Property Expo
×

လူမႈဆက္ဆံေရးနယ္ပယ္မွာကိုယ္သင္းနံ႔ေလးေကာင္းမြန္မွသာမိမိကိုယ္မိမိယံုၾကည္မႈရွိၿပီး ေပါင္းသင္း
ဆက္ဆံေရး မွာလည္း ေအာင္ျမင္မွာပါ။ တခ်ိဳ႕ကေတာ့ တစ္ကိုယ္ေရသန္႔ရွင္းမႈ နည္းၿပီး အေမႊးနံ႔သာေတြနဲ႔ဖံုးအုပ္တတ္ပါတယ္။

ဒါေပမဲ့ တကယ့္စစ္မွန္ တဲ့ ကိုယ္သင္းနံ႔ကိုေတာ့ မပိုင္ဆိုင္ႏိုင္ပါဘူး။ လူ႔ခႏၶာကိုယ္မွအနံ႔ဆိုးထြက္ရတဲ့ အေၾကာင္းရင္း ေတြထဲမွာ လိင္အမ်ိဳးအစား အလိုက္လည္းကြာျခားပါတယ္။ အမ်ိဳးသားေတြက အမ်ိဳးသမီးေတြထက္ ေခၽြးနံ႔ပိုထြက္ ေလ့ရွိပါတယ္။ ဒါေတြအျပင္ေန႔စဥ္စားသံုး ေနတဲ့ အစားအစာေတြနဲ႔ေဆးဝါးေတြကလည္းေခၽြးနံ႔ထြက္ေစတဲ့ ကိစၥေတြပါပဲ။

က်န္းမာေရးခ်ိဳ႕တဲ့ျခင္း၊ ေဆးျပင္းျပင္း မ်ားမွီဝဲျခင္း၊ အရက္ေသာက္ျခင္း၊ ဇင့္ဓာတ္ေလ်ာ့နည္းျခင္းနဲ႔ တစ္ကိုယ္ေရသန္႔ ရွင္းမႈ မရွိျခင္းေတြကေတာ့ ခႏၶာကိုယ္ မွအနံ႔ဆိုးထြက္ေစတဲ့ အဓိကအေၾကာင္းအရာေတြ လို႔ ေလ့လာေတြ႔ရွိရပါတယ္။

ေခၽြးနံ႔သက္သာေစမည့္ အစားအစာမ်ားအမွ်င္ဓာတ္ျပည့္ဝတဲ့ အစားအစာမ်ား၊ ဂ်ဳံနဲ႔လုပ္တဲ့စားေသာက္ဖြယ္ရာမ်ား၊ အစိမ္းေရာင္ျခယ္အသီးအႏွံမ်ား၊ဟင္းသီးဟင္းရြက္မ်ားနဲ႔ မုန္လာဥနီကို ေန႔စဥ္ပံုမွန္စားသံုးေပးျခင္းက ကိုယ္သင္းရနံ႔ ေကာင္းေအာင္ အေထာက္အပ့ံျဖစ္ေစပါတယ္။

ေခၽြးနံ႔သက္သာေစမည့္ အျပဳအမူမ်ား ေခၽြးနံ႔သက္သာေစဖို႔ တစ္ကိုယ္ေရသန္႔ရွင္းေရးကအလြန္အေရးႀကီးပါတယ္။ ေန႔စဥ္ ေရမွန္မွန္ခ်ိဳးၿပီး တစ္ေန႔အဝတ္ အစားတစ္ေန႔ပံုမွန္ေလွ်ာ္ပါ။ အဝတ္အစားမ်ားကုိ မေလွ်ာ္ဘဲထပ္တလဲလဲ ဝတ္ဆင္ျခင္းကိုေတာ့ လံုးဝေရွာင္ၾကဥ္ သင့္ပါတယ္။ အခါအားေလ်ာ္စြာ ေခၽြးနံ႔ထြက္ေစတဲ့ ေနရာမ်ားကို သန္႔စင္တဲ့အဝတ္စ၊ တစ္သွ်ဴး စေတြနဲ႔ ပြတ္တိုက္ေပးပါ။

