Property Expo
×

ပိတ္ရက္ေတြမွာ ကံတက္လာဖို႔ရန္ ရုပ္ရွင္ၾကည့္ရင္လည္း ဘယ္လိုကားမ်ိဳးကုိ ၾကည့္သင့္သလဲ။

 ရုပ္ရွင္အေခြငွားၾကည့့္တဲ့အခါမွာလည္း ရာသီခြင္အလိုက္ ကံတက္ဖို႔ရန္ ေရြးခ်ယ္ၿပီး ၾကည့့္သင့္ပါတယ္။

★★ မိႆရာသီ (Aries) : မတ္ ၂၁ ရက္မွ ဧၿပီ ၂၀ ရက္အတြင္း
သူကေတာ့ အိုရွင္လို ကားမ်ိဳးကို ၾကည့္သင့္ပါတယ္။ သူရဲ႕ရာသီခြင္က ရိုးရုိးသားသား ၾကိဳးစားၿပီး ေအာင္ၿမင္မယ္ဆိုတဲ့ သူၿဖစ္ပါတယ္။ ဘယ္ေလာက္ပဲ အခက္အခဲေတြနဲ႕ၾကံဳပါေစ။ ဇဲြ၊လံု႕လ၊ ဝီရိယ အၿပည့္နဲ႔ ၾကိဳးစားမယ္ဆိုတဲ့ အင္အားေတြကို ရရွိေစႏုိင္မွာပါ။

★★ ၿပိႆရာသီ (Taurus) : ဧၿပီ ၂၁ ရက္မွ ေမ ၂၀ ရက္အတြင္း
သူကေတာ့ အခ်စ္ေရးမွာ အလြန္ထူးၿခားတတ္တဲ့ ရာသီခြင္ၿဖစ္ပါတယ္။ ၁၂ ႏွစ္မွာတၾကိမ္ ထူးထူးၿခားၿခား စန္းပြင့္ခ်ိန္ကို ေရာက္ေနၿပီၿဖစ္တာေၾကာင့္ အခ်စ္ေရးမွာ အားေကာင္းဖို႔ရန္ ကံတက္လာဖို႔ရန္ အခ်စ္ကားကို ၾကည့္သင့္ပါတယ္။

★★ ေမထုန္ရာသီ (Gemini) : ေမ ၂၁ ရက္မွ ဇြန္ ၂၀ ရက္အတြင္း
သူကေတာ့ မိသားစုကားကို ၾကည့္သင့္ပါတယ္။ သူ႕အေနနဲ႕ မိသားစုအတြင္းမွာ အခက္အခဲေတြနဲ႕ၾကံဳေတြ႕ေနရခ်ိန္မွာ ၿဖစ္ႏုိင္ပါတယ္။ ဒီအတြက္ေၾကာင့္ မိသားစုကိစၥေတြ ေၿပလည္ေစရန္အတြက္ ကံေကာင္းလာေစရန္အတြက္ မိသားစုကားကို ၾကည့္သင့္ပါတယ္။

★★ ကရကဋ္ရာသီ (Cancer) : ဇြန္ ၂၁ ရက္မွ ဇူလိုင္ ၂၀ ရက္အတြင္း
သူကေတာ့ တေနရာမွာ ေအးေအးေဆးေဆးေနတတ္သူပါ။ ဒါပင္မဲ့လည္း ယခုအခ်ိန္မွာေတာ့ အၿပင္ကသူမ်ားနဲ႕ေတြ႕ဆံုၿခင္းၿဖင္း ကံတတ္လာမွာပါ။ ဒါေၾကာင့္ အိမ္တြင္းပုန္းေနရန္ မသင့္ပါ။ ဒီအတြက္ ခရီးသြား ဇာတ္လမ္း ရုပ္ရွင္ေတြကို ၾကည့္သင့္ပါတယ္။

★★ သိဟ္ရာသီ (Leo) : ဇူလိုင္ ၂၁ ရက္မွ ၾသဂုတ္ ၂၁ ရက္အတြင္း
သူကေတာ့ အၿမဲတမ္း စတိုင္က်က်ေနတတ္သူပါ။ သူအတြက္ကေတာ့ နာမည္ၾကီး ေရွးေဟာင္းရုပ္ရွင္ကားၾကီးေတြကို ၾကည့္သင့္ပါတယ္။ ဒီကားၾကီးေတြထဲမွာ သူ႕အတြက္ ေအာင္ၿမင္မႈအတြက္ ေသာ့ခ်က္တစ္ခုရွိမွာပါ။

