Kantharyar Centre
×

အင္ဒုိနီးရွားအစုိးရက သူတုိ႔ႏုိင္ငံမွာ လုံးဝအသုံးမျပဳရေသးတဲ့ လူစီးရထားတြဲ ၆ဝဝ ခန္႔ကုိ ျမန္မာျပည္မွာသုံးဖုိ႔ တင္ပုိ႔မွာျဖစ္ေၾကာင္း မေန႔က ေၾကညာခဲ့ပါတယ္။

အဲဒီရထားတြဲေတြဟာ အႏွစ္ ၂ဝ ေလာက္ သက္တမ္းရွိၿပီျဖစ္လုိ႔ သူတုိ႔ႏိုင္ငံမွာ အသုံးမဝင္ေတာ့ေပမယ့္ ျမန္မာျပည္ ရထားပုိ႔ေဆာင္ေရးကဏၰ တုိးတက္ေရးအတြက္ အေထာက္အကူျပဳမွာျဖစ္ေၾကာင္း အင္ဒုိနီးရွားအစုိးရပုိင္ ရထားပုိ႔ေဆာင္ေရးကုမၸဏီ PTKAI ညြန္ၾကားေရးမွဴးက ေျပာပါတယ္။

ျမန္မာျပည္က လက္ရွိရထားပုိ႔ေဆာင္ေရးကဏၰ ညံ့ဖ်င္းလြန္းတဲ့အတြက္ ရထားေတြဟာ တနာရီကုိ ကီလုိမီတာ ၃ဝ ေလာက္ပဲ ခုတ္ေမာင္းႏုိင္ေၾကာင္း၊ ဒါေပမဲ့ အင္ဒုိနီးရွားက အခုတင္ပုိ႔မယ့္ ရထားတြဲေတြနဲ႔ဆုိရင္ အရွိန္ ၂ ဆတုိးၿပီး တနာရီကုိ ကီလုိ ၆ဝ ခန္႔ထိ ေျပးဆြဲႏိုင္မွာျဖစ္ေၾကာင္း၊
 ျမန္မာျပည္ကုိ မပုိ႔ခင္ ျပန္လည္မြမ္းမံေပးမွာျဖစ္ေၾကာင္း စသျဖင့္ ဂ်ကာတာၿမဳိ႕မွာ က်င္းပတဲ့ အေရွ႕ေတာင္အာရွ ရထားပို႔ေဆာင္ေရး ညီလာခံမွာ အင္ဒုိနီးရွား အရာရွိက ေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: RFA Burmese

#Unicode Version

အင်ဒိုနီးရှားအစိုးရက သူတို့နိုင်ငံမှာ လုံးဝအသုံးမပြုရသေးတဲ့ လူစီးရထားတွဲ ၆ဝဝ ခန့်ကို မြန်မာပြည်မှာသုံးဖို့ တင်ပို့မှာဖြစ်ကြောင်း မနေ့က ကြေညာခဲ့ပါတယ်။

အဲဒီရထားတွဲတွေဟာ အနှစ် ၂ဝ လောက် သက်တမ်းရှိပြီဖြစ်လို့ သူတို့နိုင်ငံမှာ အသုံးမဝင်တော့ပေမယ့် မြန်မာပြည် ရထားပို့ဆောင်ရေးကဏ္ဏ တိုးတက်ရေးအတွက် အထောက်အကူပြုမှာဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရပိုင် ရထားပို့ဆောင်ရေးကုမ္ပဏီ PTKAI ညွန်ကြားရေးမှူးက ပြောပါတယ်။

မြန်မာပြည်က လက်ရှိရထားပို့ဆောင်ရေးကဏ္ဏ ညံ့ဖျင်းလွန်းတဲ့အတွက် ရထားတွေဟာ တနာရီကို ကီလိုမီတာ ၃ဝ လောက်ပဲ ခုတ်မောင်းနိုင်ကြောင်း၊ ဒါပေမဲ့ အင်ဒိုနီးရှားက အခုတင်ပို့မယ့် ရထားတွဲတွေနဲ့ဆိုရင် အရှိန် ၂ ဆတိုးပြီး တနာရီကို ကီလို ၆ဝ ခန့်ထိ ပြေးဆွဲနိုင်မှာဖြစ်ကြောင်း၊

 မြန်မာပြည်ကို မပို့ခင် ပြန်လည်မွမ်းမံပေးမှာဖြစ်ကြောင်း စသဖြင့် ဂျကာတာမြို့မှာ ကျင်းပတဲ့ အရှေ့တောင်အာရှ ရထားပို့ဆောင်ရေး ညီလာခံမှာ အင်ဒိုနီးရှား အရာရှိက ပြောကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: RFA Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top