ အာဖဂန္နစၥတန္၊ ယီမင္၊ အိႏၵိယနဲ႕ ဆုိမာလီယာ ႏုိင္ငံေတြမွာ အသက္ ၁၀ ႏွစ္အထိ ငယ္႐ြယ္တဲ့ မိန္းကေလးေတြကုိ ၎တုိ႕ထက္ အသက္မ်ားစြာႀကီးတဲ့ အမ်ဳိးသားေတြနဲ႕ အတင္းအက်ပ္ လက္ထပ္ေပးမႈေတြ ႐ွိေနေၾကာင္း သိရပါတယ္။ ကေလးအ႐ြယ္မွာ အိမ္ေထာင္ျပဳျခင္းက အမ်ဳိးသမီးတစ္ဦးရဲ႕ ဇီဝျဖစ္စဥ္ကုိ ဆုိးက်ဳိးေတြျဖစ္ေၾကာင္း Save the Children က ေျပာပါတယ္။

ပဋိပကၡ၊ ဆင္းရဲမြဲေတမႈနဲ႕ လူသားခ်င္း စာနာေထာက္ထားမႈ မ႐ွိျခင္းေတြက အမ်ဳိးသမီးမ်ား ကေလးဘဝမွာပင္ လက္ထပ္ရတဲ့ အဓိက အေၾကာင္းရင္းေတြျဖစ္ေၾကာင္း အစီရင္ခံစာက သုံးသပ္ထားပါတယ္။ အ႐ြယ္မေရာက္ေသးမီ လက္ထပ္ရတဲ့ အမ်ဳိးသမီးေတြဟာ စာမသင္ၾကားႏုိင္တာ အပါအဝင္ အိမ္တြင္းအၾကမ္းဖက္ခံရမႈ၊ ေစာ္ကားခံရမႈနဲ႕ အဓမၼျပဳက်င့္ခံရမႈေတြ ပုိမုိေတြ႕ႀကဳံရႏုိင္ေၾကာင္းလည္း Save the Childrean က ဆုိပါတယ္။

Every Last Girl လုိ႕ အမည္ေပးထားတဲ့ Save the Childrean ရဲ႕ အစီရင္ခံစာကုိ အၾကမ္းတမ္းဆုံး ေနရာေဒသေတြမွာ ႐ွင္သန္ေနထုိင္ရတဲ့ အမ်ဳိးသမီးတစ္ဦး အေနနဲ႕ စာသင္ၾကားႏုိင္ခြင့္၊ အ႐ြယ္မတုိင္မီ လက္ထပ္မႈ၊ ဆယ္ေက်ာ္သက္အ႐ြယ္ ကုိယ္ဝန္ေဆာင္မႈ၊ ကုိယ္ဝန္ေဆာင္စဥ္နဲ႕ ကေလးေမြးဖြားစဥ္ ေသဆုံးမႈနဲ႕ ဥပေဒျပဳက႑မွာ ပါဝင္ႏုိင္မႈတုိ႕အေပၚ အေျခခံၿပီး ႏုိင္ငံအလုိက္ အဆင့္သတ္မွတ္ထားပါတယ္။

ခ်တ္ဒ္၊ ႏုိက္ဂ်ာ၊ ဗဟုိအာဖရိကန္ရီပတ္ဘလစ္၊ မာလီနဲ႕ ဆုိမလီယာတုိ႕ဟာ Every Last Girl အစီရင္ခံစာရဲ႕ အဆင့္သတ္မွတ္ခ်က္မွာ အဆုိးဆုံးေနရာေတြကေန ရပ္တည္ေနပါတယ္။ ပဋိပကၡျဖစ္ပြားေနတဲ့ ေဒသေတြမွာ ေနထုိင္ရတဲ့ အမ်ဳိးသမီးေတြ အေနနဲ႕ ကေလးဘဝမွာပင္ လက္ထပ္မႈေတြ ပုိျဖစ္ႏုိင္ေၾကာင္းလည္း အစီရင္ခံစာက ေျပာပါတယ္။

