Kantharyar Centre
×

 ေကာ့ေသာင္းၿမိဳ႕ စူငယ္ဘာလိႈင္းေက်းရြာအုပ္စု ေခ်ာင္ဖ်ားႀကီးေက်းရြာတြင္ ၈ ႏွစ္အရြယ္ကေလးငယ္ကို သားမယားအျဖစ္ျပဳက်င့္ဖို႔ ၾကံစည္မႈျဖစ္ပြားခဲ့တယ္လို႔ ေကာ့ေသာင္း ၿမိဳ႕မရဲစခန္းမွ သိရပါတယ္။
တိုင္တန္းခ်က္အရ ေကာ့ေသာင္းၿမိဳ႕မ ဒုစခန္းမႉးနဲ႔အဖြဲ႔ သြားေရာက္ကာ အခင္းျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး စံုစမ္းခဲ့ရာ ေကာ့ေသာင္းၿမိဳ႕နယ္ ေခ်ာင္းဖ်ားႀကီးေက်းရြာေနသူ ၈ ႏွစ္အရြယ္ ပထမတန္းေက်ာင္းသူ မ——— ေအာက္တိုဘာ ၁၁ ရက္ေန႔ ညေန ၆ နာရီခြဲအခ်ိန္ေလာက္က မ——ရဲ႕ အေဒၚျဖစ္သူ ေဒၚေမျမတ္၀င္းဟာ ဒဂံုတင္ဘားဆီအုန္းကုမၸဏီ ဆီအုန္းၿခံမွာ ေတာခုတ္ၿပီးျပန္လာစဥ္ ခင္ပြန္းျဖစ္သူ ဦးေက်ာ္ေဌးကို ေအာ္ေခၚစဥ္ တရြာတည္းေန ဦးရွိန္၀င္း မွ တူမျဖစ္သူ မ —— ကို ေနအိမ္ေနာက္ ဘက္မွ လက္ဆြဲေခၚလာခဲ့ၿပီး တူအျဖစ္သူမွ ငို ယိုေနသျဖင့္ ဦးရွိန္၀င္းအား ေမးျမန္းရာ ဘာမွ်ေျဖၾကားတာ မရွိဘဲထြက္ေျပးသြားခဲ့ပါတယ္။

တူမျဖစ္သူကို ေမးျမန္းခဲ့ရာ ဦးရွိန္၀င္းမွ တူမျဖစ္သူကို ေနအိမ္  ေနာက္သို႔ ေခၚသြားၿပီး ေဘာင္းဘီခၽြတ္ကာ မအဂၤါအားလက္နဲ႔ ပြတ္သပ္ၿပီး က်ားအဂၤါကို လက္နဲ႔ ကိုင္ခိုင္းခဲ့တယ္လို႔ တူမျဖစ္သူ ေျပာျပခ်က္အရ သိရပါတယ္။

မ——–ရဲ႕ မအဂၤါကို အဖြားျဖစ္သူက ၾကည့္႐ႈခဲ့ ရာမွာလည္း နီျမန္းေနတဲ့အတြက္ တူမျဖစ္သူကို သားမယားအျဖစ္ျပဳက်င့္ဖို႔ ၾကံစည္ခဲ့သူ ေခ်ာင္းဖ်ားႀကီးေက်းရြာေန ဦးရွိန္၀င္း (၅၇) ႏွစ္ကို အေရယူေပးဖို႔ တိုင္တန္းခဲ့တဲ့အတြက္ ေကာ့ေသာင္းၿမိဳ႕မရဲစခန္း (ပ)၁၂၇၃/၂၀၁၆ ပုဒ္မ ၃၇၆/၅၁၁ အရအ ေရးယူေဆာင္ရြက္ထားရွိၿပီး တရားခံရွိန္၀င္း အားအမႈျဖင့္ ဖမ္းဆီးစစ္ေဆးေနတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေကာ့ေသာင္းၿမိဳ႕မရဲစခန္း / DVB

#Unicode Version
 ကော့သောင်းမြို့ စူငယ်ဘာလှိုင်းကျေးရွာအုပ်စု ချောင်ဖျားကြီးကျေးရွာတွင် ၈ နှစ်အရွယ်ကလေးငယ်ကို သားမယားအဖြစ်ပြုကျင့်ဖို့ ကြံစည်မှုဖြစ်ပွားခဲ့တယ်လို့ ကော့သောင်း မြို့မရဲစခန်းမှ သိရပါတယ်။
တိုင်တန်းချက်အရ ကော့သောင်းမြို့မ ဒုစခန်းမှူးနဲ့အဖွဲ့ သွားရောက်ကာ အခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းခဲ့ရာ ကော့သောင်းမြို့နယ် ချောင်းဖျားကြီးကျေးရွာနေသူ ၈ နှစ်အရွယ် ပထမတန်းကျောင်းသူ မ——— အောက်တိုဘာ ၁၁ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်လောက်က မ——ရဲ့ အဒေါ်ဖြစ်သူ ဒေါ်မေမြတ်ဝင်းဟာ ဒဂုံတင်ဘားဆီအုန်းကုမ္ပဏီ ဆီအုန်းခြံမှာ တောခုတ်ပြီးပြန်လာစဉ် ခင်ပွန်းဖြစ်သူ ဦးကျော်ဌေးကို အော်ခေါ်စဉ် တရွာတည်းနေ ဦးရှိန်ဝင်း မှ တူမဖြစ်သူ မ —— ကို နေအိမ်နောက် ဘက်မှ လက်ဆွဲခေါ်လာခဲ့ပြီး တူအဖြစ်သူမှ ငို ယိုနေသဖြင့် ဦးရှိန်ဝင်းအား မေးမြန်းရာ ဘာမျှဖြေကြားတာ မရှိဘဲထွက်ပြေးသွားခဲ့ပါတယ်။

တူမဖြစ်သူကို မေးမြန်းခဲ့ရာ ဦးရှိန်ဝင်းမှ တူမဖြစ်သူကို နေအိမ်နောက်သို့ ခေါ်သွားပြီး ဘောင်းဘီချွတ်ကာ မအင်္ဂါအားလက်နဲ့ ပွတ်သပ်ပြီး ကျားအင်္ဂါကို လက်နဲ့ ကိုင်ခိုင်းခဲ့တယ်လို့ တူမဖြစ်သူ ပြောပြချက်အရ သိရပါတယ်။

မ——–ရဲ့ မအင်္ဂါကို အဖွားဖြစ်သူက ကြည့်ရှုခဲ့ ရာမှာလည်း နီမြန်းနေတဲ့အတွက် တူမဖြစ်သူကို သားမယားအဖြစ်ပြုကျင့်ဖို့ ကြံစည်ခဲ့သူ ချောင်းဖျားကြီးကျေးရွာနေ ဦးရှိန်ဝင်း (၅၇) နှစ်ကို အရေယူပေးဖို့ တိုင်တန်းခဲ့တဲ့အတွက် ကော့သောင်းမြို့မရဲစခန်း (ပ)၁၂၇၃/၂၀၁၆ ပုဒ်မ ၃၇၆/၅၁၁ အရအ ရေးယူဆောင်ရွက်ထားရှိပြီး တရားခံရှိန်ဝင်း အားအမှုဖြင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: ကော့သောင်းမြို့မရဲစခန်း / DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top