Property Expo
×

ဒုတိယ ကမၻာစစ္ေနာက္ပိုင္း အဆိုးရြား ဆံုး ေရႊ႕ေျပာင္းေနထိုင္မႈ အက်ပ္ အတည္းကို ကိုင္တြယ္ေျဖရွင္း ေရး ဘံုမဟာဗ်ဴဟာတစ္ရပ္ ရွာ ေဖြရန္ ႀကိဳးစားေနေသာ အီးယူ အဖဲြ႕က ရွားရွားပါးပါး ညီၫြတ္မႈ ျပသမႈတြင္ အီးယူ၏ အင္အားတိုး ျမႇင့္ထားေသာ နယ္စပ္တပ္ဖဲြ႕၏ လုပ္ငန္းမ်ားကို ယမန္ေန႔က စတင္လိုက္သည္။


အီးယူအရာရွိမ်ားက ဘူလ္ ေဂးရီးယားႏွင့္ တူရကီနယ္စပ္ စစ္ေဆးေရးဂိတ္တြင္ တပ္ဖဲြ႕သစ္ လုပ္ငန္းမ်ားကို စတင္လိုက္ သည္။

ယင္းနယ္စပ္ဂိတ္သည္ အႏၲ ရာယ္ရွိ ပင္လယ္ေရလမ္းေၾကာင္း မွ ေရွာင္ရွားၿပီး ကုန္းတြင္းလမ္း ေၾကာင္း အသုံးျပဳသူမ်ား ၀င္ေရာက္ရာ အဓိကလမ္းေၾကာင္း ျဖစ္သည္။

ဥေရာပနယ္စပ္ႏွင့္ ကမ္း႐ိုး တန္းအေစာင့္တပ္ဖဲြ႕ ေအဂ်င္စီ (EBGC)တြင္ အဖဲြ႕၀င္ ၁၉ ႏုိင္ငံ မွ အရာရွိ ၁၅၀၀ ဦးအထိ ပါ၀င္ၿပီး ေရႊ႕ေျပာင္းသူမ်ား ႐ုတ္တရက္ အမ်ားအျပား ၀င္ေရာက္လာခ်ိန္ မ်ိဳး၌ ၎တို႔အား လ်င္ျမန္စြာ ေစလႊတ္သြားႏိုင္သည္။

 ျပန္လည္ျပင္ဆင္ဖဲြ႕စည္း ထားေသာ နယ္စပ္ေအဂ်င္စီသည္ လံုၿခံဳေရး တိုးျမႇင့္ေပး႐ံုသာမက အေရွ႕ဥေရာပႏွင့္ အေနာက္ ဥေရာပႏိုင္ငံမ်ားၾကား ျဖစ္ေပၚခဲ့ ေသာ စိတ္၀မ္းကဲြမႈမ်ားကို ကုစား ေပးမည္ဟု ဘရပ္ဆဲလ္က ေမွ်ာ္ လင့္ေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version


 ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အဆိုးရွား ဆုံး ရွှေ့ပြောင်းနေထိုင်မှု အကျပ် အတည်းကို ကိုင်တွယ်ဖြေရှင်း ရေး ဘုံမဟာဗျူဟာတစ်ရပ် ရှာ ဖွေရန် ကြိုးစားနေသော အီးယူ အဖွဲ့က ရှားရှားပါးပါး ညီညွတ်မှု ပြသမှုတွင် အီးယူ၏ အင်အားတိုး မြှင့်ထားသော နယ်စပ်တပ်ဖွဲ့၏ လုပ်ငန်းများကို ယမန်နေ့က စတင်လိုက်သည်။


အီးယူအရာရှိများက ဘူလ် ဂေးရီးယားနှင့် တူရကီနယ်စပ် စစ်ဆေးရေးဂိတ်တွင် တပ်ဖွဲ့သစ် လုပ်ငန်းများကို စတင်လိုက် သည်။

ယင်းနယ်စပ်ဂိတ်သည် အန္တ ရာယ်ရှိ ပင်လယ်ရေလမ်းကြောင်း မှ ရှောင်ရှားပြီး ကုန်းတွင်းလမ်း ကြောင်း အသုံးပြုသူများ ဝင်ရောက်ရာ အဓိကလမ်းကြောင်း ဖြစ်သည်။

ဥရောပနယ်စပ်နှင့် ကမ်းရိုး တန်းအစောင့်တပ်ဖွဲ့ အေဂျင်စီ (EBGC)တွင် အဖွဲ့ဝင် ၁၉ နိုင်ငံ မှ အရာရှိ ၁၅၀၀ ဦးအထိ ပါဝင်ပြီး ရွှေ့ပြောင်းသူများ ရုတ်တရက် အများအပြား ဝင်ရောက်လာချိန် မျိုး၌ ၎င်းတို့အား လျင်မြန်စွာ စေလွှတ်သွားနိုင်သည်။

 ပြန်လည်ပြင်ဆင်ဖွဲ့စည်း ထားသော နယ်စပ်အေဂျင်စီသည် လုံခြုံရေး တိုးမြှင့်ပေးရုံသာမက အရှေ့ဥရောပနှင့် အနောက် ဥရောပနိုင်ငံများကြား ဖြစ်ပေါ်ခဲ့ သော စိတ်ဝမ်းကွဲမှုများကို ကုစား ပေးမည်ဟု ဘရပ်ဆဲလ်က မျှော် လင့်နေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top