Kantharyar Centre
×

 အရက္ပံုမွန္ေသာက္ျခင္းေၾကာင့္ ဗီတာမင္စီစုပ္ယူႏုိင္သည့္ သရက္ ရြက္၏စြမ္းရည္မ်ားကို အားနည္းေစႏုိင္သျဖင့္ သရက္ရြက္ႏွင့္ ဆက္ စပ္ေသာ ေရာဂါမ်ားျဖစ္ေပၚလာႏိုင္ေၾကာင္း ေလ့လာမႈအသစ္တစ္ခု က ေဖာ္ျပသည္။

သရက္ရြက္သည္ အစားအစာမ်ားကို ေခ်ဖ်က္ရာတြင္ သံုးသည့္အင္ဇုိင္းမ်ားႏွင့္ အစားအစာမွ စြမ္းအင္ကို သိုေလွာင္ထားရန္ လိုအပ္သည့္ အင္ဆူလင္ကဲ့သို႔ ေဟာ္မုန္းမ်ားကို ထုတ္လုပ္ေပးသည္။

သရက္ရြက္ေရာဂါမ်ားျဖစ္ပြားျခင္းႏွင့္ သရက္ရြက္ပ်က္စီးျခင္း တို႔ျဖစ္ေပၚပါက အစာေခ်ဖ်က္မႈဆိုင္ရာ ျပႆနာမ်ား၊ အာဟာရ ခ်ိဳ႕တဲ့မႈမ်ားႏွင့္ ဆီးခ်ိဳေရာဂါတို႔ျဖစ္ပြားလာႏိုင္သည္။

ဗီတာမင္စီႏွင့္ အျခားမရွိမျဖစ္ လိုအပ္ေသာ အာဟာရဓာတ္ ပမာဏတို႔ ေလ်ာ့က်သြားပါက သရက္ရြက္မ်ားရွိ ဆဲလ္မ်ား ပံုမွန္ လုပ္ေဆာင္ခ်က္ကို အေႏွာင့္အယွက္ျဖစ္လာေၾကာင္း အေမရိကန္ႏိုင္ငံ အာဗင္းၿမိဳ႕ရွိ ကယ္လီဖိုးနီးယားတကၠသိုလ္မွ သုေတသနေခါင္း ေဆာင္ ဟာမစ္ဆာအစ္က ေျပာၾကားသည္။

ယင္းအေျခအေနေၾကာင့္ သရက္ရြက္ထိခိုက္ႏိုင္ၿပီး သရက္ ရြက္ေရာဂါမ်ားျဖစ္ေပၚလာႏုိင္သည္ဟု ဆာအစ္က ေျပာသည္။

ယခုေလ့လာမႈကို အေမရိကန္ဂ်ာနယ္ Physiology တြင္ ေဖာ္ျပထားသည္။ ပံုမွန္အလုပ္လုပ္ႏုိင္ရန္အတြက္ သရက္ရြက္၏ဆဲလ္မ်ား သည္ ေသြးေၾကာမ်ားမွ ၎တို႔ရယူေသာ ဗီတာမင္မ်ားစြာ လိုအပ္ သည္။

ယခုေလ့လာမႈတြင္ သုေတသီမ်ားသည္ အရက္ေသာက္ျခင္း ေၾကာင့္ သရက္ရြက္၏ဗီတာမင္စီ စုပ္ယူႏုိင္မႈကို အေႏွာင့္အယွက္ ျဖစ္ေစႏုိင္သလားဆိုသည္ကို အဓိကထား ေလ့လာခဲ့ၾကျခင္း ျဖစ္ သည္။

သရက္ရြက္ဆဲလ္မ်ားထဲသို႔ ဗီတာမင္စီကို ပို႔ေဆာင္ေပးသည့္ အဓိကပ႐ိုတိန္းဓာတ္တစ္မ်ိဳးမွာ (SVCT-2)ဟုေခၚေသာ ဆိုဒီယမ္ အမွီျပဳဗီတာမင္စီ ပို႔ေဆာင္သည့္ ပ႐ိုတိန္းျဖစ္ေၾကာင္း သုေတသီမ်ားပထမဆံုးအႀကိမ္အျဖစ္ ခြဲျခားေဖာ္ထုတ္ႏုိင္ခဲ့သည္။

