Property Expo
×

ဟားဟား အႀကီးႀကီးရယ္လိုက္ခ်င္တယ္။ ဘယ္လိုဉာဏ္ႀကီးရွင္ကမ်ား အိမ္ ေထာင္စုဇယားထဲမွာ စာေရးသူတို႔ အေမေတြရဲ႕အလုပ္အကိုင္ကို “မွီခို” ဆိုၿပီး ျဖည့္ဖို႔ ထြင္ခဲ့တာပါလိမ့္။
တကယ့္တကယ္ေတာ့ အေမဆိုသည္မွာ…

အေမသည္ Nutritionist (အာဟာရေဗဒပညာရွင္)

ဟုတ္ပါတယ္။ဘယ္ရာသီမွာ ဘယ္လိုဟင္းကို ခ်က္ရမယ္။ ဘယ္ရာသီမွာ ဘယ္လိုအစားအစာေတြေပါတယ္။ ဘာနဲ႔ ဘာက လိုက္တယ္။ ဘယ္ဟာကေတာ့ျဖင့္ တြဲမစားသင့္ဘူး။
ဘယ္လိုဟာကေတာ့ျဖင့္ က်န္းမာေရးနဲ႔ညီတယ္။ ဘယ္လိုေလးခ်က္လိုက္ရင္ ခံတြင္းေတြ႕တယ္။
ဘယ္အစားအစာက လူႀကီးနဲ႔တည့္တယ္။ ဘယ္ေရာဂါနဲ႔ ဘယ္အစားအစာနဲ႔ မတည့္ဘူး။
ပူရင္ ဘယ္လိုဟာစား၊ ေအးရင္ ဘယ္လိုဟာေရွာင္ စသျဖင့္ အေမ့ေလာက္သိတာ အေမပဲရွိပါတယ္။ ေသခ်ာပါတယ္ အေမက အာဟာရေဗဒပညာရွင္ပါ။

အေမသည္ Doctor (ဆရာဝန္)

ေတာ္ရံုေနမေကာင္းတာေလာက္ကေတာ့ အေမရွိေနရင္ ဆရာဝန္တစ္ေယာက္ရွိေနသလိုပါပဲ။ ေဆးခန္းသြားဖို႔မလိုပါဘူး။
အေမ့ဆီမွာ ဗမာေဆး၊ အဂၤလိပ္ေဆး၊ တိုင္းရင္းေဆး အစံုရွိပါတယ္။
ကိုယ္ခံစားေနရတဲ့ ေဝဒနာသာေျပာျပလိုက္၊ အေမက သူ႔မွာရွိတဲ့ေဆးနဲ႔ ကုပါလိမ့္မယ္။ ေနမေကာင္းတဲ့အခါ အေမက ဆရာဝန္အျဖစ္သာ မကဘူး။
special nurse အျဖစ္လည္း ၂၄ နာရီ ကိုယ့္ေဘးမွာ အသင့္ရွိေနတတ္ပါတယ္။ လိုေလေသးမရွိ ျပဳစုေပးပါတယ္။

အေမသည္ Supreme chef (အဆင့္ျမင့္ဆံုးစားေတာ္ကဲ)

သားသမီးေတြရဲ႕အႀကိဳက္၊ ေယာက္်ားရဲ႕အႀကိဳက္ကို ေကာင္းေကာင္းသိတာ အေမပါပဲ။
ဘယ္လိုခ်က္ရင္ မိသားစုဝင္ေတြ ခံတြင္းေတြ႕မလဲဆိုတာ အေမက ေကာင္းေကာင္းသိပါတယ္။
သိတဲ့အတိုင္းလည္း ခ်က္ႏိုင္ပါတယ္။
သားသမီးေတြရဲ႕အႀကိဳက္ကိုလည္း အေမက အၿမဲခ်က္ေလ့ရွိပါတယ္။ အေမခ်က္သမွ်လည္း စားေကာင္းေလ့ရွိပါတယ္။ ဟုတ္ပါတယ္ အေမ့လက္ရာက ၾကယ္ငါးပြင့္ဟိုတယ္က နာမည္ေက်ာ္စာဖိုမႉးေတြရဲ႕လက္ရာထက္ အျပတ္သာပါတယ္။

