Property Expo
×

အိမ္ ေမြးတိရစၦာန္ေလးေတြကို သည္းသည္းလႈပ္ ခ်စ္ၾကတဲ့ လူေတြရွိသလို လံုး၀ကို စိတ္မ၀င္စားတဲ့
သူေတြလည္း ရွိပါတယ္။

ခ်စ္ၾကတဲ့သူေတြထဲကမွ တခ်ဳိ႕က ေၾကာင္၊ တခ်ဳိ႕က ေခြး၊ တခ်ဳိ႕က ယုန္၊ တခ်ဳိ႕က ငါး စသျဖင့္
လူတစ္ေယာက္တစ္မ်ဳိးမွာ အႀကိဳက္တစ္မ်ဳိးစီနဲ႔ တိရစၦာန္ေလးေတြကို ေမြးၾကပါတယ္။

မ်ားေသာအားျဖင့္ ေမြးၾကတာကေတာ့ ေခြးေတြ၊ ေၾကာင္ေတြပါ။

စာေရးသူကိုယ္တိုင္ဆိုလည္း အိမ္ေမြးေခြးေတြ၊ ေၾကာင္ေလးေတြကို အရမ္းခ်စ္ပါတယ္။

သူတို႔ကို ကိုယ့္ေဘးနားမွာ အေဖာ္ျပဳေပးေနတဲ့ အေမာေျပေလးေတြလို႔ သေဘာထားၿပီးေတာ့လည္း
ယုယမိပါတယ္။

အိမ္ေမြးတိရစၦာန္ေလးေတြကို ရည္ရြယ္ခ်က္အမ်ဳိးမ်ဳိးနဲ႔ ေမြးၾကေပမဲ့လည္း
တခ်ဳိ႕သူေတြအတြက္က်ျပန္ေတာ့ တိရစၦာန္ဆိုတာထက္ေတာင္ပိုၿပီး ကိုယ့္ရဲ႕ရင္ေသြးအလား
ျပဳစုေစာင့္ေရွာက္ယုယၾကတဲ့ လူေတြလည္း ရွိပါတယ္။

အဲဒီလို တိရစၦာန္ခ်စ္သူေတြထဲက ေမာ္ဒယ္သ႐ုပ္ေဆာင္ ျမႏွင္းရည္လြင္နဲ႔ သူ႔ရဲ႕အခ်စ္ေတာ္ ေခြးမေလး
‘ဟယ္လို’ တို႔အေၾကာင္းကို ဒီတစ္ပတ္ ျမန္မာတိုင္း(မ္)စာဖတ္ပရိသတ္ေတြအတြက္
ေဖာ္ျပေပးလုိက္ပါတယ္။

ဟယ္လိုေလးကိုေတာ့ ျမႏွင္းရည္လြင္ရဲ႕ ပရိသတ္ေတြ၊ သူနဲ႔ရင္းႏွီးသူေတြ၊ သူ႔ရဲ႕ေဖ့စ္ခ္ဘြတ္
သူငယ္ခ်င္းေတြကေတာ့ ရင္းႏွီးေနၾကၿပီးသားပါ။

စာေရးသူလည္း ဟယ္လိုေလးကို သူ႔ရဲ႕ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာကေန တစ္ဆင့္ သတိထားမိခဲ့တာပါ။

အဲဒါေၾကာင့္လည္း စာေရးသူနဲ႔ ဓာတ္ပံုဆရာမတို႔ဟာ ေရႊေတာင္ၾကား သံလြင္လမ္းက
ျမႏွင္းရည္လြင္ရဲ႕ ေနအိမ္ကို ေရာက္သြားျဖစ္ခဲ့ၾကပါတယ္။

အိမ္ကိုေရာက္သြားေတာ့ ဟယ္လိုေလးနဲ႔ ျမႏွင္းရည္လြင္တို႔ကို တန္းၿပီး မေတြ႕ရေသးပါဘူး။

တစ္ေအာင့္ၾကာေတာ့မွ ျမႏွင္းရည္လြင္က ဟယ္လိုေလးကို ေပြ႕ခ်ီလို႔ သူတုိ႔အခန္းထဲက
ထြက္လာပါတယ္။

ေတြ႕လိုက္ရပါၿပီ … ဇာတ္လိုက္ေက်ာ္ ဟယ္လိုေလးကို။ ျဖဴေဖြးဆြတ္ေနတဲ့ အေမြးပြ ေခြးမေလး။
ပန္းေရာင္အက်ႌေလး ၀တ္ေပးထားတာမို႔ ပိုၿပီးခ်စ္စရာေကာင္း ေနပါတယ္။

သူေလးက Maltese နဲ႔ Bichon ဆိုတဲ့ ေခြးအမ်ဳိးအစား ႏွစ္မ်ဳိးစပ္ထားတဲ့ Maltichon အမ်ဳိးအစား
ေခြးေလးပါ။ မ်ဳိးစပ္ထားတဲ့ ေခြးအမ်ဳိးအစားႏွစ္ခုစလံုးကလည္း အရြယ္အစားေသးေသးေလးေတြပဲ
ဆိုေတာ့ ရွစ္လအရြယ္ဟယ္လိုေလးကလည္း လက္တစ္ေပြ႕စာ ေသးေသးေလးပါ။

သူကေလးက စာေရးသူတို႔ကို ေတြ႕ေတြ႕ခ်င္း မေဟာင္ေပမဲ့ ခဏၾကာေတာ့ မ်က္ႏွာစိမ္းေတြမို႔ထင္ပါရဲ႕
ေဟာင္ပါေတာ့တယ္။

ရန္လိုတဲ့ သေဘာနဲ႔ေတာ့ မဟုတ္ပါဘူး၊ စပ္စုတာပါ။

ေပြ႕ခ်ီလိုက္ေတာ့ လက္ထဲမွာ ၿငိမ္ၿငိမ္ေလးနဲ႔ စားေရးသူမ်က္ႏွာကို ေသခ်ာအကဲခတ္ေနပါတယ္။

ေခြးမေလးဟာ ျမႏွင္းရည္လြင္ရဲ႕ ေသခ်ာဂ႐ုစိုက္မႈေၾကာင့္ ထင္ပါရဲ႕၊ ေမႊးႀကိဳင္ေနၿပီး
အေမြးေလးေတြကလည္း ႏူးညံ့လွပါတယ္။

သူကေလး ျမႏွင္းရည္လြင္တုိ႔ အိမ္ကိုေရာက္လာတာကကေတာ့ ေျခာက္လေလာက္ပဲ
ရွိပါေသးတယ္။

“အစ္မ အိမ္ေထာင္က်ၿပီး တစ္ႏွစ္ေက်ာ္ေလာက္မွာ သူ႔ကိုေမြးျဖစ္တာေပါ့။ ႏွစ္ေယာက္စလံုး ေခြးေမြးဖို႔
အစီအစဥ္ မရွိပါဘူး။ တစ္ရက္က်ေတာ့ အစ္မ ေခြးခ်စ္တာကို သိတဲ့ အစ္မရဲ႕ မိန္းကေလး
သူငယ္ခ်င္းတစ္ေယာက္ ေဖ့စ္ဘြတ္ခ္မွာၫႊန္းထားတဲ့ Beauty Pet Service ဆိုတဲ့ အိမ္ေမြးတိရစၦာန္
ေရာင္းတဲ့ ဆိုင္ေလးမွာ ေခြးေပါက္ေလးေတြ ၀ယ္ေတာ့ မ၀ယ္ဘူး၊ စိတ္ခ်မ္းသာေအာင္
သြားၾကည့္ၾကမယ္ဆိုၿပီး သြားၾကည့္ျဖစ္ခဲ့ၾကတယ္”လို႔ ျမႏွင္းရည္လြင္က သူနဲ႔ ဟယ္လိုေလးတို႔
ေတြ႕ျဖစ္ပံု ဇာတ္လမ္းအစကို ေျပာျပပါတယ္။