ေရမ်ားမ်ားေသာက္ျခင္းကလည္း ေခၽြးနံ႔ဆိုးမ်ားသက္သာေစတဲ့နည္းလမ္းပါပဲ။

ပူျပင္းတဲ့ရာသီဥတုမွာေအးၿပီး ေလဝင္ေလထြက္ေကာင္းတဲ့အဝတ္အစားမ်ားကိုသာဝတ္ဆင္ပါ။

ဒါေပမယ့္လက္ျပတ္အက်ၤ ီဝတ္ဆင္ ျခင္းကိုေတာ့ ေရွာင္ၾကဥ္ပါ။ ေခၽြးနံ႔ကိုအတိုင္းသာ ေပၚလြင္ေစ
လို႔ပါပဲ။အဲ့ဒီေလာက္အထိ ဆိုးမသြားေစနဲ႕ေနာ္ေခၽြးနံ႔သက္သာေစမည့္ နည္းလမ္းမ်ား
- ရွာလကာရည္ကေတာ့ ေခၽြနံ႔အတြက္ အစြမ္းထက္တဲ့ အိမ္တြင္းေဆးဝါးေကာင္းပါပဲ။ ဂြမ္းနဲ႔တို႔ၿပီးေခၽြးနံ႔ထြက္ေစတဲ့ ခ်ိဳင္းၾကားေနရာေတြကို သုတ္လိမ္းေပးႏိုင္ပါတယ္။ ခ်ိဳင္းေမြးႏုတ္ၿပီး
ဒါမွမဟုတ္ ရိတ္ၿပီး စမွာေတာ့ ရွာလကာ ရည္ကို မသံုးဖို႔သတိျပဳပါ။

- မုန္႔ဖုတ္ေဆာ္ဒါနဲ႔ ေရွာက္ရည္၊ သံပရာရည္ စတာေရာစပ္ၿပီးသုတ္လိမ္းေပးျခင္းကလည္း ေခၽြးနံ႔ သက္သာေစၿပီး ဘက္တီးရီးယားပိုးမ်ားကိုလည္း ေသေစႏုိင္ပါတယ္။

- ေရခ်ိဳးကန္ထဲမွာ ခရမ္းခ်ဥ္သီးရည္ ဒါမွမဟုတ္ ပ်ားရည္ အနည္းငယ္ထည့္ၿပီး ၁၅ မိနစ္ခန္႔ ေရစိမ္ေပးျခင္းကလည္း ကိုယ္သင္းနံ႔ေမႊးေစႏိုင္ပါတယ္။ အာလူးကို ပါးပါးလွီးၿပီးခ်ိဳင္းၾကားမွာ ကပ္ေပးပါ။ ေျခာက္ေသြ႔သြားတဲ့အခါ ခြာၿပီး ေရေဆးေပးရင္ တစ္ေန႔တာလံုး ေခၽြးနံ႔ကင္းစင္ေစမွာပါ။

- ခႏၶာကိုယ္ အနံ႔ဆိုးထြက္ေစတဲ့ အေၾကာင္းအရာေတြထဲမွာ ေျခဆီလို႔ေခၚတဲ့ ေျခေထာက္မွ ထြက္တဲ့ ေခၽြးနံ႔ကလည္း ပါဝင္ပါတယ္။ ဒါေၾကာင့္ေျခဖဝါးနဲ႔ ေျခေခ်ာင္းေလးမ်ားကို ေန႔စဥ္ ေခ်းခၽြတ္ သန္႔စင္ေပးၿပီး ဖိနပ္စီးရာမွာလည္း ေလဝင္ ေလထြက္ေကာင္းတဲ့ ဖိနပ္မ်ိဳးကိုစီးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:စိတ္ကူးေပ်ာ္ရာ

#Unicode Version
လူမှုဆက်ဆံရေးနယ်ပယ်မှာကိုယ်သင်းနံ့လေးကောင်းမွန်မှသာမိမိကိုယ်မိမိယုံကြည်မှုရှိပြီး ပေါင်းသင်း
ဆက်ဆံရေး မှာလည်း အောင်မြင်မှာပါ။ တချို့ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပြီး အမွှေးနံ့သာတွေနဲ့ဖုံးအုပ်တတ်ပါတယ်။

ဒါပေမဲ့ တကယ့်စစ်မှန် တဲ့ ကိုယ်သင်းနံ့ကိုတော့ မပိုင်ဆိုင်နိုင်ပါဘူး။ လူ့ခန္ဓာကိုယ်မှအနံ့ဆိုးထွက်ရတဲ့ အကြောင်းရင်း တွေထဲမှာ လိင်အမျိုးအစား အလိုက်လည်းကွာခြားပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ချွေးနံ့ပိုထွက် လေ့ရှိပါတယ်။ ဒါတွေအပြင်နေ့စဉ်စားသုံး နေတဲ့ အစားအစာတွေနဲ့ဆေးဝါးတွေကလည်းချွေးနံ့ထွက်စေတဲ့ ကိစ္စတွေပါပဲ။

ကျန်းမာရေးချို့တဲ့ခြင်း၊ ဆေးပြင်းပြင်း များမှီဝဲခြင်း၊ အရက်သောက်ခြင်း၊ ဇင့်ဓာတ်လျော့နည်းခြင်းနဲ့ တစ်ကိုယ်ရေသန့် ရှင်းမှု မရှိခြင်းတွေကတော့ ခန္ဓာကိုယ် မှအနံ့ဆိုးထွက်စေတဲ့ အဓိကအကြောင်းအရာတွေ လို့ လေ့လာတွေ့ရှိရပါတယ်။

