Property Expo
×

 ၁၉၉၅ ေမာ္ဒယ္ေအာက္ ခရီးသည္တင္ယာဥ္မ်ားကို ကညနတြင္ ယာဥ္အိုယာဥ္ေဟာင္းအ ျဖစ္ အပ္ႏွံပါက လူစီးယာဥ္စလစ္ထုတ္ေပးမည္ဟု ရန္ကုန္တုိင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီး ၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA)မွ သတင္းရရွိသည္။

ရန္ကုန္ၿမိဳ႕တြင္ ခရီးသည္ တင္ ယာဥ္စီးေရ ၇,၀၀၀ ေက်ာ္ရွိ သည့္အနက္ ၁၉၉၅ ေမာ္ဒယ္ေအာက္ယာဥ္စီးေရ ၁,၄၀၀ ေက်ာ္ရွိ၍ အဆိုပါကားမ်ားကို စလစ္ထုတ္ေပးႏုိင္ရန္ ကညနႏွင့္ ညႇိႏိႈင္းေနေၾကာင္း YRTA ဥကၠ႒ေဒါက္တာေမာင္ေအာင္က ေျပာသည္။

‘‘အရင္တုန္းကေတာ့ ဘတ္စ္အပ္ရင္ ဘတ္စ္ပဲ ျပန္သြင္းရတဲ့ စလစ္ထုတ္ေပးတယ္။ ဒါေပမဲ့ အခုဘတ္စ္အပ္ရင္ လူစီးစလစ္ ထုတ္ေပးမယ္ဆုိတဲ့ သေဘာကို ညႇိႏိႈင္းေနတာပါ’’ဟု ေဒါက္တာ ေမာင္ေအာင္က ေျပာသည္။


လက္ရွိ ရန္ကုန္ၿမိဳ႕တြင္ ေျပးဆြဲေနေသာ ဘတ္စ္ကားမ်ား၏ သက္တမ္း ၾကာျမင့္ေနျခင္းေၾကာင့္ အဆုိပါအစီအစဥ္ကို လုပ္ေဆာင္ရျခင္းျဖစ္သည္ဟု ဆုိသည္။

‘‘ကြၽန္ေတာ္တုိ႔ဆီကိုေတာ့ ဒီ ေန႔အထိ ၁၉၉၅ ေအာက္ ဘတ္စ္ ေတြကို လူစီးစလစ္ထုတ္ေပးရ မယ္ဆုိၿပီး သီးသန္႔ၫႊန္ၾကားထား တာေတာ့ မရွိေသးဘူး။ အေပၚ ပိုင္းႀကီးေကာ္ (ေမာ္ေတာ္ယာဥ္ တင္သြင္းမႈဆုိင္ရာ ႀကီးၾကပ္မႈ ေကာ္မတီ)မွာေတာ့ ဒီကိစၥကို ညႇိ ေနတယ္’’ဟု ေနျပည္ေတာ္ ကည နမွ ဒုတိယၫႊန္ၾကားေရးမွဴးက ေျပာသည္။

  လက္ရွိေျပးဆြဲေနေသာ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃ ေမာ္ဒယ္ City Bus ယာဥ္မ်ားကိုလည္း အ ခ်ိန္အတိုင္းအတာတစ္ခုအထိ အ မ်ားပိုင္ယာဥ္လုိင္းမ်ားတြင္ ေျပး ဆြဲခြင့္ျပဳရန္ YRTA က ယာဥ္ပိုင္ရွင္မ်ားကို ကတိေပးေျပာဆုိထား ၿပီးျဖစ္သည္။

