Property Expo
×

လန္ဒန္- စပါးအသင္းက ဂြါဒီယုိ လာကုိင္တြယ္ေနေသာ မန္စီးတီး အသင္း ပရီးမီးယားလိဂ္႐ႈံးပြဲမရိွ ျခင္းကုိ အဆံုးသတ္လိုက္ျခင္းအ ျဖစ္ အိမ္ကြင္းတြင္ ၂-၀ ဂုိးျဖင့္အႏုိင္ယူခဲ့သည္။ မန္ယူအသင္း သည္ ထပ္မံေျခေခ်ာ္ခဲ့ကာ ဇယားေအာက္ေျခမွ စတုတ္ကုိ တစ္ဂိုးစီသေရက်ခဲ့ၿပီး (၃၆)ႏွစ္အတြင္း စတုတ္အသင္း အုိးထရက္ဖို႔ဒ္ တြင္ ႐ႈံးပြဲမႀကံဳဘဲ ဂုဏ္ယူစြာ အိမ္ ျပန္သြားသည္။

လက္ရိွပရီးမီးယားလိဂ္ခ်န္ ပီယံလက္စတာလည္း ဆက္လက္႐ုန္းကန္ေနရၿပီး ေဆာက္သမ္တန္ႏွင့္ ဂိုးမရိွသေရက်ခဲ့သည္။

စပါးႏွင့္ မန္စီးတီးတုိ႔ပြဲတြင္ ကုိလာေရာ့ဖ္က ဒန္နီ႐ုိ႕စ္၏ ျဖတ္ တင္ေဘာကို ဖ်က္ထုတ္ရင္း ကုိယ့္ဂုိးကုိယ္သြင္းမိရာမွ မန္စီးတီး၏ ၾကမၼာငင္မႈ စတင္ခဲ့သည္။ ပထမပုိင္း ၃၇ မိနစ္တြင္ ဒီလီအယ္လီက စပါး၌ ေျခစြမ္းျပေနေသာ ဆြန္ဟြမ္မင္၏ ေပးပို႔မႈမွ ဒုတိယဂုိးရယူခဲ့သည္။ စပါးအသင္းသည္ အယ္လီေၾကာင့္ပင္ ပင္နယ္တီ ရရိွေသာ္လည္း လာမယ္လာ၏ ကန္ခ်က္ကုိ မန္စီးတီးဂုိးသမား ကာကြယ္ခဲ့သည္။

မန္စီးတီးနည္းျပ ဂြါဒီယိုလာက ပဲြအၿပီးတြင္ စပါးအသင္းကုိ ခ်ီးက်ဴးခဲ့သည္။ ‘‘ခက္ခဲတဲ့ပြဲပါ။ ကြၽန္ေတာ္တုိ႔ သိခဲ့ပါတယ္။ စပါးအသင္းဟာ လြန္ခဲ့တ့ဲသံုးႏွစ္မွာ တုိက္ပဲြ ၀င္ရင္းနဲ႔ အလြန္ေကာင္း တဲ့အသင္းျဖစ္ပါတယ္။ သူတုိ႔ ပုိေကာင္းခဲ့ပါတယ္။ စပါးကုိ ဂုဏ္ျပဳစကားဆိုပါတယ္’’ဟု ဂြါဒီယုိလာက ေျပာၾကားၿပီး မိမိတို႔အသင္းသည္ ေနရာတုိင္းတြင္ အ နည္းငယ္ေလးလံေနခဲ့သည္ဟု  ဆုိသည္။ ပဲြကုိ ထိန္းခ်ဳပ္ရာတြင္ လည္း ျပႆနာရိွသည္ဟု ၎က ဆုိသည္။

မန္ယူအသင္းသည္ မာရွယ္ ၏ ဂုိးျဖင့္ ဦးေဆာင္ခဲ့ေသာ္လည္း ေဘာလံုးပုိင္ဆုိင္မႈသာလြန္ျခင္း၊ အခြင့္အေရးပုိရျခင္းမ်ားကုိ အ သံုးမခ်ႏုိင္ခဲ့ဘဲ သေရတစ္မွတ္ျဖင့္ ေက်နပ္ခဲ့ရသည္။

‘‘တစ္ရာသီလံုးမွာ မန္ယူရဲ႕အေကာင္းဆံုးပဲြပါ။ ပထမပုိင္းၿပီးခ်ိန္ ၃-၀ ဂိုး၊ ၄-၀ ဂုိးျဖစ္ႏုိင္ခဲ့ တယ္။ ပြဲၿပီးတဲ့အခ်ိန္ ၆-၀ ဂုိး၊ ၇-၀  ဂုိးျဖစ္ႏုိင္ခဲ့တယ္။ ဒါေပမဲ့ရလဒ္က ၁-၁ ဂုိး။ ဒါ ေဘာလံုး ပါပဲ’’ဟု ေမာ္ရင္ဟုိက ဆုိသည္။