အေမသည္ Fashion designer (ဖက္ရွင္ဒီဇိုင္နာ)

ကိုယ္အျပင္သြားခါနီး ဘာဝတ္ရမွန္းမသိရင္ အေမ့ကိုသာ အနားေခၚလိုက္ပါ။
အေမက ကိုယ္သြားမယ့္ေနရာ၊ ရာသီဥတု၊ အေျခအေနနဲ႔ အခ်ိန္အခါကိုလိုက္ၿပီး ကိုယ့္နဲ႔ လိုက္ဖက္မယ့္ဝတ္စံု၊ ကိုယ္နဲ႔ လိုက္ဖက္မယ့္အေရာင္ကို အေကာင္းဆံုးေရြးခ်ယ္ေပးႏိုင္ပါတယ္။ အဝတ္အစားဝယ္ဖို႔၊ ခ်ဳပ္ဖို႔ မစဥ္းစားတတ္တဲ့အခါ အေမ့ကိုသာ ေခၚသြားလိုက္ပါ။ကိုယ့္အႀကိဳက္၊ ကိုယ့္အထာကို ေကာင္းေကာင္းနပ္တဲ့အေမက ကိုယ္နဲ႔လိုက္ဖက္မယ့္ ဒီဇိုင္းကို ပီပီျပင္ျပင္ ေရြးခ်ယ္ေပးပါလိမ့္မယ္။

အေမသည္ Senior adviser (အႀကီးတန္း အၾကံေပးပုဂိၢဳလ္)

အလုပ္မွာျဖစ္ျဖစ္၊ ပညာေရးမွာျဖစ္ျဖစ္၊ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာျဖစ္ျဖစ္ အခက္အခဲတစ္ခု ၾကံဳတဲ့အခါ အေမ့ကိုသာ ဖြင့္ေျပာျပလိုက္ပါ။ အေမက ကိုယ့္ဘက္က မားမားမတ္မတ္ရပ္တည္ေပးပါလိမ့္မယ္။ သူ႔အေတြ႕အၾကံဳနဲ႔ယွဥ္ၿပီး၊ ကိုယ့္ဘဝရပ္တည္မႈနဲ႔ ခ်ိန္ထိုးၿပီး အေကာင္းဆံုးအၾကံဉာဏ္နဲ႔ ခြန္အားကို ေပးပါလိမ့္မယ္။ ကိုယ္တစ္ခုခုမေက်နပ္တာ၊ စိတ္တိုတာ၊ ခံစားေနရတာေတြကို အေမ့ကိုသာ ရင္ဖြင့္လိုက္ပါ။ အေမက ကိုယ္ခ်င္းစာေပးၿပီး၊ က႐ုဏာထားၿပီး အၾကံဉာဏ္ေပးပါလိမ့္မယ္။

အေမသည္ Family registrar (မိသားစု ေမာ္ကြန္းထိန္း)

အေမက မိသားစုရဲ႕အခ်က္အလက္ေတြကို ေကာင္းေကာင္းသိတဲ့ တစ္ဦးတည္းေသာသူပါ။ မိသားစုဝင္ေတြရဲ႕ေမြးေန႔၊ အမ်ိဳးေတြရဲ႕အခ်က္အလက္၊ အမွတ္တရျဖစ္ရပ္ေတြ၊ ကိန္းဂဏန္းေတြ၊ မိသားစုပိုင္ပစၥည္းေတြ၊ ႏွစ္ဖက္ေဆြမ်ိဳးေတြရဲ႕သမိုင္းေတြ အားလံုးကို အေမသိပါတယ္။ မိသားစုနဲ႔ပတ္သက္တဲ့၊ အမ်ိဳးေတြနဲ႔ပတ္သက္တဲ့ အေၾကာင္းေတြ၊ အခ်က္အလက္ေတြ သိခ်င္ရင္ အေမ့ကိုသာ ေမးၾကည့္ပါ။ အေမက အားလံုးကို သိရွိသိမ္းဆည္းထားပါလိမ့္မယ္။

