Property Expo
×

 
ေအာက္တိုဘာ ၁၅ ရက္က ခ်င္းတြင္းျမစ္ထဲမွာ နစ္ျမဳပ္ခဲ့တဲ့ ေအာင္စိုးမိုးေက်ာ္ေရယာဥ္ကေပၚက ေသဆံုးခဲ့သူေတြရဲ႕ မိသားစု၀င္ေတြ အတြက္ အစိုးရနဲ႔သက္ဆိုင္ရာအဖြဲ႕အစည္းေတြက တစ္ဦးကို က်ပ္ ၁၇ သိန္းစီ ေထာက္ပံ့ခဲ့တယ္လုိ႔ သိရပါတယ္။

ေအာက္တုိဘာ ၂၃ ရက္က စစ္ကုိင္းတုိင္းေဒသႀကီး အစိုးရအဖြဲ႕႐ံုးမွာ ျပဳလုပ္ခဲ့တဲ့ အခမ္းအနားမွာ ျပည္ေထာင္စု၀န္ႀကီးေဒါက္တာ ၀င္းျမတ္ေအး၊ စစ္ကုိင္းတုိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏုိင္တုိ႔ တက္ေရာက္ၿပီး ဒီေထာက္ပံေငြေတြေပးအပ္ခဲ့တာပါ။

ဒီလုိေထာက္ပံ့ရာမွာ လူမႈ၀န္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး၀န္ႀကီးဌာနက ေသဆံုးသူတစ္ဦးကုိ က်ပ္ငါးသိန္း၊ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရး၀န္ႀကီး ဌာနက က်ပ္သံုးသိန္း၊ စစ္ကုိင္းတုိင္းေဒသႀကီးအစိုးရအဖဲြ႕က က်ပ္သံုးသိန္း၊ ေအးၿငိမ္းခ်မ္းသာ ေရယာဥ္အသင္းက က်ပ္ေလးသိန္း၊ ဦးေအာင္ျမတ္ Mother Tranding and Construction ကုမၸဏီက က်ပ္ႏွစ္သိန္းေထာက္ပံ့ခဲ့ တယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

အောက်တိုဘာ ၁၅ ရက်က ချင်းတွင်းမြစ်ထဲမှာ နစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော်ရေယာဉ်ကပေါ်က သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေ အတွက် အစိုးရနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေက တစ်ဦးကို ကျပ် ၁၇ သိန်းစီ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၃ ရက်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့ တက်ရောက်ပြီး ဒီထောက်ပံငွေတွေပေးအပ်ခဲ့တာပါ။

ဒီလိုထောက်ပံ့ရာမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သေဆုံးသူတစ်ဦးကို ကျပ်ငါးသိန်း၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဌာနက ကျပ်သုံးသိန်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကျပ်သုံးသိန်း၊ အေးငြိမ်းချမ်းသာ ရေယာဉ်အသင်းက ကျပ်လေးသိန်း၊ ဦးအောင်မြတ် Mother Tranding and Construction ကုမ္ပဏီက ကျပ်နှစ်သိန်းထောက်ပံ့ခဲ့ တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top