ချွေးနံ့သက်သာစေမည့် အစားအစာများအမျှင်ဓာတ်ပြည့်ဝတဲ့ အစားအစာများ၊ ဂျုံနဲ့လုပ်တဲ့စားသောက်ဖွယ်ရာများ၊ အစိမ်းရောင်ခြယ်အသီးအနှံများ၊ဟင်းသီးဟင်းရွက်များနဲ့ မုန်လာဥနီကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းက ကိုယ်သင်းရနံ့ ကောင်းအောင် အထောက်အပံ့ဖြစ်စေပါတယ်။

ချွေးနံ့သက်သာစေမည့် အပြုအမူများ ချွေးနံ့သက်သာစေဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးကအလွန်အရေးကြီးပါတယ်။ နေ့စဉ် ရေမှန်မှန်ချိုးပြီး တစ်နေ့အဝတ် အစားတစ်နေ့ပုံမှန်လျှော်ပါ။ အဝတ်အစားများကို မလျှော်ဘဲထပ်တလဲလဲ ဝတ်ဆင်ခြင်းကိုတော့ လုံးဝရှောင်ကြဉ် သင့်ပါတယ်။ အခါအားလျော်စွာ ချွေးနံ့ထွက်စေတဲ့ နေရာများကို သန့်စင်တဲ့အဝတ်စ၊ တစ်သျှူး စတွေနဲ့ ပွတ်တိုက်ပေးပါ။

ရေများများသောက်ခြင်းကလည်း ချွေးနံ့ဆိုးများသက်သာစေတဲ့နည်းလမ်းပါပဲ။

ပူပြင်းတဲ့ရာသီဥတုမှာအေးပြီး လေဝင်လေထွက်ကောင်းတဲ့အဝတ်အစားများကိုသာဝတ်ဆင်ပါ။

ဒါပေမယ့်လက်ပြတ်အကျၤ ီဝတ်ဆင် ခြင်းကိုတော့ ရှောင်ကြဉ်ပါ။ ချွေးနံ့ကိုအတိုင်းသာ ပေါ်လွင်စေ
လို့ပါပဲ။အဲ့ဒီလောက်အထိ ဆိုးမသွားစေနဲ့နော်ချွေးနံ့သက်သာစေမည့် နည်းလမ်းများ
- ရှာလကာရည်ကတော့ ချွေနံ့အတွက် အစွမ်းထက်တဲ့ အိမ်တွင်းဆေးဝါးကောင်းပါပဲ။ ဂွမ်းနဲ့တို့ပြီးချွေးနံ့ထွက်စေတဲ့ ချိုင်းကြားနေရာတွေကို သုတ်လိမ်းပေးနိုင်ပါတယ်။ ချိုင်းမွေးနုတ်ပြီး
ဒါမှမဟုတ် ရိတ်ပြီး စမှာတော့ ရှာလကာ ရည်ကို မသုံးဖို့သတိပြုပါ။

- မုန့်ဖုတ်ဆော်ဒါနဲ့ ရှောက်ရည်၊ သံပရာရည် စတာရောစပ်ပြီးသုတ်လိမ်းပေးခြင်းကလည်း ချွေးနံ့ သက်သာစေပြီး ဘက်တီးရီးယားပိုးများကိုလည်း သေစေနိုင်ပါတယ်။

- ရေချိုးကန်ထဲမှာ ခရမ်းချဉ်သီးရည် ဒါမှမဟုတ် ပျားရည် အနည်းငယ်ထည့်ပြီး ၁၅ မိနစ်ခန့် ရေစိမ်ပေးခြင်းကလည်း ကိုယ်သင်းနံ့မွှေးစေနိုင်ပါတယ်။ အာလူးကို ပါးပါးလှီးပြီးချိုင်းကြားမှာ ကပ်ပေးပါ။ ခြောက်သွေ့သွားတဲ့အခါ ခွာပြီး ရေဆေးပေးရင် တစ်နေ့တာလုံး ချွေးနံ့ကင်းစင်စေမှာပါ။

- ခန္ဓာကိုယ် အနံ့ဆိုးထွက်စေတဲ့ အကြောင်းအရာတွေထဲမှာ ခြေဆီလို့ခေါ်တဲ့ ခြေထောက်မှ ထွက်တဲ့ ချွေးနံ့ကလည်း ပါဝင်ပါတယ်။ ဒါကြောင့်ခြေဖဝါးနဲ့ ခြေချောင်းလေးများကို နေ့စဉ် ချေးချွတ် သန့်စင်ပေးပြီး ဖိနပ်စီးရာမှာလည်း လေဝင် လေထွက်ကောင်းတဲ့ ဖိနပ်မျိုးကိုစီးပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:စိတ်ကူးပျော်ရာ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top