အရက္ႏွင့္ထိေတြ႕ေသာ သရက္ရြက္ဆဲလ္မ်ား၌ SVCT-2 ပ႐ိုတိန္းပမာဏေလ်ာ့နည္းၿပီး ဗီတာမင္စီ စုပ္ယူမႈကို အတားအဆီး ျဖစ္ေစေၾကာင္း သုေတသီမ်ား ေလ့လာေတြ႕ရွိခဲ့ၾကသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

 အရက်ပုံမှန်သောက်ခြင်းကြောင့် ဗီတာမင်စီစုပ်ယူနိုင်သည့် သရက် ရွက်၏စွမ်းရည်များကို အားနည်းစေနိုင်သဖြင့် သရက်ရွက်နှင့် ဆက် စပ်သော ရောဂါများဖြစ်ပေါ်လာနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခု က ဖော်ပြသည်။


သရက်ရွက်သည် အစားအစာများကို ချေဖျက်ရာတွင် သုံးသည့်အင်ဇိုင်းများနှင့် အစားအစာမှ စွမ်းအင်ကို သိုလှောင်ထားရန် လိုအပ်သည့် အင်ဆူလင်ကဲ့သို့ ဟော်မုန်းများကို ထုတ်လုပ်ပေးသည်။

သရက်ရွက်ရောဂါများဖြစ်ပွားခြင်းနှင့် သရက်ရွက်ပျက်စီးခြင်း တို့ဖြစ်ပေါ်ပါက အစာချေဖျက်မှုဆိုင်ရာ ပြဿနာများ၊ အာဟာရ ချို့တဲ့မှုများနှင့် ဆီးချိုရောဂါတို့ဖြစ်ပွားလာနိုင်သည်။

ဗီတာမင်စီနှင့် အခြားမရှိမဖြစ် လိုအပ်သော အာဟာရဓာတ် ပမာဏတို့ လျော့ကျသွားပါက သရက်ရွက်များရှိ ဆဲလ်များ ပုံမှန် လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်လာကြောင်း အမေရိကန်နိုင်ငံ အာဗင်းမြို့ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသနခေါင်း ဆောင် ဟာမစ်ဆာအစ်က ပြောကြားသည်။

ယင်းအခြေအနေကြောင့် သရက်ရွက်ထိခိုက်နိုင်ပြီး သရက် ရွက်ရောဂါများဖြစ်ပေါ်လာနိုင်သည်ဟု ဆာအစ်က ပြောသည်။

ယခုလေ့လာမှုကို အမေရိကန်ဂျာနယ် Physiology တွင် ဖော်ပြထားသည်။ ပုံမှန်အလုပ်လုပ်နိုင်ရန်အတွက် သရက်ရွက်၏ဆဲလ်များ သည် သွေးကြောများမှ ၎င်းတို့ရယူသော ဗီတာမင်များစွာ လိုအပ် သည်။

ယခုလေ့လာမှုတွင် သုတေသီများသည် အရက်သောက်ခြင်း ကြောင့် သရက်ရွက်၏ဗီတာမင်စီ စုပ်ယူနိုင်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်သလားဆိုသည်ကို အဓိကထား လေ့လာခဲ့ကြခြင်း ဖြစ် သည်။

သရက်ရွက်ဆဲလ်များထဲသို့ ဗီတာမင်စီကို ပို့ဆောင်ပေးသည့် အဓိကပရိုတိန်းဓာတ်တစ်မျိုးမှာ (SVCT-2)ဟုခေါ်သော ဆိုဒီယမ် အမှီပြုဗီတာမင်စီ ပို့ဆောင်သည့် ပရိုတိန်းဖြစ်ကြောင်း သုတေသီများပထမဆုံးအကြိမ်အဖြစ် ခွဲခြားဖော်ထုတ်နိုင်ခဲ့သည်။

အရက်နှင့်ထိတွေ့သော သရက်ရွက်ဆဲလ်များ၌ SVCT-2 ပရိုတိန်းပမာဏလျော့နည်းပြီး ဗီတာမင်စီ စုပ်ယူမှုကို အတားအဆီး ဖြစ်စေကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့ကြသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top