“သြားၾကည့္ေတာ့ ေခြးေလးေတြက ခ်စ္စရာေလးေတြ။ လိုခ်င္စရာေလးေတြခ်ည္းပဲ။ ဒါေပမဲ့ အစ္မတုိ႔က
ေမြးျဖစ္သြားရင္ေတာ့ အထီးပဲ ေမြးမွာ။ ဘာလို႔လဲဆိုေတာ့ အစ္မေမြးရင္လည္း အလုပ္႐ႈပ္မယ္
ထင္လို႔ေလ။ ဒါေပမဲ့ သူတို႔ဆိုင္မွာက အထီး မရွိေတာ့ဘူး။ ဆိုင္မွာ ရွိေနတဲ့ အထီးေလးေတြကလည္း
သူမ်ားယူထားၿပီးသားေတြ။ ဆိုင္က ေကာင္မေလးကေတာ့ အမေလး ေမြးၾကည့္ပါလားလို႔ေျပာတယ္။
အဲဒါနဲ႔ မ၀ယ္ေတာ့ပါဘူး၊ ျပန္မယ္ဆိုၿပီးအလုပ္မွာ သူ႔ကို ျမင္လိုက္တာပဲ”လို႔ ျမႏွင္းရည္လြင္က
ဆိုပါတယ္။

“ျမင္တာနဲ႔ကို အစ္မတို႔ႏွစ္ေယာက္စလံုး (သူနဲ႔ သူ႔ခင္ပြန္းသည္) သူ႔ကို ခ်စ္မိသြားတယ္။
အစ္မေယာက္်ား ကိုမ်ဳိးသြင္က အစ္မထက္ေတာင္ ဆိုးတယ္။ ‘မိန္းမ အျဖဴေလး
အရမ္းခ်စ္ဖို႔ေကာင္းတယ္၊ ေမြးရေအာင္’ ဆိုၿပီးေျပာတယ္။ အဲဒါနဲ႔ ႏွစ္ေယာက္သား ျဖစ္ခ်င္တာျဖစ္
အိမ္ေရာက္လို႔ အိမ္ကလူေတြ ဆူရင္လည္း ဆူပါေစဆိုၿပီး တစ္ခါတည္း ၀ယ္လာခဲ့လိုက္တယ္”လို႔
ဆက္ေျပာျပပါတယ္။

ေခြးမေလး ဟယ္လိုရဲ႕ ေမြးေန႔က ၂၀၁၆ ခုႏွစ္၊ ဇန္န၀ါရီ ၁၃ ရက္ေန႔ ျဖစ္တာမို႔ သူတို႔အိမ္ကို
စေရာက္တုန္းက တစ္လေက်ာ္အရြယ္ေလးပဲ ရွိပါ ေသးတယ္။

“နာမည္ကေတာ့ စစခ်င္းမွာ အမ်ဳိးစံု စဥ္းစားတယ္။ အရင္ေခြးတုန္းက ‘ဘင္ဂို’ ဆိုေတာ့
‘ဂ်ဴနီယာဘင္ဂို’ လို႔ေပးမယ္ စဥ္းစားျပန္ေတာ့လည္း သူက အစ္မျဖစ္ေနတယ္။ အဲဒါနဲ႔ စဥ္းစားမရဘူး။
ေနာက္ သူ႔ကို ‘ဟယ္လို’လို႔ ေခၚရင္ လွည့္လွည့္ၾကည့္တယ္။ ေရာက္ေရာက္ခ်င္း ေသးေသးေလး
ဆုိေတာ့ ဘာမွသိပ္မသိေသးဘူး။ ေလွ်ာက္သြားေနတယ္။ အဲဒါ သူ႔ကို ႏႈတ္ဆက္တဲ့အေနနဲ႔
ဟယ္လိုလို႔ေခၚရင္ သူ႔က လွည့္ၾကည္တယ္။ အဲဒါနဲ႔ အိမ္ကအစ္မက ‘ဟယ္လို’ ပဲ ေပးလိုက္ဆိုတာနဲ႔
ေပးလိုက္တယ္”လို႔ နာမည္ေပးျဖစ္ပံုကို ေျပာျပပါတယ္။

‘ဟယ္လို’ ဆိုတဲ့နာမည္အျပင္ သူ႔ကို ခ်စ္စႏိုးနဲ႔ေပးထားတဲ့ အိမ္နာမည္ တစ္ခုလည္း ရွိပါေသးတယ္။

အဲဒါကေတာ့ ‘ဇူဇူဘီး’ ပါတဲ့။ ဇူဇူးဘီး (ေခၚ) ဟယ္လိုဟာ ျမႏွင္းရည္လြင္တို႔အိမ္မွာ
ပထမဆံုးေမြးတဲ့ေခြးေတာ့ မဟုတ္ပါဘူး။ ဘင္ဂိုဆိုတဲ့ တယ္ရီယာေခြးတစ္ေကာင္ကို အရင္က
ေမြးခဲ့ဖူးပါတယ္တဲ့။

“ဘင္ဂိုက အစ္မ သံုး၊ ေလးတန္းေလာက္မွာ အိမ္ကိုစေရာက္လာတယ္။ အဲဒီေခြးႀကီးကေတာ့
ဦးေလးက လက္ေဆာင္ေပးတာ။ အဲဒီေတာ့ တစ္အိမ္လံုးနဲ႔ ဆိုင္တဲ့ ေခြးေပါ့။ သူက
အသက္ ၁၅ ႏွစ္အထိ အစ္မတို႔နဲ႔ အတူေနသြားတယ္။ သူကေတာ့ ပံုမွန္အသက္ႀကီးေရာဂါနဲ႔ပဲ
ဆံုးသြားတာပါ။ သူဆံုးတာက နာဂစ္ျဖစ္ၿပီး တစ္ပတ္ႏွစ္ပတ္ေလာက္အၾကာမွာ ဆံုးေတာ့ အခုဆို
သူဆံုးတာ ကိုးႏွစ္၊ ဆယ္ႏွစ္ေလာက္ရွိၿပီေပါ့။ သူဆံုးေတာ့လည္း ေတာ္ေတာ္ေလး ခံစားရတယ္။
အဲဒီစိတ္ေတြ မခံစားႏိုင္လို႔ ေခြးကို မေမြးေတာ့ဘူးလို႔ေတာင္ ဆံုးျဖတ္ထားတာ”လို႔ ျမႏွင္းရည္လြင္က
ဆိုပါတယ္။

အခုေတာ့ ဟယ္လိုေလးနဲ႔ ေရစက္ဆံုလို႔ သူတို႔ႏွစ္ဦး ေတြ႕ဆံုၾကတာလို႔ စာေရးသူကေတာ့
ျမင္ပါတယ္။

“အမွန္တိုင္းေျပာရရင္ အစ္မက မိသားစုထဲမွာလည္း အငယ္ဆံုး၊ ေနာက္ ကေလးလံုး၀ မခ်စ္တတ္ဘူး။
ထားပါေတာ့ ေတာ္ေတာ္ေလး ခ်စ္စရာေကာင္းတဲ့ ကေလးေလးေတြဆုိရင္ေတာ့လည္း ခ်စ္ပါတယ္။
သူတုိ႔ ေအာ္သံ၊ ငိုသံၾကားရင္ စိတ္ပါတိုလာတယ္။ အစ္မတို႔ လင္မယားကလည္း ကေလးယူဖို႔ကို
သိပ္ Serious မထားဘူး။ ရရင္ယူမယ္၊ မရရင္လည္း ကေလးကို အတင္းယူမယ္ဆိုတာမ်ဳိး မရွိဘူး။
ေနာက္ သည္းခံမႈလည္း သိပ္မရွိဘူး။ ဒါေပမဲ့ ဟယ္လိုေလးေရာက္လာေတာ့ အစ္မစိတ္က
ေျပာင္းလဲသြားတယ္”လို႔ ဆိုပါတယ္။