အေမသည္ Mentor (ေကာင္းရာၫႊန္ျပသည့္ ဆရာ)

ဟုတ္ပါတယ္။ အေမက ကၽြန္ေတာ္တို႔ ဟိုးငယ္စဥ္ ကေလးဘဝကတည္းက စကားစေျပာတတ္ဖို႔၊ လမ္းစေလွ်ာက္တတ္ဖို႔၊ စားတတ္၊ ေသာက္တတ္ဖို႔၊ ဘာသာတရားကို ကိုင္း႐ွိဳင္းတတ္ဖို႔ ပထမဆံုးသင္ေပးခဲ့တဲ့ လက္ဦးဆရာပါ။ အေကာင္းနဲ႔ အဆိုးကို ခြဲျခားတတ္ဖို႔၊ လူပီသဖို႔၊ စည္းကမ္းရွိဖို႔လမ္းၫႊန္ျပသေပးခဲ့သူကလည္း အေမပါပဲ။ ကႀကီး၊ ခေခြး၊ ေအ၊ ဘီ၊ စီ၊ ဒီ ကို စသင္ေပးခဲ့တာလည္း အေမပါပဲ။

အေမသည္ Domestic scientist (အိမ္တြင္းမႈ သိပၸံပညာရွင္)

အိမ္မွာ တစ္ခုခုဆို အရင္ဆံုးသိတာ၊ ေျဖရွင္းရတာ အေမပါပဲ။ အခ်က္အျပဳတ္၊ အေလွ်ာ္အဖြပ္ကအစ၊ သန္႔ရွင္းေရးလုပ္တာ၊ အိမ္ေထာင္ပရိေဘာဂေတြကို ထိန္းသိမ္းတာလည္း အေမပါပဲ။ အိမ္တြင္း၊ အိမ္ျပင္ အျပင္အဆင္ပိုင္းဆိုလည္း အေမပါမွ ျပည့္စံုတာပါပဲ။အဝတ္အစားေတြ ၿပဲခဲ့၊ စုတ္ခဲ့ရင္လည္း ျပန္ခ်ဳပ္ေပးတာ အေမပါပဲ။ အိမ္ေထာင္ပစၥည္းေတြ ျပဳျပင္တာ၊ ထိန္းသိမ္းတာ၊ လိုအပ္တာေတြ ဝယ္ယူတာ၊ ရွိတာေလးနဲ႔ အလုပ္ျဖစ္ေအာင္ ၾကံစည္အားထုတ္ရတာလည္း အေမပါပဲ။

အေမသည္ arbiter (စီရင္ဆံုးျဖတ္ေပးသူ)

အိမ္မွာ ကိစၥႀကီးငယ္ တစ္ခုခုဆို အေမပါမွ ရပါတယ္။ အေမ့ကို အားလံုးက တိုင္ပင္ရပါတယ္။ျပႆနာတစ္ခုခုဆို အေမၾကားဝင္ေျဖရွင္းေပးမွ အဆင္ေျပတတ္ပါတယ္။ မိသားစုအတြင္းေရး ျပႆနာဆိုလည္း အေမကပဲ ဒိုင္ခံေျဖရွင္းေလ့ရွိပါတယ္။ အေမ ဆံုးျဖတ္တာကို အားလံုးက နာခံၾကပါတယ္။ ျပႆနာႀကီးႀကီးငယ္ငယ္ အေမကိုယ္တိုင္ဝင္ပါမွ၊ အေမ့ကိုတိုင္ပင္မွ၊ အေမ့ဆီက အၾကံဉာဏ္နဲ႔ အဆံုးအျဖတ္ကိုယူမွ ေအာင္ျမင္ၿပီးေျမာက္ေလ့ရွိပါတယ္။

အေမသည္ Monetary executive manager (ေငြေၾကးစီမံခန္႔ခြဲသူ)

