Property Expo
×







Credit:Duwun

Unicode Version

ယောက္ခမဖြစ်သူနဲ့ နောက်ကွယ်မှာ ဇာတ်လမ်းရှုပ်ခဲ့မိတဲ့ မိခင်တစ်ဦးဟာ ကိုယ့်ရဲ့သားအရင်းကို ပြန်သတ်ခဲ့တဲ့ အမှုနဲ့ ထောင်ကျသွားခဲ့ပြီဖြစ်ပါတယ်။

အီတလီမှာ နေထိုင်တဲ့သူမဟာ ဗရွန်နီကာလို့အမည်ရပြီး ၈ နှစ်အရွယ်သားဖြစ်သူကို ပြန်သတ်ခဲ့တာဖြစ်ပါတယ်။ သူမ အမျိုးသားရဲ့ ဖခင်ဖြစ်သူနဲ့ အိမ်မှာ ချစ်တင်းနှောနေကြတာကို သားဖြစ်သူ လောရစ္စက မြင်တွေ့သွားတဲ့အတွက် လည်ပင်းကို ဝါယာကြိုးနဲ့ တုတ်ပြီး သတ်ခဲ့တာလို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ သားဖြစ်ရဲ့ အလောင်းကို သူမက ချောင်းတစ်ခုအနီး သွားရောက်စွန့်ပစ်ခဲ့တာဖြစ်ပါတယ်။


ဒါဟာ ၂၀၁၄ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ လူသတ်မှု ဖြစ်ပါတယ်။ သူမက ရဲတွေထံကို သားဖြစ်သူပျောက်ဆုံးသွားတယ်လို့ ပြောခဲပမဲ့ နောက်ပိုင်းမှာ ရဲအရာရှိတွေ စုံစမ်းမှုအရ သူမရဲ့ အဖြစ်မှန်ပေါ်ပေါက်ခဲ့တာပါ။ တရားရုံးမှာ စစ်ဆေးခဲ့ပြီးနောက် သူမရဲ့အပြစ်ကို ဝန်ခံခဲ့ပေမဲ့ ဒီအစီအစဉ်ဟာ သူမနဲ့ဖောက်ပြန်သူ ကလေးငယ်ရဲ့အဖိုးက စီစဉ်ပေးခဲ့တာလို့ အပြစ်လွှဲချပါတယ်။

တရားလိုတွေဘက်ကတော့ သူမကို အလွန်တရာ တစ်ကိုယ်ကောင်းဆန်သူတစ်ယောက်အဖြစ် ရုံးတော်မှာ တံဆိပ်ကပ်ပြောဆိုပါတယ်။ ပြစ်မှုအတွက် သူမကို နှစ်ပေါင်း ၃၀ ထောင်ဒဏ်ကျခံဖို့ ရုံးတော်က အမိန့်ချခဲ့တာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top