“အရင္က စိတ္မ်ဳိးနဲ႔ဆို အျပင္သြားစရာရွိတဲ့အခါ အိမ္က အစ္မေတြဆီပဲ ၾကည့္ထားေပးဆိုၿပီး ေခြးကို
အပ္ခဲ့မွာ။ သူနဲ႔က်ေတာ့ အဲဒီလိုစိတ္မ်ဳိး မျဖစ္ေတာ့ဘူး။ သူ႔ကို ထိန္းေပးတယ္၊ ေသခ်ာဂ႐ုစိုက္တယ္။
စေမြးကတည္းက အခုထိ သူ႔ကို ႐ိုက္ဖို႔မေျပာနဲ႔ ဆူတာ၊ မာန္တာေတာင္ မရွိခဲ့ဘူး။ အစ္မေယာက္်ား
ကိုမ်ဳိးသြင္ေတာင္ အစ္မ သည္းမခံဘူး။ သူနဲ႔ က်ေတာ့ ေတာ္ေတာ္ေလးကို သည္းခံတာ”လို႔
သူ႔ေခြးမေလးအေပၚ ခ်စ္ခင္ပံုကို ေျပာျပပါတယ္။

“အစ္မ မိတ္ေဆြသူငယ္ခ်င္းေတြဆို အစ္မကို ေခြးအေမႀကီးလို႔ေျပာလည္း အစ္မ စိတ္မဆိုးဘူး။
သူနဲ႔ ပတ္သက္ၿပီးေတာ့ေျပာရင္ ေခြးမႀကီးလို႔ ေျပာလည္း အစ္မ စိတ္ဆိုးမွာမဟုတ္ဘူး”လို႔လည္း
ရယ္ေမာရင္း ဆိုပါေသးတယ္။

ဟုတ္ပါတယ္… ဟယ္လိုဟာ ျမႏွင္းရည္လြင္အတြက္ေတာ့ သမီးတစ္ေယာက္လိုပါပဲ။

သူသြားေလရာကို ေခၚသြားေလ့ရွိသလို အိမ္ေမြးေခြးေလးဆိုတာထက္ လူေလးတစ္ေယာက္လို
ဆက္ဆံတာျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ ညအိပ္တဲ့အခါမွာလည္း သူနဲ႔ ခင္ပြန္းသည္တို႔အိပ္တဲ့ ခုတင္ေပၚမွာပဲ အတူတူ
အိပ္စက္ၾကတယ္လို႔လည္း ဆိုပါတယ္။

ကံေကာင္းလွတဲ့ ဟယ္လိုေလးဟာ တိရစၦာန္ျဖစ္ေပမဲ့လည္း ခ်စ္စရာ အလွဆင္ပစၥည္းေတြမ်ားစြာ
ကိုလည္း ပိုင္ဆိုင္ပါတယ္။

‘လိမၼာတဲ့ ကေလးေလး’လို႔ သူ႔အေမက ေျပာေပမဲ့ အစားအေသာက္ကေတာ့ ေၾကးမ်ားပါတယ္တဲ့။

ဒါေပမဲ့လည္း လတ္တေလာမွာေတာ့ ဟယ္လိုေလး ႀကိဳက္တဲ့ အစားအစာတစ္မ်ဳိး ေတြ႕ထားတာမို႔
အစာေကြ်းရတာ အဆင္ေျပေနပါတယ္တဲ့။

“ေဖ့စ္ဘြတ္ခ္ကေန အစ္မႀကီးတစ္ေယာက္က ေခြးေတြလည္း ႀကိဳက္တဲ့၊ အာဟာရလည္းျဖစ္တဲ့
အစာခ်က္နည္း တင္ထားတာကို သြားေတြ႕တယ္။ အဲဒီနည္းအတိုင္းခ်က္ေတာ့ သူက အရမ္းကို
စားတယ္။ အဲဒါနဲ႔ သူ႔ကို အဲဒီလိုပဲ ခ်က္ေကြ်းျဖစ္တယ္။ ေနာက္ပိုင္းက်ေတာ့ ကိုယ့္ဘာသာကိုယ္
ျပန္ထြင္ၿပီး ခ်က္တယ္”လို႔ ျမႏွင္းရည္လြင္က ေျပာျပသလို အဲဒီအစားအစာခ်က္နည္းကိုလည္း
ေျပာျပပါတယ္။

“ဆန္လံုးညိဳကို သူစားႏိုင္သေလာက္ေလး ထမင္းအိုးသတ္သတ္နဲ႔ တည္တယ္။ ၿပီးေတာ့ အမဲသားကို
ျပဳတ္လိုက္တယ္။ ေနာက္ မုန္လာဥနီ၊ ပန္းေဂၚဖီစိမ္း၊ ပဲသီးစိမ္းနဲ႔ ေရႊဖ႐ုံသီးေတြကို ေရာၿပီး
ႀကိတ္ထားတယ္။ အဲဒီႀကိတ္ထားတာေတြကို အမဲသားႏူးၿပီဆိုရင္ အဲဒီအိုးထဲကို ထည့္ၿပီး
ေမႊလိုက္တယ္။ ေနာက္က်မွ ခ်က္ထားတဲ့ ဆန္လံုးညိဳထမင္းကိုထည့္၊ သံလြင္ဆီလည္း
နည္းနည္းေလးထည့္ၿပီး ေမႊလိုက္တယ္။ အဲဒါဆို သူ႔အတြက္ အစာရၿပီ။ အဲဒီအစာထဲမွာ
တျခားဘာအရသာမွ မထည့္ဘူး”လို႔ ေျပာျပပါတယ္။

တစ္ခါတေလေတာ့လည္း အေျပာင္းအလဲျဖစ္ေအာင္ အမဲသားအစား ၾကက္သားသံုးသလို
ဆိတ္သားနဲ႔လည္း ခ်က္ေလ့ရွိပါတယ္။ ၀က္သားကိုေတာ့ မသံုးပါဘူးတဲ့။

ေန႔စဥ္ေကြ်းတာေတြကေတာ့ မနက္ခင္းပိုင္းမွာ oatmeal နဲ႔ အိုဗာတင္းတိုက္ၿပီး ေန႔လယ္စာ
မတုိင္ခင္မွာ သေရစာေကြ်းပါတယ္တဲ့။

မြန္းတည့္ ၁၂ နာရီေလာက္မွာ ေန႔လယ္စာကို ေကြ်းၿပီး ၾကားထဲမွာ ကီ၀ီ၊ ဖရဲသီးတို႔လို
အသီးေကြ်းတယ္လို႔ ဆိုပါတယ္။

ညစာကိုေတာ့ ညေန ၆ နာရီနဲ႔ ည ၇ နာရီေလာက္မွာ ေကြ်းပါတယ္တဲ့။

“ပန္းသီးစိမ္းကိုေတာ့ သူ အရမ္းႀကိဳက္တယ္။ တစ္ခါတေလ ညစာကို ထမင္းမစားရင္ေတာ့
အသီးေလးေတြ ေကြ်းတယ္။ ဒါမွမဟုတ္လည္း အုတ္မီးေကြ်းတယ္”လို႔ ဆိုပါတယ္။

တစ္ခါတစ္ေလမွာေတာ့ ဟယ္လိုေလးကို အက်ႌ၀တ္ေပးထားတဲ့ ပံုေလးေတြကို ျမႏွင္းရည္လြင္က
သူ႔ရဲ႕ေဖ့စ္ဘြတ္ခ္မွာတင္ေပးတဲ့အခါ ျမႏွင္းရည္လြင္ရဲ႕ ပရိသတ္ေတြက ဟယ္လိုေလးရဲ႕ ပရိသတ္ေတြ
ျဖစ္ကုန္ၾကပါေတာ့တယ္။

“အက်ႌ၀တ္ေပးတာက သူက ေအးရင္ ႏွာေစးတာေလးျဖစ္တတ္တယ္။ အဲဒါနဲ႔ ဆရာ၀န္ကလည္း
အက်ႌ ၀တ္ဖို႔ အၾကံေပးေတာ့ ၀တ္ေပးျဖစ္တယ္။ တစ္ခါတေလ က်ရင္ သူက သမံတလင္းေပၚမွာ
အိပ္တတ္ေတာ့ ႏွာေစးတာျဖစ္တတ္တယ္ေလ။ အဲဒါနဲ႔ ၀တ္ေပးျဖစ္တာ။ အေမြးေတြကပ္ၿပီး
ပံုေသႀကီး ျဖစ္သြားမွာစိုးလို႔ အျမဲတမ္း ပံုမွန္ေတာ့ ၀တ္မေပးဘူး။ ညအိပ္ခါနီး ၀တ္ေပးတယ္။
ေနာက္ အျပင္သြားလို႔ ကားထဲမွာ ေအးတယ္ဆိုရင္ ၀တ္ေပးျဖစ္တယ္”လို႔ ျမႏွင္းရည္လြင္က
ေျပာျပပါတယ္။