မိသားစုတြင္းမွာ ရတဲ့ဝင္ေငြနဲ႔ ထြက္ေငြမွ်ေအာင္စီမံခန္႔ခြဲရတာ အေမပါပဲ။ တဟုန္ထိုးတက္ေနတဲ့ ကုန္ေစ်းနႈန္းနဲ႔ ဝင္ေငြနဲ႔ မွ်ေအာင္ သံုးစြဲရတာ၊ စုေဆာင္း ထိန္းသိမ္းရတာ အေမပါပဲ။ သာေရး၊ နာေရး အသံုးစရိတ္၊ က်န္းမာေရးစရိတ္၊ အေရးေပၚအသံုးစရိတ္၊ လစဥ္အသံုးစရိတ္ စသျဖင့္ ေငြေၾကးကို စီမံခန္႔ခြဲရတာ အေမပါပဲ။ မိသားစုဝင္ေတြ စည္းနဲ႔ကမ္းနဲ႔ သံုးစြဲတတ္ဖို႔၊ ေခၽြတာတတ္ဖို႔ ေဆာ္ၾသရတာလည္း အေမပါပဲ။ တစ္လတာ ကုန္က်စရိတ္ကို ျပန္လည္တြက္ခ်က္ရတာ၊ အလ်ဥ္မွီေအာင္ ႀကိဳးပမ္းအားထုတ္ရတာ၊ စုေဆာင္းရတာကလည္း အေမပါပဲ။

ကဲ အေမတစ္ေယာက္လုပ္ရတဲ့ အလုပ္အကိုင္ေတြထဲမွာ ဒါအကုန္မဟုတ္ေသးဘူး။ အမ်ားႀကီးက်န္ေသးတယ္။ ဒါေတာင္ ဒီေလာက္လုပ္ေနရတဲ့ အေမက အိမ္ေထာင္စုဇယားထဲမွာ မွီခိုတဲ့လား။ မတရားလိုက္တာ။ အေမေတြကို ဂုဏ္ျပဳတဲ့ အေနနဲ႔ အိမ္ေထာင္စုဇယားက အေမ့အလုပ္အကိုင္ေနရာမွာ “မွီခို” ဆိုတာထက္ ပိုၿပီး ထိုက္တန္တဲ့ စကားလံုးတစ္လံုးေလာက္ ဝိုင္းစဥ္းစားၾကရင္ မေကာင္းေပဘူးလား။
အေမ့ကိုလြမ္းလို႔ဖတ္မိသမ်ွေဝငွပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:လမ္းေဘးစာသင္ဝိုင္း-ရန္ကုန္ အရွင္နာယက

#Unicode Version
ဟားဟား အကြီးကြီးရယ်လိုက်ချင်တယ်။ ဘယ်လိုဉာဏ်ကြီးရှင်ကများ အိမ်ထောင်စုဇယားထဲမှာ စာရေးသူတို့ အမေတွေရဲ့အလုပ်အကိုင်ကို “မှီခို” ဆိုပြီး ဖြည့်ဖို့ ထွင်ခဲ့တာပါလိမ့်။
တကယ့်တကယ်တော့ အမေဆိုသည်မှာ…

အမေသည် Nutritionist (အာဟာရဗေဒပညာရှင်)

ဟုတ်ပါတယ်။
ဘယ်ရာသီမှာ ဘယ်လိုဟင်းကို ချက်ရမယ်။ ဘယ်ရာသီမှာ ဘယ်လိုအစားအစာတွေပေါတယ်။ ဘာနဲ့ ဘာက လိုက်တယ်။ ဘယ်ဟာကတော့ဖြင့် တွဲမစားသင့်ဘူး။
ဘယ်လိုဟာကတော့ဖြင့် ကျန်းမာရေးနဲ့ညီတယ်။ ဘယ်လိုလေးချက်လိုက်ရင် ခံတွင်းတွေ့တယ်။
ဘယ်အစားအစာက လူကြီးနဲ့တည့်တယ်။ ဘယ်ရောဂါနဲ့ ဘယ်အစားအစာနဲ့ မတည့်ဘူး။
ပူရင် ဘယ်လိုဟာစား၊ အေးရင် ဘယ်လိုဟာရှောင် စသဖြင့် အမေ့လောက်သိတာ အမေပဲရှိပါတယ်။ သေချာပါတယ် အမေက အာဟာရဗေဒပညာရှင်ပါ။