ကုလသမဂၢ ကေလးမ်ားဆုိင္ရာ အဖြဲ႕အစည္းရဲ႕ အဆုိအရ အမ်ဳိးသမီးမ်ား ကေလးအ႐ြယ္မွာ လက္ထပ္မႈဟာ လက္႐ွိမွာ သန္း ၇၀၀ မွ ၂၀၃၀ ခုႏွစ္အေရာက္မွာ သန္း ၉၅၀ အထိ ႐ွိလာႏုိင္ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ခုနစ်စက္ကန့်တိုင်းမှာ အသက် ၁၅ နှစ်အောက် မိန်းကလေးတစ်ဦး လက်ထပ်ခဲ့ကြောင်း Save the Children အဖွဲ့အစည်းရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။ အရွယ်မရောက်မီ မိန်းကလေးငယ်များ လက်ထပ်မှုအပေါ် Save the Children က လေ့လာဆန်းစစ်ခဲ့တဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။

အစီရင်ခံစာရဲ့ အဆိုအရ အာဖဂန်နစ္စတန်၊ ယီမင်၊ အိန္ဒိယနဲ့ ဆိုမာလီယာ နိုင်ငံတွေမှာ အသက် ၁၀ နှစ်အထိ ငယ်ရွယ်တဲ့ မိန်းကလေးတွေကို ၎င်းတို့ထက် အသက်များစွာကြီးတဲ့ အမျိုးသားတွေနဲ့ အတင်းအကျပ် လက်ထပ်ပေးမှုတွေ ရှိနေကြောင်း သိရပါတယ်။ ကလေးအရွယ်မှာ အိမ်ထောင်ပြုခြင်းက အမျိုးသမီးတစ်ဦးရဲ့ ဇီဝဖြစ်စဉ်ကို ဆိုးကျိုးတွေဖြစ်ကြောင်း Save the Children က ပြောပါတယ်။

ပဋိပက္ခ၊ ဆင်းရဲမွဲတေမှုနဲ့ လူသားချင်း စာနာထောက်ထားမှု မရှိခြင်းတွေက အမျိုးသမီးများ ကလေးဘဝမှာပင် လက်ထပ်ရတဲ့ အဓိက အကြောင်းရင်းတွေဖြစ်ကြောင်း အစီရင်ခံစာက သုံးသပ်ထားပါတယ်။ အရွယ်မရောက်သေးမီ လက်ထပ်ရတဲ့ အမျိုးသမီးတွေဟာ စာမသင်ကြားနိုင်တာ အပါအဝင် အိမ်တွင်းအကြမ်းဖက်ခံရမှု၊ စော်ကားခံရမှုနဲ့ အဓမ္မပြုကျင့်ခံရမှုတွေ ပိုမိုတွေ့ကြုံရနိုင်ကြောင်းလည်း Save the Childrean က ဆိုပါတယ်။

Every Last Girl လို့ အမည်ပေးထားတဲ့ Save the Childrean ရဲ့ အစီရင်ခံစာကို အကြမ်းတမ်းဆုံး နေရာဒေသတွေမှာ ရှင်သန်နေထိုင်ရတဲ့ အမျိုးသမီးတစ်ဦး အနေနဲ့ စာသင်ကြားနိုင်ခွင့်၊ အရွယ်မတိုင်မီ လက်ထပ်မှု၊ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်မှု၊ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမွေးဖွားစဉ် သေဆုံးမှုနဲ့ ဥပဒေပြုကဏ္ဍမှာ ပါဝင်နိုင်မှုတို့အပေါ် အခြေခံပြီး နိုင်ငံအလိုက် အဆင့်သတ်မှတ်ထားပါတယ်။

ချတ်ဒ်၊ နိုက်ဂျာ၊ ဗဟိုအာဖရိကန်ရီပတ်ဘလစ်၊ မာလီနဲ့ ဆိုမလီယာတို့ဟာ Every Last Girl အစီရင်ခံစာရဲ့ အဆင့်သတ်မှတ်ချက်မှာ အဆိုးဆုံးနေရာတွေကနေ ရပ်တည်နေပါတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ နေထိုင်ရတဲ့ အမျိုးသမီးတွေ အနေနဲ့ ကလေးဘဝမှာပင် လက်ထပ်မှုတွေ ပိုဖြစ်နိုင်ကြောင်းလည်း အစီရင်ခံစာက ပြောပါတယ်။

ကုလသမဂ္ဂ ကလေးများဆိုင်ရာ အဖွဲ့အစည်းရဲ့ အဆိုအရ အမျိုးသမီးများ ကလေးအရွယ်မှာ လက်ထပ်မှုဟာ လက်ရှိမှာ သန်း ၇၀၀ မှ ၂၀၃၀ ခုနှစ်အရောက်မှာ သန်း ၉၅၀ အထိ ရှိလာနိုင်ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top