★★ ကန္ရာသီ (Virgo) : ၾသဂုတ္ ၂၂ ရက္မွ စက္တင္ဘာလ ၂၂ ရက္အတြင္း
သူကေတာ့ ရွက္ေၾကာက္တတ္သူပါ။ ဒါပင္မဲ့ ဒီအခ်ိန္မွာ အရမ္းကို ကံေကာင္းေနခ်ိန္ၿဖစ္တဲ့အတြက္ ဒီထက္ပိုၿပီး ကံတက္လာေစရန္အတြက္ သီခ်င္းရုပ္ရွင္ကားမ်ားကို ၾကည့္သင့္ပါတယ္။ ရုပ္ရွင္ကားထဲက အဓိက ဇာတ္ေဆာင္တစ္ေယာက္လို ကိုယ္က လက္ေတြ႕ဘဝမွာ အဓိကက်တဲ့ေနရာကေန သရုပ္ေဆာင္ရန္ အခ်ိန္က်ပါၿပီ။

Adv 1

★★ တူရာသီ (Libra) : စက္တင္ဘာ ၂၃ ရက္မွ ေအာက္တိုဘာ ၂၂ ရက္အတြင္း
သူကေတာ့ လက္ေတြ႕ဘဝကို ပိုၿပီးေတာ့ ခုံမင္ၿပီး ယံုၾကည္သူၿဖစ္ပါတယ္။ ဒါေၾကာင့္ မၿမင္ရတဲ့ေလာကကို ေဖာ္ၾကဴးထားတဲ့ သရဲကားေတြကို ၾကည့္သင့္ပါတယ္။ ကိုယ့္အတြက္လည္း ဒီရုပ္ရွင္ေတြထဲကေန ကံတက္လာေစမဲ့ အေၾကာင္းတခုေတာ့ေတြ႕မွာပါ။

★★ ဗိစာၦရာသီ (Scorpis): ေအာက္တိုဘာ ၂၃ ရက္မွ ႏုိဝင္ဘာ ၂၂ ရက္အတြင္း
သူကေတာ့ သူငယ္ခ်င္းမိတ္ေဆြေတြထဲမွာ သစၥာေဖာက္တာကို ခံရပါလိမ့္မယ္။ဒါေၾကာင့္ လူေတြကို ယံုၾကည္ဖို႔ရန္ ခက္ခဲေနတဲ့အခ်ိန္ပါ။ ဒီအခ်ိန္မွာ သူငယ္ခ်င္းေၾကာင့္ ေအာင္ၿမင္တယ္ဆိုတဲ့ ရုပ္ရွင္ကို ၾကည့္သင့္ပါတယ္။ မယံုၾကည္မႈေတြကို နည္းနည္းေလွ်ာ့ၿပီး စဥ္းစားႏုိင္ေစရန္ပါ။

★★ ဓႏုရာသီ (Sagittarius) : ႏုိဝင္ဘာ ၂၃ ရက္မွ ဒီဇင္ဘာ ၂၀ ရက္အတြင္း
သူကေတာ့ ေအာင္ၿမင္မႈေတြကို စတင္ရရွိႏုိင္မဲ့အခ်ိန္ပါ။ ပိုၿပီးေတာ့ ေအာင္ၿမင္ႏုိင္ရန္အတြက္ ေအာင္ၿမင္ေသာသူေတြအေၾကာင္းကို ရိုက္ထားတဲ့ ရုပ္ရွင္ေတြကို ၾကည့္သင့္ပါတယ္။

★★ မကာရရာသီ (Capricorn) : ဒီဇင္ဘာ ၂၁ ရက္မွ ဇန္နဝါရီ ၁၉ ရက္အတြင္း
သူကေတာ့ ဘာကိုပဲလုပ္လုပ္ ေသေသခ်ာခ်ာေလ့လာၿပီးမွ လုပ္ေလ့ရွိသူပါ။ ဒီအခ်ိန္မွာေတာ့ သူ႕အေနနဲ႔ စြန္႕စားလိုတဲ့ စိတ္ေတြရွိေနၿပီလို႔ ခံစားရပါတယ္။
ဒါေၾကာင့္ ဒီအခ်ိန္မွာ စြန္႕စားတဲ့ ရုပ္ရွင္ေတြကိုၾကည့္သင့္ပါတယ္လို႔ ထင္ပါတယ္။

★★ ကုမ္ရာသီ (Aquarius) : ဇန္နဝါရီ ၂၀ ရက္မွ ေဖေဖာ္ဝါရီ ၁၈ ရက္အတြင္း
သူကေတာ့ ကိုယ္ရဲ႕ခံယူခ်က္အတိုင္း အသက္ရွင္ေနေသာသူပါ။ သူ႕အေနနဲ႕ ဘယ္သူ႕ရဲ႕ အၾကံၿပဳခ်က္ကိုမွ လက္ခံလိုၿခင္းမရွိပါ။ အခ်ိန္အေန အခ်ိန္အခါအေပၚမွာ မူတည္ၿပီး လက္ခံသင့္တဲ့အခါမ်ိဳးရွိလာပါလိမ့္မယ္။ ဒါေၾကာင့္ ဒီအခ်ိန္မွာ အခ်စ္ဇတ္လမ္းေကာင္းေကာင္းေတြကို ၾကည့္သင့္ပါတယ္။

