Property Expo
×

နာမည္ေက်ာ္ေဘာလံုးသမားတဦးျဖစ္တဲ့ စီေရာ္နယ္လ္ဒိုရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွ ဗုဒၶ႐ုပ္ပြားေတာ္႐ုပ္တုနဲ႔ ႐ုိက္ကူးခဲ့တဲ့ ဓာတ္ပံုကို ဖ်က္သိမ္းေပးဖို႔ ေတာင္းဆိုေနၾကၿပီး အျပင္းအထန္ေ၀ဖန္ခံေနရပါတယ္။
အဲဒီဓာတ္ပံုထဲမွာ ေရာ္နယ္လ္ဒိုဟာ ဗုဒၶ႐ုပ္ပြားေတာ္ရုပ္တုအနီးမွာ ေျခေထာက္တ ဖက္တင္ၿပီး ရပ္လ်က္အေနအထားနဲ႔ ႐ုိက္ကူးခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ အင္စတာဂရမ္လူမႈကြန္ ရက္စာမ်က္ႏွာေပၚမွတဆင့္ မွ်ေ၀ခဲ့တာလို႔ Goal.com သတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။

သူဟာ ဒီပံုကို ေအာက္တိုဘာလ ၂၀ ရက္ေန႔ မနက္ပိုင္းမွာ တင္ခဲ့တာျဖစ္ၿပီး ဗုဒၶ ဘာသာအသိုင္းအ၀ိုင္းက ဒါဟာ ဘာသာတရားအေပၚ မေလးမစားျပဳမူရာေရာက္တယ္ ဆိုၿပီး ေ၀ဖန္မႈေတြ ျမင့္တက္ေနခဲ့တာပါ။

စိတ္ဆိုးေဒါသထြက္ေနၾကတဲ့ ပရိသတ္ေတြဟာ သူ႕ရဲ႕ ေဖ့စ္ဘြတ္ခ္နဲ႔ အင္စ တာဂရမ္လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ ဒီပံုကို ျပန္ျဖဳတ္ခ်ေပးဖို႔ မွတ္ခ်က္ေတြ ေရး ခဲ့ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
နာမည်ကျော်ဘောလုံးသမားတဦးဖြစ်တဲ့ စီရော်နယ်လ်ဒိုရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ဗုဒ္ဓရုပ်ပွားတော်ရုပ်တုနဲ့ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံကို ဖျက်သိမ်းပေးဖို့ တောင်းဆိုနေကြပြီး အပြင်းအထန်ဝေဖန်ခံနေရပါတယ်။
အဲဒီဓာတ်ပုံထဲမှာ ရော်နယ်လ်ဒိုဟာ ဗုဒ္ဓရုပ်ပွားတော်ရုပ်တုအနီးမှာ ခြေထောက်တ ဖက်တင်ပြီး ရပ်လျက်အနေအထားနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး သူ့ရဲ့ အင်စတာဂရမ်လူမှုကွန် ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာလို့ Goal.com သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

သူဟာ ဒီပုံကို အောက်တိုဘာလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ တင်ခဲ့တာဖြစ်ပြီး ဗုဒ္ဓ ဘာသာအသိုင်းအဝိုင်းက ဒါဟာ ဘာသာတရားအပေါ် မလေးမစားပြုမူရာရောက်တယ် ဆိုပြီး ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာပါ။

စိတ်ဆိုးဒေါသထွက်နေကြတဲ့ ပရိသတ်တွေဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ အင်စ တာဂရမ်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဒီပုံကို ပြန်ဖြုတ်ချပေးဖို့ မှတ်ချက်တွေ ရေး ခဲ့ကြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top