 ‘‘စလစ္ထုတ္ေပးမယ္လုိ႔ သာ ေျပာတယ္။ လူစီးစလစ္ဆုိ တာ ဘယ္လိုပံုစံမ်ိဳးနဲ႔ ခြင့္ျပဳမွာလဲ ဆုိတာ ရွင္းရွင္းလင္းလင္းမသိရ ေသးဘူး။ အထက္ကိုတင္ျပရဦး မယ္လို႔ေတာ့ ေျပာတယ္။ ျပည္ပ ကေန ယာဥ္ပိုင္ရွင္ေတြ ကားအ သစ္ဝယ္သြင္းဖို႔ကိုလည္း ဘဏ္ ေခ်းေငြေပးမယ္ဆုိတာ ဒီေန႔အထိ ဘာမွန္းမသိရေသးဘူး’’ဟု ၂၂၆ ယာဥ္လုိင္း ယာဥ္ပိုင္ရွင္ ဦးဟန္စိုး က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ၁၉၉၅ မော်ဒယ်အောက် ခရီးသည်တင်ယာဉ်များကို ကညနတွင် ယာဉ်အိုယာဉ်ဟောင်းအ ဖြစ် အပ်နှံပါက လူစီးယာဉ်စလစ်ထုတ်ပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)မှ သတင်းရရှိသည်။

ရန်ကုန်မြို့တွင် ခရီးသည် တင် ယာဉ်စီးရေ ၇,၀၀၀ ကျော်ရှိ သည့်အနက် ၁၉၉၅ မော်ဒယ်အောက်ယာဉ်စီးရေ ၁,၄၀၀ ကျော်ရှိ၍ အဆိုပါကားများကို စလစ်ထုတ်ပေးနိုင်ရန် ကညနနှင့် ညှိနှိုင်းနေကြောင်း YRTA ဥက္ကဋ္ဌဒေါက်တာမောင်အောင်က ပြောသည်။

‘‘အရင်တုန်းကတော့ ဘတ်စ်အပ်ရင် ဘတ်စ်ပဲ ပြန်သွင်းရတဲ့ စလစ်ထုတ်ပေးတယ်။ ဒါပေမဲ့ အခုဘတ်စ်အပ်ရင် လူစီးစလစ် ထုတ်ပေးမယ်ဆိုတဲ့ သဘောကို ညှိနှိုင်းနေတာပါ’’ဟု ဒေါက်တာ မောင်အောင်က ပြောသည်။


လက်ရှိ ရန်ကုန်မြို့တွင် ပြေးဆွဲနေသော ဘတ်စ်ကားများ၏ သက်တမ်း ကြာမြင့်နေခြင်းကြောင့် အဆိုပါအစီအစဉ်ကို လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ဆိုသည်။

‘‘ကျွန်တော်တို့ဆီကိုတော့ ဒီ နေ့အထိ ၁၉၉၅ အောက် ဘတ်စ် တွေကို လူစီးစလစ်ထုတ်ပေးရ မယ်ဆိုပြီး သီးသန့်ညွှန်ကြားထား တာတော့ မရှိသေးဘူး။ အပေါ် ပိုင်းကြီးကော် (မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီ)မှာတော့ ဒီကိစ္စကို ညှိ နေတယ်’’ဟု နေပြည်တော် ကည နမှ ဒုတိယညွှန်ကြားရေးမှူးက ပြောသည်။

  လက်ရှိပြေးဆွဲနေသော ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃ မော်ဒယ် City Bus ယာဉ်များကိုလည်း အ ချိန်အတိုင်းအတာတစ်ခုအထိ အ များပိုင်ယာဉ်လိုင်းများတွင် ပြေး ဆွဲခွင့်ပြုရန် YRTA က ယာဉ်ပိုင်ရှင်များကို ကတိပေးပြောဆိုထား ပြီးဖြစ်သည်။

 ‘‘စလစ်ထုတ်ပေးမယ်လို့ သာ ပြောတယ်။ လူစီးစလစ်ဆို တာ ဘယ်လိုပုံစံမျိုးနဲ့ ခွင့်ပြုမှာလဲ ဆိုတာ ရှင်းရှင်းလင်းလင်းမသိရ သေးဘူး။ အထက်ကိုတင်ပြရဦး မယ်လို့တော့ ပြောတယ်။ ပြည်ပ ကနေ ယာဉ်ပိုင်ရှင်တွေ ကားအ သစ်ဝယ်သွင်းဖို့ကိုလည်း ဘဏ် ချေးငွေပေးမယ်ဆိုတာ ဒီနေ့အထိ ဘာမှန်းမသိရသေးဘူး’’ဟု ၂၂၆ ယာဉ်လိုင်း ယာဉ်ပိုင်ရှင် ဦးဟန်စိုး က ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top