Property Expo
×






Credit : Duwun

#Unicode Version

အသက် ၂၁ နှစ်သာ ရှိသေးတဲ့ ရုရှားအလှမယ်တစ်ဦးဟာ ကောက်ကြောင်းအလှကြောင့် လူမှုကွန်ယက်မှာ နာမည်ကျော်လာပြီး နှစ်ဝက်လောက်အတွင်းမှာ အင်စတာဂရမ်ပရိသတ် သိသိသာသာ တိုးပွားလာပါတယ်။

သူမဟာ နာမည်ကျော်ဆယ်လီ ကင်မ်ကာဒါရှီယန်ရဲ့ ကိုယ်လုံးနဲ့ ခပ်ဆင်ဆင်ဖြစ်နေလို့ ရုရှားကင်မ်ကာဒါရှီယန်ဆိုပြီး လူမှုကွန်ယက်မှာ လူသိများပါတယ်။ ဒါပေမယ့် သူမကတော့ ကင်မ်ကာဒါရှီယန်ကို သဘောကျပေမယ့် ကင်မ်ကာဒါရှီယန်နဲ့ နှိုင်းတာကိုတော့ မကြိုက်ဘူးလို့ ပြောပါတယ်။

ကင်မ်ဟာ သူ့ရဲ့အနောက်မှာ များကြီးကျန်ခဲ့ပြီလို့ အင်စတာဂရမ်မှာ Follower ၄.၄ သန်းရှိတဲ့ အနက်စတာရှာကေဗစ်ကိုက ပြောပါတယ်။

သူမဟာ ရုရှားသူဖြစ်ပေမယ့်  အောင်မြင်တဲ့မော်ဒယ်တစ်ယောက် ဖြစ်လာဖို့ အခု လော့စ်အိန်ဂျလိစ်ကို ပြောင်းရွှေ့နေထိုင်လျှက်ရှိပါတယ်။ ဧပြီလတုန်းကတောင် အင်စတာဂရမ်မှာ Follower ၂.၆ သန်းသာရှိခဲ့ပေမယ့် အခုတော့ ၆ လအတွင်း ၁.၈ သန်းလောက် တိုးလာခဲ့တာပါ။

" ကျွန်မမှာ လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းရှိတယ်။ တင်ပါးကြွက်သားတွေကလည်း လေ့ကျင့်ခန်း လုပ်ထား၇တာပါ။ မျက်နှာဆိုရင်လည်း ခွဲစိပ်ပြုပြင်မှု  လုံးဝမလုပ်ထားသေးပါဘူး" လို့ ကေဗစ်တိုက ပြောပါတယ်။ သူမဟာ သဘာဝအလှဖြစ်တဲ့အတွက် ကင်မ်ကာဒါရှီယန်နဲ့ နှိုင်းယှဉ်တာကို မကြိုက်ဘူးလို့ ပြောခဲ့တာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top