သူ႔ေမေမ ျမႏွင္းရည္လြင္တစ္ေယာက္ အလွျပင္ ဆိုင္ေတြသြားသလိုပဲ ဟယ္လိုေလးကလည္း
အေမြးညႇပ္၊ ေရခ်ဳိးဖို႔အတြက္ သူ႔အလွျပင္ခန္းကို တစ္ပတ္ (သို႔) ၁၀ ရက္ တစ္ႀကိမ္ေလာက္
သြားေလ့ရွိပါသတဲ့။

“ေသးေသးေလးတုန္းကေတာ့ Dry Clean ပဲ လုပ္တယ္။ ေနာက္ သူ ငါးလအရြယ္ေရာက္ေတာ့
ဆရာ၀န္က ေရခ်ဳိးေပးလို႔ ရၿပီဆိုေတာ့မွ စခ်ဳိးေပးတယ္။ ေရခ်ဳိးတာလည္း ဆိုင္မွာပဲ ခ်ဳိးေပးတာ
မ်ားတယ္။ ဆိုင္မသြား ျဖစ္တာမ်ဳိးဆိုလည္း သူ႔ကို ေခြး wet tissue ေလးနဲ႔
ေသခ်ာသန္႔စင္ေပးတယ္”လို႔ ဆိုပါတယ္။

သူ႔ကို တစ္အိမ္သားလံုးက ခ်စ္ၾကေပမဲ့ ျမႏွင္းရည္လြင္ကိုေတာ့ ဟယ္လိုေလးက အခ်စ္ဆံုးနဲ
အႏိုင္စားဆံုးပါပဲတဲ့။

“အစ္မက တစ္အိမ္လံုးမွာ သူ႔ကို ပိုလုပ္ေပး၊ ပိုဂ႐ုစိုက္ေပးလို႔ ထင္တယ္၊ အစ္မကိုဆို ႏိုင္တယ္။
ကိုမ်ဳိးသြင္ကိုေတာ့ နည္းနည္းေၾကာက္တယ္။ က်န္တဲ့ လူေတြနဲ႔ဆို ေျပာစကား နားေထာင္တယ္။
အစ္မကိုက်ေတာ့ ႏိုင္ေတာ့ အစ္မစကားဆုိ နားမေထာင္ဘူး။ အစ္မကလည္း အလိုလိုက္တာကိုး။
အဲဒါေၾကာင့္ ႏိုင္စားတယ္”လို႔ ျမႏွင္းရည္လြင္က ဆုိပါတယ္။

“ဒါေပမဲ့ အစ္မအိမ္မွာမရွိရင္ သူ မေနတတ္ဘူး။ အစ္မ မရွိရင္ အစ္မကို ရွာၿပီး သူ႔မွာ ေနရထိုင္ရ
အဆင္မေျပေတာ့ဘူး။ အစ္မ ေနာက္က်လို႔ ညအရမ္းမိုးခ်ဳပ္မွ ျပန္လာတဲ့ရက္မ်ဳိးဆိုရင္ ေနာက္ေန႔က်
သူစားတဲ့ ပန္းကန္ကို ကိုက္ၿပီး အဲဒီပန္းကန္နဲ႔ အစ္မေခါင္းကို ေခါက္တတ္တယ္။ အဲဒါ သူ မေန႔ညက
စိတ္ေတြဆိုးထားတယ္လို႔ ေျပာခ်င္တာ။ အဲဒီအခါက်ရင္ ျပန္ေခ်ာ့ရတယ္”လို႔ ဟယ္လိုေလး
စိတ္ေကာက္ပံုကို ေျပာျပပါတယ္။

“ကိုမ်ဳိးသြင္ကိုက်ေတာ့ အစ္မထက္ ပိုခြ်ဲတယ္။ ကိုမ်ဳိးသြင္ အျပင္က ျပန္လာၿပီဆိုရင္ သူက အေရွ႕မွာ
အသင့္ပက္လက္လွန္ခ်ပစ္လိုက္တာ။ အဲဒါ သူ႔ဗိုက္ကို ပြတ္ခိုင္းတာ”လို႔ ဆိုပါတယ္။

ဟယ္လိုေလးကို အတတ္ႏိုင္ဆံုး သူနဲ႔ အျပင္ကို ေခၚသြားေလ့ရွိၿပီး အရင္ကဆို ျပည္ပခရီးေတြ
မၾကာ ခဏထြက္ေပမဲ့ သူကေလးကို ေမြးၿပီးကတည္းက မထားခဲ့ခ်င္တာေၾကာင့္ ျပည္ပခရီး
မထြက္ျဖစ္ေတာ့ဘူးလို႔လည္း ဆိုပါတယ္။

“သူ႔ကိုထားခဲ့ဖို႔က အဆင္မေျပဘူး။ အဲဒါနဲ႔ အခု တိရစၦာန္ ႏိုင္ငံကူးလက္မွတ္ လုပ္မလားလို႔။
ဒါေပမဲ့ လုပ္ၿပီးရင္ေတာင္ သူ႔ကို ေခၚသြားဖို႔က စဥ္းစားရဦးမယ္။ တစ္ခုခုျဖစ္မွာ စိုးရိမ္တယ္”လို႔
ဆိုပါတယ္။

ျပည္တြင္းခရီး ႏွစ္ခုကိုေတာ့ ဟယ္လိုေလးနဲ႔အတူ ထြက္ၿပီးၾကပါၿပီတဲ့။

“ပုဂံနဲ႔ ေရႊျပည္ အပန္းေျဖစခန္းေပါ့။ ခရီးသြားတဲ့အခါ အဓိက အစာအခက္အခဲျဖစ္တယ္။
ကားစီးတာကေတာ့ သူ႔အတြက္ ျပႆနာမရွိဘူး။ တစ္ခုက ျမန္မာျပည္မွာ Pet Friendly ရွိတဲ့
ဟိုတယ္ကိုေတာ့ ေရြးၿပီး ေသခ်ာဘြတ္ကင္လုပ္ရတယ္။ ပုဂံသြားတုန္းက ႀကိဳဘြတ္ကင္
မလုပ္လိုက္ေတာ့ ပထမတည္းမယ္လုပ္ထားတဲ့ ဟိုတယ္က လက္မခံဘူး။ အဲဒါနဲ႔ ေနာက္ဟိုတယ္
တစ္ခုကို ေရာက္ေတာ့မွ သူတို႔ ဘက္ကလည္း ေအးေအးေဆးေဆးနဲ႔ ခြင့္ျပဳလို႔
အဆင္ေျပသြားတယ္”လို႔ ဆိုပါတယ္။

ဟယ္လိုေလးကို ေမြးၿပီးကတည္းက သူ႔တို႔အိမ္ရဲ႕ စီးပြားေရးအပိုင္းမွာ ပိုၿပီးအဆင္ေျပလာတာ
ေတြလည္း ၾကံဳရတာမို႔ တစ္အိမ္သားလံုးက သူကေလးကို ကံေကာင္းျခင္းေတြ ယူေဆာင္လာတဲ့
သူေလးလို႔ သတ္မွတ္ထားၾကပါတယ္။

“သူ ရွိေတာ့ အစ္မတို႔ မပ်င္းရေတာ့ဘူး။ စိတ္ဖိစီးမႈေတြ ၾကံဳရရင္လည္း သူနဲ႔ေတြ႕ရင္ အလိုလိုကို
ေလ်ာ့သြားတယ္”လုိ႔ ဆိုပါတယ္။