လက္စတာမန္ေနဂ်ာ ရာနီ ေရရီက ေဆာက္သမ္တန္သည္ ကစားပံုပုိေကာင္းခဲ့ၿပီး အႏုိင္ရခဲ့သင့္သည္ဟု ေျပာၾကားၿပီး သေရ က်ျခင္းမွာ မိမိတို႔အသင္းအတြက္ ကံေကာင္းသည္ဟု ဆုိႏုိင္ေၾကာင္း ေျပာသည္။  
  
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

လန်ဒန်- စပါးအသင်းက ဂွါဒီယို လာကိုင်တွယ်နေသော မန်စီးတီး အသင်း ပရီးမီးယားလိဂ်ရှုံးပွဲမရှိ ခြင်းကို အဆုံးသတ်လိုက်ခြင်းအ ဖြစ် အိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့်အနိုင်ယူခဲ့သည်။ မန်ယူအသင်း သည် ထပ်မံခြေချော်ခဲ့ကာ ဇယားအောက်ခြေမှ စတုတ်ကို တစ်ဂိုးစီသရေကျခဲ့ပြီး (၃၆)နှစ်အတွင်း စတုတ်အသင်း အိုးထရက်ဖို့ဒ် တွင် ရှုံးပွဲမကြုံဘဲ ဂုဏ်ယူစွာ အိမ် ပြန်သွားသည်။

လက်ရှိပရီးမီးယားလိဂ်ချန် ပီယံလက်စတာလည်း ဆက်လက်ရုန်းကန်နေရပြီး ဆောက်သမ်တန်နှင့် ဂိုးမရှိသရေကျခဲ့သည်။

စပါးနှင့် မန်စီးတီးတို့ပွဲတွင် ကိုလာရော့ဖ်က ဒန်နီရို့စ်၏ ဖြတ် တင်ဘောကို ဖျက်ထုတ်ရင်း ကိုယ့်ဂိုးကိုယ်သွင်းမိရာမှ မန်စီးတီး၏ ကြမ္မာငင်မှု စတင်ခဲ့သည်။ ပထမပိုင်း ၃၇ မိနစ်တွင် ဒီလီအယ်လီက စပါး၌ ခြေစွမ်းပြနေသော ဆွန်ဟွမ်မင်၏ ပေးပို့မှုမှ ဒုတိယဂိုးရယူခဲ့သည်။ စပါးအသင်းသည် အယ်လီကြောင့်ပင် ပင်နယ်တီ ရရှိသော်လည်း လာမယ်လာ၏ ကန်ချက်ကို မန်စီးတီးဂိုးသမား ကာကွယ်ခဲ့သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပွဲအပြီးတွင် စပါးအသင်းကို ချီးကျူးခဲ့သည်။ ‘‘ခက်ခဲတဲ့ပွဲပါ။ ကျွန်တော်တို့ သိခဲ့ပါတယ်။ စပါးအသင်းဟာ လွန်ခဲ့တဲ့သုံးနှစ်မှာ တိုက်ပွဲ ဝင်ရင်းနဲ့ အလွန်ကောင်း တဲ့အသင်းဖြစ်ပါတယ်။ သူတို့ ပိုကောင်းခဲ့ပါတယ်။ စပါးကို ဂုဏ်ပြုစကားဆိုပါတယ်’’ဟု ဂွါဒီယိုလာက ပြောကြားပြီး မိမိတို့အသင်းသည် နေရာတိုင်းတွင် အ နည်းငယ်လေးလံနေခဲ့သည်ဟု  ဆိုသည်။ ပွဲကို ထိန်းချုပ်ရာတွင် လည်း ပြဿနာရှိသည်ဟု ၎င်းက ဆိုသည်။

မန်ယူအသင်းသည် မာရှယ် ၏ ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ဘောလုံးပိုင်ဆိုင်မှုသာလွန်ခြင်း၊ အခွင့်အရေးပိုရခြင်းများကို အ သုံးမချနိုင်ခဲ့ဘဲ သရေတစ်မှတ်ဖြင့် ကျေနပ်ခဲ့ရသည်။

‘‘တစ်ရာသီလုံးမှာ မန်ယူရဲ့အကောင်းဆုံးပွဲပါ။ ပထမပိုင်းပြီးချိန် ၃-၀ ဂိုး၊ ၄-၀ ဂိုးဖြစ်နိုင်ခဲ့ တယ်။ ပွဲပြီးတဲ့အချိန် ၆-၀ ဂိုး၊ ၇-၀  ဂိုးဖြစ်နိုင်ခဲ့တယ်။ ဒါပေမဲ့ရလဒ်က ၁-၁ ဂိုး။ ဒါ ဘောလုံး ပါပဲ’’ဟု မော်ရင်ဟိုက ဆိုသည်။

လက်စတာမန်နေဂျာ ရာနီ ရေရီက ဆောက်သမ်တန်သည် ကစားပုံပိုကောင်းခဲ့ပြီး အနိုင်ရခဲ့သင့်သည်ဟု ပြောကြားပြီး သရေ ကျခြင်းမှာ မိမိတို့အသင်းအတွက် ကံကောင်းသည်ဟု ဆိုနိုင်ကြောင်း ပြောသည်။  

  

ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top