အမေသည် Doctor (ဆရာဝန်)

တော်ရုံနေမကောင်းတာလောက်ကတော့ အမေရှိနေရင် ဆရာဝန်တစ်ယောက်ရှိနေသလိုပါပဲ။ ဆေးခန်းသွားဖို့မလိုပါဘူး။
အမေ့ဆီမှာ ဗမာဆေး၊ အင်္ဂလိပ်ဆေး၊ တိုင်းရင်းဆေး အစုံရှိပါတယ်။
ကိုယ်ခံစားနေရတဲ့ ဝေဒနာသာပြောပြလိုက်၊ အမေက သူ့မှာရှိတဲ့ဆေးနဲ့ ကုပါလိမ့်မယ်။ နေမကောင်းတဲ့အခါ အမေက ဆရာဝန်အဖြစ်သာ မကဘူး။
special nurse အဖြစ်လည်း ၂၄ နာရီ ကိုယ့်ဘေးမှာ အသင့်ရှိနေတတ်ပါတယ်။ လိုလေသေးမရှိ ပြုစုပေးပါတယ်။

အမေသည် Supreme chef (အဆင့်မြင့်ဆုံးစားတော်ကဲ)

သားသမီးတွေရဲ့အကြိုက်၊ ယောက်ျားရဲ့အကြိုက်ကို ကောင်းကောင်းသိတာ အမေပါပဲ။
ဘယ်လိုချက်ရင် မိသားစုဝင်တွေ ခံတွင်းတွေ့မလဲဆိုတာ အမေက ကောင်းကောင်းသိပါတယ်။
သိတဲ့အတိုင်းလည်း ချက်နိုင်ပါတယ်။
သားသမီးတွေရဲ့အကြိုက်ကိုလည်း အမေက အမြဲချက်လေ့ရှိပါတယ်။ အမေချက်သမျှလည်း စားကောင်းလေ့ရှိပါတယ်။ ဟုတ်ပါတယ် အမေ့လက်ရာက ကြယ်ငါးပွင့်ဟိုတယ်က နာမည်ကျော်စာဖိုမှူးတွေရဲ့လက်ရာထက် အပြတ်သာပါတယ်။

အမေသည် Fashion designer (ဖက်ရှင်ဒီဇိုင်နာ)

ကိုယ်အပြင်သွားခါနီး ဘာဝတ်ရမှန်းမသိရင် အမေ့ကိုသာ အနားခေါ်လိုက်ပါ။
အမေက ကိုယ်သွားမယ့်နေရာ၊ ရာသီဥတု၊ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး ကိုယ့်နဲ့ လိုက်ဖက်မယ့်ဝတ်စုံ၊ ကိုယ်နဲ့ လိုက်ဖက်မယ့်အရောင်ကို အကောင်းဆုံးရွေးချယ်ပေးနိုင်ပါတယ်။ အဝတ်အစားဝယ်ဖို့၊ ချုပ်ဖို့ မစဉ်းစားတတ်တဲ့အခါ အမေ့ကိုသာ ခေါ်သွားလိုက်ပါ။ကိုယ့်အကြိုက်၊ ကိုယ့်အထာကို ကောင်းကောင်းနပ်တဲ့အမေက ကိုယ်နဲ့လိုက်ဖက်မယ့် ဒီဇိုင်းကို ပီပီပြင်ပြင် ရွေးချယ်ပေးပါလိမ့်မယ်။

အမေသည် Senior adviser (အကြီးတန်း အကြံပေးပုဂ္ဂိုလ်)