ျမႏွင္းရည္လြင္ရဲ႕ သူ႔ရဲ႕ ေခြးမေလးဟယ္လို အေၾကာင္းကိုဖတ္ၿပီး စာဖတ္ပရိသတ္ေတြလည္း
ေခြးေလးတစ္ေကာင္ေလာက္ေတာ့ ေမြးခ်င္လာမယ္လို႔ ထင္ပါတယ္။

အဲဒီအတြက္ကိုလည္း ျမႏွင္းရည္လြင္က အခုလို အၾကံေပးထားပါတယ္။

“ေခြးကို ကိုယ္ေသခ်ာ ဂ႐ုစိုက္ႏိုင္မွ ေမြးသင့္တယ္လို႔ ထင္တယ္။ ဘာလို႔လဲဆိုေတာ့
တိရစၦာန္ေလးေတြက သူတို႔ ဒီဘ၀ေရာက္လာကတည္းက သနားဖို႔ ေကာင္းေနၿပီ။ အစ္မလည္း
ေခြးအေၾကာင္း အရမ္းနားလည္လို႔ မဟုတ္ပါဘူး။ ေခြးေလးေတြက သူတို႔ရဲ႕ သခင္အေပၚ အရမ္းကို
သိတတ္ၿပီး သခင္ရဲ႕ ယုယမႈ၊ ျပဳစုမႈကို လိုခ်င္ၾကတယ္။ အစ္မေျပာတာက တစ္ေနကုန္ သူ႔အနား
ရွိေပးရမယ္ ဆိုတာမ်ဳိး မဟုတ္ဘူး။ အဲဒါေၾကာင့္ ကိုယ္တကယ္ ဂ႐ုစိုက္ႏိုင္မွ ေမြးၾကဖို႔
အၾကံေပးခ်င္ပါတယ္” လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmar Times News

#Unicode Version
အိမ်မွေးတိရစ္ဆာန်လေးတွေကို သည်းသည်းလှုပ် ချစ်ကြတဲ့ လူတွေရှိသလို လုံးဝကို စိတ်မဝင်စားတဲ့
သူတွေလည်း ရှိပါတယ်။

ချစ်ကြတဲ့သူတွေထဲကမှ တချို့က ကြောင်၊ တချို့က ခွေး၊ တချို့က ယုန်၊ တချို့က ငါး စသဖြင့်
လူတစ်ယောက်တစ်မျိုးမှာ အကြိုက်တစ်မျိုးစီနဲ့ တိရစ္ဆာန်လေးတွေကို မွေးကြပါတယ်။

များသောအားဖြင့် မွေးကြတာကတော့ ခွေးတွေ၊ ကြောင်တွေပါ။

စာရေးသူကိုယ်တိုင်ဆိုလည်း အိမ်မွေးခွေးတွေ၊ ကြောင်လေးတွေကို အရမ်းချစ်ပါတယ်။

သူတို့ကို ကိုယ့်ဘေးနားမှာ အဖော်ပြုပေးနေတဲ့ အမောပြေလေးတွေလို့ သဘောထားပြီးတော့လည်း
ယုယမိပါတယ်။

အိမ်မွေးတိရစ္ဆာန်လေးတွေကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ မွေးကြပေမဲ့လည်း
တချို့သူတွေအတွက်ကျပြန်တော့ တိရစ္ဆာန်ဆိုတာထက်တောင်ပိုပြီး ကိုယ့်ရဲ့ရင်သွေးအလား
ပြုစုစောင့်ရှောက်ယုယကြတဲ့ လူတွေလည်း ရှိပါတယ်။

အဲဒီလို တိရစ္ဆာန်ချစ်သူတွေထဲက မော်ဒယ်သရုပ်ဆောင် မြနှင်းရည်လွင်နဲ့ သူ့ရဲ့အချစ်တော် ခွေးမလေး
‘ဟယ်လို’ တို့အကြောင်းကို ဒီတစ်ပတ် မြန်မာတိုင်း(မ်)စာဖတ်ပရိသတ်တွေအတွက်
ဖော်ပြပေးလိုက်ပါတယ်။

ဟယ်လိုလေးကိုတော့ မြနှင်းရည်လွင်ရဲ့ ပရိသတ်တွေ၊ သူနဲ့ရင်းနှီးသူတွေ၊ သူ့ရဲ့ဖေ့စ်ခ်ဘွတ်
သူငယ်ချင်းတွေကတော့ ရင်းနှီးနေကြပြီးသားပါ။

စာရေးသူလည်း ဟယ်လိုလေးကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ တစ်ဆင့် သတိထားမိခဲ့တာပါ။

အဲဒါကြောင့်လည်း စာရေးသူနဲ့ ဓာတ်ပုံဆရာမတို့ဟာ ရွှေတောင်ကြား သံလွင်လမ်းက
မြနှင်းရည်လွင်ရဲ့ နေအိမ်ကို ရောက်သွားဖြစ်ခဲ့ကြပါတယ်။

အိမ်ကိုရောက်သွားတော့ ဟယ်လိုလေးနဲ့ မြနှင်းရည်လွင်တို့ကို တန်းပြီး မတွေ့ရသေးပါဘူး။

တစ်အောင့်ကြာတော့မှ မြနှင်းရည်လွင်က ဟယ်လိုလေးကို ပွေ့ချီလို့ သူတို့အခန်းထဲက
ထွက်လာပါတယ်။

တွေ့လိုက်ရပါပြီ … ဇာတ်လိုက်ကျော် ဟယ်လိုလေးကို။ ဖြူဖွေးဆွတ်နေတဲ့ အမွေးပွ ခွေးမလေး။
ပန်းရောင်အကျႌလေး ဝတ်ပေးထားတာမို့ ပိုပြီးချစ်စရာကောင်း နေပါတယ်။

သူလေးက Maltese နဲ့ Bichon ဆိုတဲ့ ခွေးအမျိုးအစား နှစ်မျိုးစပ်ထားတဲ့ Maltichon အမျိုးအစား
ခွေးလေးပါ။ မျိုးစပ်ထားတဲ့ ခွေးအမျိုးအစားနှစ်ခုစလုံးကလည်း အရွယ်အစားသေးသေးလေးတွေပဲ
ဆိုတော့ ရှစ်လအရွယ်ဟယ်လိုလေးကလည်း လက်တစ်ပွေ့စာ သေးသေးလေးပါ။

သူကလေးက စာရေးသူတို့ကို တွေ့တွေ့ချင်း မဟောင်ပေမဲ့ ခဏကြာတော့ မျက်နှာစိမ်းတွေမို့ထင်ပါရဲ့
ဟောင်ပါတော့တယ်။

ရန်လိုတဲ့ သဘောနဲ့တော့ မဟုတ်ပါဘူး၊ စပ်စုတာပါ။

ပွေ့ချီလိုက်တော့ လက်ထဲမှာ ငြိမ်ငြိမ်လေးနဲ့ စားရေးသူမျက်နှာကို သေချာအကဲခတ်နေပါတယ်။

ခွေးမလေးဟာ မြနှင်းရည်လွင်ရဲ့ သေချာဂရုစိုက်မှုကြောင့် ထင်ပါရဲ့၊ မွှေးကြိုင်နေပြီး
အမွေးလေးတွေကလည်း နူးညံ့လှပါတယ်။

သူကလေး မြနှင်းရည်လွင်တို့ အိမ်ကိုရောက်လာတာကကတော့ ခြောက်လလောက်ပဲ
ရှိပါသေးတယ်။

“အစ်မ အိမ်ထောင်ကျပြီး တစ်နှစ်ကျော်လောက်မှာ သူ့ကိုမွေးဖြစ်တာပေါ့။ နှစ်ယောက်စလုံး ခွေးမွေးဖို့
အစီအစဉ် မရှိပါဘူး။ တစ်ရက်ကျတော့ အစ်မ ခွေးချစ်တာကို သိတဲ့ အစ်မရဲ့ မိန်းကလေး
သူငယ်ချင်းတစ်ယောက် ဖေ့စ်ဘွတ်ခ်မှာညွှန်းထားတဲ့ Beauty Pet Service ဆိုတဲ့ အိမ်မွေးတိရစ္ဆာန်
ရောင်းတဲ့ ဆိုင်လေးမှာ ခွေးပေါက်လေးတွေ ဝယ်တော့ မဝယ်ဘူး၊ စိတ်ချမ်းသာအောင်
သွားကြည့်ကြမယ်ဆိုပြီး သွားကြည့်ဖြစ်ခဲ့ကြတယ်”လို့ မြနှင်းရည်လွင်က သူနဲ့ ဟယ်လိုလေးတို့
တွေ့ဖြစ်ပုံ ဇာတ်လမ်းအစကို ပြောပြပါတယ်။