★★ မိန္ရာသီ (Pisces) : ေဖေဖာ္ဝါရီ ၁၉ ရက္မွ မတ္လ ၂၀ ရက္အတြင္း
သူကေတာ့ လက္ထပ္ကံေကာင္းေနခ်ိန္ၿဖစ္ပါလိမ့္မယ္။ ဒီအခ်ိန္မွာ လက္ထပ္ၿခင္းႏွင့္ပတ္သက္တဲ့ ရုပ္ရွင္ကို ေရြးၾကည့္သင့္ပါတယ္။ ဒီရုပ္ရွင္ၾကည့္ၿခင္းအားၿဖင့္ လက္ထပ္ကံေကာင္းလာမွာၿဖစ္သလို ကိုယ့္ရဲ႕အိမ္ေထာင္ေဖာ္ၿဖစ္မဲ့သူနဲ႕ ဘယ္လိုအေပးအယူ လုပ္ရမလဲဆိုတာကို သိလာမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Chelmo Team

#Unicode Versionပိတ်ရက်တွေမှာ ကံတက်လာဖို့ရန် ရုပ်ရှင်ကြည့်ရင်လည်း ဘယ်လိုကားမျိုးကို ကြည့်သင့်သလဲ။

 ရုပ်ရှင်အခွေငှားကြည့့်တဲ့အခါမှာလည်း ရာသီခွင်အလိုက် ကံတက်ဖို့ရန် ရွေးချယ်ပြီး ကြည့့်သင့်ပါတယ်။

★★ မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း
သူကတော့ အိုရှင်လို ကားမျိုးကို ကြည့်သင့်ပါတယ်။ သူရဲ့ရာသီခွင်က ရိုးရိုးသားသား ကြိုးစားပြီး အောင်မြင်မယ်ဆိုတဲ့ သူဖြစ်ပါတယ်။ ဘယ်လောက်ပဲ အခက်အခဲတွေနဲ့ကြုံပါစေ။ ဇွဲ၊လုံ့လ၊ ဝီရိယ အပြည့်နဲ့ ကြိုးစားမယ်ဆိုတဲ့ အင်အားတွေကို ရရှိစေနိုင်မှာပါ။

★★ ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း
သူကတော့ အချစ်ရေးမှာ အလွန်ထူးခြားတတ်တဲ့ ရာသီခွင်ဖြစ်ပါတယ်။ ၁၂ နှစ်မှာတကြိမ် ထူးထူးခြားခြား စန်းပွင့်ချိန်ကို ရောက်နေပြီဖြစ်တာကြောင့် အချစ်ရေးမှာ အားကောင်းဖို့ရန် ကံတက်လာဖို့ရန် အချစ်ကားကို ကြည့်သင့်ပါတယ်။

★★ မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း
သူကတော့ မိသားစုကားကို ကြည့်သင့်ပါတယ်။ သူ့အနေနဲ့ မိသားစုအတွင်းမှာ အခက်အခဲတွေနဲ့ကြုံတွေ့နေရချိန်မှာ ဖြစ်နိုင်ပါတယ်။ ဒီအတွက်ကြောင့် မိသားစုကိစ္စတွေ ပြေလည်စေရန်အတွက် ကံကောင်းလာစေရန်အတွက် မိသားစုကားကို ကြည့်သင့်ပါတယ်။

★★ ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း
သူကတော့ တနေရာမှာ အေးအေးဆေးဆေးနေတတ်သူပါ။ ဒါပင်မဲ့လည်း ယခုအချိန်မှာတော့ အပြင်ကသူများနဲ့တွေ့ဆုံခြင်းဖြင်း ကံတတ်လာမှာပါ။ ဒါကြောင့် အိမ်တွင်းပုန်းနေရန် မသင့်ပါ။ ဒီအတွက် ခရီးသွား ဇာတ်လမ်း ရုပ်ရှင်တွေကို ကြည့်သင့်ပါတယ်။

★★ သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း
သူကတော့ အမြဲတမ်း စတိုင်ကျကျနေတတ်သူပါ။ သူအတွက်ကတော့ နာမည်ကြီး ရှေးဟောင်းရုပ်ရှင်ကားကြီးတွေကို ကြည့်သင့်ပါတယ်။ ဒီကားကြီးတွေထဲမှာ သူ့အတွက် အောင်မြင်မှုအတွက် သော့ချက်တစ်ခုရှိမှာပါ။