အလုပ်မှာဖြစ်ဖြစ်၊ ပညာရေးမှာဖြစ်ဖြစ်၊ အချစ်ရေး၊ အိမ်ထောင်ရေးမှာဖြစ်ဖြစ် အခက်အခဲတစ်ခု ကြုံတဲ့အခါ အမေ့ကိုသာ ဖွင့်ပြောပြလိုက်ပါ။ အမေက ကိုယ့်ဘက်က မားမားမတ်မတ်ရပ်တည်ပေးပါလိမ့်မယ်။ သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး၊ ကိုယ့်ဘဝရပ်တည်မှုနဲ့ ချိန်ထိုးပြီး အကောင်းဆုံးအကြံဉာဏ်နဲ့ ခွန်အားကို ပေးပါလိမ့်မယ်။ ကိုယ်တစ်ခုခုမကျေနပ်တာ၊ စိတ်တိုတာ၊ ခံစားနေရတာတွေကို အမေ့ကိုသာ ရင်ဖွင့်လိုက်ပါ။ အမေက ကိုယ်ချင်းစာပေးပြီး၊ ကရုဏာထားပြီး အကြံဉာဏ်ပေးပါလိမ့်မယ်။

အမေသည် Family registrar (မိသားစု မော်ကွန်းထိန်း)

အမေက မိသားစုရဲ့အချက်အလက်တွေကို ကောင်းကောင်းသိတဲ့ တစ်ဦးတည်းသောသူပါ။ မိသားစုဝင်တွေရဲ့မွေးနေ့၊ အမျိုးတွေရဲ့အချက်အလက်၊ အမှတ်တရဖြစ်ရပ်တွေ၊ ကိန်းဂဏန်းတွေ၊ မိသားစုပိုင်ပစ္စည်းတွေ၊ နှစ်ဖက်ဆွေမျိုးတွေရဲ့သမိုင်းတွေ အားလုံးကို အမေသိပါတယ်။ မိသားစုနဲ့ပတ်သက်တဲ့၊ အမျိုးတွေနဲ့ပတ်သက်တဲ့ အကြောင်းတွေ၊ အချက်အလက်တွေ သိချင်ရင် အမေ့ကိုသာ မေးကြည့်ပါ။ အမေက အားလုံးကို သိရှိသိမ်းဆည်းထားပါလိမ့်မယ်။

အမေသည် Mentor (ကောင်းရာညွှန်ပြသည့် ဆရာ)

ဟုတ်ပါတယ်။ အမေက ကျွန်တော်တို့ ဟိုးငယ်စဉ် ကလေးဘဝကတည်းက စကားစပြောတတ်ဖို့၊ လမ်းစလျှောက်တတ်ဖို့၊ စားတတ်၊ သောက်တတ်ဖို့၊ ဘာသာတရားကို ကိုင်းရှိုင်းတတ်ဖို့ ပထမဆုံးသင်ပေးခဲ့တဲ့ လက်ဦးဆရာပါ။ အကောင်းနဲ့ အဆိုးကို ခွဲခြားတတ်ဖို့၊ လူပီသဖို့၊ စည်းကမ်းရှိဖို့လမ်းညွှန်ပြသပေးခဲ့သူကလည်း အမေပါပဲ။ ကကြီး၊ ခခွေး၊ အေ၊ ဘီ၊ စီ၊ ဒီ ကို စသင်ပေးခဲ့တာလည်း အမေပါပဲ။

အမေသည် Domestic scientist (အိမ်တွင်းမှု သိပ္ပံပညာရှင်)

အိမ်မှာ တစ်ခုခုဆို အရင်ဆုံးသိတာ၊ ဖြေရှင်းရတာ အမေပါပဲ။ အချက်အပြုတ်၊ အလျှော်အဖွပ်ကအစ၊ သန့်ရှင်းရေးလုပ်တာ၊ အိမ်ထောင်ပရိဘောဂတွေကို ထိန်းသိမ်းတာလည်း အမေပါပဲ။ အိမ်တွင်း၊ အိမ်ပြင် အပြင်အဆင်ပိုင်းဆိုလည်း အမေပါမှ ပြည့်စုံတာပါပဲ။အဝတ်အစားတွေ ပြဲခဲ့၊ စုတ်ခဲ့ရင်လည်း ပြန်ချုပ်ပေးတာ အမေပါပဲ။ အိမ်ထောင်ပစ္စည်းတွေ ပြုပြင်တာ၊ ထိန်းသိမ်းတာ၊ လိုအပ်တာတွေ ဝယ်ယူတာ၊ ရှိတာလေးနဲ့ အလုပ်ဖြစ်အောင် ကြံစည်အားထုတ်ရတာလည်း အမေပါပဲ။