“သွားကြည့်တော့ ခွေးလေးတွေက ချစ်စရာလေးတွေ။ လိုချင်စရာလေးတွေချည်းပဲ။ ဒါပေမဲ့ အစ်မတို့က
မွေးဖြစ်သွားရင်တော့ အထီးပဲ မွေးမှာ။ ဘာလို့လဲဆိုတော့ အစ်မမွေးရင်လည်း အလုပ်ရှုပ်မယ်
ထင်လို့လေ။ ဒါပေမဲ့ သူတို့ဆိုင်မှာက အထီး မရှိတော့ဘူး။ ဆိုင်မှာ ရှိနေတဲ့ အထီးလေးတွေကလည်း
သူများယူထားပြီးသားတွေ။ ဆိုင်က ကောင်မလေးကတော့ အမလေး မွေးကြည့်ပါလားလို့ပြောတယ်။
အဲဒါနဲ့ မဝယ်တော့ပါဘူး၊ ပြန်မယ်ဆိုပြီးအလုပ်မှာ သူ့ကို မြင်လိုက်တာပဲ”လို့ မြနှင်းရည်လွင်က
ဆိုပါတယ်။

“မြင်တာနဲ့ကို အစ်မတို့နှစ်ယောက်စလုံး (သူနဲ့ သူ့ခင်ပွန်းသည်) သူ့ကို ချစ်မိသွားတယ်။
အစ်မယောက်ျား ကိုမျိုးသွင်က အစ်မထက်တောင် ဆိုးတယ်။ ‘မိန်းမ အဖြူလေး
အရမ်းချစ်ဖို့ကောင်းတယ်၊ မွေးရအောင်’ ဆိုပြီးပြောတယ်။ အဲဒါနဲ့ နှစ်ယောက်သား ဖြစ်ချင်တာဖြစ်
အိမ်ရောက်လို့ အိမ်ကလူတွေ ဆူရင်လည်း ဆူပါစေဆိုပြီး တစ်ခါတည်း ဝယ်လာခဲ့လိုက်တယ်”လို့
ဆက်ပြောပြပါတယ်။

ခွေးမလေး ဟယ်လိုရဲ့ မွေးနေ့က ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်နေ့ ဖြစ်တာမို့ သူတို့အိမ်ကို
စရောက်တုန်းက တစ်လကျော်အရွယ်လေးပဲ ရှိပါ သေးတယ်။

“နာမည်ကတော့ စစချင်းမှာ အမျိုးစုံ စဉ်းစားတယ်။ အရင်ခွေးတုန်းက ‘ဘင်ဂို’ ဆိုတော့
‘ဂျူနီယာဘင်ဂို’ လို့ပေးမယ် စဉ်းစားပြန်တော့လည်း သူက အစ်မဖြစ်နေတယ်။ အဲဒါနဲ့ စဉ်းစားမရဘူး။
နောက် သူ့ကို ‘ဟယ်လို’လို့ ခေါ်ရင် လှည့်လှည့်ကြည့်တယ်။ ရောက်ရောက်ချင်း သေးသေးလေး
ဆိုတော့ ဘာမှသိပ်မသိသေးဘူး။ လျှောက်သွားနေတယ်။ အဲဒါ သူ့ကို နှုတ်ဆက်တဲ့အနေနဲ့
ဟယ်လိုလို့ခေါ်ရင် သူ့က လှည့်ကြည်တယ်။ အဲဒါနဲ့ အိမ်ကအစ်မက ‘ဟယ်လို’ ပဲ ပေးလိုက်ဆိုတာနဲ့
ပေးလိုက်တယ်”လို့ နာမည်ပေးဖြစ်ပုံကို ပြောပြပါတယ်။

‘ဟယ်လို’ ဆိုတဲ့နာမည်အပြင် သူ့ကို ချစ်စနိုးနဲ့ပေးထားတဲ့ အိမ်နာမည် တစ်ခုလည်း ရှိပါသေးတယ်။

အဲဒါကတော့ ‘ဇူဇူဘီး’ ပါတဲ့။ ဇူဇူးဘီး (ခေါ်) ဟယ်လိုဟာ မြနှင်းရည်လွင်တို့အိမ်မှာ
ပထမဆုံးမွေးတဲ့ခွေးတော့ မဟုတ်ပါဘူး။ ဘင်ဂိုဆိုတဲ့ တယ်ရီယာခွေးတစ်ကောင်ကို အရင်က
မွေးခဲ့ဖူးပါတယ်တဲ့။

“ဘင်ဂိုက အစ်မ သုံး၊ လေးတန်းလောက်မှာ အိမ်ကိုစရောက်လာတယ်။ အဲဒီခွေးကြီးကတော့
ဦးလေးက လက်ဆောင်ပေးတာ။ အဲဒီတော့ တစ်အိမ်လုံးနဲ့ ဆိုင်တဲ့ ခွေးပေါ့။ သူက
အသက် ၁၅ နှစ်အထိ အစ်မတို့နဲ့ အတူနေသွားတယ်။ သူကတော့ ပုံမှန်အသက်ကြီးရောဂါနဲ့ပဲ
ဆုံးသွားတာပါ။ သူဆုံးတာက နာဂစ်ဖြစ်ပြီး တစ်ပတ်နှစ်ပတ်လောက်အကြာမှာ ဆုံးတော့ အခုဆို
သူဆုံးတာ ကိုးနှစ်၊ ဆယ်နှစ်လောက်ရှိပြီပေါ့။ သူဆုံးတော့လည်း တော်တော်လေး ခံစားရတယ်။
အဲဒီစိတ်တွေ မခံစားနိုင်လို့ ခွေးကို မမွေးတော့ဘူးလို့တောင် ဆုံးဖြတ်ထားတာ”လို့ မြနှင်းရည်လွင်က
ဆိုပါတယ်။

အခုတော့ ဟယ်လိုလေးနဲ့ ရေစက်ဆုံလို့ သူတို့နှစ်ဦး တွေ့ဆုံကြတာလို့ စာရေးသူကတော့
မြင်ပါတယ်။

“အမှန်တိုင်းပြောရရင် အစ်မက မိသားစုထဲမှာလည်း အငယ်ဆုံး၊ နောက် ကလေးလုံး၀ မချစ်တတ်ဘူး။
ထားပါတော့ တော်တော်လေး ချစ်စရာကောင်းတဲ့ ကလေးလေးတွေဆိုရင်တော့လည်း ချစ်ပါတယ်။
သူတို့ အော်သံ၊ ငိုသံကြားရင် စိတ်ပါတိုလာတယ်။ အစ်မတို့ လင်မယားကလည်း ကလေးယူဖို့ကို
သိပ် Serious မထားဘူး။ ရရင်ယူမယ်၊ မရရင်လည်း ကလေးကို အတင်းယူမယ်ဆိုတာမျိုး မရှိဘူး။
နောက် သည်းခံမှုလည်း သိပ်မရှိဘူး။ ဒါပေမဲ့ ဟယ်လိုလေးရောက်လာတော့ အစ်မစိတ်က
ပြောင်းလဲသွားတယ်”လို့ ဆိုပါတယ်။

