Kantharyar Centre
×

 ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္ တြင္ ပေထြးျဖစ္သူကို တုတ္ျဖင့္ ႐ိုက္သျဖင့္ ေသဆံုးမႈျဖစ္ပြားခဲ့ ေၾကာင္း သတင္းရရွိသည္။
ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္ (၆၈) ရပ္ကြက္ေန အသက္(၄၀)အရြယ္ ကိုမင္းမင္းသည္ ၎၏ဇနီး အသက္(၅၀)အရြယ္ ေဒၚေမာ္ႏွင့္ ေအာက္တုိဘာ ၁၁ ရက္ ည ၉ နာရီခန္႔က စကားမ်ားရန္ျဖစ္ရာတြင္ ႐ိုက္ႏွက္ႏွိပ္စက္သည္ကို မေက်နပ္သျဖင့္ သားျဖစ္သူက တုတ္ျဖင့္ဝင္႐ိုက္ရာမွ ေသဆံုးခဲ့ျခင္းျဖစ္ ေၾကာင္း ဒဂံုဆိပ္ကမ္းၿမိဳ႕မရဲစခန္း မွ ရဲအရာရွိတစ္ဦးကဆိုသည္။

ထိုသို႔ လင္မယားခ်င္းစကား မ်ားေနစဥ္ ေဒၚေမာ္၏သားျဖစ္သူ အသက္(၂၂)ႏွစ္အရြယ္ ေအာင္ကိုဝင္း ေရာက္ရွိလာၿပီး ပေထြးေတာ္စပ္သူ ကိုမင္းမင္းကို ထုိးႀကိတ္၍ ထြက္သြားခဲ့ေၾကာင္း ၎ကဆက္လက္ရွင္းျပသည္။

ထို႔ေနာက္ ထပ္မံ၍ လင္မ ယားခ်င္းစကားမ်ားကာ ကိုမင္းမင္းက ဇနီးကို ႐ိုက္ႏွက္ေနခ်ိန္တြင္ ေအာင္ကိုဝင္း ထပ္မံေရာက္ရွိလာကာ ေနအိမ္ေရွ႕ရွိ အရွည္ ၂ ေပခန္႔ရွိသည့္ သစ္သားတုတ္ျဖင့္  ႐ိုက္ႏွက္ခဲ့ျခင္းျဖစ္ေၾကာင္း ဒဂံုဆိပ္ကမ္းၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္တစ္ဦးကေျပာသည္။

သစ္သားတုတ္ျဖင့္ ႐ိုက္ႏွက္သျဖင့္ ကိုမင္းမင္း၏ဦးေခါင္းတြင္ ဦးေႏွာက္ထြက္ ဒဏ္ရာရရွိကာ ေသဆံုးခဲ့သျဖင့္ အေလာင္းကို သဃၤန္းကြၽန္းေဆး႐ံုသို႔ ပို႔အပ္ခဲ့ေၾကာင္း ၎ကဆိုသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ အသက္(၂၂)ႏွစ္အရြယ္ ေအာင္ ကိုဝင္းကို ဒဂံုဆိပ္ကမ္းၿမိဳ႕မရဲ စခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိ ေၾကာင္း ဒဂံုဆိပ္ကမ္းၿမိဳ႕မရဲစခန္း က သိရသည္။




ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ဒဂုံဆိပ်ကမ်းမြို့နယ် တွင် ပထွေးဖြစ်သူကို တုတ်ဖြင့် ရိုက်သဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် (၆၈) ရပ်ကွက်နေ အသက်(၄၀)အရွယ် ကိုမင်းမင်းသည် ၎င်း၏ဇနီး အသက်(၅၀)အရွယ် ဒေါ်မော်နှင့် အောက်တိုဘာ ၁၁ ရက် ည ၉ နာရီခန့်က စကားများရန်ဖြစ်ရာတွင် ရိုက်နှက်နှိပ်စက်သည်ကို မကျေနပ်သဖြင့် သားဖြစ်သူက တုတ်ဖြင့်ဝင်ရိုက်ရာမှ သေဆုံးခဲ့ခြင်းဖြစ် ကြောင်း ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း မှ ရဲအရာရှိတစ်ဦးကဆိုသည်။

ထိုသို့ လင်မယားချင်းစကား များနေစဉ် ဒေါ်မော်၏သားဖြစ်သူ အသက်(၂၂)နှစ်အရွယ် အောင်ကိုဝင်း ရောက်ရှိလာပြီး ပထွေးတော်စပ်သူ ကိုမင်းမင်းကို ထိုးကြိတ်၍ ထွက်သွားခဲ့ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

ထို့နောက် ထပ်မံ၍ လင်မ ယားချင်းစကားများကာ ကိုမင်းမင်းက ဇနီးကို ရိုက်နှက်နေချိန်တွင် အောင်ကိုဝင်း ထပ်မံရောက်ရှိလာကာ နေအိမ်ရှေ့ရှိ အရှည် ၂ ပေခန့်ရှိသည့် သစ်သားတုတ်ဖြင့်  ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

သစ်သားတုတ်ဖြင့် ရိုက်နှက်သဖြင့် ကိုမင်းမင်း၏ဦးခေါင်းတွင် ဦးနှောက်ထွက် ဒဏ်ရာရရှိကာ သေဆုံးခဲ့သဖြင့် အလောင်းကို သင်္ဃန်းကျွန်းဆေးရုံသို့ ပို့အပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသက်(၂၂)နှစ်အရွယ် အောင် ကိုဝင်းကို ဒဂုံဆိပ်ကမ်းမြို့မရဲ စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း က သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top