အမေသည် arbiter (စီရင်ဆုံးဖြတ်ပေးသူ)

အိမ်မှာ ကိစ္စကြီးငယ် တစ်ခုခုဆို အမေပါမှ ရပါတယ်။ အမေ့ကို အားလုံးက တိုင်ပင်ရပါတယ်။ပြဿနာတစ်ခုခုဆို အမေကြားဝင်ဖြေရှင်းပေးမှ အဆင်ပြေတတ်ပါတယ်။ မိသားစုအတွင်းရေး ပြဿနာဆိုလည်း အမေကပဲ ဒိုင်ခံဖြေရှင်းလေ့ရှိပါတယ်။ အမေ ဆုံးဖြတ်တာကို အားလုံးက နာခံကြပါတယ်။ ပြဿနာကြီးကြီးငယ်ငယ် အမေကိုယ်တိုင်ဝင်ပါမှ၊ အမေ့ကိုတိုင်ပင်မှ၊ အမေ့ဆီက အကြံဉာဏ်နဲ့ အဆုံးအဖြတ်ကိုယူမှ အောင်မြင်ပြီးမြောက်လေ့ရှိပါတယ်။

အမေသည် Monetary executive manager (ငွေကြေးစီမံခန့်ခွဲသူ)

မိသားစုတွင်းမှာ ရတဲ့ဝင်ငွေနဲ့ ထွက်ငွေမျှအောင်စီမံခန့်ခွဲရတာ အမေပါပဲ။ တဟုန်ထိုးတက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ ဝင်ငွေနဲ့ မျှအောင် သုံးစွဲရတာ၊ စုဆောင်း ထိန်းသိမ်းရတာ အမေပါပဲ။ သာရေး၊ နာရေး အသုံးစရိတ်၊ ကျန်းမာရေးစရိတ်၊ အရေးပေါ်အသုံးစရိတ်၊ လစဉ်အသုံးစရိတ် စသဖြင့် ငွေကြေးကို စီမံခန့်ခွဲရတာ အမေပါပဲ။ မိသားစုဝင်တွေ စည်းနဲ့ကမ်းနဲ့ သုံးစွဲတတ်ဖို့၊ ချွေတာတတ်ဖို့ ဆော်သြရတာလည်း အမေပါပဲ။ တစ်လတာ ကုန်ကျစရိတ်ကို ပြန်လည်တွက်ချက်ရတာ၊ အလျဉ်မှီအောင် ကြိုးပမ်းအားထုတ်ရတာ၊ စုဆောင်းရတာကလည်း အမေပါပဲ။

ကဲ အမေတစ်ယောက်လုပ်ရတဲ့ အလုပ်အကိုင်တွေထဲမှာ ဒါအကုန်မဟုတ်သေးဘူး။ အများကြီးကျန်သေးတယ်။ ဒါတောင် ဒီလောက်လုပ်နေရတဲ့ အမေက အိမ်ထောင်စုဇယားထဲမှာ မှီခိုတဲ့လား။ မတရားလိုက်တာ။ အမေတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ အိမ်ထောင်စုဇယားက အမေ့အလုပ်အကိုင်နေရာမှာ “မှီခို” ဆိုတာထက် ပိုပြီး ထိုက်တန်တဲ့ စကားလုံးတစ်လုံးလောက် ဝိုင်းစဉ်းစားကြရင် မကောင်းပေဘူးလား။
အမေ့ကိုလွမ်းလို့ဖတ်မိသမျှဝေငှပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:လမ်းဘေးစာသင်ဝိုင်း-ရန်ကုန် အရှင်နာယက
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top