“အရင်က စိတ်မျိုးနဲ့ဆို အပြင်သွားစရာရှိတဲ့အခါ အိမ်က အစ်မတွေဆီပဲ ကြည့်ထားပေးဆိုပြီး ခွေးကို
အပ်ခဲ့မှာ။ သူနဲ့ကျတော့ အဲဒီလိုစိတ်မျိုး မဖြစ်တော့ဘူး။ သူ့ကို ထိန်းပေးတယ်၊ သေချာဂရုစိုက်တယ်။
စမွေးကတည်းက အခုထိ သူ့ကို ရိုက်ဖို့မပြောနဲ့ ဆူတာ၊ မာန်တာတောင် မရှိခဲ့ဘူး။ အစ်မယောက်ျား
ကိုမျိုးသွင်တောင် အစ်မ သည်းမခံဘူး။ သူနဲ့ ကျတော့ တော်တော်လေးကို သည်းခံတာ”လို့
သူ့ခွေးမလေးအပေါ် ချစ်ခင်ပုံကို ပြောပြပါတယ်။

“အစ်မ မိတ်ဆွေသူငယ်ချင်းတွေဆို အစ်မကို ခွေးအမေကြီးလို့ပြောလည်း အစ်မ စိတ်မဆိုးဘူး။
သူနဲ့ ပတ်သက်ပြီးတော့ပြောရင် ခွေးမကြီးလို့ ပြောလည်း အစ်မ စိတ်ဆိုးမှာမဟုတ်ဘူး”လို့လည်း
ရယ်မောရင်း ဆိုပါသေးတယ်။

ဟုတ်ပါတယ်… ဟယ်လိုဟာ မြနှင်းရည်လွင်အတွက်တော့ သမီးတစ်ယောက်လိုပါပဲ။

သူသွားလေရာကို ခေါ်သွားလေ့ရှိသလို အိမ်မွေးခွေးလေးဆိုတာထက် လူလေးတစ်ယောက်လို
ဆက်ဆံတာဖြစ်ပါတယ်။

ဒါကြောင့်မို့ ညအိပ်တဲ့အခါမှာလည်း သူနဲ့ ခင်ပွန်းသည်တို့အိပ်တဲ့ ခုတင်ပေါ်မှာပဲ အတူတူ
အိပ်စက်ကြတယ်လို့လည်း ဆိုပါတယ်။

ကံကောင်းလှတဲ့ ဟယ်လိုလေးဟာ တိရစ္ဆာန်ဖြစ်ပေမဲ့လည်း ချစ်စရာ အလှဆင်ပစ္စည်းတွေများစွာ
ကိုလည်း ပိုင်ဆိုင်ပါတယ်။

‘လိမ္မာတဲ့ ကလေးလေး’လို့ သူ့အမေက ပြောပေမဲ့ အစားအသောက်ကတော့ ကြေးများပါတယ်တဲ့။

ဒါပေမဲ့လည်း လတ်တလောမှာတော့ ဟယ်လိုလေး ကြိုက်တဲ့ အစားအစာတစ်မျိုး တွေ့ထားတာမို့
အစာကျွေးရတာ အဆင်ပြေနေပါတယ်တဲ့။

“ဖေ့စ်ဘွတ်ခ်ကနေ အစ်မကြီးတစ်ယောက်က ခွေးတွေလည်း ကြိုက်တဲ့၊ အာဟာရလည်းဖြစ်တဲ့
အစာချက်နည်း တင်ထားတာကို သွားတွေ့တယ်။ အဲဒီနည်းအတိုင်းချက်တော့ သူက အရမ်းကို
စားတယ်။ အဲဒါနဲ့ သူ့ကို အဲဒီလိုပဲ ချက်ကျွေးဖြစ်တယ်။ နောက်ပိုင်းကျတော့ ကိုယ့်ဘာသာကိုယ်
ပြန်ထွင်ပြီး ချက်တယ်”လို့ မြနှင်းရည်လွင်က ပြောပြသလို အဲဒီအစားအစာချက်နည်းကိုလည်း
ပြောပြပါတယ်။

“ဆန်လုံးညိုကို သူစားနိုင်သလောက်လေး ထမင်းအိုးသတ်သတ်နဲ့ တည်တယ်။ ပြီးတော့ အမဲသားကို
ပြုတ်လိုက်တယ်။ နောက် မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ပဲသီးစိမ်းနဲ့ ရွှေဖရုံသီးတွေကို ရောပြီး
ကြိတ်ထားတယ်။ အဲဒီကြိတ်ထားတာတွေကို အမဲသားနူးပြီဆိုရင် အဲဒီအိုးထဲကို ထည့်ပြီး
မွှေလိုက်တယ်။ နောက်ကျမှ ချက်ထားတဲ့ ဆန်လုံးညိုထမင်းကိုထည့်၊ သံလွင်ဆီလည်း
နည်းနည်းလေးထည့်ပြီး မွှေလိုက်တယ်။ အဲဒါဆို သူ့အတွက် အစာရပြီ။ အဲဒီအစာထဲမှာ
တခြားဘာအရသာမှ မထည့်ဘူး”လို့ ပြောပြပါတယ်။

တစ်ခါတလေတော့လည်း အပြောင်းအလဲဖြစ်အောင် အမဲသားအစား ကြက်သားသုံးသလို
ဆိတ်သားနဲ့လည်း ချက်လေ့ရှိပါတယ်။ ဝက်သားကိုတော့ မသုံးပါဘူးတဲ့။

နေ့စဉ်ကျွေးတာတွေကတော့ မနက်ခင်းပိုင်းမှာ oatmeal နဲ့ အိုဗာတင်းတိုက်ပြီး နေ့လယ်စာ
မတိုင်ခင်မှာ သရေစာကျွေးပါတယ်တဲ့။

မွန်းတည့် ၁၂ နာရီလောက်မှာ နေ့လယ်စာကို ကျွေးပြီး ကြားထဲမှာ ကီဝီ၊ ဖရဲသီးတို့လို
အသီးကျွေးတယ်လို့ ဆိုပါတယ်။

ညစာကိုတော့ ညနေ ၆ နာရီနဲ့ ည ၇ နာရီလောက်မှာ ကျွေးပါတယ်တဲ့။

“ပန်းသီးစိမ်းကိုတော့ သူ အရမ်းကြိုက်တယ်။ တစ်ခါတလေ ညစာကို ထမင်းမစားရင်တော့
အသီးလေးတွေ ကျွေးတယ်။ ဒါမှမဟုတ်လည်း အုတ်မီးကျွေးတယ်”လို့ ဆိုပါတယ်။

တစ်ခါတစ်လေမှာတော့ ဟယ်လိုလေးကို အကျႌဝတ်ပေးထားတဲ့ ပုံလေးတွေကို မြနှင်းရည်လွင်က
သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာတင်ပေးတဲ့အခါ မြနှင်းရည်လွင်ရဲ့ ပရိသတ်တွေက ဟယ်လိုလေးရဲ့ ပရိသတ်တွေ
ဖြစ်ကုန်ကြပါတော့တယ်။

“အကျႌဝတ်ပေးတာက သူက အေးရင် နှာစေးတာလေးဖြစ်တတ်တယ်။ အဲဒါနဲ့ ဆရာဝန်ကလည်း
အကျႌ ဝတ်ဖို့ အကြံပေးတော့ ဝတ်ပေးဖြစ်တယ်။ တစ်ခါတလေ ကျရင် သူက သမံတလင်းပေါ်မှာ
အိပ်တတ်တော့ နှာစေးတာဖြစ်တတ်တယ်လေ။ အဲဒါနဲ့ ဝတ်ပေးဖြစ်တာ။ အမွေးတွေကပ်ပြီး
ပုံသေကြီး ဖြစ်သွားမှာစိုးလို့ အမြဲတမ်း ပုံမှန်တော့ ဝတ်မပေးဘူး။ ညအိပ်ခါနီး ဝတ်ပေးတယ်။
နောက် အပြင်သွားလို့ ကားထဲမှာ အေးတယ်ဆိုရင် ဝတ်ပေးဖြစ်တယ်”လို့ မြနှင်းရည်လွင်က
ပြောပြပါတယ်။

