Property Expo
×




Credit : Duwun

#Unicode Version

ကွယ်လွန်သွားပေမယ့် ဝင်ငွေရနေဆဲ အနုပညာရှင်စာရင်းကို Forbes မဂ္ဂဇင်းက ထုတ်ပြန်ရာမှာ ၂၀၁၆ ခုနှစ်အတွက် ဝင်ငွေအများဆုံး ကွယ်လွန်သူအနုပညာရှင်ဟာ မိုက်ကယ်ဂျက်ဆင် ဖြစ်လာပါတယ်။

ပေါ့ပ်ဘုရင်ကြီး မိုက်ကယ်ဂျင်ဆင်ရဲ့ယမန်နှစ်ဝင်ငွေဟာ ဒေါ်လာ ၈၂၅ သန်း အထိ ရှိခဲ့တာပါ။ ဒါဟာ ကွယ်လွန်သူသာမက သက်ရှိထင်ရှားရှိနေတဲ့ မည်သည့်အနုပညာရှင်မဆိုရဲ့ တစ်နှစ်တာဝင်ငွေကို ကျော်လွန်သွားတာလည်း ဖြစ်ပါတယ်။

Sony/ATV က ဖြန့်ချိခဲ့တဲ့ ကတ်တလောက် တစ်ဝက်လောက်ကို မတ်လမှာ ရောင်းချခဲ့စဉ် ယခုလို ဝင်ငွေရခဲ့တာလည်း ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်က မိုက်ကယ်ဟာ Beatles ရဲ့ ကတ်တလောက်ကို ဒေါ်လာ ၄.၇ သန်းနဲ့ဝယ်ယူခဲ့ပါတယ်။ နောက် ၁၀ နှစ်အကြာမှာတော့ Sony က မိုက်ကယ်နဲ့အတူ ပူးပေါင်းဖို့ ဒေါ်လာ ၁၁၅ သန်း ပေးခဲ့ပါတယ်။ အဆိုပါပူးပေါင်းထဲက ကျန်တဲ့တစ်ဝက်ကို မတ်လမှာ လွှဲပြောင်းဝယ်ယူလိုက်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top