★★ ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း
သူကတော့ ရှက်ကြောက်တတ်သူပါ။ ဒါပင်မဲ့ ဒီအချိန်မှာ အရမ်းကို ကံကောင်းနေချိန်ဖြစ်တဲ့အတွက် ဒီထက်ပိုပြီး ကံတက်လာစေရန်အတွက် သီချင်းရုပ်ရှင်ကားများကို ကြည့်သင့်ပါတယ်။ ရုပ်ရှင်ကားထဲက အဓိက ဇာတ်ဆောင်တစ်ယောက်လို ကိုယ်က လက်တွေ့ဘဝမှာ အဓိကကျတဲ့နေရာကနေ သရုပ်ဆောင်ရန် အချိန်ကျပါပြီ။

Adv 1

★★ တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း
သူကတော့ လက်တွေ့ဘဝကို ပိုပြီးတော့ ခုံမင်ပြီး ယုံကြည်သူဖြစ်ပါတယ်။ ဒါကြောင့် မမြင်ရတဲ့လောကကို ဖော်ကြူးထားတဲ့ သရဲကားတွေကို ကြည့်သင့်ပါတယ်။ ကိုယ့်အတွက်လည်း ဒီရုပ်ရှင်တွေထဲကနေ ကံတက်လာစေမဲ့ အကြောင်းတခုတော့တွေ့မှာပါ။

★★ ဗိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း
သူကတော့ သူငယ်ချင်းမိတ်ဆွေတွေထဲမှာ သစ္စာဖောက်တာကို ခံရပါလိမ့်မယ်။ဒါကြောင့် လူတွေကို ယုံကြည်ဖို့ရန် ခက်ခဲနေတဲ့အချိန်ပါ။ ဒီအချိန်မှာ သူငယ်ချင်းကြောင့် အောင်မြင်တယ်ဆိုတဲ့ ရုပ်ရှင်ကို ကြည့်သင့်ပါတယ်။ မယုံကြည်မှုတွေကို နည်းနည်းလျှော့ပြီး စဉ်းစားနိုင်စေရန်ပါ။

★★ ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း
သူကတော့ အောင်မြင်မှုတွေကို စတင်ရရှိနိုင်မဲ့အချိန်ပါ။ ပိုပြီးတော့ အောင်မြင်နိုင်ရန်အတွက် အောင်မြင်သောသူတွေအကြောင်းကို ရိုက်ထားတဲ့ ရုပ်ရှင်တွေကို ကြည့်သင့်ပါတယ်။

★★ မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း
သူကတော့ ဘာကိုပဲလုပ်လုပ် သေသေချာချာလေ့လာပြီးမှ လုပ်လေ့ရှိသူပါ။ ဒီအချိန်မှာတော့ သူ့အနေနဲ့ စွန့်စားလိုတဲ့ စိတ်တွေရှိနေပြီလို့ ခံစားရပါတယ်။
ဒါကြောင့် ဒီအချိန်မှာ စွန့်စားတဲ့ ရုပ်ရှင်တွေကိုကြည့်သင့်ပါတယ်လို့ ထင်ပါတယ်။

★★ ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း
သူကတော့ ကိုယ်ရဲ့ခံယူချက်အတိုင်း အသက်ရှင်နေသောသူပါ။ သူ့အနေနဲ့ ဘယ်သူ့ရဲ့ အကြံပြုချက်ကိုမှ လက်ခံလိုခြင်းမရှိပါ။ အချိန်အနေ အချိန်အခါအပေါ်မှာ မူတည်ပြီး လက်ခံသင့်တဲ့အခါမျိုးရှိလာပါလိမ့်မယ်။ ဒါကြောင့် ဒီအချိန်မှာ အချစ်ဇတ်လမ်းကောင်းကောင်းတွေကို ကြည့်သင့်ပါတယ်။

★★ မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း
သူကတော့ လက်ထပ်ကံကောင်းနေချိန်ဖြစ်ပါလိမ့်မယ်။ ဒီအချိန်မှာ လက်ထပ်ခြင်းနှင့်ပတ်သက်တဲ့ ရုပ်ရှင်ကို ရွေးကြည့်သင့်ပါတယ်။ ဒီရုပ်ရှင်ကြည့်ခြင်းအားဖြင့် လက်ထပ်ကံကောင်းလာမှာဖြစ်သလို ကိုယ့်ရဲ့အိမ်ထောင်ဖော်ဖြစ်မဲ့သူနဲ့ ဘယ်လိုအပေးအယူ လုပ်ရမလဲဆိုတာကို သိလာမှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Chelmo Team
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top