သူ့မေမေ မြနှင်းရည်လွင်တစ်ယောက် အလှပြင် ဆိုင်တွေသွားသလိုပဲ ဟယ်လိုလေးကလည်း
အမွေးညှပ်၊ ရေချိုးဖို့အတွက် သူ့အလှပြင်ခန်းကို တစ်ပတ် (သို့) ၁၀ ရက် တစ်ကြိမ်လောက်
သွားလေ့ရှိပါသတဲ့။

“သေးသေးလေးတုန်းကတော့ Dry Clean ပဲ လုပ်တယ်။ နောက် သူ ငါးလအရွယ်ရောက်တော့
ဆရာဝန်က ရေချိုးပေးလို့ ရပြီဆိုတော့မှ စချိုးပေးတယ်။ ရေချိုးတာလည်း ဆိုင်မှာပဲ ချိုးပေးတာ
များတယ်။ ဆိုင်မသွား ဖြစ်တာမျိုးဆိုလည်း သူ့ကို ခွေး wet tissue လေးနဲ့
သေချာသန့်စင်ပေးတယ်”လို့ ဆိုပါတယ်။

သူ့ကို တစ်အိမ်သားလုံးက ချစ်ကြပေမဲ့ မြနှင်းရည်လွင်ကိုတော့ ဟယ်လိုလေးက အချစ်ဆုံးနဲ
အနိုင်စားဆုံးပါပဲတဲ့။

“အစ်မက တစ်အိမ်လုံးမှာ သူ့ကို ပိုလုပ်ပေး၊ ပိုဂရုစိုက်ပေးလို့ ထင်တယ်၊ အစ်မကိုဆို နိုင်တယ်။
ကိုမျိုးသွင်ကိုတော့ နည်းနည်းကြောက်တယ်။ ကျန်တဲ့ လူတွေနဲ့ဆို ပြောစကား နားထောင်တယ်။
အစ်မကိုကျတော့ နိုင်တော့ အစ်မစကားဆို နားမထောင်ဘူး။ အစ်မကလည်း အလိုလိုက်တာကိုး။
အဲဒါကြောင့် နိုင်စားတယ်”လို့ မြနှင်းရည်လွင်က ဆိုပါတယ်။

“ဒါပေမဲ့ အစ်မအိမ်မှာမရှိရင် သူ မနေတတ်ဘူး။ အစ်မ မရှိရင် အစ်မကို ရှာပြီး သူ့မှာ နေရထိုင်ရ
အဆင်မပြေတော့ဘူး။ အစ်မ နောက်ကျလို့ ညအရမ်းမိုးချုပ်မှ ပြန်လာတဲ့ရက်မျိုးဆိုရင် နောက်နေ့ကျ
သူစားတဲ့ ပန်းကန်ကို ကိုက်ပြီး အဲဒီပန်းကန်နဲ့ အစ်မခေါင်းကို ခေါက်တတ်တယ်။ အဲဒါ သူ မနေ့ညက
စိတ်တွေဆိုးထားတယ်လို့ ပြောချင်တာ။ အဲဒီအခါကျရင် ပြန်ချော့ရတယ်”လို့ ဟယ်လိုလေး
စိတ်ကောက်ပုံကို ပြောပြပါတယ်။

“ကိုမျိုးသွင်ကိုကျတော့ အစ်မထက် ပိုချွဲတယ်။ ကိုမျိုးသွင် အပြင်က ပြန်လာပြီဆိုရင် သူက အရှေ့မှာ
အသင့်ပက်လက်လှန်ချပစ်လိုက်တာ။ အဲဒါ သူ့ဗိုက်ကို ပွတ်ခိုင်းတာ”လို့ ဆိုပါတယ်။

ဟယ်လိုလေးကို အတတ်နိုင်ဆုံး သူနဲ့ အပြင်ကို ခေါ်သွားလေ့ရှိပြီး အရင်ကဆို ပြည်ပခရီးတွေ
မကြာ ခဏထွက်ပေမဲ့ သူကလေးကို မွေးပြီးကတည်းက မထားခဲ့ချင်တာကြောင့် ပြည်ပခရီး
မထွက်ဖြစ်တော့ဘူးလို့လည်း ဆိုပါတယ်။

“သူ့ကိုထားခဲ့ဖို့က အဆင်မပြေဘူး။ အဲဒါနဲ့ အခု တိရစ္ဆာန် နိုင်ငံကူးလက်မှတ် လုပ်မလားလို့။
ဒါပေမဲ့ လုပ်ပြီးရင်တောင် သူ့ကို ခေါ်သွားဖို့က စဉ်းစားရဦးမယ်။ တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်”လို့
ဆိုပါတယ်။

ပြည်တွင်းခရီး နှစ်ခုကိုတော့ ဟယ်လိုလေးနဲ့အတူ ထွက်ပြီးကြပါပြီတဲ့။

“ပုဂံနဲ့ ရွှေပြည် အပန်းဖြေစခန်းပေါ့။ ခရီးသွားတဲ့အခါ အဓိက အစာအခက်အခဲဖြစ်တယ်။
ကားစီးတာကတော့ သူ့အတွက် ပြဿနာမရှိဘူး။ တစ်ခုက မြန်မာပြည်မှာ Pet Friendly ရှိတဲ့
ဟိုတယ်ကိုတော့ ရွေးပြီး သေချာဘွတ်ကင်လုပ်ရတယ်။ ပုဂံသွားတုန်းက ကြိုဘွတ်ကင်
မလုပ်လိုက်တော့ ပထမတည်းမယ်လုပ်ထားတဲ့ ဟိုတယ်က လက်မခံဘူး။ အဲဒါနဲ့ နောက်ဟိုတယ်
တစ်ခုကို ရောက်တော့မှ သူတို့ ဘက်ကလည်း အေးအေးဆေးဆေးနဲ့ ခွင့်ပြုလို့
အဆင်ပြေသွားတယ်”လို့ ဆိုပါတယ်။

ဟယ်လိုလေးကို မွေးပြီးကတည်းက သူ့တို့အိမ်ရဲ့ စီးပွားရေးအပိုင်းမှာ ပိုပြီးအဆင်ပြေလာတာ
တွေလည်း ကြုံရတာမို့ တစ်အိမ်သားလုံးက သူကလေးကို ကံကောင်းခြင်းတွေ ယူဆောင်လာတဲ့
သူလေးလို့ သတ်မှတ်ထားကြပါတယ်။

“သူ ရှိတော့ အစ်မတို့ မပျင်းရတော့ဘူး။ စိတ်ဖိစီးမှုတွေ ကြုံရရင်လည်း သူနဲ့တွေ့ရင် အလိုလိုကို
လျော့သွားတယ်”လို့ ဆိုပါတယ်။

မြနှင်းရည်လွင်ရဲ့ သူ့ရဲ့ ခွေးမလေးဟယ်လို အကြောင်းကိုဖတ်ပြီး စာဖတ်ပရိသတ်တွေလည်း
ခွေးလေးတစ်ကောင်လောက်တော့ မွေးချင်လာမယ်လို့ ထင်ပါတယ်။

အဲဒီအတွက်ကိုလည်း မြနှင်းရည်လွင်က အခုလို အကြံပေးထားပါတယ်။

“ခွေးကို ကိုယ်သေချာ ဂရုစိုက်နိုင်မှ မွေးသင့်တယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့
တိရစ္ဆာန်လေးတွေက သူတို့ ဒီဘဝရောက်လာကတည်းက သနားဖို့ ကောင်းနေပြီ။ အစ်မလည်း
ခွေးအကြောင်း အရမ်းနားလည်လို့ မဟုတ်ပါဘူး။ ခွေးလေးတွေက သူတို့ရဲ့ သခင်အပေါ် အရမ်းကို
သိတတ်ပြီး သခင်ရဲ့ ယုယမှု၊ ပြုစုမှုကို လိုချင်ကြတယ်။ အစ်မပြောတာက တစ်နေကုန် သူ့အနား
ရှိပေးရမယ် ဆိုတာမျိုး မဟုတ်ဘူး။ အဲဒါကြောင့် ကိုယ်တကယ် ဂရုစိုက်နိုင်မှ မွေးကြဖို့
အကြံပေးချင်ပါတယ်” လို့ ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmar Times News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top